TRI ဗျူဟာနှင့် MAGWAY PDF တို့ ပူးပေါင်းဖွင့်လှစ်သည့် NCO (အကြပ်) သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
FVMM၊ ဧပြီလ ၁၄၊ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ TRI ဗျူဟာ (ဗျူဟာအမှတ် - ၉၃) နှင့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) တို့ ပူးပေါင်း၍ ရဲဘော်များ၏ စစ်ရေးစွမ်းရည်နှင့် ဦးဆောင်မှုကဏ္ဍ မြှင့်တင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော NCO (အကြပ်) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲသို့ TRI ဗျူဟာမှ နည်းဗျူဟာမှူးနှင့် စစ်ဦးစီးမှူး၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ နိုင်ငံရေးမှူး၊ မုံရွာခရိုင် တပ်ရင်း (၂) မှ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) မှ ဗျူဟာမှူးနှင့် တာဝန်ရှိသူများအပြင် ဒေသခံရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံစုံလင်လင် တက်ရောက်အားပေးခဲ့ကြပါတယ်။
ယခုသင်တန်းတွင် စစ်ပညာနှင့် ခေါင်းဆောင်မှုဘာသာရပ်များကို စနစ်တကျ လေ့လာသင်ယူခဲ့ကြသည့် သင်တန်းသား အရာရှိငယ် စုစုပေါင်း ၄၂ ဦးတို့သည် သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ကြပြီး မိမိတို့သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များတွင် တာဝန်အသီးသီး ပြန်လည်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။
အခမ်းအနားတွင် တက်ရောက်လာသော ဗျူဟာမှူးများနှင့် တာဝန်ရှိသူများက သင်တန်းဆင်း အရာရှိငယ်များအား ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။
ထိုသို့ ပြောကြားရာတွင် တော်လှန်ရေးခရီးလမ်းအတွင်း စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်ငယ်များအဖြစ် အားဖြည့်ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ရေးအရည်အသွေးကို ယခုကဲ့သို့ သင်တန်းများဖြင့် ဆက်လက်မြှင့်တင်သွားကြမှာ ဖြစ်ပါတယ်။
#FreeVoiceMM

👍2
ရွှေကျင်ရှိ လက်ယက်စခန်းကုန်းကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးပြီး ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိ
FVMM၊ ဧပြီ ၁၅၊ ၂၀၂၆
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်ရှိ လက်ယက်စခန်းကုန်းကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးပြီး ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖက ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ အရေးပါသော လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း) အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အခြေစိုက်စခန်းအား ဧပြီလ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၇) ရက်နေ့ နံနက် (၀၅:၀၀) နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ အလောင်း (၈) လောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ဦး ရှိခဲ့ကြောင်း သိရပါတယ်။ ထို့အပြင် စခန်းစွန့်ခွာထွက်ပြေးသူများနှင့် တပ်ကူလာသော စစ်ကြောင်းများကို ဆက်လက်ချေမှုန်းခဲ့ရာ ရန်သူ (၁၄) ဦး ထပ်မံသေဆုံးပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်းမှ လက်နက်ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိမှုများတွင် MA1၊ MA11၊ MA4 နှင့် ၆၀ မမ လက်နက်များအပြင် ကျည်ဆန်ပေါင်းများစွာ၊ မိုင်းများ၊ ဆက်သွယ်ရေးဖြတ်တောက်သည့် Jammer စက်များနှင့် မီးစက်များလည်း ပါဝင်ပါတယ်။
ဤစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၅၁၀၁၊ ၅၁၀၂၊ ၅၁၀၃) တို့နှင့်အတူ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များနှင့် KNLA တပ်ရင်း (၇) တို့က ဟန်ချက်ညီညီ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်ပါတယ်။
စခန်းကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကိုလည်း ဂုဏ်ယူစွာ လွှင့်ထူနိုင်ခဲ့ပါတယ်။

❤1