ပဲခူးနှင့် မွန်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်
FVMM၊ ဧပြီ ၁၃၊ ၂၀၂၆
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနအနေဖြင့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ အရေးပါသော စစ်ကောင်စီတပ်စခန်းနှစ်ခုကို ဧပြီလဆန်းပိုင်းအတွင်း အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းရှိ စစ်ကောင်စီ၏ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း) ကို ဧပြီလ ၄ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဤတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလောင်း ၈ လောင်း သိမ်းဆည်းရမိကာ ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၆၀ မမ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါစစ်ဆင်ရေးကို အထူးတိုင်းစစ်ဌာန၊ SOF၊ KNLA တပ်ရင်း (၇) နှင့် ရန်ကုန်/ပဲခူး ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းကိုလည်း ဧပြီလ ၇ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး အောင်သော်အပါအဝင် နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ၅ ဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ လေးကေစခန်းမှ ငါးကြင်းမြီး စက်သေနတ်၊ လက်နက်ကြီးကျည်များနှင့် ဆက်သွယ်ရေးစက် အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ဤစခန်းသိမ်းတိုက်ပွဲတွင် KNU တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်းများ၊ ABSDF၊ SOF နှင့် ဒရုန်းတပ်ဖွဲ့ပေါင်းစုံ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ဆင်ရေးနယ်မြေအသီးသီးတွင် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်လျက်ရှိပြီး ရန်သူ့စခန်းများကို ဆက်တိုက်သိမ်းပိုက်လျက်ရှိပါတယ်။
#FreeVoiceMM

👍2