အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း
အပါတ်စဉ် -၁
Freedom Fighter Myanmar- FFM အဖွဲ့အနေဖြင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း စည်းရုံးရေးမှူး ကေဒါသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အပါတ်စဉ် ၇ ရှိခဲ့ပါပြီ။ ယခုအခါ ပိုမိုထိရောက်သော ရေရှည်စည်းရုံးလှုပ်ရှားမှုများကို ပါဝင်ဦးဆောင်နိုင်ရန်၊ စုဖွဲ့လုပ်ဆောင်မှုပုံစံများ အားကောင်းလာစေရန် အတွက် အလင်းခေတ်စည်းရုံးရေးမှူး ကေဒါသင်တန်းအဖြစ် အဆင့်မြှင့်တင်ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
အသစ်ဖွင့်လှစ်သော အလင်းခေတ် ကေဒါသင်တန်းသည် အချိန်အားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအမျိုးအစား ၈ ခုထည့်သွင်းထားသည်။ သင်တန်းသည် FFM ၏ အလင်းခေတ်အယူအဆကို အခြေခံကာ အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်နှင့် ဆက်နွယ်သည့် အတွေးအခေါ်များ၊ လက်တွေ့စည်းရုံးဆက်သွယ်မှုဆိုင်ရာ အတတ်ပညာများကို တပါတည်းယှဉ်တွဲလေ့လာသွားရမည်ဖြစ်သည်။
အလင်းခေတ် စည်းရုံးရေးမှူး သင်တန်းအပါတ်စဉ် ၁ တွင်
🔹Semester 1 (ဇူလိုင် - အောက်တိုဘာ ၊ ၂၀၂၄)
၁။ Nonviolence Principles and Internal Revolution - အကြမ်းမဖက်အခြေခံစံနှုန်းများနှင့် အတွင်းတော်လှန်ရေး
၂။ Political Ideology & Democracy - နိုင်ငံရေးအတွေးအခေါ်များနှင့် ဒီမိုကရေစီ
၃။ Debate Skills Training - ဒီဘိတ်အရည်အချင်း
၄။ Translation Skills Training - ဘာသာပြန်အရည်အချင်း
🔹Semester 2 (ဇန်နဝါရီ - မေ၊ ၂၀၂၅)
၅။ Communication - ဆက်သွယ်ပြောဆိုမှု
၆။ Critical Pedagogy - ဝေဖန်ဆန်းစစ် ပညာရေး
၇။ Nonviolence Mobilization - အကြမ်းမဖက် လှုံ့ဆော်စည်းရုံးခြင်း
၈။ Writing - စာရေးသားခြင်း များကို ထည့်သွင်းထားရန် စီစဉ်ထားပါသည်။
📌သင်တန်းတက်ရောက်ရန် အခြေခံရှိရမည့် အရည်အချင်းများ
▪️အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်ကို စိတ်ပါဝင်စား လေ့လာလိုသူ၊ လက်တွေ့အသုံးချလိုသူ
▪️လူ့အဖွဲ့အစည်းအပြောင်းအလဲများကို ပါဝင်ဆောင်ရွက်ရန် စိတ်ဆန္ဒပြင်းပြသူ
▪️ရေတိုခံပြင်းမှုကြောင့်သာမဟုတ်ဘဲ ရေရှည်အပြောင်းအလဲတွင် မိမိကိုယ်တိုင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်လိုသူ
▪️စာဖတ်အားကောင်းသူ (အခြေခံအင်္ဂလိပ်စာ ဖတ်နိုင်စွမ်းရှိရန် လိုအပ်သည်)
📌သင်တန်းအချိန် - အပါတ်စဉ် စနေ ၊ တနင်္ဂနွေ မနက် ၉ နာရီ - ၁၁ နာရီ (မြန်မာချိန်)
📌တပါတ်လေ့လာရမည့်အချိန် - နာရီ ၂၀
📌သင်တန်းပြုလုပ်မည့်နေရာ - Zoom Online Meeting
📌သင်တန်းကြေး - ငါးသိန်းကျပ်
(*သင်တန်းကြေး ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်)
🔹အလင်းခေတ် ကေဒါသင်တန်းနောက်ခံအယူအဆများနှင့် စီစဉ်ထားမှုကို လေ့လာရန် (သင်တန်း Concept Note)
https://drive.google.com/file/d/1UrVyLIwqqBHs10w7dYQrh4q3_QDxXlOT/view?usp=sharing
🔹သင်တန်းလျှောက်ထားရန်ဖောင် -
https://docs.google.com/forms/d/e/1FAIpQLSfznQHYaH6HXK0FKLO8xN0Y9_dcRwZyeyDsIrYSe9jHjoOI8Q/viewform?usp=sf_link
ဖောင်ပိတ်ရက် - ဇွန် ၁၀ ရက်နေ့ ၊ ညနေ ငါးနာရီ မြန်မာချိန်
ဆန်ကာတင်ရွေးချယ်ခြင်းခံရသူများကို ဇွန်လ ၁၅-၂၅ အကြားတွင် အင်တာဗျူးခေါ်ယူသွားမည်ဖြစ်သည်။
☎️သင်တန်းနဲ့ပက်သက်ပြီး မေးမြန်းလိုသည်များရှိပါက Freedom Figther Page Message Box သို့မဟုတ် freedomfighter.yh@protonmail.com သို့ ဆက်သွယ်နိုင်ပါသည်။
#FreedomFighter
#AlinnKhit_CadreTraining

Google Docs
Alinn Khit Cadre Training (Batch-1)
၂။ အလင်းခေတ်ကေဒါသင်တန်းအားမိတ်ဆက်ခြင်း။
Freedom Fighter Myanmar- FFM အဖွဲ့အနေဖြင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း စည်းရုံးရေးမှူး ကေဒါသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အပါတ်စဉ် ၇ ရှိခဲ့ပါပြီ။ ယခုအခါ ပိုမိုထိရောက်သော ရေရှည်စည်းရုံးလှုပ်ရှားမှုများကို ပါဝင်ဦးဆောင်နိုင်ရန်၊ စုဖွဲ့လုပ်ဆောင်မှုပုံစံများ အားကောင်းလာစေရန် အတွက် အလင်းခေတ်စည်းရုံးရေးမှူး ကေဒါသင်တန်းအဖြစ် အဆင့်မြှင့်တင်ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အသစ်ဖွင့်လှစ်သော အလင်းခေတ် ကေဒါသင်တန်းသည် အချိန်အားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအမျိုးအစား ၈ ခုထည့်သွင်းထားသည်။ သင်တန်းသည် FFM ၏ အလင်းခေတ်အယူအဆကို အခြေခံကာ အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်နှင့် ဆက်နွယ်သည့် အတွေးအခေါ်များ၊ လက်တွေ့စည်းရုံးဆက်သွယ်မှုဆိုင်ရာ အတတ်ပညာများကို တပါတည်းယှဉ်တွဲလေ့လာသွားရမည်ဖြစ်သည်။
📌အသေးစိတ်ဖတ်ရန်
https://www.facebook.com/share/p/VyXNgkjcqFbkHVqm/?mibextid=oFDknk
၃။ အလင်းခေတ်မဂ္ဂဇင်းအားပြင်ဆင်ခြင်း။
ပြီးခဲ့သည့် နွေဦးတော်လှန်ရေးသုံးနှစ်တာကာလတွင် တော်လှန်ရေးစာစဉ်အများအပြားထွက် ရှိခဲ့ကြသည်။ သိုသော်ငြားလည်း တော်လှန်ရေးစာစဉ်အများစုသည် နိုင်ငံရေးဖြစ်စဉ်ကိုသာ ဦးတည်ကြပြီး လူ့အဖွဲအစည်းကို အခြေမှ ကိုင်လှုပ်ပြောင်းလဲစေမည့် အတွေးအခေါ်နှင့် လှုပ်ရှားမှုများအကြောင်း ဆွေးနွေးမှုနည်းကြသည်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲအစည်းနှင့် နိုင်ငံရေးဦးဆောင်အဖွဲအစည်းများ အကြောင်းကိုသာပြောဆိုကြပြီး အနာဂတ်လူ့အဖွဲအစည်းသစ်အတွက် စဉ်းစားချက်များနှင့် သာမာန်ပြည်သူများ၏ နေ့စဉ်ဘဝကျင့်ကြံမှုများကို ဆက်စပ်ရှင်းလင်းနိုင်မှု နည်းပါးလှသည်။ ဤကွက်လပ်များကို တထောင့်တနေရာမှ ဖြည့်ဆည်းနိုင်ရန် အလင်းခေတ် မဂ္ဂဇင်းကို FFM မှ မကြာမီအချိန်မှစတင်ကာ ပုံမှန်ထုတ်ဝေသွားမည်ဖြစ်သည်။
📌အသေးစိတ်ဖတ်ရန်
https://www.facebook.com/share/p/gNfeuVmuLbSSf7Vg/?mibextid=oFDknk
၄။ ပညာရေးနှင့်ပတ်သတ်သည့်သင်တန်းများပို့ချခြင်း။
ကြားကာလပညာရေးကျောင်းတစ်ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံကာ သင်ကြားရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ သင်တန်းနဲ့ Workshop များ လုပ်ဆောင်ခဲ့သည်။ ကျောင်းသင်ရိုးညွှန်းတမ်းနှင့်သက်ဆိုင်သော အကြောင်းအရာများအပြင် ပညာရေးနှင့်ပတ်သတ်သည့် အယူအဆများ၊ ယခုကဲ့သို့ ခက်ခဲသောအချိန်များအားဖြတ်သန်းနိုင်ဖို လိုအပ်သည့်စိတ်ခွန်အားအကြောင်းများကို ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းဖြင့် ညှိနှိင်းအဖြေရှာကြသည့် စကားဝိုင်းယဉ်ကျေးမှုကို ကျောင်းသူ/ကျောင်းသားများရင်းနှီးလာအောင် သင်ကြားမှုပုံစံအသစ်များသုံးကာ သင်တန်းများ ဖွင့်လှစ်ခဲ့သည်။
၅။ လေးမျက်နှာစကားဝိုင်းများ ကျင်းပခြင်း
Freedom Fighter အဖွဲ့သည် တော်လှန်ရေးအတွင်း ဝိဝါဒဖြစ်စရာ၊ အငြင်းပွားစရာများကို ဆွေးနွေးအဖြေရှာနိုင်ရန် လေးမျက်နှာစကားဝိုင်းများကို ပုံမှန်ပြုလုပ်ခဲ့သည်။ မေလအတွင်း၌လည်း “NUCC ပြင်ဆင်မှာလား၊ အသစ်ဖွဲ့စည်းမှာလား” ဟူသော ခေါင်းစဉ်ဖြင့် တော်လှန်ရေးကာလ နိုင်ငံရေးဦးဆောင်မှုပြဿနာကိုလည်းကောင်း၊ “ကြားကာလပညာရေး ဘယ်လိုရှေ့ဆက်ကြမလဲ”ခေါင်းစဉ်ဖြင့် လက်တလောရင်ဆိုင်နေရဲ့သည့် ပညာရေးပြဿနာကိုလည်းကောင်း လေးမျက်နှာစကားဝိုင်းများပြုလုပ်၍ ဆွေးနွေးတိုင်ပင်အဖြေရှာခဲ့ကြသည်။
📌စကားဝိုင်းမှတ်တမ်းအသံဖိုင်များနားထောင်ရန်နှင့် ဝင်ရောက်ဆွေးနွေးရန်
https://t.me/+CLlD5wR4PgEyMDc9
#Freedomfighter
#Monthlyupdates
#May

Facebook
Log in or sign up to view
See posts, photos and more on Facebook.
''မေလအတွင်း Freedom Fighter ၏ လုပ်ဆောင်ချက်များ''
၁။ အလင်းခေတ်လှုပ်ရှားမှုအား မိတ်ဆက်ခြင်း။
Freedom Fighter ၏ (၃)နှစ်တာကာလများတွင် အခြားသောအဖွဲ့အစည်းများကို အကြံပေးခြင်း၊ စကားဝိုင်းများကို ချိတ်ဆက်ပံ့ပိုးခြင်း၊ သင်တန်းပေးခြင်းစသည့် နောက်ကွယ်မှပံ့ပိုးပေးမှုနှင့် ဝေဖန်အကြံပေးမှုများကို ဇောင်းပေးလုပ်ဆောင်ခဲ့ပါသည်။ သို့ရာတွင် လက်ရှိတော်လှန်ရေးအနေအထားသည် လက်နက်ကိုင်လမ်းစဉ် အထူးသဖြင့် နိုင်ငံရေးအယူအဆချိတ်ဆက်မှုနည်းသည့် နိုင်သူအုပ်ချုပ်စတမ်း စစ်ဗဟိုပြုအနေအထားသို့ ရောက်ရှိနေသည်မှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်သည်။ ၎င်းအပြင် အကြမ်းမဖက်လမ်းစဉ်ကို ဦးဆောင်လမ်းပြစည်းရုံးနိုင်မည့် အဖွဲ့အစည်းများလည်း ပိုမိုအားနည်းလာပြီး အများစုမှာ လက်နက်ကိုင်လမ်းစဉ်အား ထောက်ပံ့ဖို့အတွက်သာ အခြေအနေဆိုက်ရောက်နေသည်ကို သတိပြုမိပါသည်။ ထိုကဲ့သို့ အခြေအနေမှ နိုးထရုန်းထွက်ရန်နှင့် လူ့အဖွဲ့အစည်းအသစ်အတွက် အတွေးအခေါ်ဦးဆောင်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာစေရန် Freedom Fighter အနေဖြင့် အလင်းခေတ်လှုပ်ရှားမှုကို မဟာဗျူဟာချမှတ်ကာ ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်သည်။
📌အသေးစိတ်ဖတ်ရန်
https://www.facebook.com/share/p/BFSPaL9TssLFduge/?mibextid=oFDknk

“အလင်းခေတ်မဂ္ဂဇင်း” ထွက်ပြီ
▪️Freedom Fighter အဖွဲ့သည် အလင်းခေတ်လှုပ်ရှားမှု၏ ကဏ္ဍတရပ်အနေနှင့် “အလင်းခေတ်”မဂ္ဂဇင်းကို သုံးလတစ်ကြိမ် ထုတ်ဝေမည့်အကြောင်း ရှေးမဆွကတည်းက မိတ်ဆက်အသိပေးခဲ့ပြီးဖြစ်ရာ ယခုအခါ ပထမဆုံးအကြိမ်မြောက် ထွက်ရှိလာခဲ့ပြီဖြစ်သည်။ အလင်းခေတ်မဂ္ဂဇင်းအား တော်လှန်ရေးမဂ္ဂဇင်း ဖြစ်သည်နှင့်အညီ အာဏာရှင်အားဆန့်ကျင်တော်လှန်ရေးအပြင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျပ်ခိုးစွဲသလို စွဲကပ်နေသော အယူအဆဆိုးများနှင့် စနစ်ဆိုးများကိုလည်း တော်လှန်ချေဖျက်ပစ်ရန်အတွက်ရည်ရွယ်ကာ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဤမဂ္ဂဇင်းတွင် (၁) လူ့အဖွဲ့အစည်းသစ်အတွက်စဉ်းစားချက်များ (၂) ပြည်သူများ၏ အခန်းကဏ္ဍ (၃) အလယ်အလတ်လမ်းစဉ်ဟူသော အဓိကအာဘော်သုံးရပ်အား မဏ္ဍိုင်ထားကာ လွတ်လပ်မျှတသောအနာဂတ်သစ်ကို ပုံဖော်ထုဆစ်ထားသည်။
▪️“အလင်းခေတ်”သည် တော်လှန်ရေးဆိုင်ရာစာပေများအား တင်ပြထားသည်ဆိုသော်ငြားလည်း မဂ္ဂဇင်းတို့၏ အင်္ဂါရပ်နှင့်အညီ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာပြန်၊ အင်တာဗျူး စသဖြင့် သုတ၊ရသစုံလင်စွာဖြင့် အလေးအပေါ့ဟန်ချက်ညီညီ ပေါင်းစည်းတင်ပြထားခြင်းဖြစ်သည်။ အလင်းခတ်မဂ္ဂဇင်းကို ဖတ်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျှက်ရှိသော နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပဋိပက္ခများ၏ မူလဇစ်မြစ်ကို နက်နက်ရှိုင်းရှိုင်းသိမြင်နားလည်နိုင်မည်ဖြစ်သည့်အပြင် ၎င်းပဋိပက္ခများအား ကုစားရန်အတွက် အပြုတ်တိုက်လမ်းစဉ်ကဲ့သို့ လူနည်းစုသာပါဝင်နိုင်သော ထွက်ပေါက်မဲ့တလမ်းသွားဆေးမြီးတိုကုထုံးများအစား ပြည်သူလူထုတရပ်လုံးပါဝင်နိုင်သည့် အောက်ခြေမှစ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းလမ်းများကို လက်တွေ့အသုံးချနိုင်မည်ဖြစ်သည်။
…………………………………………………………………………
စာအုပ်အမည် - “အလင်းခေတ်”မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၁)
စာမျက်နှာ - ၉၂
တန်ဖိုး - အခမဲ့
ထုတ်ဝေသည့်ခုနှစ် - ၂၀၂၄ ခုနှစ် ဇူလိုင်လ
စာအုပ် download link ;
https://drive.google.com/file/d/1ZXTcypxBpBaAON6-P2PNRzW8761O95w9/view?usp=sharing

အလင်းခေတ် ကေဒါသင်တန်း : Single Module Course
“Debate To Democracy”
“ဒီဘိတ်မှသည် ဒီမိုကရေစီသို့ ”
အလင်းခေတ် ကေဒါသင်တန်းအစီအစဉ်သည် Freedom Fighter Myanmar အဖွဲ့၏ ပင်မရပ်တည်ကိုင်စွဲသည့် အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်ကို ကျွမ်းကျင်စွာ သိမြင်နားလည်ပြီး ပြန်လည်ဖြန့်ဝေနိုင်မည့် စည်းရုံးရေးမှူးကေဒါများအဖြစ် ထွက်ပေါ်လာစေရန် ရည်ရွယ်ပါသည်။ သင်တန်းများတွင် အနာဂတ်လူ့အဖွဲ့အစည်းသစ် တည်ဆောက်ရေးအတွက် လိုအပ်မည့် အတွေးအမြင်များနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်း နှစ်မျိုးစလုံး မျှတအောင် နယ်ပယ်ရှုထောင့် အမျိုးမျိုးမှ ပါဝင်သွားရန် စီစဉ်ထားသည်။
ဒီဘိတ် ဟူသည် ဒီမိုကရက်တစ်ယဉ်ကျေးမှု၏ ထောက်တိုင်တစ်ခု ဖြစ်သည့်အားလျှော်စွာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရှင်သန်ပြန့်ပွားရန် လိုအပ်နေသော အရာတစ်ခုလည်း ဖြစ်ပေသည်။ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းသည် ပြဿနာများ၊ အမြင်မတူညီမှုများအား ဒီဘိတ်နည်းနာများနှင့် အယူအဆများကို အသုံးပြု၍ ဖြေရှင်းနိုင်သော စကားဝိုင်းယဉ်ကျေးမှုများ ထွန်းကားလာရန် လိုအပ်နေပေသည်။ ထို့ပြင် ဝေဖန်နိုင်သော၊ ဝေဖန်မှုကို လက်ခံနိုင်သော ယဉ်ကျေးမှုများလည်း ယခုကာလတွင် ပို၍ လိုအပ်နေပေသည်။ ထို့ကြောင့် ယခုဖွင့်လှစ်သော Debate to Democracy သင်တန်းတွင် ဒီဘိတ်၏ အခြေခံသဘောသဘာဝ၊ အယူအဆများကို မိတ်ဆက်ပေးကာ ဒီမိုကရေစီယဉ်ကျေးမှု လက်တွေ့ကျင့်သုံးနိုင်ရန် ရည်ရွယ်ထားပါသည်။
🔹ဒီဘိတ်၏ အခန်းကဏ္ဍ
ဒီဘိတ်ဟူသည် မတူညီသော အမြင်များ၊ ရပ်တည်ချက်များကို ထိပ်တိုက်တွေ့ဆုံ ငြင်းခုံခြင်းပင်ဖြစ်သည်။ ထိုသို့ ကျေကျေလည်လည် တွေ့ဆုံငြင်းခုံခြင်းဖြင့် မလိုလားအပ်သော ပဋိပက္ခများကို ရှောင်လွှားနိုင်သည့်အပြင် ပြဿနာတစ်ရပ်ကိုလည်း ပိုမိုရှင်းလင်းစွာ ရှုမြင်နိုင်လာပေသည်။ ထိုအကျိုးကျေးဇူးတို့ကို သိမြင်သဖြင့် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးကြသော နိုင်ငံများတွင် စာသင်ခန်းမှစ၍ လွှတ်တော်ထဲအထိ ဒီဘိတ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့်ကြည့်လျှင် ဒီဘိတ်သည် ယုတ္တိကျမှု၊ ကျိုးကြောင်းညီညွတ်မှု၊ သက်သေအချက်အလက် ခိုင်မာမှုတို့ကို တောင်းဆိုသည်ဖြစ်ရာ ဒီဘိတ်ကို လေ့ကျင့်ခြင်းဖြင့် စဉ်းစားဆင်ခြင်မှု အရည်အချင်းများ တိုးတက်လာနိုင်ပေသည်။ ထို့ပြင် စကားပြောဆိုရာတွင်လည်း တိကျရှင်းလင်းမှု၊ ဆွဲဆောင်နိုင်မှု စသော အရည်အချင်းများကိုလည်း တိုးတက်စေရာ ပြောဆိုဆက်ဆံရေးအရည်အချင်းများကိုလည်း အထောက်အကူဖြစ်စေနိုင်သည်။ လူ့အဖွဲ့အစည်းအနေနှင့်ကြည့်လျှင်လည်း အမြင်မတူမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းဖြင့် အမြင်မကြည်လင်မှုနှင့် ရန်ညှိုးဖွဲ့မှုများကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်ပေမည်။ နိုင်ငံရေးစနစ်တွင်လည်း ဒီဘိတ်ကို ကျယ်ပြန့်စွာ အသုံးချခြင်းဖြင့် နိုင်ငံရေးသမားများ၏ စဉ်းစားတွေးခေါ်မှုနှင့် အရည်အချင်းကို ပြည်သူများ သိရှိလေ့လာနိုင်ပေမည်။
🔹သင်တန်းပုံစံ
ဤသင်တန်းတွင် ဒီဘိတ်ယဉ်ကျေးမှု၏ အခြေခံသဘောတရားများကို ဆွေးနွေးမည့်အပြင် သင်တန်းသားများကိုယ်တိုင် ဒီဘိတ်ပြုလုပ်နိုင်ရန် လက်တွေ့လေ့ကျင့်မှုများဖြင့် လေ့ကျင့်သွားမည်ဖြစ်ပါသည်။
🔹ရည်ရွယ်ချက်
▪️ဒီဘိတ်အတတ်ပညာ၏ နည်းစနစ်များနှင့် သဘောတရားများကို လေ့လာကျွမ်းကျင်၍ ကိုယ်တိုင်ဒီဘိတ်ပြုလုပ်နိုင်သူများ ပေါ်ထွက်လာနိုင်ရန်
▪️ဒီဘိတ်ယဉ်ကျေးမှုကို လက်တွေ့ကျင့်သုံးဖြန့်ဝေခြင်းဖြင့် အရပ်ဘက် လူမှုအသိုင်းအဝန်း၏ နိုင်ငံရေးတွင် ပါဝင်နိုင်မှုကို မြှင့်တင်ရန်နှင့် ဒီမိုကရက်တစ်အလေ့အထများ ထွန်းကားလာစေရန်
▪️မြန်မာ့လူမှုအဖွဲ့အစည်း၏ လက်ရှိကြုံတွေ့နေရသော ပြဿနာများအား ဒီဘိတ်ယဉ်ကျေးမှုကို အသုံးပြု၍ ဆွေးနွေးအဖြေရှာနိုင်ရန်
သင်တန်းပို့ချမည့်သူ -
ကိုမြင့်ထွန်းသည် Freedom Fighter Myanmar အဖွဲ့၏ သင်ကြားရေးတာဝန်ခံဖြစ်သည်။ ဘာသာရေးနှင့် လူမှုဝန်းကျင် ယဉ်ကျေးမှုဖြစ်စဉ်များကို စိတ်ဝင်စားလေ့လာနေသူ တစ်ဦးဖြစ်သည်။ ဒီဘိတ်သင်တန်းများ ပြုလုပ်ခြင်းနှင့် ကျောင်းသားလူငယ်များအကြား သမိုင်းဆွေးနွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ဆင်ခြင်မှု မြှင့်တင်ရေးသင်တန်းများကို သင်ကြားဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိသည်။
📌အချိန်စာရင်း
▪️သင်တန်းစတင်ဖွင့်လှစ်မည့်နေ့ - ဇူလိုင် ၂၁ ရက်နေ့
▪️သင်တန်းအချိန် - အပါတ်စဉ် တနင်္ဂနွေ မနက် ၁၀ နာရီမှ ၁၂ နာရီ (မြန်မာချိန်)
▪️သင်တန်းကာလ - ၉ ပါတ်
▪️သင်တန်းကြေး - အခမဲ့
📌စည်းကမ်းချက်များ
သင်တန်းချိန်များအား မပျက်မကွက် တက်ရောက်ရန်
အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပျက်ကွက်ရပါက သက်ဆိုင်ရာ သင်တန်းတာဝန်ခံထံ အကြောင်းကြားရန်
ဒီဘိတ်လေ့ကျင့်မှုများတွင် ပါဝင်ပြောဆိုရန်
📌လျှောက်ထားရန် ( ဖောင်ပိတ်ချိန် - ဇူလိုင် ၁၆ ရက်နေ့ ညနေ ၆ နာရီ မြန်မာချိန်)
https://docs.google.com/forms/d/e/1FAIpQLSepKu48vo9RJmnOvFRzfBl0efdj-sEzAEYVc9SZ9n6qTQBiNQ/viewform?usp=sf_link

Debate To Democracy
ဖောင်ပိတ်ချိန် - ဇူလိုင် ၁၆ ရက်နေ့ ညနေ ၆ နာရီ မြန်မာချိန်
အလင်းခေတ် ကေဒါသင်တန်း : Single Module Course
“Nonviolence Principles and Internal Revolution"
"အကြမ်းမဖက် အခြေခံစံနှုန်းများနှင့် ကိုယ်တွင်းတော်လှန်ရေး”
အလင်းခေတ် ကေဒါသင်တန်းအစီအစဉ်သည် Freedom Fighter Myanmar အဖွဲ့၏ ပင်မရပ်တည်ကိုင်စွဲသော အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်ကို ကျွမ်းကျင်စွာ သိမြင်နားလည်ပြီး ပြန်လည်ဖြန့်ဝေနိုင်မည့် စည်းရုံးရေးမှူးကေဒါများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပါသည်။ သင်တန်းများတွင် အနာဂတ်လူ့အဖွဲ့အစည်းသစ် တည်ဆောက်ရေးအတွက် လိုအပ်မည့် အတွေးအမြင်များနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်း နှစ်မျိုးစလုံး မျှတအောင် နယ်ပယ်ရှုထောင့်အမျိုးမျိုးမှ ပါဝင်သွားရန် စီစဉ်ထားသည်။
ယခု “အကြမ်းမဖက် အခြေခံစံနှုန်းများနှင့် ကိုယ်တွင်းတော်လှန်ရေး” သင်တန်းတွင်မူ အကြမ်းမဖက်လမ်းစဉ်၏ အခြေခံဖြစ်သည့် စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုအတွက် အယူအဆသီအိုရီများအပြင် လက်တွေ့ကျင့်ကြံ အားထုတ်မှုများကို ကိုယ်တိုင်လုပ်ဆောင် လေ့ကျင့်သွားရန် စီစဉ်ထားသည်။ အကြမ်းမဖက် ခေါင်းဆောင်များ၏ အတွေးအခေါ်များ၊ အလယ်အလတ်လမ်းစဉ်နှင့် Restorative Justice အယူအဆများကို ဆွေးနွေးသုံးသပ်ကာ တပြိုင်နက်တည်းတွင် မိမိတို့၏ ကိုယ်ပိုင်ဖြတ်သန်းမှုနှင့် အတွင်းတည်ရှိမှုအား ပြန်လည်ဆန်းစစ်သွားမည့် အလုပ်ရုံဆွေးနွေးပွဲအမျိုးအစား သင်တန်းဖြစ်သည်။
🔹ရည်ရွယ်ချက်
i) အကြမ်းမဖက်လှုပ်ရှားမှု အခြေခံအယူအဆများကို ဆန်းစစ်နားလည်နိုင်ရန် ၊ ဆက်လက်လေ့လာနိုင်ရန်
ii) မိမိကိုယ်ကို ပိုမိုသိမြင်နားလည်ပြီး အတွင်းတော်လှန်ရေးလုပ်ငန်းစဉ်များကို လေ့ကျင့်လုပ်ဆောင်နိုင်စေရန်
iii) အကြမ်းမဖက်လမ်းစဉ်အယူအဆများကို ဆက်လက်လေ့လာနိုင်ရန်နှင့် ပြန်လည်မျှဝေပေးနိုင်ရန်
သင်ကြားပို့ချမည့်သူ -
ရဲထက်သည် Freedom Fighter Myanmar အဖွဲ့၏ တည်ထောင်သူတဦးဖြစ်ပြီး လက်ရှိတွင် ဥက္ကဌရာထူးဖြင့် တာဝန်ယူထားသည်။ FFM အဖွဲ့တည်ထောက်ချိန်မှစ၍ အကြမ်းမဖက်စည်းရုံးရေးမှူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပို့ချခဲ့သည်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုဆိုင်ရာ မဟာဗျူဟာများကို တော်လှန်ရေးအစုအဖွဲ့များအား အကြံပေးလျက်ရှိသလို တော်လှန်ရေးဆိုင်ရာ ဝေဖန်သုံးသပ်စာများကိုလည်း ရေးသားလျက်ရှိသည်။
📌သင်တန်းခေါင်းစဉ်များ
၁။ မိမိကိုယ့်ကို ဆန်းစစ်ခြင်း (Self-awareness)
၂။ လူထုအင်အား (People Power)
၃။ အလယ်အလတ်လမ်းစဉ် (Middle Way)
၄။ သစ်စဂွာဟ (Satyagraha)
၅။ အကြောက်တရားမှ လွတ်မြောက်ခြင်း (Freedom From Fear)
၆။ ကုစားမှုရှေးရှုသည့် လှုပ်ရှားမှု (Healing Resistance)
၇။ တက်ကြွနိုးထ မျှော်လင့်ခြင်း (Active Hope)
၈။ ပြန်လည်ပေါင်းစည်းမှု ရှေးရှုသည့် တရားမျှတမှု ( Restorative Justice)
📌အချိန်စာရင်း
▪️သင်တန်းစတင်ဖွင့်လှစ်မည့်နေ့ - ဇူလိုင် ၂၀ ရက်နေ့
▪️သင်တန်းအချိန် - အပါတ်စဉ် စနေ မနက် ၁၀ နာရီမှ ၁၂ နာရီ (မြန်မာချိန်)
▪️သင်တန်းကာလ - ၉ ပါတ်
▪️သင်တန်းကြေး - အခမဲ့
▪️အခြေခံလိုအပ်ချက်များ
▪️အင်တာနက်ရရှိပြီး Zoom သို့ ဝင်ရောက်ဆွေးနွေးနိုင်သူဖြစ်ရမည်။
အကြမ်းမဖက်လမ်းစဉ်အပေါ် စိတ်ဝင်စားမှုနှင့် ပါဝင်ဆောင်ရွက်လိုစိတ် ထက်သန်သူဖြစ်ရမည်။
▪️လျှောက်ထားရန် ( ဖောင်ပိတ်ချိန် - ဇူလိုင် ၁၆ ရက်နေ့ ညနေ ၆ နာရီ မြန်မာချိန်)
https://docs.google.com/forms/d/e/1FAIpQLSe0woFXIGUEzE09Eyuhc8zgfgMvNVyspfcZ5-P7L-Rg6ITCXA/viewform?usp=sf_link

Single Module: Nonviolence Principles & Internal Revolution
ဖောင်ပိတ်ချိန် - ဇူလိုင် ၁၆ ရက်နေ့ ညနေ ၆ နာရီ မြန်မာချိန်
အပြောင်းအလဲကို ဆောင်ကျဥ်းလိုတဲ့ လူငယ်များအတွက် “အကြမ်းမဖက် အာဏာဖီဆန်ရေး နှင့် လူထုစည်းရုံးရေး” သင်တန်း
🔳 နိစ္စဒူဝ ရုန်းကန်စရာတွေ၊ လက်တွေ့တာဝန်ဝတ္တရားတွေ များပြားလှတဲ့ ခေတ်ကြီးထဲမှာ မာရသွန် ရက်ရှည် သင်တန်းကြီးတွေဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။
✔️ ကိုယ့်ပါတ်ဝန်းကျင်မှာ လူထုစည်းရုံးရေးလုပ်ဖို့ စိတ်ပါဝင်စားတယ်၊ အကြမ်းမဖက် အာဏာဖီဆန်ရေးကို စိတ်ပါဝင်စားတယ်ဆိုတဲ့ လူငယ်တွေအတွက်၊
✔️ တစ်ဖက်ကမ်းခတ် တက်မြောက်စရာမလို အလုပ်လုပ်ဖို့ အသိပညာလုံလောက်ရင် ပြီးပြီဆိုတဲ့ လေ့လာလိုသူတွေအတွက်၊
✔️ ဆက်လက်လေ့လာဖို့ အမြည်းစမ်းကြည့်ချင်တယ်ဆိုတဲ့ စိတ်ဝင်စားသူတွေအတွက်၊
✔️ အကြမ်းမဖက် အာဏာဖီဆန်ရေးနဲ့ လူထုစည်းရုံးရေးကို လုပ်နှင့်နေပြီ၊ သဘောတရားပိုင်း ပိုနားလည်ချင်တယ်ဆိုတဲ့ လက်တွေ့သမားတွေအတွက်၊
အောက်တိုဘာ ၂၈ ရက် ကနေ နိုဝင်ဘာ ၁၂ ရက်ထိ ကြာမြင့်မယ့် Intensive အပြင်းစား သင်တန်းဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေပဲ ပိတ်မှာဖြစ်ပြီး တနင်္လာနေ့ ကနေ သောကြာနေ့အထိ ၅ ရက်စလုံး သင်မှာဖြစ်ပါတယ်။ သင်တန်းအတွင်း ဆွေးနွေးမှုတွေမြိုင်ဆိုင်ဖို့အတွက် နေ့စဉ် ဖတ်ရှူရမဲ့ ၁၀ မျက်နှာ ထက်မပိုတဲ့ ဖတ်စရာ တွေကိုလည်း ကြိုတင်မျှဝေပေးထားမှာ ဖြစ်ပါတယ်။
သင်တန်းတက်ရောက်ရမဲ့ အချိန်ကတော့ မြန်မာ စံတော်ချိန် ညနေ ၅ နာရီကနေ ၇ နာရီအထိ ဖြစ်ပြီး Zoom Platform ကို အသုံးပြုမှာ ဖြစ်ပါတယ်။
သင်တန်းကြေးမရှိ အခမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် သင်ကြားပေးနိုင်မယ့် လူဦးရေ အရေအတွက် အကန့်အသတ်ရှိတာကြောင့် လျှောက်ထားသူထဲက သင့်တော်မယ့် သင်တန်းသား စုစုပေါင်း ၂၅ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
စီစဥ်သူများက ရရှိပြီးလျှောက်လွှာများကို အချိန်နဲ့တပြေးညီ အကဲဖြတ်ပြီး၊ သတ်မှတ်သင်တန်းသား ပြည့်မီရင် ဖောင်ပိတ်မှာဖြစ်တဲ့ rolling basis စနစ်ကို ကျင့်သုံးမှာဖြစ်တာကြောင့် ပို့စ်ကို အကြာကြီး save မထားပဲ မြန်မြန်လျှောက်ကြဖို့ တိုက်တွန်းပါတယ်။
သင့်ပါတ်ဝန်းကျင်မှာ ဒီပို့စ်ကိုတွေ့ပြီး ဒီသင်တန်းကို လျှောက်ဖို့ သင့်တော်တဲ့သူရှိရင်လည်း အမြန်ဆုံးသာ share ပေးလိုက်ပါခင်ဗျာ။
သင်တန်းက ရက်တိုလေးဖြစ်တာကြောင့် သုံးလေးငါးရက် ပျက်ကွက်ဖို့စိတ်ကူးရှိရင် အခြားတက်နိုင် သူကို အခွင့်အရေးပေးတဲ့အနေနဲ့ မလျှောက်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။
သင်တန်းလျှောက်ရန် Google form link -
https://docs.google.com/forms/d/e/1FAIpQLSeF_RI_PvQJPr0KgKaDVK7n5kriNjwgRC5lOF8VxsUgDE7ZBg/viewform?usp=sf_link
#EducationalConversations
#Impact360

Freedom Fighter Info
အပြောင်းအလဲကို ဆောင်ကျဥ်းလိုတဲ့ လူငယ်များအတွက် “အကြမ်းမဖက် အာဏာဖီဆန်ရေး နှင့် လူထုစည်းရုံးရေး” သင်တန်း 🔳 နိစ္စဒူဝ ရုန်းကန်စရာတွေ၊ လက်တွေ့တာဝန်ဝတ္တရားတွေ များပြားလှတဲ့ ခေတ်ကြီးထဲမှာ မာရသွန် ရက်ရှည် သင်တန်းကြီးတွေဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ ✔️ ကိုယ့်ပါတ်ဝန်းကျင်မှာ…
Freedom Fighter အဖွဲ့အနေနဲ့ အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆနဲ့ သီအိုရီတွေကို အခုသင်တန်းမှာ မျှဝေပေးသွားမှာပါ။
စိတ်ပါဝင်စားသူများအနေနဲ့ စာရင်းသွင်း လျှောက်ထားနိုင်ပါတယ်။

“အလင်းခေတ်” မဂ္ဂဇင်း
အတွဲ(၁) အမှတ် (၂)
"ထွက်ပြီ"
▪️ပိန်းပိတ်မဲမှောင်နေသော အကာလညဉ့်ယံဆိုးကြီး၏ဟိုမှာဘက်တွင် လင်းချင်းတောက်ပသော ရွှေအိုရောင် မနက်ခင်းတခု ငဲ့လင့်နေသည်မှန်သော်ငြား ကျွန်ုပ်တို့ကား အမှောင်ထုဝင်္ကပါထဲတွင်သာ တဝဲဝဲလည်လည်နှင့် လမ်းလျှောက်ရင်းလမ်းပျောက်နေရသည်။ သို့ဖြစ်ရာ လမ်းပြမြေပုံအမှားကြီးကိုင်ကာ တယောက်နှင့်တယောက် ခြေထိုးညစ်ပတ် ရုန်းရင်းဆန်ခတ်နှင့်တော့ ထိုဝင်္ကပါထဲမှရုန်းထွက်ဖို့ စွမ်းနိုင်မည်မဟုတ်ချေ။ တိကျသေချာသောမဟာဗျူဟာ၊ မြဲမြံခိုင်မာသောပေါင်းစည်းမှု၊ လွတ်လပ်မျှတသောအတွေးအခေါ်များဖြင့်သာ မိမိတို့အလိုရှိရာပန်းတိုင်အရောက် ခရီးထိုထိုကြီးပေါက်နိုင်မည်ဖြစ်သည်။
အလင်းခေတ်သည် ကျွန်ုပ်တို့ခရီးအတွက် အလုံးစုံပြီးပြည့်စုံသော လမ်းပြမြေပုံမဟုတ်သည့်တိုင် ခရီးလမ်းတလျှောက် ဆူးငြောင့်ခလုတ်များကို ကူညီရှင်းလင်းပေးနိုင်မည့် အဖော်မွန်ကရိယာတလတ်ဖြစ်သည်။ အလင်းခေတ်တွင် လွပ်လပ်မျှတသော အနာဂတ်သစ်ကို ပုံဖော်ထားသလို မှားယွင်းညစ်ထေးသော အတိတ်ဖြစ်ရပ်ဆိုးများကို သင်ခန်းစာယူစရာ ချဉ်းကပ်ပြထားသည်။ လူငယ်ထုအပါအဝင် ပြည်သူအများ၏ စိတ်ဒဏ်ရာဝေဒနာများကို ခံစားထုတ်ဖော်ထားသလို ပြန်လည်ကုစားရေးနှင့် သင့်မြတ်ငြိမ်းချမ်းရေးကို အဆိုပြုထားသည်။ သမိုင်း၏ဆိုးမွေများကို ချေဖျက်ထားသလို ဉာဏ်ပညာနှင့် ချစ်ခြင်းတရား ဦးဆောင်သော လူ့အဖွဲ့အစည်းသစ်ကို ညွှန်ပြထားသည်။
ထို့ကြောင့် အလင်းခေတ်သို့ရောက်ဖို့ အလင်းခေတ်ကိုဖတ်ရှုသင့်ပေသည်။
……....…...........................................
🔹စာအုပ်အမည် - “အလင်းခေတ်” မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၂)
🔹စာမျက်နှာ - ၉၈
🔹တန်ဖိုး - အခမဲ့
🔹ထုတ်ဝေသည့်ခုနှစ် - ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ
📌စာအုပ် Download link ;
https://drive.google.com/file/d/1k8L72rDhr4Sw2QC23mDz0zI4K8T4kZOu/view?usp=sharing
📌အဖြူအမည်း Print version;
https://drive.google.com/file/d/1tWylHcKsOCy9K8Rf8u7SzGEt5BIx91uI/view?usp=sharing

၂၀၂၄ ခုနှစ်အတွင်း Freedom Fighter လုပ်ဆောင်ခဲ့သည့် သင်ကြားရေးကဏ္ဍ၊ ဒီဘိတ်နှင့်ဒိုင်ယလော့ခ်ကဏ္ဍ၊ ဘာသာပြန်ကဏ္ဍ၊ မဂ္ဂဇင်းထုတ်ဝေရေးကဏ္ဍ စသဖြင့် ကဏ္ဍအလိုက် လှုပ်ရှားမှုများကို ထုတ်ပြန်လိုက်ပါသည်။
https://drive.google.com/file/d/1aULCSN12Xxtdfovep1i25CSknJcW6F1D/view?usp=sharing