FreeVoice MM
2.67K subscribers
5.98K photos
305 videos
1.46K links
ဖေ့စ်ဘုတ်လင့်
https://www.facebook.com/share/14WEGHYzdCR/

ချန်နယ်လင့် - https://t.me/FreeVoiceMM

ဂရုလင့် - https://t.me/GPDailyNews

အက်ဒမင်သို့ သတင်းပေးလိုပါက
@KoDawna
Download Telegram
👎1
မြိုင်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းအင်အား အလွန်အကျွံသုံးပြု၍ ရက်ဆက်တိုက်ခိုက်၊ စစ်ဘေးရှောင်စခန်းများ ထိခိုက်ပျက်စီး

FVMM၊ ဧပြီ ၆ရက်၊ ၂၀၂၆

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုကာ အရပ်သားပြည်သူများရှိရာသို့ ရက်ဆက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းများထံမှတဆင့်​ သိရပါတယ်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်တွင် မြိုင်မြို့ အနောက်မြောက်ဘက်ခြမ်း၊ သံဘိုကြီးကျေးရွာအနီးသို့ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင် ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း မြိုင်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဖံလံကိုင်းရေနံမြေ ပတ်ဝန်းကျင်သို့ မကွေးနှင့် မိတ္ထီလာလေတပ်တို့မှ ဂျက်ဖိုက်တာ စုစုပေါင်း ၅ စီးဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ယနေ့ ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင်လည်း ပေါက်မြို့နယ် အနောက်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုသို့ တံတားဦးနှင့် မကွေးလေတပ်တို့မှ ဂျက်ဖိုက်တာများဖြင့် စုစုပေါင်း ၆ ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်တဲ ၇ လုံး ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ဒေသခံများ၏ ကျွဲ ၅ ကောင်၊ နွား ၃ ကောင် သေဆုံးကာ နွား ၂ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၂,၄၀၀ ထက်မနည်း ကျူးလွန်ထားကြောင်း မှတ်တမ်းများအရ သိရပါတယ်။

ဓာက်ပုံ - WeloveMyaing

#FreeVoiceMM
1🤬1
ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင်စာသင်ကျောင်းအား လေကြောင်းမှ (၆) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်၊ ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

FVMM၊ ဧပြီ ၇ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင်စာသင်ကျောင်းကို လေကြောင်းမှ (၆) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာနေရာတစ်ခုအား အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်ဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာရှမ်းတဲလေတပ်နှင့် တံတားဦးလေတပ်တို့မှ MiG-29 နှင့် A-5 Bomber ဂျက်ဖိုက်တာ ၂ စီးဖြင့် ယနေ့ နံနက် ၁၁:၀၀ နာရီမှ ၁၁:၁၆ နာရီအတွင်း ၆ ကြိမ်တိုင်တိုင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ်များကို စာသင်ကြားပေးနေသည့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရပြီး စစ်ရှောင်ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ကံကောင်းထောက်မစွာဖြင့် စစ်ရှောင်ကလေးငယ်များမှာမူ ဘေးအန္တရာယ်ကင်းရှင်းကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း ကျရောက်ခဲ့သော ဗုံးသီးအချို့မှာ ပေါက်ကွဲခြင်းမရှိသေးဘဲ ကျန်ရှိနေသေးသဖြင့် ဒေသခံများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် လိုအပ်နေပါတယ်။ အဆိုပါ တိုက်ခိုက်ခံရသည့် စစ်ရှောင်စာသင်ကျောင်းမှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ စာသင်ခုံများနှင့် အာဟာရဒါနများ လှူဒါန်းထောက်ပံ့ပေးထားသည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အပြစ်မဲ့စစ်ရှောင်ပြည်သူများ၊ ကလေးငယ်များနှင့် စာသင်ကျောင်းများကို လေကြောင်းမှ တိုက်ခိုက်ခြင်းအပေါ် အထူးစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ဖော်ပြထားပါတယ်။

#FreeVoiceMM
1🤬1
1😢1
စစ်ကိုင်းမြို့တွင် ပြည်သူ ၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀၀ အထိ ငွေညစ်တောင်းခံနေ

FVMM၊ ဧပြီ ၇ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ပြည်သူ ၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀၀ အထိ ငွေညစ်တောင်းခံနေတယ်လို့ မြို့ခံပြည်သူတစ်ဦးထံမှ သိရပါတယ်။

စစ်ကိုင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများနှင့် အလုပ်သမားများကို အစုလိုက်အပြုံလိုက် ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် ငွေကျပ်သိန်းရာနှင့်ချီ၍ ပြန်လည်တောင်းခံနေကြောင်း သိရပါတယ်။

ယမန်နေ့ ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့အတွင်းနှင့် မြို့အပြင် ပတ်ပတ်လည်၌ လုံခြုံရေးတင်းကျပ်ကာ လမ်းသွားလမ်းလာ ပြည်သူ ၅၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပါတယ်။

ထိုသို့ ဖမ်းဆီးရမိသူများကို စစ်ကိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

အလားတူ ဧပြီလ ၄ ရက်နေ့ကလည်း ရွာထောင်ရပ်ကွက်ရှိ ဓာတ်ပေါင်းစုဘုရားအနီးတွင် ဘိလပ်မြေ အတင်အချလုပ်ကိုင်နေသည့် အလုပ်သမား ၃၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ
က ဝင်ရောက်ဖမ်းဆီးခဲ့ရာ အချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပေးရန်အတွက် ပြည်သူတစ်ဦးလျှင် ငွေကျပ်သိန်း ၂၀၀ အထိ အဆမတန် တောင်းခံကာ ငွေညစ်မှုများ ပြုလုပ်နေပါတယ်။

ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ ငွေကြေးအခက်အခဲကြောင့် ရှိစုမဲ့စု ပစ္စည်းများကို ရောင်းချခြင်းနှင့် အတိုးဖြင့် ချေးငှားပေါင်နှံကာ ငွေညှိနှိုင်းနေကြရပါတယ်။

အဆိုပါ ဖမ်းဆီးမှုများသည် တပ်မ ၃၃ သို့ ပို့ဆောင်ရန်ထက် တန်ခူးလအတွက် ရန်ပုံငွေရှာသည့်အနေဖြင့် ငွေညစ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ငွေမပေးနိုင်သူများကိုသာ တပ်ထဲသို့ ပို့ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း သိရပါတယ်။

#FreeVoiceMM
🤬2
🤬1
စစ်ကောင်စီ၏ ထောက်လှမ်းရေးယန္တရားကို ဖော်ထုတ်နိုင်ခဲ့ပြီး ပါဝင်ပတ်သက်သူများကို ပြတ်သားစွာ အရေးယူမည်ဟု PDF-Mandalay သတိပေး

၂၀၂၆ ခုနှစ်၊ ဧပြီလ (၉) ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) သည် တော်လှန်ရေးလုပ်ငန်းစဥ်များ အောင်မြင်စေရန်အတွက် မိမိတို့၏ ထောက်လှမ်းရေးကွန်ယက်များကို ကျယ်ပြန့်စွာ ဖြန့်ကျက်တည်ဆောက်လျက် ရှိတယ်လို့ ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ တန်ပြန်ထောက်လှမ်းမှုများအား ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက်လည်း အစဥ်တစိုက် ကြိုးစားဆောင်ရွက်လျက် ဆိုပါတယ်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက အကြမ်းဖက်စစ်တပ်၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ဘက်ပြောင်းသွားပြီး တော်လှန်ရေးနယ်မြေအတွင်းသို့ သတင်းထောက်လှမ်းရန် ရောက်ရှိလာသည့် ရဲဘော်တစ်ဦးကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အဆိုပါရဲဘော်၏ ထွက်ဆိုချက်များနှင့် မြို့ပြရှိ တော်လှန်ရေးထောက်လှမ်းရေးကွန်ယက်များ၏ ချိတ်ဆက်ဖော်ထုတ်မှုများကြောင့် အကြမ်းဖက်စစ်တပ်၏ ထောက်လှမ်းရေးယန္တရား လည်ပတ်ပုံများကို အသေးစိတ် ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ဖော်ထုတ်နိုင်မှုကြောင့် စစ်ကောင်စီ၏ ထောက်လှမ်းရေးယန္တရားတွင် ပါဝင်ပတ်သက်နေသူများကို အမည်ပျက်စာရင်း (Blacklist) ကြေညာခြင်းများ ပြုလုပ်နိုင်ခဲ့ပါတယ်။

အတင်းအဓမ္မ ဖိအားပေးစေခိုင်းခံရမှုများကြောင့် စစ်ကောင်စီ၏ ယန္တရားအတွင်း ပါဝင်ပတ်သက်နေကြရသည့် ရဲဘော်ဟောင်းများအနေဖြင့်လည်း မိမိတို့၏အမှားကို သိရှိပြီး ရန်သူ့ယန္တရားအတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် သတိပေးထားပါတယ်။

အကယ်၍ ရန်သူ့ယန္တရားအတွင်း ဆက်လက်ပါဝင်နေမည်ဆိုပါက ပါဝင်ပတ်သက်နေသူအားလုံးကို ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) က သတင်းထုတ်ပြန်ထားပါတယ်။

#FreeVoiceMM
2👍1
👍1
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦး MA-1 သေနတ်ဖြင့် အလင်းဝင်၊ ငွေကျပ် ၂၅ သိန်း ချီးမြှင့်

FVMM၊ ဧပြီ ၁၀ ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးသည် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် ပြည်သူ့ဘက်တော်သားအဖြစ် ခံယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတပ်သားသည် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ - UG အဖွဲ့) နှင့် ကြိုတင်ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မိမိနှင့်အတူပါရှိသော MA-1 အမျိုးအစား သေနတ်တစ်လက်ကိုပါ ယူဆောင်လာကာ လက်နက်အပ်နှံခဲ့တာဖြစ်ပါတယ်။

ယင်းသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာမှုကို ခင်ဦးမြို့နယ် ပကဖ အဖွဲ့ဝင်များက နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြပါတယ်။ ထို့အပြင် ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်အတွက် ဂုဏ်ပြုသောအားဖြင့် အဆိုပါတပ်သားအား ခင်ဦးမြို့နယ် ပကဖ မှ ဆုကြေးငွေကျပ် (၂၅) သိန်း တိတိကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်သားများကိုလည်း အားပေးစကားများ ပြောကြားခဲ့ပါတယ်။

မတရားသည့် အာဏာရှင်လက်အောက်မှ ရုန်းထွက်ကာ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန်နှင့် အလင်းဝင်ရောက်လာသူများအားလုံးကို နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်လျက်ရှိကြောင်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

#FreeVoiceMM
2