Freedom Fighter Info
431 subscribers
52 photos
1 video
44 files
185 links
Download Telegram
Audio
စစ်ဘေးရှောင်ပြည်သူတို့၏ အခြေအနေ" လေးမျက်နှာစကားဝိုင်း
ဆွေးနွေးပွဲအသံဖိုင် နားဆင်နိုင်ပါပြီ။
ဒီဘိတ်ရပ်ဝန်း : ပြန်လည်မိတ်ဆက်ခြင်း


ဒီဘိတ်ရပ်ဝန်းဆိုတာ ဘာလဲ ?

ဒီဘိတ်ရပ်ဝန်းဆိုတာ လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းမှာ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို ပြည်သူများအကြား အပြန်အလှန်ဆွေးနွေးငြင်းခုံနိုင်တဲ့ ရပ်ဝန်းတခုဖြစ်ပါတယ်။ အထူးသဖြင့် ကိစ္စရပ်တခု ( အဆိုတရပ်) အပေါ်မှာ ထောက်ခံတယ် ( သို့မဟုတ်) ကန့်ကွက်တယ်စတဲ့ အမြင်တွေကို အပြန်အလှန်ငြင်းခုံနိုင်မယ့် ဒီဘိတ်ပွဲတွေကို စီစဉ်ကျင်းပနေပါတယ်။ ဒီဘိတ်ပွဲတွေကို လက်ရှိမှာ နှစ်ပတ်လျှင်တခါ ( သောကြာနေ့) ကျင်းပလျှက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်အသီးသီးက ဝိဝါဒကွဲပြားဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။


ရည်ရွယ်ချက်

ဒီဘိတ်ရပ်ဝန်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဒီဘိတ်ယဉ်ကျေးမှုကို ပိုမိုကျယ်ပြန့်စွာ ကျင့်သုံးဖြန့်ဝေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုအခြေအနေမှာ အမြင်မတူသူတွေ လေးလေးနက်နက်နဲ့ ချက်ကျလက်ကျ လေးစားမှုရှိရှိ ဆွေးနွေးနိုင်တဲ့ ရပ်ဝန်းတွေအားနည်းနေတာကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။ အပြန်အလှန် ဆွေး‌နွေးငြင်းခုံခြင်းဆိုတဲ့ ဒီဘိတ်ယဉ်ကျေးမှုကတဆင့် လူ့အဖွဲ့အစည်းထဲက အမြင်မတူညီမှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ ပြဿနာတွေကို စကားလုံးတွေနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စကားဝိုင်းယဉ်ကျေးမှု ထွန်းကားလာဖို့ ရည်မှန်းပါတယ်။ မတူညီမှုတွေကို နားလည်လက်ခံပြီး အတူယှဉ်တွဲ အဖြေရှာနိုင်တဲ့ လူ့အဖွဲ့အစည်းတခုဆီကို ဒီဘိတ်ဆိုတဲ့ လမ်းကြောင်းကနေ ချီတက်ဖို့ အဓိက ရည်ရွယ်ပါတယ်။


ဘယ်သူတွေ ပါဝင်သင့်သလဲ ?

မြန်မာ့လူ့အဖွဲ့အစည်းကို တိုးတက်ပြောင်းလဲစေလိုတဲ့ မည်သူမဆို ပါဝင်သင့်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စတဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကဏ္ဍတွေထဲက မိမိတို့ ပါဝင်လုပ်ဆောင်နေတဲ့၊ စိတ်ဝင်စားတဲ့ အပိုင်းတွေမှာ အမြင်မတူမှုတွေ၊ ပြုပြင်သင့်တာတွေကို အခြားသူများနဲ့ ဆွေးနွေးငြင်းခုံ အဖြေရှာလိုသူများ ပါဝင်သင့်ပါတယ်။ လက်ရှိဖြစ်ပေါ်တိုးတက်‌နေတဲ့ အခြေအနေတွေကို ရှုထောင့်အမျိုးမျိုးက လေ့လာသုံးသပ်ပြီး ဆွေးနွေးငြင်းခုံလိုသူများ စိတ်အားထက်သန်သူများ အဓိကပါဝင်သင့်ပါတယ်။ သင့်ရဲ့ စဉ်းစားထင်မြင်ချင်တွေကို အမြင်မတူသူတွေနဲ့ ချက်ကျလက်ကျ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး အပြောင်းအလဲတွေကို ကိုယ်တိုင်ကစပြီး ဖော်ဆောင်လိုသူအားလုံးကို ဒီဘိတ်ရပ်ဝန်းက လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။

ဘာတွေလုပ်ဆောင်လို့ရမလဲ ?

ဒီဘိတ်ရပ်ဝန်းရဲ့ အဓိက လုပ်ဆောင်မှု နှစ်ခုဖြစ်တဲ့ ဒီဘိတ်ပွဲတွေမှာ ပါဝင်နိုင်ပါတယ်။ ဒီဘိတ်ပွဲတွေမှာ ပါဝင်ဆွေးနွေးခြင်း၊ တက်ရောက်နားထောင်ခြင်းတွေ လုပ်နိုင်သလို Online Community ( Group) မှာလည်း မိမိတို့ ဆွေးနွေးချင်တဲ့အကြောင်းအရာကို အခြားသူများနဲ့ ဆွေးနွေးနိုင်ပါတယ်။ ထိုသို့ဝင်ရောက်ဆွေးနွေးခြင်းဖြင့် သင်ယူလေ့လာမှုတွေ လုပ်ဆောင်နိုင်ပါတယ်။

ဆက်သွယ်ရန်

ဒီဘိတ်ရပ်ဝန်းကို စိတ်ဝင်စားပြီး ပါဝင်လိုသူတွေအနေနဲ့ အောက်ပါ Telegram Channel ကတဆင့် ဆက်သွယ်ပါဝင်နိုင်ပါတယ်။

Telegram Channel: https://t.me/+K11HJxOg_CtmOWQ1

အထက်ပါလင့်ကို ဒီဘိတ်ရပ်ဝန်းမှာ မိမိတို့ရဲ့ မိတ်ဆွေများလည်း ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ပေးပို့နိုင်ပါတယ်။
စကားဝိုင်းဖွင့်ထားပါပြီ။ ပါဝင်ဆွေးနွေးနိုင်ပါတယ်
Forwarded from Four Corners Dialogue
"တော်လှန်ရေးဘယ်လိုအဆုံးသတ်မလဲ?"
လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ
၂၀၂၁ စစ်အာဏာသိမ်းမှုက မကြာခင်ရက်ပိုင်းအတွင်း ၃နှစ်ပြည့်ပါတော့မယ်။ အာဏာသိမ်းမှု နောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးကလည်း ၂ပတ် ၁နှစ် နေရင်အောင်မြင်မယ် ဆိုတာကနေ ၃နှစ်ပြည့်ပါတော့မယ်။ နွေဦးတော်လှန်ရေးဟာ လူထုလှုပ်ရှုားမှု ၊လူထုပါဝင်မှု အားအကောင်းဆုံး တော်လှန်ရေးတရပ် ဆိုလည်းမမှားပါဘူး။

၂၀၂၃ နှစ်ကုန်ခါနီးမှာ စတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တပ်ရဲ့ ပျက်ဆီးနေတဲ့ အခြေအနေကို တွေ့မြင်ရခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အခြေအနေတွေက တအိအိနဲ့ ပြိုကျနေပြီလို့ စစ်ရေးသုံးသပ်သူတွေ ပြောဆိုလာတာလည်းရှိပါတယ်။ စစ်ရေးအရ အဘက်ဘက်က ရှုံးနိမ့်နေတဲ့စစ်ကောင်စီကလည်း ရွေးကောက်ပွဲ လုပ်ဖို့ပြင်ဆင်နေတာတွေလည်း တွေ့မြင်နေရပါတယ်။

တော်လှန်ရေးကြာလာတာနဲ့အမျှ ပြည်သူတွေဟာ ပိုပြီးကြပ်တည်းလာကြပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေအပြင် စစ်ဘေးရှောင်နေရတာတွေလည်း ယခင်ထက်ပိုများလာပါတယ်။ တဖက်မှာလည်း ပြည်သူတွေအနေနဲ့ စစ်တပ်ပြုတ်ကျပြီး တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်ဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ ဒီတပတ်လေးမျက်နှာ စကားဝိုင်းမှာတော့

-တော်လှန်ရေး ဘယ်လိုအပြီးသတ်မယ်လို မျှော်မှန်းထားကြလဲ?
-ဘယ်အရာတွေက တော်လှန်ရေးအပြီးသတ်ဖို အဓိကအဆုံးအဖြတ်ဖြစ်မလဲ?
-ဒီလိုမျိုးအပြီးသတ်ဖို့ အချိန်ဘယ်လောက်ကြာမြင့်မယ်လို မျှော်မှန်းထားကြသလဲ?
စတာတွေကို ဆွေးနွေးသွားပါမယ်။ စိတ်ဝင်စားသူမည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

နေ့ရက် - ၃၁ - ၁ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 853 1327 5291 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/85313275291
Audio
"တော်လှန်ရေးဘယ်လိုအဆုံးသတ်မလဲ?"လေးမျက်နှာစကားဝိုင်း
ဆွေးနွေးပွဲ အသံဖိုင် နားဆင်နိုင်ပါပြီ
"အကြမ်းမဖက်တိုက်ပွဲလက်စွဲ" စာအုပ်မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ

Freedom Fighter Myanmar သည် အကြမ်းမဖက်လူထုလှုပ်ရှားမှုဆိုင်ရာသင်တန်းများ၊ စကားဝိုင်း ဆွေးနွေးပွဲများအပြင် တော်လှန်ရေးကို အထောက်အကူပြုနိုင်သည့် စာအုပ်စာပေများကိုလည်း ဘာသာပြန်ရေး သားဖြန့်ချိလျှက်ရှိပါသည်။ ယခုလည်း “အကြမ်းမဖက်တိုက်ပွဲလက်စွဲ” ဆိုသည့် စာအုပ်ကို ဘာသာပြန် ထုတ်ဝေလိုက်ပြီဖြစ်ပါသည်။

မတ်လအတွင်း ဘာသာပြန်ထုတ်ဝေခဲ့သော ဤ “အကြမ်းမဖက်တိုက်ပွဲလက်စွဲ” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်းပြုလုပ်သွားရန် စီစဉ်ထားပါသဖြင့် အကြမ်းမဖက်လှုပ်ရှားမှုများကို စည်းရုံးဖော်ဆောင်နေသူများ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူများ တက်ရောက်ပါရန် ဖိတ်ကြားလိုက်ပါသည်။

နေ့ရက် - မတ် (၃၀) (စနေနေ့)
အချိန် - မြန်မာအချိန် မနက် (၁၀) နာရီမှ (၁၁) နာရီခွဲ

Zoom Meeting Link
Time: Mar 30, 2024 10:00 AM Rangoon
https://us02web.zoom.us/j/82646043924
Meeting ID: 826 4604 3924

“အကြမ်းမဖက်တိုက်ပွဲလက်စွဲ” စာအုပ် Download ရယူရန်
https://drive.google.com/file/d/1bnd_OWkxnINAB1MtDz4qKBlLq2nukQOj/view
Forwarded from Four Corners Dialogue
“ဗမာသမိုင်းထောင်ချောက်ကြီး” စာတမ်းအပေါ် ဆန်းစစ်သုံးသပ်ခြင်း
လေးမျက်နှာစကားဝိုင်း

မကြာသေးခင်က “ဗမာသမိုင်းထောင်ချောက်ကြီး”ခေါင်းစဉ်ချီထားတဲ့ စာတမ်းတခုအွန်လိုင်းထက်မှာ ထွက်ပေါ်လာပြီး အမြင်အမျိုးမျိုး ဆွေးနွေးပြောဆိုကြပါတယ်။ ဒီစာတမ်းကိုရေးသားသူကတော့ NLD ရဲ့ CEC အဖွဲဝင် ဦးဟံသာမြင့်ဖြစ်ပါတယ်။ ဒီစာတမ်းက ၄၂ မျက်နှာရှိပြီး NLD ပါတီရဲ့ အာဏာသိမ်းမှုအပေါ် ပြင်ဆင်ဦးဆောင်နိုင်စွမ်းမရှိတာကနေ ဗမာလူမျိုးကြီးဝါဒရဲ့ အန္တရာယ်တွေကို သမိုင်းဖြစ်ရပ်အမျိုးမျိုးကနေ စာရေးသူအနေနဲ့ ကောက်နုတ်တင်ပြထားတာဖြစ်ပါတယ်။

ဒီစာတမ်းမှာပါတဲ့အချက်အလက်တွေကို အမြင်ချင်းဖလှယ်ကာ သုံးသပ်ဆွေးနွေးနိုင်ဖို့ အခုအပတ် လေးမျက်နှာစကားဝိုင်းမှာတော့ ဒီစာတမ်းကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

တက်ရောက်သူများအနေဖြင့် ဒီစာတမ်းကို တတ်နိုင်သမျှ ကြိုတင်ဖတ်ရှုလာပြီး ဆန်းစစ်ဆင်ခြင်လိုသည့်အကြောင်းအရာများ၊ သဘောကျထောက်ခံသည့်အရာ သိုမဟုတ် ကွဲလွဲမေးခွန်းထုတ်လိုသည်များကို လေးမျက်နှာစကားဝိုင်းတွင်မျှဝေဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

စာတမ်းဖတ်ရှုရန်
https://drive.google.com/file/d/1E520toFOegiZ1T-304xdG3hIC8CWVO7g/view?usp=sharing

စိတ်ဝင်စားသူမည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

နေ့ရက် - ၁၀ - ၄ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 883 5951 7090 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/88359517090
Freedom Fighter Myanmar (၃) နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်

ရက်စွဲ။ ။၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်

ယနေ့ မေလ ၈ ရက်နေ့သည် Freedom Fighter အဖွဲ့ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်ဖြစ်သည်။ Freedom Fighter အဖွဲ့အား အကြမ်းမဖက်လူထုလှုပ်ရှားမှုလမ်းစဉ်ဖြင့် ငြိမ်းချမ်း၍တရားမျှတသော လူ့အဖွဲ့အစည်းအသစ်တရပ်တည်ဆောက်ရန်အတွက်ရန်ရွယ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ယနေ့ထိတိုင် မိမိတို့ယုံကြည်စွာကိုင်စွဲထားသောမူဝါဒလမ်းစဉ်များအတိုင်း တော်လှန်ရေး လမ်းကြောင်းပေါ် အခိုင်အမာရပ်တည်လျှောက်လှမ်းနေဆဲဖြစ်သည်။ Freedom Fighter ၏ (၃) နှစ်တာခရီးတလျှောက်အတွင်း လုပ်ဆောင်ခဲ့သော တော်လှန်ရေးလုပ်ငန်းစဉ်များအား လေ့လာကြည့်လျှင် အောက်ပါအတိုင်း ကဏ္ဍ(၃)ရပ်အဖြစ် ပိုင်းစစ်တွေ့မြင်ရမည်ဖြစ်ပါသည်။
၁။ ဒီဘိတ်နှင့် ဒိုင်ယာလော့ခ်ယဉ်ကျေးမှုအား တည်ဆောက်ခြင်း

လွတ်လပ်မျှတသောလူ့အဖွဲ့အစည်းတရပ်တည်ဆောက်ရာတွင် ဒီဘိတ်နှင့် ဒိုင်ယာလော့ခ်ယဉ်ကျေးမှု သည် အခရာကျသောအခန်းကဏ္ဍအဖြစ် မပါမဖြစ်ပါရှိလေသည်။ မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ပဋိပက္ခအမျိုးစုံဖြစ်ပွားနေရခြင်း၏ အကြောင်းအရင်းများစွာထဲတွင် ဒီဘိတ်နှင့်ဒိုင်ယာလော့ခ်ယဉ်ကျေးမှု အားနည်းခြင်းသည်လည်း တစိတ်တပိုင်းပါဝင်လျှက်ရှိသည်။ သို့ဖြစ်ရာ Freedom Fighter အဖွဲ့သည် ဒီဘိတ်နှင့် ဒိုင်ယာလော့ခ်ယဉ်ကျေးမှု ဖွဲ့ဖြိုးအားကောင်းလာစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်ခဲ့သည်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် “လေးမျက်နှာ”ဟူသောခေါင်းစဉ်ဖြင့် တော်လှန်ရေး၌ ဝိဝါဒဖြစ်စရာအကြောင်း အရာများ၊ အဖြေရှာသင့်သည့်ပြဿနာများကို မည်သူမဆိုလွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်အောင် စီစဉ်ခဲ့သည်။ ထို့အပြင် တော်လှန်ရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ Public Figureများကို ဖိတ်ကြား၍လည်း ဒီဘိတ်ပွဲများကို အလျင်းသင့်သလိုစီစဉ်ဆောင်ရွက်ခဲ့သည်။

၂။ တော်လှန်ရေးအထောက်အကူပြု စာအုပ်၊စာပေ၊စာတမ်းများ ရေးသားထုတ်ဝေခြင်း

ခေတ်တခုကိုပုံဖော်ရာတွင် (သို့မဟုတ်) လူ့အဖွဲ့အစည်းအသစ်တခုကို တည်ဆောက်ရာတွင် စာအုပ်စာပေ၏အခန်းကဏ္ဍကို ချန်လှပ်ထားခဲ့၍မရပေ။ ထို့အပြင် နွေဦးတော်လှန်ရေးသည် ရုပ်ဝတ္ထုတော်လှန်ရေးသပ်သပ်မဟုတ်၊ အတွေးအခေါ်တော်လှန်ရေးတရပ်ကိုပါ ဆင်နွှဲနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ အာဏာရှင်စနစ်ဆိုးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထောက်ပံ့အားပေးနေသော အတွေးအခေါ်အမှားများ၊ အယူအဆအလွဲများကို သုတ်သင်ရှင်းလင်း၍ လွတ်လပ်မျှတသော အတွေးအခေါ် အယူအဆအသစ်များဖြင့် အစားထိုးပစ်ဖို့ အထူးလိုအပ်ပေသည်။ Freedom Fighter အနေနှင့် ထိုသို့သော အတွေးအခေါ်အယူအဆအသစ်များ အားကောင်းခိုင်မာစေရန်အတွက် စာအုပ်၊စာပေ၊စာတမ်း၊ဆောင်းပါးများ မှတဆင့် တူးဆွထုတ်ဖော်ခဲ့သည်။ Facebook Page နှင့် Websiteတွင် ဆောင်းပါးများရေးသားခြင်း၊ စာအုပ်များဘာသာပြန်ထုတ်ဝေခြင်းကို စဉ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

၃။ လူထုစည်းရုံးရေးသင်တန်းများဖွင့်လှစ်ခြင်း

တော်လှန်ရေးဟူသည် လူ့အဖွဲ့အစည်းတရပ်လုံး၏ ညီညွတ်ခိုင်မာသောစုပေါင်းအားဖြင့် လုပ်ကိုင်ဆောင်ရွက်မှသာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ စစ်မှန်သောအသိပညာ ဗဟုသုတများကို အခြေခံကာ လူထုအားမှန်မှန်ကန်ကန်စည်းရုံတတ်ဖို့ အလွန်အရေးကြီးပေသည်။ Freedom Fighter သည် ထိုကဲ့သို့ လူထုကိုမှန်မှန်ကန်ကန်စည်းရုံးနိုင်သော စည်းရုံးရေးသမားများပေါ်ပေါက်လာရေး အတွက်လည်း စည်းရုံးရေးမှုး(ကေဒါ)သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ခဲ့သည်။

Freedom Fighter (၃) နှစ်အလွန်

Freedom Fighter ၏ (၃)နှစ်တာကာလများတွင် အခြားသောအဖွဲ့အစည်းများကို အကြံပေးခြင်း၊ စကားဝိုင်းများကို ချိတ်ဆက်ပံ့ပိုးခြင်း၊ သင်တန်းပေးခြင်းစသည့် နောက်ကွယ်မှပံ့ပိုးပေးမှုနှင့် ဝေဖန်အကြံပေးမှုများကို ဇောင်းပေးလုပ်ဆောင်ခဲ့ပါသည်။ သို့ရာတွင် လက်ရှိတော်လှန်ရေးအနေအထားသည် လက်နက်ကိုင်လမ်းစဉ် အထူးသဖြင့် နိုင်ငံရေးအယူအဆချိတ်ဆက်မှုနည်းသည့် နိုင်သူအုပ်ချုပ်စတမ်း စစ်ဗဟိုပြုအနေအထားသို့ ရောက်ရှိနေသည်မှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်သည်။ ၎င်းအပြင် အကြမ်းမဖက်လမ်းစဉ်ကို ဦးဆောင်လမ်းပြစည်းရုံးနိုင်မည့် အဖွဲ့အစည်းများလည်း ပိုမိုအားနည်းလာပြီး အများစုမှာ လက်နက်ကိုင်လမ်းစဉ်အား ထောက်ပံ့ဖို့အတွက်သာ အခြေအနေဆိုက်ရောက်နေသည်ကို သတိပြုမိပါသည်။ ထိုကဲ့သို့ အခြေအနေမှ နိုးထရုန်းထွက်ရန်နှင့် လူ့အဖွဲ့အစည်းအသစ်အတွက် အတွေးအခေါ်ဦးဆောင်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာစေရန် Freedom Fighter အနေဖြင့် အလင်းခေတ်လှုပ်ရှားမှုကို မဟာဗျူဟာချမှတ်ကာ ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်သည်။

“အလင်းခေတ်လှုပ်ရှားမှု”

“အလင်းခေတ်”သည် မြန်မာနိုင်ငံတွင် ပြည်သူအများစုတွေ့ကြုံနေရသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ၊ လူမျိုးရေး၊ဘာသာရေးပြဿနာများမှသည် တဦးချင်းစီ၏ အနာဂတ်မျှော်လင့်ချက်နှင့် ဖြစ်တည်မှုတန်ဖိုးများ ကျဆင်းလာမှုဟူသည့် အမှောင်ထုကို အတွေးအခေါ်၊ ဥာဏ်ပညာနှင့် လူထုအင်အား အသုံးပြုကာ ဖောက်ထွက်မည့် လှုပ်ရှားမှုဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် အာဏာရှင်စနစ်၊ စစ်ဝါဒ၊ အကြမ်းဖက်ခြင်းဓလေ့စရိုက်များကို အကြမ်းမဖက်လမ်းစဉ်ဖြင့် ကုစားပြောင်းလဲသွားမည်ဖြစ်သည်။ ထို့အပြင် “အဖြူအမည်း” “ငါနဲ့မတူရင် ရန်သူ” စသဖြင့် ပြင်းထန်မာကျောသည့် ဂိုဏ်းဂဏဖွဲ့ နိုင်ငံရေးယဉ်ကျေးမှုနှင့် လူအုပ်ကြီးဓလေ့ကိုပါ ပြောင်းလဲသွားစေရန် အားစိုက်ထုတ်သွားမည်ဖြစ်သည်။ ပြည်သူလူထုအား မိမိတို့၏ ဖြစ်တည်မှုနှင့် ပြောင်းလဲသက်ရောက်နိုင်စွမ်းများကို ကိုယ်တိုင်ရှာဖွေဆန်းစစ်စေပြီး အလယ်အလတ်လမ်းဖြင့် အာဏာရှင်အား ဆန့်ကျင်တော်လှန်နိုင်စေရန် ရည်ရွယ်ပါသည်။

Freedom Fighter သည် “အလင်းခေတ်လှုပ်ရှားမှု”အပေါ် ထားရှိသော အယူအဆနှင့် မဟာဗျူဟာကို ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။ ၎င်းမတိုင်ခင် အလင်းခေတ်လှုပ်ရှားမှုရှေ့ပြေးအနေဖြင့် အလင်းခေတ် မဂ္ဂဇင်းနှင့် အလင်းခေတ် ကေဒါသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ “အလင်းခေတ်မဂ္ဂဇင်း”သည် ပုံမှန်သမားရိုးကျ
မီဒီယာများတွင် တွေ့မြင်ရလေ့မရှိသည့် အနာဂတ်လူ့အဖွဲ့အစည်းအတွက် ဆန်းသစ်သော စဉ်းစားချက်များ၊ သာမာန်ပြည်သူများ၏ နေ့စဉ်ဘဝမှသည် ပြောင်းလဲလုပ်ဆောင်ရန် စည်းရုံးတိုက်တွန်းမှုများကို ထည့်သွင်းသွားမည်ဖြစ်သည်။ မဂ္ဂဇင်းကို ယခုမေလတွင် စတင်ထုတ်ဝေသွားမည်ဖြစ်ပြီး သုံးလတကြိမ် ထုတ်ဝေသွားရန် စီစဉ်ထားသည်။ “အလင်းခေတ်ကေဒါသင်တန်း”များမှာမူ မူလကပြုလုပ်လျက်ရှိသည့် ကေဒါသင်တန်းများကို အဆင်မြှင့်တင်ကာ တစ်နှစ်သင်တန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်သွားမည်ဖြစ်သည်။ အယူအဆများကို ပိုမိုနှံ့စပ်သိမြင်ကာ လူ့အဖွဲ့အစည်းကို ရေရှည်အစီအစဉ်များဖြင့် တစိုက်မတ်မတ် ပြောင်းလဲတည်ဆောက်နိုင်ရန် စိတ်ဆန္ဒထက်သန်သည့် စည်းရုံးရေးမှူများအတွက် လိုအပ်သည့်အသိပညာနှင့် လုပ်ဆောင်နိုင်စွမ်းများကို အလင်းခေတ်ကေဒါသင်တန်းမှ ပြုစုပျိုးထောင်သွားနိုင်ရန် ရည်မှန်းသည်။

ပြီးခဲ့သည့် သုံးနှစ်တာအတွင်း Freedom Fighter ၏လုပ်ဆောင်ချက်များကို အားပေးလေ့လာသူများ၊ သင်တန်းသားဟောင်းများ၊ စာမူပေးပို့ကြသူများ၊ အကြံပေးသူများနှင့် လူအား၊ ငွေအား အသွင်အမျိုးမျိုးဖြင့် ပံ့ပိုးပါဝင်ခဲ့ကြသူများအားလုံးကို အသိအမှတ်ပြုကျေးဇူးတင်ရှိကာ ဆက်လက်ပြီး Freedom Fighter Myanmar အဖွဲ့နှင့် ပူးပေါင်းပါဝင်မှုများကို အရှိန်တိုးမြှင့်လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်ကြိုဆိုလိုက်ပါသည်။

မိဘပြည်သူများအားလုံး စိတ်ရောကိုယ်ပါ အေးချမ်းကြပါစေကြောင်း၊ အမှောင်ကိုခွင်းပြီး အလင်းခေတ်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖော်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ကိုသော်ဒီ
ပြန်ကြားရေးတာဝန်ခံ
freedomfightermm@gmail.com
အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း
အပါတ်စဉ် -၁
အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း
အပါတ်စဉ် -၁

Freedom Fighter Myanmar- FFM အဖွဲ့အနေဖြင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း စည်းရုံးရေးမှူး ကေဒါသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အပါတ်စဉ် ၇ ရှိခဲ့ပါပြီ။ ယခုအခါ ပိုမိုထိရောက်သော ရေရှည်စည်းရုံးလှုပ်ရှားမှုများကို ပါဝင်ဦးဆောင်နိုင်ရန်၊ စုဖွဲ့လုပ်ဆောင်မှုပုံစံများ အားကောင်းလာစေရန် အတွက် အလင်းခေတ်စည်းရုံးရေးမှူး ကေဒါသင်တန်းအဖြစ် အဆင့်မြှင့်တင်ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

အသစ်ဖွင့်လှစ်သော အလင်းခေတ် ကေဒါသင်တန်းသည် အချိန်အားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအမျိုးအစား ၈ ခုထည့်သွင်းထားသည်။ သင်တန်းသည် FFM ၏ အလင်းခေတ်အယူအဆကို အခြေခံကာ အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်နှင့် ဆက်နွယ်သည့် အတွေးအခေါ်များ၊ လက်တွေ့စည်းရုံးဆက်သွယ်မှုဆိုင်ရာ အတတ်ပညာများကို တပါတည်းယှဉ်တွဲလေ့လာသွားရမည်ဖြစ်သည်။

အလင်းခေတ် စည်းရုံးရေးမှူး သင်တန်းအပါတ်စဉ် ၁ တွင်

🔹Semester 1 (ဇူလိုင် - အောက်တိုဘာ ၊ ၂၀၂၄)

၁။ Nonviolence Principles and Internal Revolution - အကြမ်းမဖက်အခြေခံစံနှုန်းများနှင့် အတွင်းတော်လှန်ရေး

၂။ Political Ideology & Democracy - နိုင်ငံရေးအတွေးအခေါ်များနှင့် ဒီမိုကရေစီ

၃။ Debate Skills Training - ဒီဘိတ်အရည်အချင်း

၄။ Translation Skills Training - ဘာသာပြန်အရည်အချင်း

🔹Semester 2 (ဇန်နဝါရီ - မေ၊ ၂၀၂၅)

၅။ Communication - ဆက်သွယ်ပြောဆိုမှု

၆။ Critical Pedagogy - ဝေဖန်ဆန်းစစ် ပညာရေး

၇။ Nonviolence Mobilization - အကြမ်းမဖက် လှုံ့ဆော်စည်းရုံးခြင်း

၈။ Writing - စာရေးသားခြင်း များကို ထည့်သွင်းထားရန် စီစဉ်ထားပါသည်။

📌သင်တန်းတက်ရောက်ရန် အခြေခံရှိရမည့် အရည်အချင်းများ

▪️အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်ကို စိတ်ပါဝင်စား လေ့လာလိုသူ၊ လက်တွေ့အသုံးချလိုသူ

▪️လူ့အဖွဲ့အစည်းအပြောင်းအလဲများကို ပါဝင်ဆောင်ရွက်ရန် စိတ်ဆန္ဒပြင်းပြသူ

▪️ရေတိုခံပြင်းမှုကြောင့်သာမဟုတ်ဘဲ ရေရှည်အပြောင်းအလဲတွင် မိမိကိုယ်တိုင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်လိုသူ

▪️စာဖတ်အားကောင်းသူ (အခြေခံအင်္ဂလိပ်စာ ဖတ်နိုင်စွမ်းရှိရန် လိုအပ်သည်)

📌သင်တန်းအချိန် - အပါတ်စဉ် စနေ ၊ တနင်္ဂနွေ မနက် ၉ နာရီ - ၁၁ နာရီ (မြန်မာချိန်)

📌တပါတ်လေ့လာရမည့်အချိန် - နာရီ ၂၀

📌သင်တန်းပြုလုပ်မည့်နေရာ - Zoom Online Meeting

📌သင်တန်းကြေး - ငါးသိန်းကျပ်
(*သင်တန်းကြေး ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်)

🔹အလင်းခေတ် ကေဒါသင်တန်းနောက်ခံအယူအဆများနှင့် စီစဉ်ထားမှုကို လေ့လာရန် (သင်တန်း Concept Note)

https://drive.google.com/file/d/1UrVyLIwqqBHs10w7dYQrh4q3_QDxXlOT/view?usp=sharing

🔹သင်တန်းလျှောက်ထားရန်ဖောင် -
https://docs.google.com/forms/d/e/1FAIpQLSfznQHYaH6HXK0FKLO8xN0Y9_dcRwZyeyDsIrYSe9jHjoOI8Q/viewform?usp=sf_link

ဖောင်ပိတ်ရက် - ဇွန် ၁၀ ရက်နေ့ ၊ ညနေ ငါးနာရီ မြန်မာချိန်

ဆန်ကာတင်ရွေးချယ်ခြင်းခံရသူများကို ဇွန်လ ၁၅-၂၅ အကြားတွင် အင်တာဗျူးခေါ်ယူသွားမည်ဖြစ်သည်။

☎️သင်တန်းနဲ့ပက်သက်ပြီး မေးမြန်းလိုသည်များရှိပါက Freedom Figther Page Message Box သို့မဟုတ် freedomfighter.yh@protonmail.com သို့ ဆက်သွယ်နိုင်ပါသည်။

#FreedomFighter
#AlinnKhit_CadreTraining
၂။ အလင်းခေတ်ကေဒါသင်တန်းအားမိတ်ဆက်ခြင်း။

Freedom Fighter Myanmar- FFM အဖွဲ့အနေဖြင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း စည်းရုံးရေးမှူး ကေဒါသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အပါတ်စဉ် ၇ ရှိခဲ့ပါပြီ။ ယခုအခါ ပိုမိုထိရောက်သော ရေရှည်စည်းရုံးလှုပ်ရှားမှုများကို ပါဝင်ဦးဆောင်နိုင်ရန်၊ စုဖွဲ့လုပ်ဆောင်မှုပုံစံများ အားကောင်းလာစေရန် အတွက် အလင်းခေတ်စည်းရုံးရေးမှူး ကေဒါသင်တန်းအဖြစ် အဆင့်မြှင့်တင်ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အသစ်ဖွင့်လှစ်သော အလင်းခေတ် ကေဒါသင်တန်းသည် အချိန်အားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအမျိုးအစား ၈ ခုထည့်သွင်းထားသည်။ သင်တန်းသည် FFM ၏ အလင်းခေတ်အယူအဆကို အခြေခံကာ အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်နှင့် ဆက်နွယ်သည့် အတွေးအခေါ်များ၊ လက်တွေ့စည်းရုံးဆက်သွယ်မှုဆိုင်ရာ အတတ်ပညာများကို တပါတည်းယှဉ်တွဲလေ့လာသွားရမည်ဖြစ်သည်။

📌အသေးစိတ်ဖတ်ရန်

https://www.facebook.com/share/p/VyXNgkjcqFbkHVqm/?mibextid=oFDknk

၃။ အလင်းခေတ်မဂ္ဂဇင်းအားပြင်ဆင်ခြင်း။

ပြီးခဲ့သည့် နွေဦးတော်လှန်ရေးသုံးနှစ်တာကာလတွင် တော်လှန်ရေးစာစဉ်အများအပြားထွက် ရှိခဲ့ကြသည်။ သိုသော်ငြားလည်း တော်လှန်ရေးစာစဉ်အများစုသည် နိုင်ငံရေးဖြစ်စဉ်ကိုသာ ဦးတည်ကြပြီး လူ့အဖွဲအစည်းကို အခြေမှ ကိုင်လှုပ်ပြောင်းလဲစေမည့် အတွေးအခေါ်နှင့် လှုပ်ရှားမှုများအကြောင်း ဆွေးနွေးမှုနည်းကြသည်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲအစည်းနှင့် နိုင်ငံရေးဦးဆောင်အဖွဲအစည်းများ အကြောင်းကိုသာပြောဆိုကြပြီး အနာဂတ်လူ့အဖွဲအစည်းသစ်အတွက် စဉ်းစားချက်များနှင့် သာမာန်ပြည်သူများ၏ နေ့စဉ်ဘဝကျင့်ကြံမှုများကို ဆက်စပ်ရှင်းလင်းနိုင်မှု နည်းပါးလှသည်။ ဤကွက်လပ်များကို တထောင့်တနေရာမှ ဖြည့်ဆည်းနိုင်ရန် အလင်းခေတ် မဂ္ဂဇင်းကို FFM မှ မကြာမီအချိန်မှစတင်ကာ ပုံမှန်ထုတ်ဝေသွားမည်ဖြစ်သည်။

📌အသေးစိတ်ဖတ်ရန်

https://www.facebook.com/share/p/gNfeuVmuLbSSf7Vg/?mibextid=oFDknk

၄။ ပညာရေးနှင့်ပတ်သတ်သည့်သင်တန်းများပို့ချခြင်း။

ကြားကာလပညာရေးကျောင်းတစ်ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံကာ သင်ကြားရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ သင်တန်းနဲ့ Workshop များ လုပ်ဆောင်ခဲ့သည်။ ကျောင်းသင်ရိုးညွှန်းတမ်းနှင့်သက်ဆိုင်သော အကြောင်းအရာများအပြင် ပညာရေးနှင့်ပတ်သတ်သည့် အယူအဆများ၊ ယခုကဲ့သို့ ခက်ခဲသောအချိန်များအားဖြတ်သန်းနိုင်ဖို လိုအပ်သည့်စိတ်ခွန်အား‌အကြောင်းများကို ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းဖြင့် ညှိနှိင်းအဖြေရှာကြသည့် စကားဝိုင်းယဉ်ကျေးမှုကို ကျောင်းသူ/ကျောင်းသားများရင်းနှီးလာအောင် သင်ကြားမှုပုံစံအသစ်များသုံးကာ သင်တန်းများ ဖွင့်လှစ်ခဲ့သည်။

၅။ လေးမျက်နှာစကားဝိုင်းများ ကျင်းပခြင်း

Freedom Fighter အဖွဲ့သည် တော်လှန်ရေးအတွင်း ဝိဝါဒဖြစ်စရာ၊ အငြင်းပွားစရာများကို ဆွေးနွေးအဖြေရှာနိုင်ရန် လေးမျက်နှာစကားဝိုင်းများကို ပုံမှန်ပြုလုပ်ခဲ့သည်။ မေလအတွင်း၌လည်း “NUCC ပြင်ဆင်မှာလား၊ အသစ်ဖွဲ့စည်းမှာလား” ဟူသော ခေါင်းစဉ်ဖြင့် တော်လှန်ရေးကာလ နိုင်ငံရေးဦးဆောင်မှုပြဿနာကိုလည်းကောင်း၊ “ကြားကာလပညာရေး ဘယ်လိုရှေ့ဆက်ကြမလဲ”ခေါင်းစဉ်ဖြင့် လက်တလောရင်ဆိုင်နေရဲ့သည့် ပညာရေးပြဿနာကိုလည်းကောင်း လေးမျက်နှာစကားဝိုင်းများပြုလုပ်၍ ဆွေးနွေးတိုင်ပင်အဖြေရှာခဲ့ကြသည်။

📌စကားဝိုင်းမှတ်တမ်းအသံဖိုင်များနားထောင်ရန်နှင့် ဝင်ရောက်ဆွေးနွေးရန်

https://t.me/+CLlD5wR4PgEyMDc9

#Freedomfighter
#Monthlyupdates
#May
''မေလအတွင်း Freedom Fighter ၏ လုပ်ဆောင်ချက်များ''

၁။ အလင်းခေတ်လှုပ်ရှားမှုအား မိတ်ဆက်ခြင်း။

Freedom Fighter ၏ (၃)နှစ်တာကာလများတွင် အခြားသောအဖွဲ့အစည်းများကို အကြံပေးခြင်း၊ စကားဝိုင်းများကို ချိတ်ဆက်ပံ့ပိုးခြင်း၊ သင်တန်းပေးခြင်းစသည့် နောက်ကွယ်မှပံ့ပိုးပေးမှုနှင့် ဝေဖန်အကြံပေးမှုများကို ဇောင်းပေးလုပ်ဆောင်ခဲ့ပါသည်။ သို့ရာတွင် လက်ရှိတော်လှန်ရေးအနေအထားသည် လက်နက်ကိုင်လမ်းစဉ် အထူးသဖြင့် နိုင်ငံရေးအယူအဆချိတ်ဆက်မှုနည်းသည့် နိုင်သူအုပ်ချုပ်စတမ်း စစ်ဗဟိုပြုအနေအထားသို့ ရောက်ရှိနေသည်မှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်သည်။ ၎င်းအပြင် အကြမ်းမဖက်လမ်းစဉ်ကို ဦးဆောင်လမ်းပြစည်းရုံးနိုင်မည့် အဖွဲ့အစည်းများလည်း ပိုမိုအားနည်းလာပြီး အများစုမှာ လက်နက်ကိုင်လမ်းစဉ်အား ထောက်ပံ့ဖို့အတွက်သာ အခြေအနေဆိုက်ရောက်နေသည်ကို သတိပြုမိပါသည်။ ထိုကဲ့သို့ အခြေအနေမှ နိုးထရုန်းထွက်ရန်နှင့် လူ့အဖွဲ့အစည်းအသစ်အတွက် အတွေးအခေါ်ဦးဆောင်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာစေရန် Freedom Fighter အနေဖြင့် အလင်းခေတ်လှုပ်ရှားမှုကို မဟာဗျူဟာချမှတ်ကာ ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်သည်။

📌အသေးစိတ်ဖတ်ရန်

https://www.facebook.com/share/p/BFSPaL9TssLFduge/?mibextid=oFDknk
“အလင်းခေတ်မဂ္ဂဇင်း” ထွက်ပြီ

▪️Freedom Fighter အဖွဲ့သည် အလင်းခေတ်လှုပ်ရှားမှု၏ ကဏ္ဍတရပ်အနေနှင့် “အလင်းခေတ်”မဂ္ဂဇင်းကို သုံးလတစ်ကြိမ် ထုတ်ဝေမည့်အကြောင်း ရှေးမဆွကတည်းက မိတ်ဆက်အသိပေးခဲ့ပြီးဖြစ်ရာ ယခုအခါ ပထမဆုံးအကြိမ်မြောက် ထွက်ရှိလာခဲ့ပြီဖြစ်သည်။ အလင်းခေတ်မဂ္ဂဇင်းအား တော်လှန်ရေးမဂ္ဂဇင်း ဖြစ်သည်နှင့်အညီ အာဏာရှင်အားဆန့်ကျင်တော်လှန်ရေးအပြင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျပ်ခိုးစွဲသလို စွဲကပ်နေသော အယူအဆဆိုးများနှင့် စနစ်ဆိုးများကိုလည်း တော်လှန်ချေဖျက်ပစ်ရန်အတွက်ရည်ရွယ်ကာ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဤမဂ္ဂဇင်းတွင် (၁) လူ့အဖွဲ့အစည်းသစ်အတွက်စဉ်းစားချက်များ (၂) ပြည်သူများ၏ အခန်းကဏ္ဍ (၃) အလယ်အလတ်လမ်းစဉ်ဟူသော အဓိကအာဘော်သုံးရပ်အား မဏ္ဍိုင်ထားကာ လွတ်လပ်မျှတသောအနာဂတ်သစ်ကို ပုံဖော်ထုဆစ်ထားသည်။

▪️“အလင်းခေတ်”သည် တော်လှန်ရေးဆိုင်ရာစာပေများအား တင်ပြထားသည်ဆိုသော်ငြားလည်း မဂ္ဂဇင်းတို့၏ အင်္ဂါရပ်နှင့်အညီ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာပြန်၊ အင်တာဗျူး စသဖြင့် သုတ၊ရသစုံလင်စွာဖြင့် အလေးအပေါ့ဟန်ချက်ညီညီ ပေါင်းစည်းတင်ပြထားခြင်းဖြစ်သည်။ အလင်းခတ်မဂ္ဂဇင်းကို ဖတ်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျှက်ရှိသော နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပဋိပက္ခများ၏ မူလဇစ်မြစ်ကို နက်နက်ရှိုင်းရှိုင်းသိမြင်နားလည်နိုင်မည်ဖြစ်သည့်အပြင် ၎င်းပဋိပက္ခများအား ကုစားရန်အတွက် အပြုတ်တိုက်လမ်းစဉ်ကဲ့သို့ လူနည်းစုသာပါဝင်နိုင်သော ထွက်ပေါက်မဲ့တလမ်းသွားဆေးမြီးတိုကုထုံးများအစား ပြည်သူလူထုတရပ်လုံးပါဝင်နိုင်သည့် အောက်ခြေမှစ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းလမ်းများကို လက်တွေ့အသုံးချနိုင်မည်ဖြစ်သည်။

…………………………………………………………………………

စာအုပ်အမည် - “အလင်းခေတ်”မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၁)

စာမျက်နှာ - ၉၂

တန်ဖိုး - အခမဲ့

ထုတ်ဝေသည့်ခုနှစ် - ၂၀၂၄ ခုနှစ် ဇူလိုင်လ

စာအုပ် download link ;

https://drive.google.com/file/d/1ZXTcypxBpBaAON6-P2PNRzW8761O95w9/view?usp=sharing