တပ်ကြပ်ကြီးဖိုးကွန်း
21.8K subscribers
10.8K photos
1.1K videos
723 links
Download Telegram
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲
ရွာငံဒေသတွင် NLD အမတ် ထွန်းထွန်းနိုင် ခေါင်းဆောင်သည့် ဓနုလူမျိုးအမည်ခံ PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ပြည်သူ ၂ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦး ကို ပြန်ပေးဆွဲသွားလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေ

ရွာငံ၊ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်ရှိ မျှားကလေးကျေးရွာသားနှစ်ဦးကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း PDF အကြမ်း ဖက်အဖွဲ့က ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးကို ပြန်ပေးဆွဲသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ဓနုလူမျိုးအမည်ခံ PDF အကြမ်းဖက်အဖွဲ့သည် မျှားကလေးကျေးရွာသို့ ရောက်ရှိလာပြီး ဦးလှမင်း(စျေးရောင်းနေသူ) နှင့် ဦးမင်းတေဇ(အရောင်းအဝယ်လုပ်သူ)တို့ နှစ်ဦးကို အကြောင်းမဲ့ ရက်စက်စွာ ဓားဖြင့် ထိုးသတ်ခဲ့ပြီး ဦးလှမင်း၏ သမီးဖြစ်သူ မအိရွှေဇင်မင်း(သူနာပြု)
နှင့် တစ်ရွာတည်းနေ မောင်ဆန်းလွင်ထူး(လျှပ်စစ်ဝန်ထမ်း)တို့ကိုလည်း အတင်းအဓမ္မ ထိုးကြိတ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း မျှားကလေးဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "အရင်က ဒီဒေသက နေရတာ အေးအေးချမ်းချမ်းနဲ့ပဲ။ အခုကျ PDF ဆိုလားပဲ အဲ့အဖွဲ့တွေ ရောက်လာမှ ကျနော်တို့တတွေ နေထိုင်ရတာ မလုံခြုံသလို ခံစားရတယ်။ ဘယ်အချိန် ကိုယ့်ကို အပြစ်ရှာပြီး သတ်သွားမလဲဆိုတာ။ အခုသတ်ခံရတဲ့သူတွေက အေးအေးဆေးဆေး နေတဲ့သူတွေ ဘာလို့သတ်လဲတော့ မသိဘူး။ "ဟု MSM သို့ ပြောပါတယ်။

ဓနုလူမျိုးအမည်ခံ PDF အကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့် မအိရွှေဇင်မင်း(သူနာပြု)နှင့် မောင်ဆန်းလွင်ထူး(လျှပ်စစ်ဝန်ထမ်း)တို့သည် ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသည့်အတွက် ၎င်းတို့နှစ်ဦးကို သတ်ဖြတ်လိုက်တာလား ဒါ့မှမဟုတ် အနှိပ်စက်ခံနေရတာလား မသိရှိရသေးသည့်အတွက် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း သိရပါတယ်။

အလားတူ နွားဘန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းဖေကိုလည်း သြဂုတ်လ ၂၄ ရက်နေ့ညက ဓနု PDF အဖွဲ့နှင့် ပူးပေါင်းနေသည့် ရွာငံ PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ အဆိုပါ PDF အဖွဲ့က ပြောပါတယ်။

တည်ငြိမ်အေးချမ်းနေတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ၊ ပင်းတယဒေသတွင် NLD အမတ်ထွန်းထွန်းနိုင် ဦးဆောင်သည့် PDF အမည်ခံအဖွဲ့များ ဝင်ရောက်လှုပ်ရှားမှုကြောင့် ဒေသခံများအနေဖြင့် နေ့စဥ်နဲ့အမျှ  စိုးရိမ်ထိတ်လန့်စွာ နေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောသည်။


#Sai Naung
#Mawshan Myay Media
Forwarded from BAK24News (Joel Miller)
PLNO/PNLA အဖွဲ့က ရွာထဲဘုန်းကြီး ကျောင်းမှာ တပ်စွဲထားပြီး ဒေသခံတွေဆီက ကျည်ဆံဝယ်ရန် တစ်အိမ်တစ်သိန်း လိုက်တောင်းနေ၊ ဒေသခံတွေက တိုက်ပွဲဖြစ်မှာ ကြောက်ပြီး ထွက်ပြေးနေရ

ဟိုပုံး၊ ဇန်နဝါရီ ၃၀

ဆီဆိုင်မြို့နယ်အတွင်း KNDF/PDF/PNDF-KK ပူးပေါင်းအကြမ်းဖက်အဖွဲ့နှင့်အတူ ပူးပေါင်း၍ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေသော PNLO/PNLA အဖွဲ့ဝင် ခွန်ရိုင်းခေါင်းဆောင်သော PNLA အဖွဲ့သည် ဘန်းယဥ်မြို့နယ်ထဲက ထမ်ယမ်းကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ထမ်ယမ်း၊ ထီးတန်၊ ပန်အွန့်၊ နားခိုက်နှင့် ဖက်နွမ့်ကျေးရွာအသီးသီးရှိ ဒေသခံပြည်သူများထံမှ အိမ် ထောင်စု တစ်စုလျှင် ငွေတစ်သိန်းနှင့် ဆန်တစ်ခွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ စ၍ အတင်းအဓမ္မ တောင်းယူကောက်ခံနေတယ်လို့ သိရပါတယ်။

အဆိုပါ PNLA အဖွဲ့ဝင်များအနေဖြင့်ကျေးရွာ အတွင်း ဝင်ရောက်တပ်စွဲထားခြင်းကြောင်း ဒေသခံပြည်သူများမှ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

#Photo... CJ
#Mawshan Myay Media
Forwarded from Mawshan Myay Media
လားရှိုးမြို့၌ ဗုံးဖောက်ခွဲမှုများပြုလုပ်နေသည့် KIA အကြမ်းဖက်သမား(၄)ဦးအား TNLA အမာခံသတင်းပေးများ၏ လျှို့ဝှက်သတင်းပေးမှုကြောင့် လက်နက်/ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရ

လားရှိုး၊ ဖေဖော်ဝါရီ ၉

ရှမ်းမြောက်ဒေသ လားရှိုးမြို့မှာ အတင်းအဓမ္မ ဆက်ကြေးကောက်၊ ဆက်ကြေးမပေးပါက ဗုံးခွဲ ခြိမ်းခြောက်နေသည့် KIO/KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၊ တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင် (၄)ဦးအား Type-56(၂)လက်၊ GLOCK ပစ္စတို (၃)လက်နှင့် ဆက်စပ်ပစ္စည်းများ၊ မိုင်းမျိုးစုံနှင့် ဆက်ကြေးကောက်ရာတွင် အသုံးပြုသည့် ဆက်ကြေးစာရွက်(၁၈၀)ရွက်တို့နှင့် အတူ သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံရသည့် KIO/KIA အဖွဲ့မှ ဆက်ကြေးမပေးသည့် လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အကြောင်းမဲ့မိုင်းခွဲမှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#Mawshan Myay Media