FreeVoice MM
2.67K subscribers
5.98K photos
305 videos
1.46K links
ဖေ့စ်ဘုတ်လင့်
https://www.facebook.com/share/14WEGHYzdCR/

ချန်နယ်လင့် - https://t.me/FreeVoiceMM

ဂရုလင့် - https://t.me/GPDailyNews

အက်ဒမင်သို့ သတင်းပေးလိုပါက
@KoDawna
Download Telegram
👍1
ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ၏ မောရအောင်သံသံချပ်အသင်း ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးရန် မေတ္တာရပ်ခံ

FVMM၊ ဧပြီ ၁၂ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၂ ခုနှစ်မှစတင်၍ အစဉ်အလာမပျက် ဖွဲ့စည်းခဲ့သော ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မောရအောင်သံ သံချပ်အသင်းသည် ယခုလာမည့် ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ကာလမှာ ပြည်သူလူထုအတွက် ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ရန် ပြင်ဆင်လျက်ရှိပါတယ်။

ယခုနှစ်တွင် ဒေသခံပြည်သူများအား သံချပ်ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များလည်း ရှိနေပါတယ်။

မောရအောင်သံ သံချပ်အသင်းအနေဖြင့် သမိုင်းအစဉ်အလာနှင့်အညီ ပြည်သူ့အသံကို သံချပ်ဖြင့် ပဲ့တင်ထပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သောကြောင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါဖို့ မေတ္တာရပ်ခံထားပါတယ်။

အဆိုပါ သံချပ်ဖျော်ဖြေမှု ရုပ်သံများကို မောရအောင်သံ သံချပ်အသင်း၏ Facebook စာမျက်နှာအပြင် ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ Telegram နှင့် YouTube ချန်နယ်များတွင်လည်း မကြာမီ အချိန်ကာလအတွင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်တယ်လို့
သိရပါတယ်။


#FreeVoiceMM
1
1
ဝက်လက်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာ (၉) ရွာမှ စစ်ဘေးရှောင်ပြည်သူများကို လူထုသပိတ်ကော်မတီက ဆန်ရိက္ခာများ ထောက်ပံ့လှူဒါန်း

FVMM၊ ဧပြီ ၁၂ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာ (၉) ရွာမှ စစ်ဘေးရှောင်ပြည်သူများကို လူထုသပိတ်ကော်မတီက ဆန်များ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း မြစ်ရိုးတစ်လျှောက်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ပြည်သူများကို ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆန်များ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ချိန်မှစတင်ကာ နယ်မြေစိုးမိုးရေးအတွက် ဝက်လက်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းများဖြင့် ဝင်ရောက်စီးနင်းကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးလျက် ရှိနေပါတယ်။

ထိုသို့ စစ်ကြောင်းထိုးမှုများကြောင့် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ သစ်စိမ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ငါးကြင်းအိုင်၊ ထုံးဘို၊ ရွာသစ်၊ လှေပို့ဆိပ်နှင့် ရေဂမိုး ကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရပါတယ်။

နေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် ကာလကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများတွင် နေထိုင်စရာ အခက်အခဲများအပြင် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့်ပါ ရင်ဆိုင်နေရပါတယ်။

ယင်းသို့ အခက်အခဲကြုံတွေ့နေရသည့် မိဘပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျေးရွာအသီးသီးသို့ လှည့်လည်ကာ ဆန်ရိက္ခာများကို လက်ဝယ်အရောက် သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

#FreeVoiceMM
2