FreeVoice MM
2.67K subscribers
5.98K photos
305 videos
1.46K links
ဖေ့စ်ဘုတ်လင့်
https://www.facebook.com/share/14WEGHYzdCR/

ချန်နယ်လင့် - https://t.me/FreeVoiceMM

ဂရုလင့် - https://t.me/GPDailyNews

အက်ဒမင်သို့ သတင်းပေးလိုပါက
@KoDawna
Download Telegram
ဝက်လက်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာ (၉) ရွာမှ စစ်ဘေးရှောင်ပြည်သူများကို လူထုသပိတ်ကော်မတီက ဆန်ရိက္ခာများ ထောက်ပံ့လှူဒါန်း

FVMM၊ ဧပြီ ၁၂ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာ (၉) ရွာမှ စစ်ဘေးရှောင်ပြည်သူများကို လူထုသပိတ်ကော်မတီက ဆန်များ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း မြစ်ရိုးတစ်လျှောက်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ပြည်သူများကို ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆန်များ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ချိန်မှစတင်ကာ နယ်မြေစိုးမိုးရေးအတွက် ဝက်လက်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းများဖြင့် ဝင်ရောက်စီးနင်းကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးလျက် ရှိနေပါတယ်။

ထိုသို့ စစ်ကြောင်းထိုးမှုများကြောင့် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ သစ်စိမ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ငါးကြင်းအိုင်၊ ထုံးဘို၊ ရွာသစ်၊ လှေပို့ဆိပ်နှင့် ရေဂမိုး ကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရပါတယ်။

နေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် ကာလကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများတွင် နေထိုင်စရာ အခက်အခဲများအပြင် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့်ပါ ရင်ဆိုင်နေရပါတယ်။

ယင်းသို့ အခက်အခဲကြုံတွေ့နေရသည့် မိဘပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျေးရွာအသီးသီးသို့ လှည့်လည်ကာ ဆန်ရိက္ခာများကို လက်ဝယ်အရောက် သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

#FreeVoiceMM
2