"Freedom Fighter Book Club"
လူအဖွဲ့အစည်းကို ပြောင်းလဲတော်လှန်ဖို့ လုပ်ဆောင်နေကြသည့် တက်ကြွလှုပ်ရှားသူများ တနည်းအားဖြင့် Freedom Fighter များအနေနှင့် မိမိကိုယ်တိုင်လည်း ကိုယ်ရည်ကိုယ်သွေးတိုးတက်မြင့်မားအောင် စဉ်ဆက်မပြတ်တည်ဆောက်နေဖို့လိုအပ်သလို ထိုသို့တည်ဆောက်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးနိုင်မည့် ရပ်ဝန်းတခုလည်း လိုအပ်ပေသည်။ ယင်းအတွက် Freedom Fighter Book Club ကို စတင်လိုက်ခြင်းဖြစ်သည်။ Freedom Fighter Book Club သည် တပါတ်လျှင်တကြိမ် အွန်လိုင်းတွင်တွေ့ဆုံကာ ကြိုတင်ဖတ်ရှုထားသည့် စာအုပ်/စာတမ်းများအပေါ် မိမိတို့၏ အတွေးအမြင်များ၊ ခံစားချက်များကို ဝေမျှလေ့လာကြမည့် နေရာတခုဖြစ်သည်။
ပထမဆုံးဖတ်ရှုမည့်စာအုပ်အဖြစ် “Active Hope : တက်ကြွသောမျှော်လင့်ချက်” စာအုပ်ကို ရွေးချယ်ထားပါသည်။ “Active Hope” စာအုပ်မှာ မကြာသေးခင်က ကွယ်လွန်ခဲ့သော ဂေဟစနစ်အရေးလှုပ်ရှားသူ ဆရာမကြီး ဂျိုအင်နာမေစီ နှင့် စိတ်ပညာရှင်/တက်ကြွလှုပ်ရှားသူ ခရစ်ဂျွန်စတုန်းတို့၏ ၂၀၁၂ တွင်ထွက်ရှိခဲ့သည့်စာအုပ်ဖြစ်သည်။ ရှုပ်ထွေးလှသည့် ကမ္ဘာ့ရေးရာ ဂေဟအကြပ်အတည်းများကိုရင်ဆိုင်ရာတွင် စိတ်ပျက်အားလျော့မသွားဘဲ တက်ကြွသော မျှော်လင့်ချက်ဖြင့် ပါဝင်နိုင်စေရန်အကြုံပြုချက်များနှင့် လက်တွေ့ကျင့်စဉ်များကို ရေးသားထားသည်။ မြန်မာဘာသာသို့ Myanmar Youth Project မှ ၂၀၂၃ တွင်ပြန်ဆိုခဲ့သည်။
▪️Freedom Fighter Book Club
📌ပြုလုပ်မည့်အချိန် - အပါတ်စဉ် တနင်္ဂလာနေ့ ည ၇ နာရီ (မြန်မာချိန်)
📌ပြုလုပ်မည့်နေရာ - Zoom
📌ပါဝင်သင့်သူများ - Freedom Fighter သင်တန်းသားဟောင်းများ ၊ လူမှုနိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်နေသူများ ၊ တက်ကြွလှုပ်ရှားသူများ
📌စတင်မည့်နေ့ - သြဂုတ် ၁၈ ရက်
📌ဖောင်ပိတ်ချိန် - သြဂုတ် ၁၅ ရက်
▪️လျှောက်ထားရန် -
https://docs.google.com/forms/d/e/1FAIpQLSf2bA4oPce9L2qlUcKLVMus9cj0s51jBc3MyFSzSLcBGzKuPQ/viewform?usp=dialog
▪️MYP အကြောင်း
https://workthatreconnects.org/active-hope-in-myanmar/
▪️Book Download
(Myanmar) https://drive.google.com/.../1rllst2pV3hugB6N27BQ.../view...
(English) https://drive.google.com/.../12T6Q0nm5q-F7nhv_B.../view...
#book_club
#active_hope
#freedom_fighter_myanmar

Work That Reconnects Network -
“Active Hope” in Myanmar - Work That Reconnects Network
The Myanmar Youth Project Team recently launched a beautiful new website along with the Burmese translation of the book Active Hope.
"ကလောင်စွဲပြီး ခေတ်စနစ်အသစ်ကို ဖန်တီးပါ။"
(ဘာသာပြန် အလုပ်ရုံဆွေးနွေးပွဲ)
________
ဘာသာပြန်ခြင်းသည် ကလောင်စွမ်းဖြင့် လူ့အဖွဲ့အစည်းတွင် လိုအပ်နေသော အသိပညာ၊ အတွေးအခေါ်များကို ဖြည့်ဆည်းပေးနိုင်သည့် နည်းလမ်းတခုဖြစ်ပါသည်။ ဘာသာပြန်လုပ်ငန်းသည် Freedom Fighter ၏ပင်မလုပ်ဆောင်ချက်တခုဖြစ်သလို ဘာသာပြန်လုပ်ငန်းအားကောင်းရေးကိုလည်း ရေရှည်မဟာဗျူဟာတရပ်အဖြစ် ထားရှိပါသည်။ သို့ဖြစ်ရာ တက်သစ်စဘာသာပြန်ကလောင်သစ်များ ပေါ်ထွက်လာစေရန် ဘာသာပြန်အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။
ဤ Workshop တွင် Freedom Fighter ၏ ဘာသာပြန်အဖွဲ့ တည်းဖြတ်သူများက ဘာသာပြန်လုပ်ငန်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ နည်းနိဿယျများ၊ စည်းမျဉ်းများနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများကိုစုံစုံလင်လင် ဆွေးနွေးဖလှယ်သွားကြမည်ဖြစ်သည်။ ထို့ပြင် ဘာသာပြန်စာရေးဆရာများ၏ ဘာသာပြန်လက်ရာများနှင့် မူရင်းလက်ရာများကို နှိုင်းယှဉ်လေ့လာခြင်း၊ ကိုယ်တိုင်ဘာသာပြန်ဆိုလေ့ကျင့်ခြင်းများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။
Workshop ပြီးဆုံးလျှင် ဘာသာပြန်ခြင်းအတွက် အခြေခံကောင်းများ ရရှိသွားမှာဖြစ်သလို ဆက်လက်လုပ်ဆောင်ဖို့ အဆက်အသွယ်နဲ့ ပံ့ပိုးမှုများလည်းရရှိသွားမည်ဖြစ်သည်။ ဆန္ဒရှိပါက Freedom Fighter ဘာသာပြန်အဖွဲ့သို့လည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
______
📌အချိန် - အပတ်စဉ် တနင်္ဂနွေနေ့ ည ၇ - ၉ နာရီ (ရက်သတ္တပတ် ၄ ပတ်)
📌စတင်မည့်ရက် - စက်တင်ဘာလ ၇ ရက်နေ့
📌ဖောင်ပိတ်ချိန် - ၃ - ၉ -၂၀၂၅
📌လျှောက်ထားရန် - https://forms.gle/Rt8iLFEqb3ZpoucB6
#Translation_workshop
#freedomfighter

Google Docs
Translation Workshop
closing date (3 - 9 - 2025)
“ဒိုင်ယာလောခ့်ဖြင့် သမိုင်းကို ကုစားခြင်း”
“Healing History Through Dialogue” Workshop
(Freedom Fighter Myanmar နှင့် EngageMedia တို့ ပူးပေါင်းစီစဉ်သည်)
___________________________
သမိုင်းသည် အတိတ်တွင်ဖြစ်ခဲ့သည့် ကိစ္စများဟု ယေဘုယျနားလည်ကြသော်လည်း အတိတ်သက်သက်မဟုတ်၊ အတိတ်နှင့် ပစ္စုပ္ပန်အကြား ချိတ်ဆက်ပေးသည့် ဆက်စပ်မှုဖြစ်သည်။ မိမိတို့၏ အစုအဖွဲ့အလိုက် ဖြတ်သန်းမှုအတွေ့အကြုံများနှင့် သင်ခန်းစာများကို သမိုင်းမှ ပြန်လည်ကောက်ယူကြသည်။ သမိုင်းမှတ်ဉာဏ်သည် အစုအဖွဲ့များ၏ အမှတ်သရုပ်ဖန်တီးရာတွင် အခြေခံပါဝင်ပစ္စည်းဖြစ်သကဲ့သို့ အစုအဖွဲ့အလိုက် စဉ်းစားတွေးခေါ်မှုအပေါ်တွင်လည်း များစွာလွှမ်းမိုးမှုရှိသည်။
မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပျက်နေသော အုပ်စုတခုနဲ့တခုကြားက ပဋိပက္ခများ၊ ထိခိုက်နာကျင်မှုများ၊ ယုံကြည်ချက်ပျက်ံယွင်းမှုများတွင်လည်း သမိုင်းသည် အခြေခံအကြောင်းအရာတခုဖြစ်သည်။ သမိုင်းဇာတ်ကြောင်းကို တစုတဖွဲ့တည်းက လက်ဝါးကြီးအုပ်လိုမှု၊ တဖက်သတ် ဇာတ်ကြောင်းဖော်မှု၊ စုံလင်ကွဲပြားစွာ တည်ရှိမှုနှင့်ရှုမြင်မှုများကို မျက်ကွယ်ပြုမှုများကြောင့် သမိုင်းကြောင်းဆိုင်ရာ မကျေနပ်မှုများ၊ ဒါဏ်ရာများသည် အချိန်ကြာသည်နှင့်အမျှ ပို၍နက်ရှိုင်းလာလေသည်။
သို့ဖြစ်ရာ ယင်းကဲ့သို့သော သမိုင်းကြောင်းဆိုင်ရာ ပဋိပက္ခများကို ကုစားဖြေရှင်းရန်၊ ပိုမိုတရားမျှတသည့် သမိုင်းကြောင်းဆိုင်ရာ လေ့လာမှုများဖြစ်ပေါ်လာရန် ဒိုင်ယာလောခ့်ရပ်ဝန်းများ အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် သမိုင်းကို ကုစားလိုသည့် လူငယ်များ၊ရပ်ရွာခေါင်းဆောင်များ၊ သင်ကြားပို့ချသူများနှင့်အတူ ဒိုင်ယာလောခ့်ရပ်ဝန်းများ ဖန်တီးနိုင်ရန်အတွက် ယခု အလုပ်ရုံဆွေးနွေးပွဲကို Freedom Fighter Myanmar အဖွဲ့နှင့် EngageMedia တို့ပူးပေါင်းကာ စီစဉ်ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။
___________________________
◾ပါဝင်သင့်သူများ
ပညာရေး၊ နိုင်ငံရေး၊ သမိုင်းရေးရာ စိတ်ဝင်စားသူများ
ဒိုင်ယာလော့ခ်နည်းလမ်းဖြင့် သမိုင်းကို ကုစားအဖြေရှာလိုသူများ
ငြိမ်းချမ်းရေးနှင့် ပဋိပက္ခအဖြေရှာရေးတွင် ပါဝင်လိုသူ လူငယ်များ ၊ ရပ်ရွာအဖွဲ့အစည်းများ
(အသက်သုံးဆယ်အောက် လူငယ်များကို ဦးစားပေးလက်ခံသွားပါမည်။)
◾ရရှိသွားမည့်အရည်အချင်းများ
သမိုင်းဆိုင်ရာတွေးခေါ်မှုအရည်အချင်းများ
သမိုင်းကြောင်းဆိုင်ရာ တရားမျှတမှုရှာဖွေခြင်း
ဒိုင်ယာလောခ့်ရပ်ဝန်းတည်ဆောက်ခြင်း
စီစဉ်ပံ့ပိုးခြင်း (Facilitation)
အစီအစဉ်ရေးဆွဲခြင်း (Project Planning)
◾ရန်ပုံငွေအခွင့်အလမ်း
ပါဝင်သူများထဲမှ ဒိုင်ယာလောခ့်ရပ်ဝန်းအစီအစဉ်တခုကို ကိုယ်တိုင်လက်တွေ့အကောင်အထည် ဖော်လုပ်ဆောင်နိုင်ရန် ကနဦးရန်ပုံငွေ ထောက်ပံ့ပေးသည့် အစီအစဉ်ပါရှိပါသည်။ D4SD Programကို အောက်ပါ Linkတွင် အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://shorturl.at/67FW4
__________________________
📌ပြုလုပ်မည့်နေရာ - Online (Telegram ၊ Zoom)
📌အချိန် - Sep 20, 21, 23 (Week 1), Sep 27, 28, 30 (Week 2), and Oct 4, 5, 7 (Week 3) 2:00 - 4:00 PM Myanmar Time
📌Workshop အစီအစဉ်အသေးစိတ်
https://drive.google.com/file/d/1FLOJffJZx0EgEkjRhG4OQkK2a58PHRxu/view?usp=sharing
_________________________
◾စီစဉ်သည့် အဖွဲ့အကြောင်း
Freedom Fighter Myanmar
Freedom Fighter Myanmar သည် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုမှတဆင့် အပြောင်းအလဲများလုပ်ဆောင်နိုင်ရန်အတွက် အကြမ်းမဖက်လှုပ်ရှားမှု အယူအဆနှင့် မဟာဗျူဟာများကို သင်ကြားပို့ချနေသည့်အဖွဲ့အစည်းတခုဖြစ်ပါသည်။ ၂၀၂၂ မှ စတင်၍ မတူညီသည့်အမြင်များအား လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်သော လေးမျက်နှာဒိုင်ယာလောခ့် အစီအစဉ်များကိုလည်း စီစဉ်ခဲ့ပါသည်။ လက်ရှိတွင် သမိုင်းသင်ကြားမှုမှတဆင့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ဖော်ဆောင်နိုင်ရန်အတွက် သုတေသနများ လုပ်ဆောင်နေပါသည်။ https://freedomfightermm.org/
EngageMedia
EngageMedia သည် ဒစ်ဂျစ်တယ်အခွင့်အရေး၊ Open Source Movement နှင့် Social Issue Documentary တို့ကို မြှင့်တင်ပေးသည့် အဖွဲ့အစည်းတခုဖြစ်သည်။ www.engagemedia.org
📌Application Form (Deadline - September 12 11:59 PM MM Time)
Link - https://airtable.com/appBKKoZLlW6qVI6z/paguEGMl7RwSALshy/form
#healing_history_through_dialogue_workshop
#freedom_fighter_myanmer
#engagemedia

Airtable
Airtable | Everyone's app platform
Airtable is a low-code platform for building collaborative apps. Customize your workflow, collaborate, and achieve ambitious outcomes. Get started for free.
ကလောင်စွမ်းဖြင့် အလင်းခေတ်အား တည်ဆောက်ပါ။
အလင်းခေတ်မဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၂) အတွက် စာမူများဖိတ်ခေါ်ခြင်း
_________
မြန်မာပြည်သူများအနေနှင့် အမျိုးမျိုးသောပဋိပက္ခများကြောင့် အမှောင်ထုဒုက္ခနွံအတွင်းသို့ ကျွံဝင်နစ်မြုပ်နေခဲ့သည်မှာ နှစ်ပရိစ္ဆေဒ တာရှည်လာခဲ့ပြီဖြစ်သော်လည်း လွတ်မြောက်ဖို့ရာအတွက်မူ အမှောင်ထုကို အမှောင်ထုနှင့်တိုက်ထုတ်နေသည်ဖြစ်ရကား အမှောင်ထုသာပိုမိုသိပ်သည်းလာ၍ အလင်းမှာ ရေးရေးမျှမမြင်ရသေးပေ။ အလင်းခေတ်မဂ္ဂဇင်းမှာမူ ထိုကဲ့သို့သော အလုပ်လည်းမဖြစ်၊ ပို၍သာဆိုးညစ်လာစေသော အယူအဆအတွေးအခေါ်များအား စွန့်ခွာပယ်ရှားကာ လက်တွေ့ကျအကျိုးများနိုင်သည့် အတွေးသစ်၊ အမြင်သစ်၊ အယူအဆသစ်များဖြင့် လင်းချင်းတောက်ပသော အနာဂတ်သစ်ဆီသို့ ပြည်သူလူထုအားသယ်ယူပို့ဆောင်ပေးနေသည့် လှေငယ်ယာဉ်တစင်းဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ် လှော်ခတ်ခရီးဆက်လာခဲ့သည်မှာ ယခုအခါ အတွဲ (၂) အမှတ်(၂) ဟူသော မိုင်တိုင်အကွာအဝေးအထိရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ကျန်ရှိနေသေးသော အနာဂတ်ခရီးလမ်းအား ဆက်လက်ချီတက်ဖို့ရာ မိတ်ဆွေတို့၏ကလောင်စွမ်းဖြင့် ကူညီလှော်ခတ်ပေးနိုင်ပါကြောင်း သတင်းစကား ပါးလိုက်ရပါသည်။
အလင်းခေတ်မဂ္ဂဇင်း အတွဲ (၂) အမှတ် (၂) တွင် အောက်ပါအကြောင်းအရာများကို ဦးစားပေးဖော်ပြသွားမည်ဖြစ်၍ စာမူပေးပို့သူများအနေနှင့် ထိုအကြောင်းအရာများအပေါ်အခြေတည်ကာ (ကိုယ်ပိုင်ရေး/ဘာသာပြန်) ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ဝတ္ထုတို စသဖြင့် မိမိအားသန်ရာကဏ္ဍအလိုက်ရေးသားပေးပို့နိုင်ပါသည်။
◾ရွေးကောက်ပွဲအလွန် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကြံပြုချက်များ
◾စီးပွားရေး၊ ပညာရေး၊ ဘာသာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် လူမှုဓလေ့၊ လူမှုစနစ် ဝေဖန်ဆန်းစစ်မှုများ
◾ပြည်သူများ ကိုယ်ထူကိုယ်ထ ပါဝင်နိုင်သည့် ကွန်မြူနတီလုပ်ဆောင်ချက်များ
◾ပြည်သူများ၊ လူငယ်များ တွေ့ကြုံခံစားနေရသည့် လူမှုဒုက္ခများနှင့် ရုန်းကန်လှုပ်ရှားဆောင်ရွက်နေမှုများ
◾အများအမြင်နှင့် ကွဲပြားခြားနားသည့် ဆန်းသစ်သည့် အမြင်များ
📌စာမူပေးပို့ရန် -
alinkhit.mm@protonmail.com
#စာမူဖိတ်ခေါ်ခြင်း
#အလင်းခေတ်

ကုစားသင့်မြတ်ရေး တရားမျှတမှုကို မျက်မှောက်ကာလမှာ ဘယ်လိုဖော်ဆောင်နိုင်မလဲ
(အလုပ်ရုံဆွေးနွေးပွဲ)
_______
လက်ရှိမြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အပြင်းထန်ဆုံးနိုင်ငံတခုဖြစ်ပါတယ်။ စစ်ပွဲပဋိပက္ခကြောင့် ထိခိုက်နစ်နာရသူတွ အများအပြားရှိနေတဲ့အပြင် ဥပဒေစိုးမိုးမှုကင်းမဲ့တာကြောင့်လည်း ရာဇဝတ်မှုတွေဟာ တနေ့တခြား ပိုမိုများပြားလာနေပါတယ်။ တဖက်မှာလည်း ဒီလို ဥပဒေမဲ့မတရားမှုတွေ အများအပြားတွေ့ကြုံနေရတဲ့အတွက် မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ တရားမျှတမှု ရှာဖွေတည်ဆောက်ဖို့ စိတ်ဆန္ဒပြင်းပြနေကြပါတယ်။
လူ့အခွင့်အရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီကိစ္စတွေကို ဖြေရှင်းကုစားဖို့အတွက် အသွင်ကူးပြောင်းရေးတရားမျှတမှု (Transitional Justice)ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေကြတာရှိပါတယ်။ ဒါပေမယ့် လက်ရှိ TJ ဆိုင်ရာ လုပ်ဆောင်မှုအများစုဟာ အာဏာပိုင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကနေ နောက်တချိန်မှာအရေးယူနိုင်ဖို့သာ အာရုံစိုက်နေကြတာဖြစ်ပြီး ကွန်မြူနတီနဲ့ ထိခိုက်သူတွေကိုတော့ အချက်အလက်စုဆောင်းရာ ရင်းမြစ်အဖြစ်ပဲ ရှုမြင်ကြပါတယ်။
ဒီလိုမျိုး လိပ်ခဲတည်းလည်း ဖြစ်နေတဲ့အခြေအနေကို ကျော်လွန်ပြီး တရားမျှတမှုကို လက်တွေ့အချိန်ကတည်းက စတင်ဖော်ဆောင်နိုင်ဖို့အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကို စီစဉ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာတော့ ကုစားသင့်မြတ်ရေးတရားမျှတမှု(Restorative Justice) ရဲ့ အခြေခံအယူအဆတွေအပါအဝင် ကွန်မြူနတီအနေနဲ့ တရားမျှတမှုဖော်ဆောင်ဖို့ ဘယ်လိုပါဝင်နိုင်မလဲ၊ ကုစားနိုင်ဖို့အတွက် ဘယ်လိုလုပ်ဆောင်ချက်တွေစတင်လုပ်ဆောင်နိုင်မလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးအဖြေရှာသွားမှာဖြစ်ပါတယ်။
📌တက်ရောက်သင့်သူများ
▪️Transitional Justice ဖော်ဆောင်ရေး လေ့လာလှုပ်ရှားနေသူများ
▪️လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းတင် စာရင်းပြုစုသူများ
▪️ကုစားသင့်မြတ်ရေးတရားမျှတမှုဖော်ဆောင်လိုသည့် တက်ကြွလှုပ်ရှားသူများ၊ ကွန်မြူနတီခေါင်းဆောင်များ
📌ပြုလုပ်မည့်နေ့ရက် - စက်တင်ဘာ ၂၅၊ ၂၆ ၊ အောက်တို ၂ ၊ ၃ မြန်မာချိန် ၃ နာရီမှ ၅ နာရီ
📌ပြုလုပ်မည့်နေရာ - Zoom
📌Ticket Fees - မြန်မာငွေ သုံးသောင်း သို့မဟုတ် ထိုင်းဘတ် ၃၀၀
📌လျှောက်ထားရန် - (ဖောင်ပိတ်ချိန် - စက်တင်ဘာ ၂၁ ၊ ၂၀၂၅)
https://docs.google.com/forms/d/e/1FAIpQLSfRmwlEwM7mPxbbcygvn1Tn05DvYqXAzSTA8sKcPgRsR7d3LA/viewform?usp=header
#RestorativeJustice
#workshop

Freedom Fighter Book Club တွင် ပါဝင်နိုင်ပါသည်
Freedom Fighter Book Club သည် တပါတ်လျှင်တကြိမ် အွန်လိုင်းတွင်တွေ့ဆုံကာ ကြိုတင်ဖတ်ရှုထားသည့် စာအုပ်/စာတမ်းများအပေါ် မိမိတို့၏ အတွေးအမြင်များ၊ ခံစားချက်များကို ဝေမျှလေ့လာကြသည့် နေရာတခုဖြစ်ပြီး စတင်လုပ်ဆောင်နေသည်မှာ အချိန်ကာလ နှစ်လနီးပါးရှိခဲ့ပြီဖြစ်သည်။
လူ့အဖွဲ့အစည်းကို ပြောင်းလဲတော်လှန်ဖို့ လုပ်ဆောင်နေကြသည့် တက်ကြွလှုပ်ရှားသူများ တနည်းအားဖြင့် Freedom Fighter များအနေနှင့် မိမိကိုယ်တိုင်လည်း ကိုယ်ရည်ကိုယ်သွေးတိုးတက်မြင့်မားအောင် စဉ်ဆက်မပြတ်တည်ဆောက်နေဖို့လိုအပ်သလို ထိုသို့တည်ဆောက်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးနိုင်မည့် ရပ်ဝန်းတခုလည်း လိုအပ်ပေသည်။ ထိုကဲ့သို့ ရပ်ဝန်းတခုတွင် ပါဝင်လိုသူများအတွက် Freedom Fighter Book Club မှ ကြိုဆိုလိုက်ပါသည်။
လက်ရှိတွင် ဖတ်ရှိနေသောစာအုပ်မှာ “Active Hope : တက်ကြွသောမျှော်လင့်ချက်” စာအုပ်ဖြစ်ပါသည်။ “Active Hope” စာအုပ်မှာ မကြာသေးခင်က ကွယ်လွန်ခဲ့သော ဂေဟစနစ်အရေးလှုပ်ရှားသူ ဆရာမကြီး ဂျိုအင်နာမေစီ နှင့် စိတ်ပညာရှင်/တက်ကြွလှုပ်ရှားသူ ခရစ်ဂျွန်စတုန်းတို့၏ ၂၀၁၂ တွင်ထွက်ရှိခဲ့သည့်စာအုပ်ဖြစ်သည်။ ရှုပ်ထွေးလှသည့် ကမ္ဘာ့ရေးရာ ဂေဟအကြပ်အတည်းများကိုရင်ဆိုင်ရာတွင် စိတ်ပျက်အားလျော့မသွားဘဲ တက်ကြွသော မျှော်လင့်ချက်ဖြင့် ပါဝင်နိုင်စေရန်အကြုံပြုချက်များနှင့် လက်တွေ့ကျင့်စဉ်များကို ရေးသားထားသည်။ မြန်မာဘာသာသို့ Myanmar Youth Project မှ ၂၀၂၃ တွင်ပြန်ဆိုခဲ့သည်။
Freedom Fighter Book Club
ပြုလုပ်မည့်အချိန် - အပါတ်စဉ် တနင်္ဂလာနေ့ ည ၇ နာရီ (မြန်မာချိန်)
ပြုလုပ်မည့်နေရာ - Zoom
ပါဝင်သင့်သူများ - Freedom Fighter သင်တန်းသားဟောင်းများ ၊ လူမှုနိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်နေသူများ ၊ တက်ကြွလှုပ်ရှားသူများ
ဖောင်ပိတ်ချိန် - စက်တင်ဘာ ၂၇
စတင်ပါဝင်ရမည့်နေ့- စက်တင်ဘာ ၂၉
လျှောက်ထားရန် -
https://docs.google.com/forms/d/e/1FAIpQLSf2bA4oPce9L2qlUcKLVMus9cj0s51jBc3MyFSzSLcBGzKuPQ/viewform?usp=dialog
MYP အကြောင်း
https://workthatreconnects.org/active-hope-in-myanmar/
Book Download
(Myanmar) https://drive.google.com/file/d/1rllst2pV3hugB6N27BQnsA1YGnLta0uG/view?usp=drive_link
(English) https://drive.google.com/file/d/12T6Q0nm5q-F7nhv_B-Y4Gq0a3KFtJsW3/view?usp=drive_link

Freedom Fighter Book Club Registration Form
သီတင်းကျွတ်ဆုတောင်း
_____
ယနေ့ကျရောက်တဲ့သီတင်းကျွတ်လပြည့်နေ့ရက်မြတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေရတဲ့ မိသားစုများ၊ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေများ အမြန်ဆုံး ပြန်လည်ဆုံတွေ့ပြီး ပျော်ရွှင်ဖွယ်နေ့ရက်များစွာ အတူဖြတ်သန်းရပါစေကြောင်း Freedom Fighter အဖွဲ့မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#thadingyut #wish

“သမိုင်းဘယ်လိုသင်မလဲ”
သင်တန်း အပတ်စဉ် ၁
_________
သမိုင်းထဲက ဒါဏ်ရာများကို ကုစားဖို့နှင့် သမိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်မှုများ ထက်သန်အားကောင်းစေဖို့ သမိုင်းသင်ကြားမှုတစုံလုံးကို ပုံစံအသစ်ဖြင့် ချည်းကပ်ဖို့ လိုအပ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ယင်းကဲ့သို့ ပုံစံအသစ်ဖြင့်ချည်းကပ်လိုသော သမိုင်းသင်ကြားရေးစိတ်ဝင်စားသူများအတွက် “သမိုင်းဘယ်လိုသင်မလဲ” သင်တန်း အပတ်စဉ် ၁ ကို ဖွင့်လှစ်လိုက်ပါပြီ။
သမိုင်းဘာသာရပ်သည် အတိတ်မှ ဖြစ်ရပ်များကို လေ့လာကာ ပစ္စုပ္ပန်လူ့အဖွဲ့အစည်း၏ စဉ်းစားတွေးခေါ်မှုကို ထောက်ကန်ပေးသည့် ဘာသာရပ်ဖြစ်သည်။ သမိုင်းအပေါ် စုပေါင်းမှတ်ဉာဏ်သည် အမှတ်သရုပ်များ၏ မွေးဖွားရာဖြစ်သောကြောင့် အုပ်စုများအကြား လူမှုသဟဇာတဖြစ်မှုသည် သမိုင်းကို မျှဝေနားလည်ပုံအပေါ် မူတည်နေသည်။
လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပျက်လျက်ရှိသော ပဋိပက္ခများတွင် သမိုင်းသည် အခြေခံကျသော အကြောင်းရင်းတခုအဖြစ် ပါဝင်နေသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူများသည် မိိမိတို့အစုအဖွဲ့သမိုင်းကိုသာ အလေးထား၍ အခြားသူများ၏သမိုင်းကို ဖယ်ကြဉ်ပထုတ်ရန်၊ သေးသိမ်စေရန် လုပ်ဆောင်ခဲ့ကြသည်။ စစ်ကို ဂုဏ်ယူသောဇာတ်လမ်းများ၊ စစ်သူရဲကောင်းဇာတ်လမ်းများ၊ နယ်မြေချဲ့ထွင်ရေးဇာတ်လမ်းများ စသည့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသော ဇာတ်လမ်းများကို သမိုင်းစာသင်ခန်းများမှတဆင့် လူ့အဖွဲ့အစည်းအကြား ဖြန့်ဝေခဲ့ကြသည်။ ထိုဇာတ်လမ်းများသည် မြန်မာ့လူ့အဖွဲ့အစည်း၏ အမှတ်သရုပ်အစိတ်အပိုင်းများအဖြစ် ပေါင်းစည်းလာခဲ့သည်။ လူမျိုးတမျိုးတည်းကို ဦးစားပေးသော သမိုင်းနှင့် အာဏာရှိလူတစု၏ အမြင်များသာ ပြည့်နှက်နေသော သမိုင်းများသည် လူမျိုးစုအချင်းချင်းကြားဖြစ်စေ၊ လူတန်းစားအချင်းချင်းကြားဖြစ်စေ မကြေလည်မှုများ၊ နာကျည်းမှုများကို လောင်စာသွင်းပေးခဲ့ကြသည်။ သမိုင်းစာသင်ခန်းများမှ မွေးထုတ်ပေးသင့်သော အပြန်အလှန် စာနာနားလည်မှု၊ ခွင့်လွှတ်ခြင်းတရား၊ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့မှာ လျစ်လျူရှုခံထားခဲ့ကြရသည်။ တဖန် အကျိုးဆက်အနေနှင့် ပညာရေး၏ အသက်ဝိညာဉ်ဖြစ်သော ကျိုးကြောင်းဆင်ခြင်မှု၊ ဝေဖန်ဆန်းစစ်မှု၊ ဖန်တီးတီထွင်နိုင်မှုတို့မှာ အလွတ်ကျက်၊ အသေမှတ်စနစ်ကြောင့် မထွန်းကားနိုင်တော့ပေ။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ထိုအားနည်းချက်များကို ပြန်လည်ကုစားနိုင်သော သမိုင်းသင်ကြားရေးသစ်ကို ဖော်ဆောင်ရမည့် ကာလဖြစ်သည်။ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သော သမိုင်းသင်ကြားရေးအသစ်ကို ခေတ်က တောင်းဆိုလျက်ရှိပေသည်။ ထို့ကြောင့် သမိုင်းသင်ကြားရေးတွင် အပြောင်းအလဲကို ဖော်ဆောင်ရန် စိတ်ဝင်စားသူများအတွက် Freedom Fighter Myanmar မှ “သမိုင်း ဘယ်လိုသင်မလဲ” သင်တန်းကို စီစဉ်ထားပါသည်။
________
📌ပါဝင်သင့်သူများ
▪️ဆရာ၊ ဆရာမများ
▪️ပဋိပက္ခဖြေရှင်းရေး လုပ်ဆောင်သူများ၊ တက်ကြွလှုပ်ရှားသူများ
▪️သမိုင်းသင်ကြားရေးကို စိတ်ဝင်စားသူများ
📌ဆွေးနွေးမည့် အကြောင်းအရာများ
▪️သမိုင်းအား ပြန်လည်ဖွင့်ဆိုခြင်း
▪️သမိုင်းဆိုင်ရာ သုတေသန
▪️သမိုင်းသင်ကြားရေး၏ ရည်ရွယ်ချက်
▪️သမိုင်းဆိုင်ရာ တရားမျှတမှု
▪️သမိုင်းသင်ကြားရေး၏ အခြေခံသဘောတရားနှင့် ကျွမ်းကျင်မှုများ
▪️သမိုင်းစာသင်ခန်းများအား ပြုပြင်ပြောင်းလဲရေး
📌သင်တန်းပုံစံနှင့် အားစိုက်ထုတ်မှု
▪️သင်တန်းတွင် အပြန်အလှန်ဆွေးနွေးမှု၊ ကိုယ်တိုင်လေ့လာပါဝင်မှုများကို ဦးစားပေးထားသည်။ သင်တန်းမတိုင်ခင် ပေးထားသော အရင်းမြစ်များကို ကြိုတင်လေ့လာရန်၊ သင်တန်းတလျှောက် တက်ကြွစွာ ပါဝင်ဆွေးနွေးရန်နှင့် ပေးအပ်သော Assignment များကို လုပ်ဆောင်ဖို့ တပါတ် အချိန် ၁၀ နာရီခန့် ကိုယ်ပိုင်လေ့လာချိန်ပေးရန် လိုအပ်ပါသည်။
📌ဖောင်ပိတ်ချိန် - ၂၈ ရက် အောက်တိုဘာ
📌သင်တန်းစတင်မည့်နေ့ - ၃၁ အောက်တိုဘာ
📌သင်တန်းကြေး - အခမဲ့ ( Freedom Fighter သို့ ဆန္ဒရှိသလောက် ရန်ပုံငွေထည့်ဝင်နိုင်ပါသည်)
📌သင်တန်းအချိန် - အပါတ်စဉ် သောကြာနေ့ မြန်မာချိန် ညနေ ၇ နာရီ မှ ၉ နာရီ
📌သင်တန်းကာလ - ၂ လ
📌Registration Form
https://docs.google.com/forms/d/e/1FAIpQLSeFxnjWH0KclDt9vW7hO4KYve8DON6AWZp9r9ohJEMr0zeJuA/viewform?usp=header
📌သင်တန်းပို့ချမည့်သူများ
▪️ကိုမြင့်ထွန်းသည် Freedom Fighter Myanmar အဖွဲ့၏ သင်ကြားရေးတာဝန်ခံဖြစ်သည်။ ဘာသာရေးနှင့် လူမှုဝန်းကျင် ယဉ်ကျေးမှုဖြစ်စဉ်များကို စိတ်ဝင်စားလေ့လာနေသူ တစ်ဦးဖြစ်သည်။ ဒီဘိတ်သင်တန်းများ ပြုလုပ်ခြင်းနှင့် ကျောင်းသားလူငယ်များအကြား သမိုင်းဆွေးနွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ဆင်ခြင်မှု မြှင့်တင်ရေးသင်တန်းများကို သင်ကြားဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
▪️ကိုရဲထက်သည် Freedom Fighter Myanmar အဖွဲ၏ တည်ထောင်သူတဦးဖြစ်ပြီး လက်ရှိတွင် ဥက္ကဌရာထူးဖြင့် တာဝန်ယူထားသည်။ FFM အဖွဲ့တည်ထောင်ချိန်မှစ၍ အကြမ်းမဖက်စည်းရုံးရေးမှူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပိုချခဲ့သည်။ ကုစားသင့်မြတ်ရေး တရားမျှတမှု(Restorative Justice) ၊ သမိုင်းကြောင်းဆိုင်ရာ တရားမျှတမှု(Historical Justice) များအကြောင်းကို

သမိုင်း ဘယ်လိုသင်မလဲ
အပါတ်စဉ် -၁
ဖောင်ပိတ်ချိန် - အောက်တိုဘာ ၂၈ ရက်
သင်တန်းစတင်မည့်နေ့ - အောက်တိုဘာ ၃၁
ဖောင်ပိတ်ချိန် - အောက်တိုဘာ ၂၈ ရက်
သင်တန်းစတင်မည့်နေ့ - အောက်တိုဘာ ၃၁
"အကြမ်းမဖက်လမ်းစဉ် အခြေခံနားလည်မှု" သင်တန်း
အပါတ်စဉ် ၄
_______
အကြမ်းမဖက်လမ်းစဉ် (Nonviolence) ဟုဆိုလိုက်လျှင် အများစုက ဆန္ဒပြခြင်း၊ သို့မဟုတ် သပိတ်မှောက်ခြင်း စသည့်နည်းနာများကိုသာ မြင်ကြသည်။ သို့သော် အကြမ်းမဖက်လမ်းစဉ်သည် နည်းနာသက်သက်ထက် နက်ရှိုင်းသည့် အတွေးအခေါ် အယူအဆနောက်ခံများ လိုအပ်သလို တဖက်တွင်လည်း မဟာဗျူဟာကျကျ ချိတ်ဆက်ပြင်ဆင်ဖို့လိုအပ်သည်။ နွေဦးတော်လှန်ရေးတွင် ထိုအချက်များကို သိမြင်မှုအားနည်းခဲ့သည်။ ထို့ကဲ့သို့ အတွင်းကျကျ သိရှိပြင်ဆင်မှုအားနည်းခြင်းကြောင့် တော်လှန်ရေးအစတွင် လူထုလှုပ်ရှားမှုများ အားကောင်းခဲ့သော်လည်း ရေရှည်လမ်းစဉ်အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် နွေဦးတော်လှန်ရေးတလျှောက် လက်နက်ကိုင်လမ်းစဉ်အပေါ် မျှော်လင့်ယုံကြည်မှုများပြားခဲ့သော်လည်း တစ်ဖက်တွင် လက်နက်ကိုင်လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးများ၊ ပြင်ပအင်အားကြီးနိုင်ငံများအပေါ် မှီခိုရမှုနှင့် ကာလတိုအတွင်းအဆုံးအဖြတ်မြင်ရရန် မလွယ်ကူမှုများကို သိမြင်ပြောဆိုမှုများ တစတစများပြားလာနေသည်။ ထို့ပြင် မကြာခင် စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တော့မည်ဖြစ်ရာ ရွေးကောက်ပွဲကာလအလွန် တော်လှန်ရေးမည်သို့ခရီးဆက်မည်ကို စဉ်းစားဆုံးဖြတ်ဖို့ အချိန်တန်နေပြီဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သောအချိန်တွင် မြန်မာလူ့အဖွဲ့အစည်းသစ်တည်ဆောက်ဖို့ရာ ထိရောက်ခိုင်မာသည့် တော်လှန်ရေးလမ်းစဉ်တရပ် ရှာဖွေလျှောက်လှမ်းရန် အရေးတကြီးလိုအပ်နေသည်။
အကြမ်းမဖက်လမ်းစဉ်သည် ပြည်သူများကိုယ်တိုင်ပါဝင်နိုင်ခြင်းကြောင့် ဒီမိုကရေစီစနစ်ရရှိရန် အားသာချက်များစွာရှိသလို လက်နက်ကိုင်လမ်းစဉ်နှင့်နှိုင်းယှဉ်ပါက အသေအပျောက်နှင့် ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးလှသည်။ ထို့ကြောင့် တော်လှန်ရေးလမ်းစဉ်တရပ်ကို စနစ်တကျ လေ့လာပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်လိုသူများအတွက် အကြမ်းမဖက်လမ်းစဉ်အခြေခံနားလည်မှု သင်တန်း (အပါတ်စဉ် ၄) အား Freedom Fighter မှ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
_______
▪️ဤသင်တန်းတွင်
၁) နိုင်ငံရေးအာဏာကို လေ့လာခြင်း
၂) အကြမ်းမဖက်လမ်းစဉ်ဦးဆောင်သူများ၏ အတွေးအခေါ်ဒဿနများကို နှိုင်းယှဉ်ခြင်း
၃) အကြမ်းမဖက်လမ်းစဉ် မဟာဗျူဟာချမှတ်ခြင်း
၃) မိမိကိုယ်ကို သိမြင်ခြင်းနှင့် အတွင်းပြောင်းလဲခြင်း
၄) နိုင်ငံရေးအယူအဆနှင့် လူထုလှုပ်ရှားမှုအချိတ်အဆက်
၅) Freedom Fighter အဖွဲ့၏ အတွေးအခေါ် နှင့် ရှေ့ဆက်လမ်းစဉ်များကို ဆွေးနွေးသွားပါမည်။
_______
📌သင်တန်းအချိန် - အပါတ်စဉ် တနင်္ဂနွေ နေ့လည် ၃ - ၅ နာရီ
📌စတင်မည့်နေ့ရက် - နိုဝင်ဘာ ၁၆ ရက်နေ့
📌သင်တန်းကာလ - ဆယ်ပါတ်
📌သင်တန်းကြေး - အခမဲ့ (မိမိတို့ ဆန္ဒရှိသလောက် Freedom Fighter အဖွဲ့သို့ ရန်ပုံငွေထည့်ဝင်နိုင်ပါသည်)
📌သင်တန်းလျှောက်ထားရန် (ဖောင်ပိတ်ချိန် - နိုဝင်ဘာ ၁၃)
https://forms.gle/g56rfhLgqp51MfBx9
📌တက်ရောက်ရန် လိုအပ်ချက်
တက်ရောက်မည့်သူများအနေဖြင့် အင်တာနက်ရရှိပြီး Zoom နဲ့ Telegram အသုံးပြုနိုင်ရန် လိုအပ်သည်။
_______
📌သင်ကြားပို့ချမည့်သူများ
▪️ကိုရဲထက်
(ကိုရဲထက်သည် Freedom Fighter အဖွဲ၏ တည်ထောင်သူတဦးဖြစ်ပြီး လက်ရှိတွင် ဥက္ကဌရာထူး တာဝန်ယူထားသည်။ FFM အဖွဲတည်ထောင်ချိန်မှစ၍ အကြမ်းမဖက်စည်းရုံးရေးမှူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပို့ချခဲ့သည်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုဆိုင်ရာ မဟာဗျူဟာများကို တော်လှန်ရေးအစုအဖွဲ့များအား အကြံပေးလျက်ရှိသလို တော်လှန်ရေးဆိုင်ရာ ဝေဖန်သုံးသပ်စာများကိုလည်း ရေးသားလျက်ရှိသည်။)
▪️ကိုမြင့်ထွန်း
(ကိုမြင့်ထွန်းသည် Freedom Fighter အဖွဲ့၏ သင်ကြားရေးတာဝန်ခံဖြစ်သည်။ ဘာသာရေးနှင့် လူမှုဝန်းကျင် ယဉ်ကျေးမှုဖြစ်စဉ်များကို စိတ်ဝင်စားလေ့လာနေသူ တစ်ဦးဖြစ်သည်။ ဒီဘိတ်သင်တန်းများ ပြုလုပ်ခြင်းနှင့် ကျောင်းသားလူငယ်များအကြား သမိုင်းဆွေးနွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ဆင်ခြင်မှု မြှင့်တင်ရေးသင်တန်းများကို သင်ကြားဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။)
▪️ဤသင်တန်းကို တက်ရောက်ခြင်းအားဖြင့် မိမိတယောက်ချင်းအပြောင်းအလဲမှ စတင်၍ လူထုလှုပ်ရှားမှုအရွေ့များအထိ ပါဝင်ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဤသင်တန်းအား အရပ်ဘက်/လူငယ်/ကျောင်းသား အဖွဲ့အစည်းများတွင် ပါဝင်လုပ်ဆောင်နေသူများ၊ ရပ်ရွာအခြေပြုလူထုလှုပ်ရှားစည်းရုံးမှုများကို ဖော်ဆောင်လိုသူများ၊ အမျိုးသမီးတန်းတူရေးအတွက် လှုပ်ရှားနေသူများ၊ မိမိတို့၏ အသိပညာနှင့် စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုကို အခြေခံပြီး လူ့အဖွဲ့အစည်းအား ပြောင်းလဲတည်ဆောက်လိုသူများ၊ တော်လှန်ရေး/နိုင်ငံရေးကိစ္စရပ်များတွင် စိတ်ဝင်တစားပါဝင်လိုသူများ တက်ရောက်ရန် အထူးတိုက်တွန်းလိုပါတယ်။
#Nonviolence_Essentials
#Batch4
#Freedom_Fighter

Nonviolence Essentials Batch 4
ဖောင်ပိတ်ချိန် - နိုဝင်ဘာ ၁၃ ညနေ ၆ နာရီ မြန်မာချိန်
📌"အကြမ်းမဖက်လမ်းစဉ် အခြေခံနားလည်မှု" သင်တန်းလျှောက်လွှာတွေကို ဒီနေ့ညမှာ ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။
▪️မကြာခင် ပြောင်းလဲလာတော့မယ့် နိုင်ငံရေးအခြေအနေတွေအကြားမှာ လူ့အဖွဲ့အစည်းကို အခြေကနေ ကုစားပြောင်းလဲပြီး တော်လှန်ရေးကို အနီးစပ်ဆုံးနေရာကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ စိတ်အားထက်သန်တယ်ဆိုရင်
▪️နွေဦးတော်လှန်ရေးက ရှေ့တန်းတင်ထားတဲ့ အပြုတ်တိုက်ရေးနည်းလမ်းကိုလည်း ယုံကြည်မှုနည်းလာတယ်။ တဖက်မှာလည်း မျှော်လင့်ချက်မဲ့စွာ လက်လျှော့တာမျိုး မလုပ်ချင်ဘဲ ရေရှည်တည်တံ့တဲ့ အလယ်အလတ်လမ်းစဉ်တရပ်ကို လေ့လာချင်တယ်ဆိုရင်
▪️ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးလေးစားချစ်ကြည်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်လမ်းစဉ်ဖြစ်တဲ့ အကြောက်တရားမှ လွတ်ကင်းရေး အတွေးအခေါ်တော်လှန်ရေးကို ပြန်လည်ရှင်သန်အောင် လေ့လာလုပ်ဆောင်လိုတယ်ဆိုရင်
ဒီသင်တန်းကို လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
📌သင်တန်း Post -
https://www.facebook.com/share/p/1BNgHe6nR3/
#nonviolence_essentials