FreeVoice MM
2.67K subscribers
5.98K photos
305 videos
1.46K links
ဖေ့စ်ဘုတ်လင့်
https://www.facebook.com/share/14WEGHYzdCR/

ချန်နယ်လင့် - https://t.me/FreeVoiceMM

ဂရုလင့် - https://t.me/GPDailyNews

အက်ဒမင်သို့ သတင်းပေးလိုပါက
@KoDawna
Download Telegram
Channel photo updated
Please open Telegram to view this post
VIEW IN TELEGRAM
[ချန်နယ်အမည် ပြောင်းလဲခြင်းဆိုင်ရာ အသိပေးချက်]

လူကြီးမင်းတို့၏ Ground Press နေ့စဉ်သတင်း တယ်လီဂရမ်ချန်နယ်ကို ယနေ့မှစတင်၍ FreeVoice MM အမည်သစ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

အမည်နာမ ပြောင်းလဲသော်လည်း မိမိတို့၏ သတင်းတင်ဆက်မှု ကဏ္ဍများကို ယခင်အတိုင်းပင် အရှိန်အဟုန်မပျက် ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မိမိတို့နှင့်အတူ အစဉ်တစိုက် အားပေးနားဆင်နေကြသည့် စာရှုသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

သတင်းနှင့် နောက်ဆုံးရ ဖြစ်ရပ်များကို FreeVoice MM တွင် ဆက်လက် စောင့်မျှော်ကြည့်ရှုနိုင်ကြပါတယ်။

Facebook - https://www.facebook.com/share/14WEGHYzdCR/

#FreeVoiceMM #GroundPress #ChannelUpdate #TelegramNews #MyanmarNews #DailyNews
👍3
မတ္တရာမြို့တွင် စစ်ကောင်စီက အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူနေပြီး ကင်းလှည့်စစ်ဆေးမှုများ တိုးမြှင့်လာ

FVMM၊ ဧပြီ ၂ရပ်၊ ၂၀၂၆

မန္တလေးတိုင်း၊ မတ္တရာမြို့တွင် ယမန်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အနှံ့အပြားတွင် ကင်းလှည့်ခြင်းနှင့် စစ်ဆေးမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြတယ်လို့ မြို့ခံပြည်သူတစ်ဦးက FreeVoiceMMသို့ ပြောပါတယ်။

ယင်းအပြင် မြို့ပေါ်ရှိ လူနေအိမ်များသို့ လိုက်လံ၍ အိမ်ထောင်စုစာရင်းများကိုလည်း အတင်းအကျပ် တောင်းခံစုဆောင်းလျက်ရှိနေပါတယ်။

ကျေးရွာများတွင်လည်း စစ်ကောင်စီက ဒေသခံများကို အစည်းအဝေးခေါ်ယူပြီးနောက် အသက်ပြည့်ပြီးသူများအနေဖြင့် အခြားဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ပိတ်ပင်မှုများ လုပ်ဆောင်နေပါတယ်။

ဤကဲ့သို့ စစ်မှုထမ်းရန်အတွက် ဖိအားပေးမှုများနှင့် စစ်ရေးအရ တင်းကြပ်မှုများ ရှိနေသည့်ကြားမှပင် မြို့ပေါ်၌ လမ်းလျှောက်သင်္ကြန်ကျင်းပရန် စစ်ကောင်စီက စီစဉ်နေကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

ယခုကဲ့သို့ စစ်ဆေးမှုများ စိပ်လာခြင်းနှင့် အိမ်ထောင်စုစာရင်းများ ကောက်ယူနေခြင်းကြောင့် ဒေသခံလူငယ်များနှင့် မိသားစုဝင်များအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လျက်ရှိနေပါတယ်။

#Myanmar #Mandalay #Madaya #MilitaryDraft #FreeVoiceMM
👍31
ဝက်လက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်၊ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

FVMM၊ ဧပြီ ၄ ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ မင်းကုန်းကြီးကျေးရွာနှင့် ဘုရားပြန်ကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရပါတယ်။

ဧပြီလ ၁ ရက်နေ့တွင် ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ မင်းကုန်းကြီးကျေးရွာကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ (Jet Fighter) တစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲခဲ့ပါတယ်။

မွန်းလွဲ ၁ နာရီ ၄၈ မိနစ်ခန့်တွင် ပထမအကြိမ်အဖြစ် ဗုံးသီး ၂ လုံး ကြဲချခဲ့ပြီးနောက်၊ မွန်းလွဲ ၃ နာရီ ၃၃ မိနစ်ခန့်တွင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းကုန်းကြီးကျေးရွာရှိ ပြည်သူ့နေအိမ် ၁၁ လုံးခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။ သို့သော်လည်း ရွာသူရွာသားများမှာ ကြိုတင်တိမ်းရှောင်နေကြသည်မှာ ကြာပြီဖြစ်သောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

အလားတူ ယမန်နေ့ ဧပြီလ ၃ ရက် ည ၁၀ နာရီ ၅၁ မိနစ်အချိန်တွင်လည်း ဝက်လက်မြို့နယ် အနောက်တောင်ခြမ်းရှိ ဘုရားပြန်ရွာအနီးတဝိုက်သို့ မိတ္ထီလာမှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးသီး ၂ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုအတွင်း အသက် ၁၄ နှစ်အရွယ် အမျိုးသားကလေးတစ်ဦးနှင့် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးတို့တွင် ဗုံးစထိမှန်ကာ (မစိုးရိမ်ရ) အပေါ်ယံဒဏ်ရာများ ရရှိခဲ့ပါတယ်။

"ညပိုင်း ဘယ်သူမှ သွားမကြည့်ရဲသေးတဲ့အချိန်၊ ရှင်းလင်းရေးဝင်ဖို့ မလွယ်ကူသေးတဲ့အချိန်မှာ ဖြစ်သွားတာပါ။ တိုက်ခိုက်ခံရတဲ့ အိမ်ကလည်း လူမနေတာကြာပြီဖြစ်တဲ့ အိမ်အလွတ်ဖြစ်လို့ စိုးရိမ်ရတဲ့ အခြေအနေမရှိပါဘူး။ ဒဏ်ရာရတာကလည်း အဝေးကိုစင်တဲ့ ဗုံးစမှန်တာဆိုတော့ အပေါ်ယံပါပဲ" လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

အဆိုပါကျေးရွာဝန်းကျင်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့အစည်းများ ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားကြပါတယ်။

ဓာတ်ပုံ - ပေးပို့

#Sagaing #Wetlet #Minkonegyi #Phayapyann #AirStrike #MyanmarNews #FreeVoiceMM
🤬1
🤬1
ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ မြို့ကြီး ၈ မြို့အထိ ပါဝင်လာပြီး ချောက်မြို့က ဒုတိယနေရာတွင်ရှိနေ

FVMM၊ ဧပြီ ၄ရက်၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် El Dorado Weather ဝဘ်ဆိုက်၏ ကမ္ဘာ့အပူချိန်အစွန်းရောက်မှုများ (World Temperature Extremes) စာရင်းအရ ကမ္ဘာ့အပူဆုံးဒေသများထဲတွင် မြန်မာနိုင်ငံမှ မြို့ကြီးများစွာ ပါဝင်နေကြောင်း တွေ့ရှိရပါတယ်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးနေရာအဖြစ် အိုမန်နိုင်ငံမှ Qalhat မြို့က ၄၅.၇ ဒီဂရီစင်တီဂရိတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး မြန်မာနိုင်ငံမှ ချောက်မြို့က ၄၄.၄ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့ဒုတိယအပူဆုံးမြို့အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

အဆိုပါစာရင်း၏ ထိပ်ဆုံး (၁၅) မြို့အတွင်း၌ မြန်မာနိုင်ငံမှ မြို့ကြီး ၈ မြို့အထိ စံချိန်တင်ပါဝင်နေပြီး မင်းဘူးမြို့က ၄၂.၆ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့က ၄၂.၂ ဒီဂရီစင်တီဂရိတ်တို့ဖြင့် အသီးသီး ရပ်တည်နေပါတယ်။

ထို့အပြင် မန္တလေး၊ မုံရွာ၊ ပြည်၊ ရွှေဘိုနှင့် တောင်ငူမြို့တို့သည်လည်း အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်နှင့် အထက်တွင် ရှိနေသောကြောင့် ကမ္ဘာ့အပူဆုံး မြို့များထဲ၌ ပါဝင်နေပါတယ်။

ယခုကဲ့သို့ အပူချိန်ပြင်းထန်နေချိန်တွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ရန် အောက်ပါနေထိုင်စားသောက်မှုပုံစံများကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

နေရောင်ခြည် အပြင်းဆုံးအချိန်ဖြစ်သည့် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ အပြင်သွားရန်ရှိပါက ထီး၊ ဦးထုပ် သို့မဟုတ် အမိုးအကာများ အသုံးပြုပြီး အပူစုပ်ယူမှုနည်းသော အလင်းရောင်ဖျော့ဖျော့ ပွပွချောင်ချောင် အဝတ်အထည်များကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ရန် ရေကို ခဏခဏ သောက်ပေးရပါမယ်။ ရေဓာတ်ဖြည့်တင်းပေးနိုင်သည့် အုန်းရည်၊ သံပရာရည်နှင့် ရွှေရင်အေး၊ မုန့်လက်ဆောင်းကဲ့သို့သော ရိုးရာအအေးစာများကို စားသုံးပေးနိုင်ပါတယ်။ သို့သော် ကဖင်းဓာတ်ပါသော အဖျော်ယမကာများနှင့် အရက်သေစာများကိုမူ ရေဓာတ်ပိုမို ကုန်ခမ်းစေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ပြင်းထန်သောအပူဒဏ်ကြောင့် အမောဖောက်ခြင်း၊ မူးဝေခြင်းနှင့် အပူလျှပ်ခြင်း (Heatstroke) တို့ မဖြစ်စေရန် ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ဆောင်ခြင်းကို လျှော့ချသင့်ပါတယ်။ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှု တစ်စုံတစ်ရာ ရှိလာပါက နီးစပ်ရာ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

#WeatherUpdate @FreeVoiceMM
🥰1
🥰1
မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို မြိုင်ပကဖက မြေပြင်နှင့် ဝေဟင်မှ ထိုးစစ်ဆင်တိုက်ခိုက်

FVMM၊ ဧပြီ ၆ရက်၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေစိုက်တပ်စွဲထားရာ မီးသတ်စခန်းကို မြိုင်ပကဖက မတ်လအတွင်း နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အတွင်းသတင်းပေးချက်အရ မတ်လ ၂၃ ရက်နေ့တွင် တစ်ကြိမ်နှင့် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် အကြမ်းဖက်စစ်တပ်၏ တပ်မတော်နေ့တွင် တစ်ကြိမ် အနီးကပ်ဝင်ရောက် ပစ်ခတ်ချေမှုန်းခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ပထမအကြိမ်တွင် သရက်ကွပျူစောထီးကျေးရွာမှ ပြောင်းရွှေ့လာသည့် ပျူစောထီး ၂ ဦး သေဆုံးခဲ့ပါတယ်။

ဒုတိယအကြိမ် တိုက်ခိုက်မှုတွင်လည်း အကြမ်းဖက်စစ်သား ၁ ဦး နံရိုးဖောက်ထွက်ဒဏ်ရာဖြင့် ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေရပြီး အခြေအနေမှာ အလွန်စိုးရိမ်ရသည့်အဆင့်တွင် ရှိနေပါတယ်။

ထို့အပြင် မတ်လ ၃၀ ရက်နေ့ ညနေ ၇:၃၀ နာရီအချိန်ခန့်တွင်လည်း မြိုင်မြို့ မီးသတ်စခန်းနှင့် အထက (၂) ကျောင်းကြား၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြိုင်ပကဖက ဒရုန်းဖြင့် ဗုံးသီး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

၎င်းတိုက်ခိုက်မှုကြောင့် သရက်ကွပျူစောထီး ၁ ဦးနှင့် စစ်ကောင်စီတပ်သား ၁ ဦး ထပ်မံသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မြိုင်ပကဖအနေဖြင့် မြိုင်မြို့အနီးအထိ ကပ်၍ မြေပြင်ရော ဝေဟင်ပါ စိုးမိုးထားပြီးဖြစ်ရာ စစ်ကောင်စီဘက်တော်သားများအနေဖြင့် အမြန်ဆုံး အလင်းဝင်ရောက်ကြရန် တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်တပ်ကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အခွင့်အရေးရသလို နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

#MyaingPDF #LocalNews #MagwayRegion #MyanmarResistance #DroneAttack #FreeVoiceMM #မြိုင်ပကဖ #သတင်း
🤬1
👎1
မြိုင်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းအင်အား အလွန်အကျွံသုံးပြု၍ ရက်ဆက်တိုက်ခိုက်၊ စစ်ဘေးရှောင်စခန်းများ ထိခိုက်ပျက်စီး

FVMM၊ ဧပြီ ၆ရက်၊ ၂၀၂၆

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုကာ အရပ်သားပြည်သူများရှိရာသို့ ရက်ဆက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းများထံမှတဆင့်​ သိရပါတယ်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်တွင် မြိုင်မြို့ အနောက်မြောက်ဘက်ခြမ်း၊ သံဘိုကြီးကျေးရွာအနီးသို့ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင် ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း မြိုင်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဖံလံကိုင်းရေနံမြေ ပတ်ဝန်းကျင်သို့ မကွေးနှင့် မိတ္ထီလာလေတပ်တို့မှ ဂျက်ဖိုက်တာ စုစုပေါင်း ၅ စီးဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ယနေ့ ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင်လည်း ပေါက်မြို့နယ် အနောက်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုသို့ တံတားဦးနှင့် မကွေးလေတပ်တို့မှ ဂျက်ဖိုက်တာများဖြင့် စုစုပေါင်း ၆ ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်တဲ ၇ လုံး ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ဒေသခံများ၏ ကျွဲ ၅ ကောင်၊ နွား ၃ ကောင် သေဆုံးကာ နွား ၂ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၂,၄၀၀ ထက်မနည်း ကျူးလွန်ထားကြောင်း မှတ်တမ်းများအရ သိရပါတယ်။

ဓာက်ပုံ - WeloveMyaing

#FreeVoiceMM
1🤬1