FreeVoice MM
2.67K subscribers
5.97K photos
305 videos
1.46K links
ဖေ့စ်ဘုတ်လင့်
https://www.facebook.com/share/14WEGHYzdCR/

ချန်နယ်လင့် - https://t.me/FreeVoiceMM

ဂရုလင့် - https://t.me/GPDailyNews

အက်ဒမင်သို့ သတင်းပေးလိုပါက
@KoDawna
Download Telegram
1😢1
စစ်ကိုင်းမြို့တွင် ပြည်သူ ၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀၀ အထိ ငွေညစ်တောင်းခံနေ

FVMM၊ ဧပြီ ၇ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ပြည်သူ ၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀၀ အထိ ငွေညစ်တောင်းခံနေတယ်လို့ မြို့ခံပြည်သူတစ်ဦးထံမှ သိရပါတယ်။

စစ်ကိုင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများနှင့် အလုပ်သမားများကို အစုလိုက်အပြုံလိုက် ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် ငွေကျပ်သိန်းရာနှင့်ချီ၍ ပြန်လည်တောင်းခံနေကြောင်း သိရပါတယ်။

ယမန်နေ့ ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့အတွင်းနှင့် မြို့အပြင် ပတ်ပတ်လည်၌ လုံခြုံရေးတင်းကျပ်ကာ လမ်းသွားလမ်းလာ ပြည်သူ ၅၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပါတယ်။

ထိုသို့ ဖမ်းဆီးရမိသူများကို စစ်ကိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

အလားတူ ဧပြီလ ၄ ရက်နေ့ကလည်း ရွာထောင်ရပ်ကွက်ရှိ ဓာတ်ပေါင်းစုဘုရားအနီးတွင် ဘိလပ်မြေ အတင်အချလုပ်ကိုင်နေသည့် အလုပ်သမား ၃၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ
က ဝင်ရောက်ဖမ်းဆီးခဲ့ရာ အချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပေးရန်အတွက် ပြည်သူတစ်ဦးလျှင် ငွေကျပ်သိန်း ၂၀၀ အထိ အဆမတန် တောင်းခံကာ ငွေညစ်မှုများ ပြုလုပ်နေပါတယ်။

ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ ငွေကြေးအခက်အခဲကြောင့် ရှိစုမဲ့စု ပစ္စည်းများကို ရောင်းချခြင်းနှင့် အတိုးဖြင့် ချေးငှားပေါင်နှံကာ ငွေညှိနှိုင်းနေကြရပါတယ်။

အဆိုပါ ဖမ်းဆီးမှုများသည် တပ်မ ၃၃ သို့ ပို့ဆောင်ရန်ထက် တန်ခူးလအတွက် ရန်ပုံငွေရှာသည့်အနေဖြင့် ငွေညစ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ငွေမပေးနိုင်သူများကိုသာ တပ်ထဲသို့ ပို့ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း သိရပါတယ်။

#FreeVoiceMM
🤬2
🤬1
စစ်ကောင်စီ၏ ထောက်လှမ်းရေးယန္တရားကို ဖော်ထုတ်နိုင်ခဲ့ပြီး ပါဝင်ပတ်သက်သူများကို ပြတ်သားစွာ အရေးယူမည်ဟု PDF-Mandalay သတိပေး

၂၀၂၆ ခုနှစ်၊ ဧပြီလ (၉) ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) သည် တော်လှန်ရေးလုပ်ငန်းစဥ်များ အောင်မြင်စေရန်အတွက် မိမိတို့၏ ထောက်လှမ်းရေးကွန်ယက်များကို ကျယ်ပြန့်စွာ ဖြန့်ကျက်တည်ဆောက်လျက် ရှိတယ်လို့ ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ တန်ပြန်ထောက်လှမ်းမှုများအား ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက်လည်း အစဥ်တစိုက် ကြိုးစားဆောင်ရွက်လျက် ဆိုပါတယ်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက အကြမ်းဖက်စစ်တပ်၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ဘက်ပြောင်းသွားပြီး တော်လှန်ရေးနယ်မြေအတွင်းသို့ သတင်းထောက်လှမ်းရန် ရောက်ရှိလာသည့် ရဲဘော်တစ်ဦးကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အဆိုပါရဲဘော်၏ ထွက်ဆိုချက်များနှင့် မြို့ပြရှိ တော်လှန်ရေးထောက်လှမ်းရေးကွန်ယက်များ၏ ချိတ်ဆက်ဖော်ထုတ်မှုများကြောင့် အကြမ်းဖက်စစ်တပ်၏ ထောက်လှမ်းရေးယန္တရား လည်ပတ်ပုံများကို အသေးစိတ် ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ဖော်ထုတ်နိုင်မှုကြောင့် စစ်ကောင်စီ၏ ထောက်လှမ်းရေးယန္တရားတွင် ပါဝင်ပတ်သက်နေသူများကို အမည်ပျက်စာရင်း (Blacklist) ကြေညာခြင်းများ ပြုလုပ်နိုင်ခဲ့ပါတယ်။

အတင်းအဓမ္မ ဖိအားပေးစေခိုင်းခံရမှုများကြောင့် စစ်ကောင်စီ၏ ယန္တရားအတွင်း ပါဝင်ပတ်သက်နေကြရသည့် ရဲဘော်ဟောင်းများအနေဖြင့်လည်း မိမိတို့၏အမှားကို သိရှိပြီး ရန်သူ့ယန္တရားအတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် သတိပေးထားပါတယ်။

အကယ်၍ ရန်သူ့ယန္တရားအတွင်း ဆက်လက်ပါဝင်နေမည်ဆိုပါက ပါဝင်ပတ်သက်နေသူအားလုံးကို ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) က သတင်းထုတ်ပြန်ထားပါတယ်။

#FreeVoiceMM
2👍1
👍1
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦး MA-1 သေနတ်ဖြင့် အလင်းဝင်၊ ငွေကျပ် ၂၅ သိန်း ချီးမြှင့်

FVMM၊ ဧပြီ ၁၀ ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးသည် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် ပြည်သူ့ဘက်တော်သားအဖြစ် ခံယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတပ်သားသည် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ - UG အဖွဲ့) နှင့် ကြိုတင်ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မိမိနှင့်အတူပါရှိသော MA-1 အမျိုးအစား သေနတ်တစ်လက်ကိုပါ ယူဆောင်လာကာ လက်နက်အပ်နှံခဲ့တာဖြစ်ပါတယ်။

ယင်းသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာမှုကို ခင်ဦးမြို့နယ် ပကဖ အဖွဲ့ဝင်များက နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြပါတယ်။ ထို့အပြင် ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်အတွက် ဂုဏ်ပြုသောအားဖြင့် အဆိုပါတပ်သားအား ခင်ဦးမြို့နယ် ပကဖ မှ ဆုကြေးငွေကျပ် (၂၅) သိန်း တိတိကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်သားများကိုလည်း အားပေးစကားများ ပြောကြားခဲ့ပါတယ်။

မတရားသည့် အာဏာရှင်လက်အောက်မှ ရုန်းထွက်ကာ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန်နှင့် အလင်းဝင်ရောက်လာသူများအားလုံးကို နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်လျက်ရှိကြောင်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

#FreeVoiceMM
2
👍2
ပခုက္ကူ - ရေစကြိုလမ်းပိုင်းတွင် စစ်ကောင်စီနှင့် ဆက်နွယ်သည့် အရက်ဘီယာဖာ ၃၀၀ နီးပါးကို Southern YSO PDF သိမ်းဆည်း

FVMM၊ ဧပြီ ၁၁ရက်၊ ၂၀၂၆

မပကွးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းတွင် စစ်ကောင်စီနှင့် ဆက်နွယ်သည့် အရက်ဘီယာဖာ ၃၀၀ နီးပါးကို သိမ်းဆည်းရမိခဲ့တယ်လို့ Southern YSO PDFက အသိပေးထုတ်ပြန်လာပါတယ်။

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြို ဆက်သွယ်ရေး လမ်းမကြီးပေါ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့က စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် အရက်နှင့် ဘီယာများ တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးရရှိခဲ့ပါတယ်။

အဆိုပါ ယာဉ်ပေါ်တွင် စုစုပေါင်း အရက်ဘီယာ (၂၇၂) ဖာ ပါရှိပြီး၊ ယင်းပစ္စည်းများမှာ အမှတ် (၂၅၇) ခြေလျင်တပ်ရင်းမှ အငြိမ်းစားအရာခံဗိုလ် ဦးကျော်လွင်၏ သယ်ယူခွင့်မျှောစာဖြင့် “ဧဒင်နန်း” အရက်ဆိုင်သို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

“ဧဒင်နန်း” အရက်ဆိုင်သည် တပ်ဂိတ်နှင့် မီတာ (၁၅၀) ခန့်သာ ကွာဝေးပြီး စစ်တပ်နှင့် နီးစပ်သည့် လုပ်ငန်းရှင်များ လုပ်ကိုင်နေခြင်းကြောင့် ဒေသအခေါ် “စစ်တပ်ဆိုင်” ဟုပင် လူသိများနေပါတယ်။

ယခု သိမ်းဆည်းရမိသော အရက်ဘီယာများကို တော်လှန်ရေး ရံပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး၊ သာမန်အရပ်သား လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းများကိုမူ ဖမ်းဆီးခြင်း မပြုဘဲ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

လက်ရှိတွင် စစ်ကောင်စီသည် ရေစကြိုမြို့ သင်္ကြန်ပွဲတော်အတွက် လုပ်ငန်းရှင်များထံမှ ငွေကြေးများ ကောက်ခံကာ အရက်ပါမစ်များ ထုတ်ပေးပြီး မူးယစ်ပျော်ပါးစေရန် ပြုလုပ်ပေးထားပါတယ်။

ထို့ပြင် ယခုနှစ် ရေစကြိုသင်္ကြန်တွင် ယခင်ကထက် ထူးခြားသော ပြင်ဆင်မှုများ ပြုလုပ်ထားသဖြင့် မိဘပြည်သူများအနေဖြင့် ပေါ်တာဆွဲခံရမည့် အန္တရာယ်ကို အထူးသတိပြုကြရန် Southern YSO PDF က သတိပေးထားပါတယ်။

အကယ်၍ အဆိုပါ ဖမ်းဆီးမှုအတွင်း ပြည်သူပိုင် ပစ္စည်းများ မှားယွင်းပါဝင်သွားခြင်း ရှိပါက အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

#FreeVoiceMM
👍1
👍1
ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ၏ မောရအောင်သံသံချပ်အသင်း ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးရန် မေတ္တာရပ်ခံ

FVMM၊ ဧပြီ ၁၂ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၂ ခုနှစ်မှစတင်၍ အစဉ်အလာမပျက် ဖွဲ့စည်းခဲ့သော ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မောရအောင်သံ သံချပ်အသင်းသည် ယခုလာမည့် ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ကာလမှာ ပြည်သူလူထုအတွက် ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ရန် ပြင်ဆင်လျက်ရှိပါတယ်။

ယခုနှစ်တွင် ဒေသခံပြည်သူများအား သံချပ်ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များလည်း ရှိနေပါတယ်။

မောရအောင်သံ သံချပ်အသင်းအနေဖြင့် သမိုင်းအစဉ်အလာနှင့်အညီ ပြည်သူ့အသံကို သံချပ်ဖြင့် ပဲ့တင်ထပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သောကြောင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါဖို့ မေတ္တာရပ်ခံထားပါတယ်။

အဆိုပါ သံချပ်ဖျော်ဖြေမှု ရုပ်သံများကို မောရအောင်သံ သံချပ်အသင်း၏ Facebook စာမျက်နှာအပြင် ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ Telegram နှင့် YouTube ချန်နယ်များတွင်လည်း မကြာမီ အချိန်ကာလအတွင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်တယ်လို့
သိရပါတယ်။


#FreeVoiceMM
1
1
ဝက်လက်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာ (၉) ရွာမှ စစ်ဘေးရှောင်ပြည်သူများကို လူထုသပိတ်ကော်မတီက ဆန်ရိက္ခာများ ထောက်ပံ့လှူဒါန်း

FVMM၊ ဧပြီ ၁၂ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာ (၉) ရွာမှ စစ်ဘေးရှောင်ပြည်သူများကို လူထုသပိတ်ကော်မတီက ဆန်များ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း မြစ်ရိုးတစ်လျှောက်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ပြည်သူများကို ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆန်များ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ချိန်မှစတင်ကာ နယ်မြေစိုးမိုးရေးအတွက် ဝက်လက်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းများဖြင့် ဝင်ရောက်စီးနင်းကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးလျက် ရှိနေပါတယ်။

ထိုသို့ စစ်ကြောင်းထိုးမှုများကြောင့် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ သစ်စိမ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ငါးကြင်းအိုင်၊ ထုံးဘို၊ ရွာသစ်၊ လှေပို့ဆိပ်နှင့် ရေဂမိုး ကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရပါတယ်။

နေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် ကာလကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများတွင် နေထိုင်စရာ အခက်အခဲများအပြင် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့်ပါ ရင်ဆိုင်နေရပါတယ်။

ယင်းသို့ အခက်အခဲကြုံတွေ့နေရသည့် မိဘပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျေးရွာအသီးသီးသို့ လှည့်လည်ကာ ဆန်ရိက္ခာများကို လက်ဝယ်အရောက် သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

#FreeVoiceMM
2