Freedom Fighter Info
429 subscribers
52 photos
1 video
44 files
185 links
Download Telegram
အပြောင်းအလဲကို ဆောင်ကျဥ်းလိုတဲ့ လူငယ်များအတွက် “အကြမ်းမဖက် အာဏာဖီဆန်ရေး နှင့် လူထုစည်းရုံးရေး” သင်တန်း

🔳 နိစ္စဒူဝ ရုန်းကန်စရာတွေ၊ လက်တွေ့တာဝန်ဝတ္တရားတွေ များပြားလှတဲ့ ခေတ်ကြီးထဲမှာ မာရသွန် ရက်ရှည် သင်တန်းကြီးတွေဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။

✔️ ကိုယ့်ပါတ်ဝန်းကျင်မှာ လူထုစည်းရုံးရေးလုပ်ဖို့ စိတ်ပါဝင်စားတယ်၊ အကြမ်းမဖက် အာဏာဖီဆန်ရေးကို စိတ်ပါဝင်စားတယ်ဆိုတဲ့ လူငယ်တွေအတွက်၊

✔️ တစ်ဖက်ကမ်းခတ် တက်မြောက်စရာမလို အလုပ်လုပ်ဖို့ အသိပညာလုံလောက်ရင် ပြီးပြီဆိုတဲ့ လေ့လာလိုသူတွေအတွက်၊​

✔️ ဆက်လက်လေ့လာဖို့ အမြည်းစမ်းကြည့်ချင်တယ်ဆိုတဲ့ စိတ်ဝင်စားသူတွေအတွက်၊

✔️ အကြမ်းမဖက် အာဏာဖီဆန်ရေးနဲ့ လူထုစည်းရုံးရေးကို လုပ်နှင့်နေပြီ၊ သဘောတရားပိုင်း ပိုနားလည်ချင်တယ်ဆိုတဲ့ လက်တွေ့သမားတွေအတွက်၊

အောက်တိုဘာ ၂၈ ရက် ကနေ နိုဝင်ဘာ ၁၂ ရက်ထိ ကြာမြင့်မယ့် Intensive အပြင်းစား သင်တန်းဖြစ်ပါတယ်။ စနေ၊​ တနင်္ဂနွေပဲ ပိတ်မှာဖြစ်ပြီး တနင်္လာနေ့ ကနေ သောကြာနေ့အထိ ၅ ရက်စလုံး သင်မှာဖြစ်ပါတယ်။​ သင်တန်းအတွင်း ဆွေးနွေးမှုတွေမြိုင်ဆိုင်ဖို့အတွက် နေ့စဉ် ဖတ်ရှူရမဲ့ ၁၀ မျက်နှာ ထက်မပိုတဲ့ ဖတ်စရာ တွေကိုလည်း ကြိုတင်မျှဝေပေးထားမှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်ရမဲ့ အချိန်ကတော့ မြန်မာ စံတော်ချိန် ညနေ ၅ နာရီကနေ ၇ နာရီအထိ ဖြစ်ပြီး Zoom Platform ကို အသုံးပြုမှာ ဖြစ်ပါတယ်။

သင်တန်းကြေးမရှိ အခမဲ့ဖြစ်ပါတယ်။​ ဒါပေမယ့် သင်ကြားပေးနိုင်မယ့် လူဦးရေ အရေအတွက် အကန့်အသတ်ရှိတာကြောင့် လျှောက်ထားသူထဲက သင့်တော်မယ့် သင်တန်းသား စုစုပေါင်း ၂၅ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။​

စီစဥ်သူများက ရရှိပြီးလျှောက်လွှာများကို အချိန်နဲ့တပြေးညီ အကဲဖြတ်ပြီး၊ သတ်မှတ်သင်တန်းသား ပြည့်မီရင် ဖောင်ပိတ်မှာဖြစ်တဲ့ rolling basis စနစ်ကို ကျင့်သုံးမှာဖြစ်တာကြောင့် ပို့စ်ကို အကြာကြီး save မထားပဲ မြန်မြန်လျှောက်ကြဖို့ တိုက်တွန်းပါတယ်။

သင့်ပါတ်ဝန်းကျင်မှာ ဒီပို့စ်ကိုတွေ့ပြီး ဒီသင်တန်းကို လျှောက်ဖို့ သင့်တော်တဲ့သူရှိရင်လည်း အမြန်ဆုံးသာ share ပေးလိုက်ပါခင်ဗျာ။

သင်တန်းက ရက်တိုလေးဖြစ်တာကြောင့် သုံးလေးငါးရက် ပျက်ကွက်ဖို့စိတ်ကူးရှိရင် အခြားတက်နိုင် သူကို အခွင့်အရေးပေးတဲ့အနေနဲ့ မလျှောက်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။

သင်တန်းလျှောက်ရန် Google form link -

https://docs.google.com/forms/d/e/1FAIpQLSeF_RI_PvQJPr0KgKaDVK7n5kriNjwgRC5lOF8VxsUgDE7ZBg/viewform?usp=sf_link

#EducationalConversations
#Impact360
“အလင်းခေတ်” မဂ္ဂဇင်း
အတွဲ(၁) အမှတ် (၂)

"ထွက်ပြီ"

▪️ပိန်းပိတ်မဲမှောင်နေသော အကာလညဉ့်ယံဆိုးကြီး၏ဟိုမှာဘက်တွင် လင်းချင်းတောက်ပသော ရွှေအိုရောင် မနက်ခင်းတခု ငဲ့လင့်နေသည်မှန်သော်ငြား ကျွန်ုပ်တို့ကား အမှောင်ထုဝင်္ကပါထဲတွင်သာ တဝဲဝဲလည်လည်နှင့် လမ်းလျှောက်ရင်းလမ်းပျောက်နေရသည်။ သို့ဖြစ်ရာ လမ်းပြမြေပုံအမှားကြီးကိုင်ကာ တယောက်နှင့်တယောက် ခြေထိုးညစ်ပတ် ရုန်းရင်းဆန်ခတ်နှင့်တော့ ထိုဝင်္ကပါထဲမှရုန်းထွက်ဖို့ စွမ်းနိုင်မည်မဟုတ်ချေ။ တိကျသေချာသောမဟာဗျူဟာ၊ မြဲမြံခိုင်မာသောပေါင်းစည်းမှု၊ လွတ်လပ်မျှတသောအတွေးအခေါ်များဖြင့်သာ မိမိတို့အလိုရှိရာပန်းတိုင်အရောက် ခရီးထိုထိုကြီးပေါက်နိုင်မည်ဖြစ်သည်။

အလင်းခေတ်သည် ကျွန်ုပ်တို့ခရီးအတွက် အလုံးစုံပြီးပြည့်စုံသော လမ်းပြမြေပုံမဟုတ်သည့်တိုင် ခရီးလမ်းတလျှောက် ဆူးငြောင့်ခလုတ်များကို ကူညီရှင်းလင်းပေးနိုင်မည့် အဖော်မွန်ကရိယာတလတ်ဖြစ်သည်။ အလင်းခေတ်တွင် လွပ်လပ်မျှတသော အနာဂတ်သစ်ကို ပုံဖော်ထားသလို မှားယွင်းညစ်ထေးသော အတိတ်ဖြစ်ရပ်ဆိုးများကို သင်ခန်းစာယူစရာ ချဉ်းကပ်ပြထားသည်။ လူငယ်ထုအပါအဝင် ပြည်သူအများ၏ စိတ်ဒဏ်ရာဝေဒနာများကို ခံစားထုတ်ဖော်ထားသလို ပြန်လည်ကုစားရေးနှင့် သင့်မြတ်ငြိမ်းချမ်းရေးကို အဆိုပြုထားသည်။ သမိုင်း၏ဆိုးမွေများကို ချေဖျက်ထားသလို ဉာဏ်ပညာနှင့် ချစ်ခြင်းတရား ဦးဆောင်သော လူ့အဖွဲ့အစည်းသစ်ကို ညွှန်ပြထားသည်။

ထို့ကြောင့် အလင်းခေတ်သို့ရောက်ဖို့ အလင်းခေတ်ကိုဖတ်ရှုသင့်ပေသည်။

……....…...........................................

🔹စာအုပ်အမည် - “အလင်းခေတ်” မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၂)

🔹စာမျက်နှာ - ၉၈

🔹တန်ဖိုး - အခမဲ့

🔹ထုတ်ဝေသည့်ခုနှစ် - ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ

📌စာအုပ် Download link ;

https://drive.google.com/file/d/1k8L72rDhr4Sw2QC23mDz0zI4K8T4kZOu/view?usp=sharing

📌အဖြူအမည်း Print version;

https://drive.google.com/file/d/1tWylHcKsOCy9K8Rf8u7SzGEt5BIx91uI/view?usp=sharing
၂၀၂၄ ခုနှစ်အတွင်း Freedom Fighter လုပ်ဆောင်ခဲ့သည့် သင်ကြားရေးကဏ္ဍ၊ ဒီဘိတ်နှင့်ဒိုင်ယလော့ခ်ကဏ္ဍ၊ ဘာသာပြန်ကဏ္ဍ၊ မဂ္ဂဇင်းထုတ်ဝေရေးကဏ္ဍ စသဖြင့် ကဏ္ဍအလိုက် လှုပ်ရှားမှုများကို ထုတ်ပြန်လိုက်ပါသည်။

https://drive.google.com/file/d/1aULCSN12Xxtdfovep1i25CSknJcW6F1D/view?usp=sharing
Freedom Fighter ၏ ၂၀၂၄ အတွက်ငွေစာရင်းထုတ်ပြန်ချက်

FFM မှ ၂၀၂၄ ခုနှစ်အတွင်း ရရှိခဲ့သောရန်ပုံငွေနှင့် သုံးစွဲခဲ့သောစာရင်းအနှစ်ချုပ်ကို ထုတ်ပြန်လိုက်ပါသည်။ အဆိုပါရန်ပုံငွေများသည် ပြင်ပအဖွဲ့အစည်းမှ ထောက်ပံ့ခြင်း၊ လူတစ်ဦးချင်းစီမှ ချိတ်ဆက်ထည့်ဝင်ခြင်း၊ FFM အဖွဲ့ဝင်များမှ ပြန်လည်ထည့်ဝင်ခြင်းများမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုရန်ပုံငွေများကို အဓိကအားဖြင့် FFM ၏ပင်မလှုပ်ရှားမှုများဖြစ်သော သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ အထောက်အကူပြုရင်းမြစ်များ ပြုစုဘာသာပြန်ခြင်း၊ အလင်းခေတ်မဂ္ဂဇင်းစီစဉ်ဖြန့်ဖြူးခြင်း၊ လေးမျက်နှာစကားဝိုင်းကျင်းပခြင်းနှင့် လိုအပ်သော tools များဝယ်ယူခြင်း စသည်တို့တွင် အသုံးပြုခဲ့ပါသည်။ ထို့ပြင် မြေပြင်သင်တန်းများအားထောက်ပံ့ခြင်းနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်း တစိတ်တပိုင်းသုံးစွဲခဲ့ပါသည်။

ဤစာရင်းသည် FFM ၏ ငွေကြေးဆိုင်ရာရရှိ၊ သုံးစွဲမှုများအတွက် ပွင့်လင်းမြင်သာမှုရှိစေရန်ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ပါသည်။ FFM အား ငွေအင်အား၊ လူအင်အားဖြင့် ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ရှိပါသည်။ တဖက်တွင်လည်း ငွေကြေးသည် ရေရှည်လုပ်ဆောင်နိုင်ရန်အတွက် တစိတ်တပိုင်းလိုအပ်ချက်သာဖြစ်ပြီး အဖွဲ့ဝင်များ၊ လုပ်အားပေးများ၏ မဆုတ်မနစ် ပါဝင်အားဖြည့်မှုကိုလည်း တပါတည်းအသိအမှတ်ပြုလိုကြောင်း ထုတ်ပြန်အပ်ပါသည်။
"တုံ့ပြန်ခြင်းမှသည် တော်လှန်ခြင်းသို့"

(အာဏာသိမ်းလေးနှစ်ပြည့်အပေါ် Freedom Fighter အဖွဲ့၏ သဘောထားထုတ်ပြန်ချက်)

https://drive.google.com/file/d/1mGg7XGkWSsiPcaZ29SKXY7IFnRv6JMFB/view?usp=sharing
“အလင်းခေတ်”မဂ္ဂဇင်း အတွဲ(၂) အမှတ် (၁) အတွက် စာမူများပေးပို့နိုင်ပါကြောင်း...

“အလင်းခေတ်” အား တော်လှန်ရေးမဂ္ဂဇင်းဖြစ်သည်နှင့်အညီ တော်လှန်ရေးနှင့်စပ်ဆိုင်သော အကြောင်းအရာ များဖြစ်သည့် စစ်အာဏာရှင်စနစ်ဆိတ်သုဉ်းရေး၊ ဒီမိုကရေစီစနစ်ရှင်သန်ရေး၊ လွတ်လပ်မှုနှင့်တရားမျှတမှု ထွန်းကားရေး၊ ပဋိပက္ခများပြေလည်ရေး၊ စိတ်ဒဏ်ရာများကုစားရေး၊ တန်းတူညီမျှရေး၊ ပညာရေးစနစ် မြင့်မားရေး စသည်တို့ကိုရှေးရှု၍ စဉ်ဆက်မပြတ်ထုတ်ဝေခဲ့သည်မှာ ယခုအခါ တတိယအကြိမ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ မိမိ၏ကလောင်စွမ်းဖြင့် လင်းချင်းတောက်ပသော ခေတ်သစ်စနစ်သစ်ကို ပုံဖော်လိုသူများအနေဖြင့် “အလင်းခေတ်” သို့စာမူများပေးပို့နိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ရပါသည်။

စာမူပေးပို့လိုသူများအနေနှင့် ဖေဖော်ဝါရီ(၂၈) ရက်နောက်ဆုံးထားကာ alinkhit.mm@protonmail.com မှတဆင့် ကဗျာ၊ ကာတွန်း၊ အက်ဆေး၊ ဆောင်းပါး၊ ဝတ္ထုတို စသဖြင့် မိမိနှစ်သက်ရာ ကဏ္ဍအလိုက် စာမူများ ရေးသားသားပေးပို့နိုင်ပါသည်။