"လိုင်းပေါ်မှာအသံထွက်နေတဲ့ ကိစ္စတွေဆိုတာ အပေါ်ယံအလွှာလောက်ပဲရှိသေးတယ်။ အောက်မှာ ကျော်မကောင်းကြားမကောင်းတွေဆိုတာ အများကြီးပဲ… ဝေးလံသီခေါင်တဲ့နေရာကလူတွေက False Hope တွေကို ယုံနေကြတုန်းပဲ။ ကလေးတွေကအစ ဝင်ကုန်ကြတယ်။ ၁၅၊ ၁၆ နှစ်သားလေးတွေ ဝင်ရင်လည်း လက်ခံတာပဲ။ သူတို့မှာ ဘာအတွေးအခေါ်အခြေခံမှ ရှိသေးတာ မဟုတ်ဘူး။ သူတို့ရှေ့မှာ သေနတ်ကိုင်ပြီး ကြွယ်ပြကြတော့ ဝင်လာကြတာ… ဒီအချိန်ကတော့ ပွင့်ပွင့်လင်းလင်းအပြောသင့်ဆုံးအချိန်လို့ထင်တယ်။ လူစုဆောင်းတဲ့အခါ၊ စည်းရုံးရေးဆင်းတဲ့အခါမှာ ပွင့်ပွင်းလင်းလင်းပြောပြသင့်တယ်။ အရင်လို False Hope တွေနဲ့ဆိုရင် လုံးပါးပါးကုန်လိမ့်မယ်။ လူငယ်တွေလည်း အထိအခိုက်ပိုများသွားလိမ့်မယ်။"
▪️ကိုသော်ဒီ
တော်လှန်ရေးအတွင်းကလူသားတယောက်
လေးမျက်နှာစကားဝိုင်းမှ
▪️ကိုသော်ဒီ
တော်လှန်ရေးအတွင်းကလူသားတယောက်
လေးမျက်နှာစကားဝိုင်းမှ
❤3👍3
လက်နက်ကိုင်လမ်းစဉ်၏ ဝိရောဓိများကို ဆင်ခြင်ခြင်း
(လေးမျက်နှာစကားဝိုင်း)
__________________________________________
နွေဦးတော်လှန်ရေး အစောပိုင်းကာလ လူထုလှုပ်ရှားမှုတွေ ဖြိုခွဲဖိနှိပ်ခံရတဲ့အချိန်မှာ လက်နက်စွဲကိုင်တော်လှန်ဖို့ လိုအပ်တယ်ဆိုပြီး ပြည်သူအများက စဉ်းစားလာကြပါတယ်။ ဒါကြောင့် လူငယ်အများအပြားဟာ တိုင်းရင်းသားဒေသတွေမှာ စစ်ပညာသွားရောက်သင်ကြားပြီး လက်နက်စွဲကိုင်တိုက်ပွဲဝင်ရာကနေ ပြီးခဲ့တဲ့ ငါးနှစ်တာကာလလျှောက်လုံး လက်နက်ကိုင်လမ်းစဉ်အနေနဲ့ တနိုင်ငံလုံးအဆင့် အားကောင်းခဲ့ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ဟာ ဒီလိုမျိုး သမိုင်းနဲ့ချီအောင် အားကောင်းနေပေမယ့် လက်နက်ကိုင်လမ်းစဉ်အပေါ် အတွင်းကျကျဆင်ခြင်သုံးသပ်မှုတွေ၊ အယူအဆမတူညီမှုအပေါ် အပြန်အလှန် ပြောဆိုဆွေးနွေးမှုတွေကတော့ အားနည်းနေဆဲဖြစ်ပြီး ထောက်ခံသူတွေအကြား အပြန်အလှန်ကြုံးဝါးပြောဆိုကြတာတွေပဲ အားကောင်းနေပါတယ်။
ဒါကြောင့် အခုအပါတ် လေးမျက်နှာ စကားဝိုင်းကိုတော့ လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအတွက် ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ဖို့ စီစဉ်ထားပါတယ်။
၁။ လက်နက်ကိုင်လမ်းစဉ်မှာပါဝင်နေသူတွေအနေနဲ့ အကျိုးအပြစ်တွေကို ဆင်ခြင်နားလည်ပြီး ရွေးချယ်လုပ်ဆောင်တာလား။ စစ်တပ် သို့မဟုတ် အခြေအနေတွေရဲ့ တွန်းပို့ခြင်း ခံလိုက်ရတာလား။
၂။ လက်နက်ကိုင်လမ်းစဉ်ကနေ ဘယ်လိုမျိုး အောင်မြင်သွားဖို့ မှန်းထားလဲ။ အဲဒီအတွက် အချိန်၊ လူ ဘယ်လောက်ပေးဆပ်ရဖို့ မျှော်မှန်းထားလဲ။
၃။ စစ်အနိုင်တိုက်ရေးက တော်လှန်ရေးအောင်မြင်ဖို့ တခုတည်းသော နည်းလမ်းလား။ ဒါမှမဟုတ် နောက်ဆုံးအဖြေလား စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
📌နေ့ရက် -ဇန်နဝါရီ ၂၁ ရက်နေ့ ဗုဒ္ဓဟူးနေ့၊ မြန်မာချိန် ည ၇ နာရီ
📌 Zoom Link - https://us02web.zoom.us/j/83264758695
📌Zoom ID - 832 6475 8695 (password မလိုပါ)
▪️လေးမျက်နှာကတော့ မည်သည့်ရပ်တည်ချက်၊ သဘောထားအမြင်ရှိပါစေ မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ဒိုင်ယာလောခ့်ရပ်ဝန်းဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်မှာ တနည်းနည်းနဲ့ ပါဝင်နေသူများ၊ ယုံကြည်ထောက်ခံနေသူများ၊ နိုင်ငံရေး/တော်လှန်ရေးစိတ်ဝင်စားသူများ တက်ရောက်ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်လိုက်ပါတယ်။
#armstruggle
#reflection
#FourCorners

Zoom
Join our Cloud HD Video Meeting
Zoom is the leader in modern enterprise cloud communications.
❤2
Audio
လက်နက်ကိုင်လမ်းစဉ်၏ ဝိရောဓိများကို ဆင်ခြင်ခြင်း
ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ
ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ
"ရလဒ်အရ နိုင်မယ်၊ မနိုင်မယ်ဆိုတာ မသေချာပေမယ့် အကျိုးဆက်အနေနဲ့ အပျက်အစီးအဆုံးအရှုံးတွေကတော့ မျက်ဝါးထင်ထင် တွေ့ရတယ်။ ရလဒ်က မသေချာပေမယ့် အပျက်အစီးတွေကြားထဲမှာ သွားနေတာဟာ ပြောရမယ်ဆိုရင် မှောင်နေတဲ့လမ်းမှာ စမ်းတဝါးဝါးလျှောက်နေသလို ဖြစ်နေမလား။ ဆိုတော့ အရမ်းအန္တရာယ်ကြီးတယ်လို့ ထင်တယ်။"
▪️HMM
လက်နက်ကိုင်လမ်းစဉ်၏ ဝိရောဓိများကို ဆင်ခြင်ခြင်း
လေးမျက်နှာစကားဝိုင်းမှ
▪️HMM
လက်နက်ကိုင်လမ်းစဉ်၏ ဝိရောဓိများကို ဆင်ခြင်ခြင်း
လေးမျက်နှာစကားဝိုင်းမှ
ပြည်သူလူထု လုံးဝလက်မခံဘူးဆိုရင် ဘယ်သူမှ စစ်တိုက်ဖို့ ဆန္ဒရှိမှာမဟုတ်ဘူး… ကျွန်တော်တို့မှာ ပြန်စဉ်းစားဖို့ရှိတာက လက်နက်ကိုင်လမ်းစဉ်အပြင် တခြားရွေးချယ်စရာရှိသေးလားဆိုတာပဲ။ လက်နက်ကိုင်လမ်းစဉ်ဟာ ပြည်သူတွေကြားထဲက ပေါက်ဖွားလာတာဖြစ်တယ်။ ဘယ်သူကမှ လက်နက်ကိုင်ပါလို့ တိုက်တွန်းနေတာ မဟုတ်ဘဲ ကိုယ့်ရဲ့ ဆန္ဒအလျောက်၊ နိုင်ငံရေးသိမှုအလျောက် လက်နက်ကိုင်စွဲနေကြတာဖြစ်တယ်။
ကိုသင့်နွေ
လက်နက်ကိုင်လမ်းစဉ်၏ ဝိရောဓိများကို ဆင်ခြင်ခြင်း
လေးမျက်နှာစကားဝိုင်းမှ
ကိုသင့်နွေ
လက်နက်ကိုင်လမ်းစဉ်၏ ဝိရောဓိများကို ဆင်ခြင်ခြင်း
လေးမျက်နှာစကားဝိုင်းမှ
❤4
၂၀၂၆ မှာ ဘာတွေမျှော်လင့်လို့ရနိုင်မလဲ
လေးမျက်နှာစကားဝိုင်း
___________________________________________
စစ်တပ်ရဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ဖြစ်တည်ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ငါးနှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကာလတလျှောက်မှာတော့ မကြာခင်အောင်မြင်မယ်ဆိုတဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေနဲ့ တက်တက်ကြွကြွရှိခဲ့ကြပေမယ့် အခုချိန်မှာတော့ တော်လှန်ရေး မကြာခင်ပြီးမယ်ဆိုတာဟာ ပြည်သူတွေအတွက် ယုံကြည်ဖို့ ခက်လာပါတယ်။
စစ်ရေးနိုင်ငံရေးသုံးသပ်သူတွေကတော့ လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ အနိုင်အရှုံးရလာဒ်မထွက်ဘဲ Stalemate အဖြစ်သာ ကာလရှည်ကြာသွားမယ်လို့ တွက်ဆနေကြပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက အဓိကအတိုက်အခံတွေ မပါနိုင်တဲ့ ရွေးကောက်ပွဲကနေ အရပ်သားအစိုးရအသွင်သဏ္ဍာန်တရပ် ပေါ်ထွက်လာအောင် ကြိုးပမ်းနေပါတယ်။
ဒီလိုမျိုး အပြောင်းအလဲတွေ၊ အချိုးအကွေ့တွေ၊ အတက်အကျတွေနဲ့ ပြည့်နှက်နေတဲ့ ၂၀၂၆ မှာ ပြည်သူတွေအနေနဲ့ ဘယ်လိုအခြေအနေတွေ၊ ဘယ်လိုအကျိုးဆက်တွေကို မျှော်လင့်လို့ရနိုင်ဦးမလဲဆိုတာနဲ့ပတ်သက်ပြီး ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် အခုအပါတ် လေးမျက်နှာစကားဝိုင်းကို စီစဉ်ထားပါတယ်။
ဒီစကားဝိုင်းမှာတော့ -
တော်လှန်ရေးရဲ့ ပကတိအရှိတရားကို ဘယ်လိုမျိုး ရှုမြင်ကြလဲ။
၂၀၂၆ မှာ ပြည်သူတွေအနေနဲ့ ဘာတွေမျှော်လင့်လို့ရနိုင်မလဲ။
၂၀၂၆ မှာ ဘာတွေကို ဦးစားပေးလုပ်ဆောင်ဖို့ လိုမလဲ စတဲ့မေးခွန်းတွေကို ဆန်းစစ်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
📌နေ့ရက် -ဖေဖော်ဝါရီ ၄ ရက်နေ့ ဗုဒ္ဓဟူးနေ့၊ မြန်မာချိန် ည ၇ နာရီ
📌 Zoom Link - https://us02web.zoom.us/j/86224657494
📌Zoom ID - 862 2465 7494 (password မလိုပါ)
▪️လေးမျက်နှာကတော့ မည်သည့်ရပ်တည်ချက်၊ သဘောထားအမြင်ရှိပါစေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ဒိုင်ယာလောခ့်ရပ်ဝန်းဖြစ်ပါတယ်။ မတူညီတဲ့အမြင်တွေ အသံတွေကို အပြန်အလှန် မျှဝေနားထောင်ခြင်းဖြင့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သင်ကိုယ်တိုင်ပါဝင်လိုက်ပါ။
#2026 #RealityCheck
#FourCorners #Dialogue

❤5👍2
"သက္ကမိုးညိုနှင့် တွေ့ဆုံမေးမြန်းခြင်း"
(လေးမျက်နှာ အင်တာဗျူးအစီအစဉ်)
_______________________________________________
ဗစ်တိုးရီးယားအမှုမှာ တရားမျှတမှုရရှိဖို့ တက်ကြွလှုပ်ရှားရာကနေ အွန်လိုင်းမှာ လူသိများလာတဲ့ သက္ကမိုးညိုကို နွေဦးတော်လှန်ရေးမှာတော့ အငြင်းပွားဖွယ်ရာ လူပုဂ္ဂိုလ်တဦးအဖြစ် ရှုမြင်ကြပါတယ်။
အားပေးသူတွေကတော့ သက္ကမိုးညိုကို ကိုယ်တိုင်လည်း CDM လှုပ်ရှားမှု အစောဆုံးပါဝင်ခဲ့သူတဦး ဖြစ်တဲ့အပြင် နွေဦးတော်လှန်ရေးအတွက် တက်တက်ကြွကြွစည်းရုံးခဲ့သူ၊ တဖန် တော်လှန်ရေးကာလကြာမြင့်လာတဲ့အခါမှာလည်း တော်လှန်ရေးအစိုးရ NUG ရဲ့ အားနည်းချက်တွေကို မညှာတမ်း သုံးသပ်ဝေဖန်ထောက်ပြသူ၊ တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေကို ဖော်ကောင်လုပ်သူ (Whistleblower) အဖြစ် ရှုမြင်ကြပါတယ်။ သို့သော် တဖက်မှာလည်း NUG အစိုးရ အဖွဲ့ကို အတိုက်အခံ ပြုလုပ်သူ၊ တတိယအင်အားစု Third Party အဖြစ် အာဏာပြိုင်လိုသူ၊ တော်လှန်ရေးကို ပျက်ပြားစေသူအဖြစ် အမြင်မကြည်ကြသူတွေလည်း ဒုနဲ့ဒေး ရှိပါတယ်။
ဒီလိုမျိုး အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သက္ကမိုးညိုရဲ့တော်လှန်ရေးဖြတ်သန်းမှုနဲ့ အတွေးအမြင်တွေကို ပြည်သူတွေအကြား ကိုယ်တိုင်တိုက်ရိုက် မေးမြန်းနိုင်ဖို့အတွက် လေးမျက်နှာအင်တာဗျူးအစီအစဉ်ကနေ ဖိတ်ကြားထားပါတယ်။
ဒီလေးမျက်နှာ အင်တာဗျူးအစီအစဉ်မှာတော့ သက္ကမိုးညိုရဲ့ -
၁) တော်လှန်ရေးနဲ့ လူ့အခွင့်အရေးအတွက် ဖြတ်သန်းမှုခရီးလမ်း
၂) နွေဦးတော်လှန်ရေး ၅ နှစ်တာ ဖြတ်သန်းမှု ရှုမြင်ဆန်းစစ်ချက်
၃) ရှေ့ဆက်အကြံပြုချက်များကို မေးမြန်းဆွေးနွေးသွားမှာဖြစ်ပါတယ်။
နေ့ရက် - ဖေဖော်ဝါရီ ၁၈ ၊ မြန်မာချိန် ည ၇ နာရီ
📌နေ့ရက် -ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့၊ မြန်မာချိန် ည ၇ နာရီ
📌 Zoom Link - https://us02web.zoom.us/j/86762791129
📌Zoom ID - 867 6279 1129 (password မလိုပါ)
▪️လေးမျက်နှာကတော့ မည်သည့်ရပ်တည်ချက်၊ သဘောထားအမြင်ရှိပါစေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ဒိုင်ယာလောခ့်ရပ်ဝန်းဖြစ်ပါတယ်။ မတူညီတဲ့အမြင်တွေ အသံတွေကို လေးစားမှုဖြင့် အပြန်အလှန် မျှဝေနားထောင်ကာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သင်ကိုယ်တိုင်ပါဝင်လိုက်ပါ။
#သက္ကမိုးညို #အင်တာဗျူး
#fourcorners

❤6🤣4👍2😱2👀2👎1
Audio
"သက္ကမိုးညိုနှင့် တွေ့ဆုံမေးမြန်းခြင်း"
လေးမျက်နှာ အင်တာဗျူး မှတ်တမ်းအသံဖိုင် နားဆင်နိုင်ပါပြီ

❤3👍2
သက္ကမိုးညိုနှင့်_တွေ့ဆုံမေးမြန်းခြင်း_လေးမျက်နှာ.mp4
1.1 GB
"သက္ကမိုးညိုနှင့် တွေ့ဆုံမေးမြန်းခြင်း"
လေးမျက်နှာအင်တာဗျူးအစီအစဉ် မှတ်တမ်းရုပ်သံဖိုင် ကြည့်ရှုနိုင်ပါပြီ

❤6😁1
မြန်မာဖြစ်မှုကို ရှာဖွေခြင်း (၁)
(လေးမျက်နှာစကားဝိုင်းစီးရီး)
_______________________________
နှစ်ပေါင်းများစွာရှည်ကြာနေတဲ့ ပြည်တွင်းစစ်၊ စစ်အာဏာရှင်စနစ်နဲ့ ပဋိပက္ခတွေကြောင့် မြန်မာလူ့အဖွဲ့အစည်းဟာ ကပ်ကြီးသုံးပါး ရင်ဆိုင်နေရတဲ့အပြင် ယခုအခါမှာလည်း ခက်ခဲကြမ်းတမ်းတဲ့ အချိန်တခုကို ဖြတ်သန်းနေရပါတယ်။ ဒါ့အပြင် မြန်မာလို့ဆိုလိုက်တာနဲ့ ဂုဏ်ယူစရာရှားပါးပြီး အနှိမ်ခံ၊ ရှက်စရာ၊ သိမ်ငယ်စရာအဖြစ် ရှုမြင်လာခြင်းကလည်း မြန်မာလူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတခုဖြစ်နေပါတယ်။ တဖန် ခွဲခြားခြင်းခံရတဲ့ အမှတ်သရုပ်တွေအနေနဲ့လည်း မြန်မာဖြစ်ခြင်းအပေါ် ဆက်နွယ်မှု မခံစားရတော့တာကြောင့် မတူညီမှုတွေအကြား အက်ကြောင်းတွေပိုဟသွားစေပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ ဒီလိုအခြေအနေမျိုးတွေကို ကျော်လွှားပြီး ငြိမ်းချမ်းတိုးတက်တဲ့ လူ့အဖွဲ့အစည်းအသစ်ကို တည်ဆောက်နိုင်ဖို့အတွက် အားလုံးပါဝင်နိုင်တဲ့ အမှတ်သရုပ်တခုပေါ်ထွက်လာရေး စုပေါင်းရုန်းကန်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် အဲသလိုအမှတ်သရုပ်မျိုး စိတ်ကူးယဉ်ပုံဖော်နိုင်ဖို့ ရည်ရွယ်ပြီး “မြန်မာဖြစ်မှုကို ရှာဖွေခြင်း” စကားဝိုင်းစီးရီးကို လေးမျက်နှာကနေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
📌ဒီစကားဝိုင်းရဲ့ ပထမဆုံး အဖွင့်ဆွေးနွေးချက်မှာတော့
၁) လက်ရှိမှာ မြန်မာဖြစ်မှုကို ဘယ်အရာတွေက သတ်မှတ်ထားတာလဲ။
၂) မြန်မာဖြစ်မှုက အတင်းအကြပ်ဖိနှိပ်မှုလား၊ မိမိတို့ကိုယ်တိုင် ရွေးချယ်မှုလား။
၃) အနာဂတ်မှာ မြန်မာတယောက်ဖြစ်ဖို့ ဘယ်လိုမျိုး အရာတွေနဲ့ စည်းနှောင်သတ်မှတ်စေချင်သလဲ .... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
📌နေ့ရက် - မတ်လ ၄ ရက်နေ့ ဗုဒ္ဓဟူးနေ့၊ မြန်မာချိန် ည ၇ နာရီ
📌 Zoom Link - https://us02web.zoom.us/j/86224657494
📌Zoom ID - 862 2465 7494 (password မလိုပါ)
▪️လေးမျက်နှာကတော့ မည်သူမဆို မည်သည့်ရပ်တည်ချက်၊ သဘောထားအမြင်ရှိပါစေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ဒိုင်ယာလောခ့်ရပ်ဝန်းဖြစ်ပါတယ်။ အပြန်အလှန် မျှဝေနားထောင်တဲ့ ဒိုင်ယာလောခ့်ယဉ်ကျေးမှုမှာ ပါဝင်ခြင်းဖြင့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သင်ကိုယ်တိုင်ပါဝင်လိုက်ပါ။
#Exploring_Burmese_Identity_1
#Four_Corners_Series

❤5
“လေးမျက်နှာနှင့်အတူ ဒိုင်ယာလောခ့်ယဉ်ကျေးမှုအရွေ့မှာ ပါဝင်လိုက်ပါ။”
(လုပ်အားပေးများဖိတ်ခေါ်ခြင်း)
________________________________
ပြီးခဲ့သည့် တော်လှန်ရေးငါးနှစ်တာကာလတွင် အရပ်ဘက်ရပ်ဝန်းများ ကျဉ်းမြောင်းလာခြင်း၊ မီဒီယာများ ဝါဒဖြန့်ချိရေးဆန်လာခြင်း၊ ဆိုရှယ်မီဒီယာယဉ်ကျေးမှုအရ သည်းခံနိုင်စွမ်းနည်းပြီး အကွဲအဟများခြင်းတို့ကြောင့် ဒိိုငယာလောခ့်ရပ်ဝန်းများ ရှားပါးလာသည်။ သို့ဖြစ်ရာ အကျိုးဆက်အနေနှင့် မတူညီသောရှုထောင့်များမှ ကျေကျေလည်လည် နားလည်သုံးသပ်၍ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲလာသလို ညှိနှိုင်းဖြေရှင်းမှုအလေ့အထများလည်း အားနည်းလာကာ တဖက်သားအပေါ် အင်အားသုံးဖိနှိပ်သည့်၊ သို့မဟုတ် စွပ်စွဲတိုက်ခိုက်သည့် ဓလေ့များ ပိုမိုအားကောင်းလာလျက်ရှိနေသည်။
ဤကဲ့သို့ စစ်ဝါဒခေါင်းထောင်လာမှုကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် Freedom Fighter Myanmar အဖွဲ့အနေဖြင့် လေးမျက်နှာစကားဝိုင်းအစီအစဉ်ကို ၂၀၂၂ ဇန်နဝါရီမှ စတင်ကာ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ပါသည်။ မည်သူမဆို မည်သည့်ရပ်တည်ချက်အမြင်ရှိပါစေ၊ မိမိတို့၏ အတွေးအမြင်၊ ခံစားချက်များကို လွတ်လပ်စွာ မျှဝေနိုင်သည့် ဒိုင်ယာလောခ့်ရပ်ဝန်းတခုအဖြစ် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ရလဒ်အားဖြင့် လေးမျက်နှာသည် ဆိုရှယ်မီဒီယာနှင့် ပင်မရေစီကြောင်းမီီဒယာများတွင် ပါဝင်ဆွေးနွေးရန် ခက်ခဲသော ကွဲပြားသည့်အမြင်ရှိသူများ ဆုံတွေ့ရာ ဒိုင်ယာလောခ့်ရပ်ဝန်းအဖြစ် ထွက်ပေါ်လာကာ ပြည်သူများ၏ အသံကို အပြန်အလှန်ဖလှယ်ပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်တွေးတောမှုများကို ပြုလုပ်နိုင်ခဲ့ပါသည်။
ယခုအခါ လေးမျက်နှာစကားဝိုင်း ဆွေးနွေးမှုများကို ပြည်သူအများသို့ ပိုမိုအားကောင်းစွာ ပျံနှံ့ရောက်ရှိစေဖို့အတွက် အလုပ်အဖွဲ့အား တိုးချဲ့ရန် စီစဉ်ထားပါသည်။ သို့ဖြစ်၍ အဆိုပါ အလုပ်အဖွဲ့အတွက် အောက်ဖော်ပြပါ လုပ်အားပေးနေရာများကို ဖိတ်ခေါ်လိုပါသည်။
၁။ Content Writer (လူဦးရေ ၁-၂)
Content Writer သည် လေးမျက်နှာဆွေးနွေးချက်များကို နားထောင်လေ့လာကာ အများပြည်သူ သိရှိသင့်သည့်အကြောင်းအရာများကို ကောက်နုတ်ခြင်း၊ ဆောင်းပါးမှတ်တမ်းရေးသားခြင်းများ ပြုလုပ်ရန်ဖြစ်သည်။ တဖက်တွင်လည်း ဒိုင်ယာလောခ့်ယဉ်ကျေးမှု အားကောင်းစေရန် ပညာပေးဆောင်းပါးများကို တီထွင်ဆန်းသစ်စွာ ရေးသားရန် ဖြစ်သည်။ ဒိုင်ယာလောခ့်၊ ပဋိပက္ခဖြေရှင်းရေးနှင့် လူမှုနိုင်ငံရေး စသည့်နယ်ပယ်များကို စိတ်ဝင်စားလေ့လာသူ၊ သို့မဟုတ် ဆက်လက်လုပ်ဆောင်လိုသူဖြစ်ပြီး စာရေးကောင်းသူဖြစ်ရမည်။
၂။ Video Creator (လူဦးရေ ၁)
Video Creator သည် လေးမျက်နှာဆွေးနွေးချက်များကို လူအများစိတ်ဝင်စားစေမည့် ဗီဒီယိုဇာတ်လမ်းအတိုများအဖြစ် ဖြန့်ဝေနိုင်ရန် ဖြစ်သည်။ ရုပ်သံတည်းဖြတ်ခြင်း ၊ Graphic Design ၊ Animation ပြုလုပ်ခြင်း များကို ရင်းနှီးကျွမ်းဝင်ကာ ဆိုရှယ်မီဒီယာပလတ်ဖောင်းများ(ဥပမာ TikTok, Instagram, YouTube)နှင့် ထိတွေ့ရင်းနှီးမှုရှိရမည်။
📌လုပ်အားပေးကာလ - ဧပြီ - ဇွန် ၂၀၂၆
📌ခံစားခွင့်များ
▪️လိုအပ်ပါက Internet Allowance စီစဉ်ခြင်းမှလွဲပြီး တခြားသော ငွေကြေးခံစားခွင့်မရှိပါ။
▪️Freedom Fighter မှဖွင့်လှစ်လျက်ရှိသည့် သင်တန်းများတွင် ဝင်ရောက်လေ့လာနိုင်သည်။
▪️စိတ်ဆန္ဒရှိပါက လုပ်အားပေးကာလပြီးမြောက်သည့်အချိန်တွင် Freedom Fighter အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ပါသည်။
📌ဘယ်လိုလူတွေ လျှောက်ထားသင့်သလဲ
▪️ဒိုင်ယာလောခ့်ရပ်ဝန်း၊ယဉ်ကျေးမှုများ၏ အရေးပါမှုကို လက်ခံယုံကြည်သူ
▪️လူမှုနိုင်ငံရေးအခြေအနေနှင့် အတွေးအမြင်သစ်များကို အတွင်းကျကျ လေ့လာလိုသူ
▪️တပါတ်လျှင် မိမိအချိန် ၅ - ၁၀ နာရီ ခန့်ကို အများအကျိုးအတွက် အသုံးပြုလိုသူ
📌လျှောက်ထားလိုပါက -
မိမိအကြောင်း မိတ်ဆက်၊ လေးမျက်နှာသို့ လျှောက်ထားလိုသည့် ရည်ရွယ်ချက်၊ မိမိအနေဖြင့် မည်သို့ ပံ့ပိုးပါဝင်နိုင်မည် စသည့်အကြောင်းအရာများကို PDF ဖိုင်ဖြင့် A4 (နှစ်မျက်နှာ) ထက်မကျော်ဘဲ ရေးသားကာ fourcorners.mm@proton.me သို့ မတ်လ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။
#volunteer #contentwriter #videocreator
#fourcorners #dialogue