ဗမာတွေတလွဲဆံပင်ကောင်းနေတယ်
"ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့တလွဲဆံပင်ကောင်းနေကြတယ်။ဗမာဗမာချင်းချဖို့လုပ်နေတယ်"ဆိုတဲ့ဗိုလ်ချုပ်အောင်ဆန်းစကားဟာ အခုတိုင်းပြည်မှာဖြစ်ပျက်နေတာတွေနဲ့ကွက်တိ ဖြစ်နေပါတယ်။
အခုဝါးအစည်းပြေသလိုဖြစ်နေတဲ့ စည်းလုံးညီညွတ်ရေးပျက်ပြားမှုကြောင့် တိုင်းပြည်စစ်မီးတောက်လောက်နေရတာ ဗမာဗမာချင်းချချင်တဲ့တလွဲဆံပင်ကောင်းစိတ်တွေကြောင့် ဖြစ်ပါတယ်။
သမိုင်းဖြစ်စဥ်တွေမှာလည်း ဗမာတွေစည်းလုံးညီညွတ်ချိန်မှာ အင်ပါယာတွေတည်ထောင်နိုင်ခဲ့ကြပြီး အချင်းချင်းပြန်ချနေကြတဲ့ညီညွတ်မှုပျက်ပြားချိန်မှာတိုင်းပြည်ဖရိုဖရဲ ပြိုလဲခဲ့ကြရပြီးဖြစ်ပါတယ်။
ဒီမိုကရေစီလိုချင်လို့ စစ်အာဏာရှင်ကိုတော်လှန်မယ်ဆိုပြီး ဒီမိုကရေစီဆိုတာမူးလို့တောင်ရှူစရာမရှိတဲ့ စစ်ဘုရင်ဝါဒီ တွေဆီမှာ ကျွန်ခံပြီးရှေ့ကအသေခံတိုက်ပွဲဝင်နေတာကတော့ ဗမာဗမာချင်းချတဲ့စစ်ပွဲမှာ အကျည်းတန်ဆုံးသမိုင်းဖြစ်စဥ်အဖြစ်မှတ်တမ်းဝင်သွားတော့မှာ ဖြစ်ပါတယ်။
၂၀၁၄သန်းခေါင် စာရင်းအရ လူဦးရေ၅၆သန်းရှိရာမှာလူဦးရေစုစုပေါင်းရဲ့၇၀ရာခိုင်နှုန်းနီးပါးက ဗမာလူမျိုးဖြစ်တဲ့အတွက် တိုင်းပြည်စည်းလုံးညီညွတ်ရေးဆိုတာဗမာအချင်းချင်းစည်းလုံးညီညွတ်မှု ရှိမှရပါမယ်။
ဗမာအချင်းချင်းစည်းလုံးညီညွတ်မှုပျက်ပြားနေသမျှ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံသောင်းကျန်းသူနဲ့ပြည်ပဂယက် အရှိန်မြင့်မားနေမှာဖြစ်လို့ တိုင်းပြည်စည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပျက်ပြားနေမှာ ဖြစ်ပါတယ်။
တိုင်းပြည်လူဦးရေရဲ့၇၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ဗမာတွေစည်းလုံးညီညွတ်မှသာ တစ်နိုင်ငံလုံးစည်းလုံးညီညွတ်မှုရမှာဖြစ်လို့ ဗမာတွေစည်းလုံးညီညွတ်ကြဖို့လိုပါတယ်။
လက်ရှိတိုင်းပြည်ရဲ့စစ်ပွဲတွေဟာ သွေးရိုးသားရိုးဒီမိုကရေစီအရေးဖက်ဒရယ်အရေး စစ်ပွဲတွေမဟုတ်ဘဲကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုအားပြိုင်ပွဲ မှာကြားခံအားစမ်းကွင်းအဖြစ် အသုံးချခံနေရတယ်ဆိုတာကို အမြင်ကျယ်ကျယ်နဲ့ကြည့်တတ်ကြဖို့လိုပါတယ်။
လူများစုဗမာအချင်းချင်းညီညွတ်ရေး၊လူနည်းစုတိုင်းရင်းသားအချင်းချင်းညီညွတ်ရေးပျက်ပြားနေသမျှ တိုင်းပြည်နဲ့လူထုဟာ စစ်ဘေးဒုက္ခသည်ဘဝက လွတ်မြောက်နိုင်မှာ မဟုတ်သလို ပြည်ထောင်စုပြိုကွဲပြီးအစိတ်စိတ်အမွှာမွှာ ပျက်စီးသွားနိုင်တဲ့အတွက် ပြည်ပ နဖားကြိုးထိုးဘဝက လွတ်မြောက်တဲ့စည်းလုံးညီညွတ်ရေးကိုအရေးတကြီးပြန်တည်ဆောက်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
#ThaungLwinHein

ရန်သူ မိမိ ပုံသေနည်းများ
ရန်သူက မြို့ထဲကိုအမာခံတွေနဲ့ကြိုတင်စိမ့်ဝင်မယ်၊မြို့ပတ်ချာလည် ဝိုင်းပတ်ပိတ်ဆို့ပြီးမိမိတပ်စစ်ကူလမ်းကြောင်းထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်မယ်။ပြီးရင်သာလွန်အင်အား နဲ့ ဒရုန်းအားကိုးတိုက်မယ်။သူ့ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်းကို မပြတ်စေဘဲ လူလက်နက်ခဲယမ်းရိက္ခါဆေးဝါးကို လိုသလောက် ယာဥ်တန်းနဲ့ မှန်မှန်ဖြည့်ဆည်းမယ်။စိတ်ဓာတ်စစ်ဆင် ရေး ကို တစ်ဖက်သတ် အသာစီးယူ ထားပြီးစိတ်ကြိုက်
ဝါဒဖြန့်မယ်။မြို့တွေတိုက်တိုင်း ဒီပုံသေနည်းချည်းသုံးသွားတာ တွေ့ရတယ်။
မိမိဘက်ကလည်း မြို့ထဲကပဲထိုင်စောင့်နေပြီးမြို့ကိုလာတိုက်မှ ခံစစ်ဆင်မယ်၊လေကြောင်းပစ်ကူနဲ့ပြန်ခုခံ
တိုက်ခိုက်မယ် ဆိုတဲ့ပုံသေနည်းအတိုင်းပဲသုံးနေ
ပြီး တစ်မြို့ပြီးတစ်မြို့ လက်လွှတ်လာခဲ့ရတယ်။
မြို့တွင်းကိုစိမ့်ဝင်လာတဲ့ရန်သူ့အမာခံတွေကိုကြိုတင်ဖော်ထုတ်ရှင်းလင်းခြင်း၊ရန်သူလာတိုက်သည်အထိစောင့်မနေဘဲ မြို့အနီးကိုရန်သူစုဖွဲ့လာတာနဲ့ ကြိုတင်တိုက်ခိုက်ချေမှုန်းခြင်း၊ရန်သူဝိုင်းပတ်ပိတ်ဆို့မှု မခံရအောင်မိမိဆက်သွယ်ရေးလမ်းကြောင်းအမြဲတမ်းပွင့်နေအောင်စီမံထားခြင်း၊ဒရုန်းနည်းပညာချင်းယှဥ်နိုင်အောင်အမြန်ဆုံးပြင်ဆင်ခြင်းနဲ့ ဒရုန်းဒဏ်ခံနိုင်တဲ့ခံကတုတ်များတည်ဆောက်ခြင်း၊ ရန်သူ့အုပ်ချုပ်ထောက်ပံ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခြင်း ၊ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်ချိရေးပီပီပြင်ပြင်လုပ်ဆောင်ခြင်း ဆိုတဲ့ နည်းလမ်းတွေ နဲ့ ပြောင်းလဲတိုက်ခိုက် နိုင်ဖို့လိုအပ်နေပါတယ်။
ဟိုဟာမရှိဘူး၊ဒီဟာမရှိဘူး၊ဘာကြောင့်ညာကြောင့် ဆိုတဲ့အခက်အခဲတွေ မပြောပါနဲ့။နာမည်ကျော်စစ်သူကြီးဆိုသူ
တွေဟာ အခက်အခဲအကျပ်အတည်းပေါင်းစုံကြားကနိုင်အောင် စွန့်စွန့်စားစား တိုက်ခဲ့ကြသူချည်းဖြစ်ပြီး ဘယ်သူမှ အချိုအချောင် စစ်သူကြီးဖြစ်လာတာမရှိပါဘူး။ စစ်ပွဲတိုက်ပွဲဆိုတာ အခက်အခဲအကျပ် အတည်းပေါင်းစုံကြားက နိုင်အောင်တိုက်ကြရတာချည်း ဖြစ်လို့ ဘယ်နည်းနဲ့ဖြစ်ဖြစ် နိုင်အောင်တိုက်ဖို့သာ လိုပါတယ်။

လားရှိုးစစ်ရှောင်ပြည်သူတွေက သူပုန်အုပ်ချုပ်မှုအောက် ပြန်သွားရတော့မှာလား။
တပ်မတော်ကပြန်တိုက်သိမ်းပြီးတဲ့အထိ စောင့် ရမှာလား၊ပြန်သိမ်းဖို့ အစီအစဥ်ကောရှိလား၊
မရှိရင်လည်းသူပုန်အောက်ပြန်မသွားချင်သူတွေအတွက်
နိုင်ငံတော်က ဘာတွေ ကူညီစီစဥ်ပေးနိုင်မလဲမေးနေကြပြီ။

တရုတ်အကျိုးစီးပွား မြန်မာ့အချုပ်အခြာအာဏာ
အမေရိကန်တရုတ်အားပြိုင်မှု၊မြန်မာတရုတ်ဆက်ဆံရေး တွေဟာ တရုတ်နိုင်ငံအတွက် အကျိုးစီးပွားအရေးသာဖြစ်ပေမယ့် မြန်မာအတွက်တော့ အချုပ် အခြာအာဏာ တည်မြဲရေးထိပါးနိုင်တဲ့အထိကြီးမားတဲ့ အရေး ကိစ္စဖြစ်ပါတယ်။
အမေရိကန်တရုတ်ထိပ်တိုက် တိုက်ကြမှာမဟုတ်ဘဲ ပြည်တွင်းရှိအမေရိကန်နောက်ခံအုပ်စုနဲ့တရုတ်နောက်ခံအုပ်စု တိုက်ကြမှာဖြစ်လို့ တပ်မတော်ခိုင်မာတောင့်တင်းမှုမရှိရင် တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမှာဖြစ်ပါတယ်။
ကမ္ဘာအနှံ့အမေရိကန်အနောက်အုပ်စု နောက်ခံနဲ့ ရုရှားတရုတ်နောက်ခံ လက်နက်ကိုင်အုပ်စုတွေတိုက်ခိုက်ပြီး တိုင်းပြည်ပျက်နေတာ မျက်မြင်ထင်ရှားတွေ့နေကြရတာဖြစ်လို့ မြန်မာလို လက်နက်ကိုင်အဖွဲ့ပေါင်းရာကျော်ရှိနေတဲ့တိုင်းပြည်အတွက် အဆိုးဝါးဆုံးကြေမွပျက်စီးသွားမှာဖြစ်ပါတယ်။
တရုတ်နောက်ခံEAOများ နဲ့ အမေရိကန်အနောက်အုပ်စုEAO များ က ဘယ်အဖွဲ့တွေလဲ ဆိုတာလည်းအားလုံးသိ ကြပြီးသားဖြစ်ပါတယ်။တရုတ်နဲ့အလွန်အဆင်ပြေတဲ့နဝတ/နယကခေတ်မှာတရုတ်နောက်ခံ EAO များ ငြိမ်းချမ်းရေးယူခဲ့ကြပြီး အမေရိကန်နဲ့ဆက်ဆံရေးအဆင်ပြေလာတဲ့ ဒီမိုကရေစီအစိုးရနှစ်ဆက်မှာ အမေရိကန်နောက်ခံ EAO များငြိမ်သက်နေခဲ့တာ မြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။
အမေရိကန်လိုလားချက်က မြန်မာပြည်တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင်လုပ်ပြီး တရုတ်ကိုနှောင့်ယှက်ထားခြင်းဖြစ်ပြီး တရုတ်က နဝတ/နယကလို သူနဲ့ အခိုင်အမာ မဟာမိတ်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်အုပ်ချုပ်နိုင်တဲ့အစိုးရမျိုးကို လိုလားပါတယ်။
မြန်မာဘက်က အင်အားခိုင်မာတောင့်တင်းမာကျောတဲ့တပ်မတော်ဖြစ်ကြောင်း၊တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်အုပ်ချုပ်နိုင်တဲ့အစိုးရဖြစ်ကြောင်း လုပ်ပြနိုင်ဖို့လိုသလို တရုတ်ဘက်ကလည်း မြန်မာ အစိုးရနဲ့တပ်မတော် အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့လိုပါတယ်။
ကိုယ်ခံအားနည်းရင်ရောဂါပိုးမျိုးစုံဝင်လာနိုင်သလို ပြည်တွင်းရန်ပြည်ပရန်ကာကွယ်နိုင်တဲ့ တပ်မတော်မရှိ၊တည်ငြိမ်အေးချမ်းအောင်အုပ်ချုပ်နိုင်တဲ့အစိုးရမရှိရင်တော့ ပြည်တွင်းပြည်ပမျိုးစုံဝင်ရောက်စွက်ဖက်
နှောင့်ယှက်လာတာခံရမှာဖြစ်တဲ့အတွက် ဘယ်သူမပြုမိမိမှု ဆိုသလို မိမိကိုယ်ခံအားကောင်းဖို့ကသာ အဓိက ဆိုတာကို သတိပြုကြဖို့ လိုပါတယ်။
စစ်ရေးသည်နိုင်ငံရေးရဲ့အဆက် ဆိုပေမယ့်စစ်ရေးအသာစီးရမှ နိုင်ငံရေးအသာစီးရမှာဖြစ်လို့ မြန်မာအတွက်အခုအချိန်မှာလုပ်သင့်တာက စစ်ရှုံးတဲ့ဂျာမန်မှာ အချိန်တိုအတွင်းဟစ်တလာစစ်ရေး ပြန်တည် ဆောက်သလို အလျင်အမြန် ပြန် တည် ဆောက် ဖို့လိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးကမြန်မာ အစိုးရဘက်က ခိုင်ခိုင်မာမာရပ်တည်ကြောင်း၊ပြည်ပစွက်ဖက်မှုကိုလက်မခံကြောင်း၊ပြည်တွင်း စစ်ပွဲဖန်တီးနေတဲ့EAO တွေကိုဆန့်ကျင်ကြောင်း ကမ္ဘာသိ ကြေညာသွားပြီးဖြစ်လို့ အနောက်ဘက်ကိစ္စ တရုတ်ကြီးတာဝန်ယူလိမ့်မယ်၊အရှေ့ မြောက် က မြောက်သုံးဖွဲ့ သိမ်းထားတဲ့မြို့တွေ ပြန်ဆုတ်သွားမယ်လို့ စိတ်ကူးယဥ်နေလို့မရဘဲ ဂါဇာမှာ အရပ်သားအများအပြားသေစေတဲ့ အစ္စရေးတိုက်ခိုက်မှုကိုဆန့်ကျင်တယ် ပြောပြီး အစ္စရေးကိုလိုအပ်သမျှလက်နက်ခဲယမ်းတွေအပြည့်အဝထောက်ပံ့နေတဲ့ အမေရိကန်လိုကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့Diplomacy ကိုလည်းသတိပြုရပါမယ်။
မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် ထောက်ပြသွားတဲ့ "မြန်မာ့တပ်မတော်သည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၏ အခြေခံအုတ်မြစ်" လို့တရုတ်နိုင်ငံခြားရေးဝန်ကြီး ထောက်ပြပြောဆို သွားချက်ကိုသတိပြုကြရပါမယ်။
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးဟာ မြန်မာ့ တပ်မတော်ရဲ့စွမ်းရည်ပေါ်မှာသာအဓိကမူတည်ကြောင်း ထောက်ပြသတိပေးသွားတာဖြစ်လို့ မိမိ အချုပ်အခြာ အာဏာကာကွယ်စောင့်ရှောက်ရေးအတွက် ၊တပ်မတော်ဆိုတဲ့ အခြေခံအုတ်မြစ်ခိုင်မာတောင့်တင်းရေးကို ဥစ္စာရင်လိုဥစ္စာရင်ခဲ လုပ်ကြဖို့သာ လိုပါတယ်။

မြေစာပင်တိုင်းပြည်
၂၀၂၁အာဏာထိန်းပြီးကတည်းက နစကဥက္ကဌနဲ့တစ်ခါမှ တွေ့ဆုံခြင်းမရှိခဲ့သေးတဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ရှမ်းမြောက်တစ်ခုလုံးနီးပါးကို မြောက်သုံးဖွဲ့သိမ်းပြီးနောက်၊နစကဘက်က ဟိုင်ဂင်မတက်ဘူးလို့ငြင်းဆန်ပြီးနောက်၊ဘင်္ဂလားဒေ့ရ်ဝန်ကြီးချုပ် ထွက်ပြေးပြီးနောက် ၂၀၂၄သြဂုတ်လ၁၄ ရက်နေ့မှာနစကဥက္ကဌနဲ့လာတွေ့ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အခိုင်အမာထောက်ခံကြောင်း၊နစကလုပ်မယ့်ရွေးကောက်ပွဲကိုထောက်ခံကြောင်း၊မြန်မာနိုင်ငံမတည်မငြိမ် ဖြစ်မှုနှင့်စစ်ပွဲများဖြစ်ပွားနေမှုကိုဆန့်ကျင်ကြောင်း၊ပြည်ပက ဝင်ရောက်စွက်ဖက်မှုများကိုဆန့်ကျင်ကြောင်း အဓိကပြောသွားတယ်။
သြဂုတ်လ၁၆ရက်နေ့ ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ တရုတ်မြန်မာလာအိုထိုင်း လေးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်ပွားခြင်း၊အာဆီယံမိသားစုလမ်း ကြောင်းပေါ်က ကင်းကွာသွားခြင်း၊ပြင်ပအင်အားစုများဝင်ရောက်စွက်ဖက်ခြင်းဆိုတဲ့ အချက်သုံးချက်ကိုလက်မခံဘူးလို့ ကျော်လွန်လို့မရတဲ့ စည်းသုံးစည်းဆိုပြီးတားပြသွားတယ်။
ဆိုလိုတာကတော့ နစကကိုတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဆက်ဆံပြီ၊မဟာမိတ်ပြုလိုက်ပြီ၊မြန်မာ့အချုပ်အခြာအာဏာကိုလာထိပါးရင်၊ပြည်ပကဝင်စွက်ဖက်ရင် မခံဘူးပေါ့။အမေရိကန်သိအောင်ကြေညာလိုက် တာ။(အမေရိကန်အောက်လွှတ်တော်ဥက္ကဌနန်စီပလိုစီ ထိုင်ဝမ်ကိုသွားရင် ဘာဖြစ်မယ်ညာဖြစ်မယ် ဆိုသလိုမျိုး)
အမေရိကန်ကချက်ချင်းဘာပြန်လုပ်ပြလဲ။NUG,NUCC,KNU,KNPP,CNF ခေါင်းဆောင်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် တို့အွန်လိုင်းကနေတွေ့ဆုံပြီး ထောက်ပံ့ရေးအကူအညီတွေကို တိုးမြှင့်ပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်တယ်။အမေရိကန်နောက်ခံEAOနယ်တွေမှာ စစ်ပွဲတွေ အရှိန်မြှင့်လာမယ့်သဘော။(အဓိကကျတဲ့အနောက်ဖက်မှာ လည်း AAကို လူမျိုးသုဥ်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု တွေနဲ့ကျုံးသွင်းထားပြီ)
ဘင်္ဂလားဒေ့ရ်နဲ့မြန်မာနယ်စပ်မှာ ခရစ်ယန်နိုင်ငံငယ်တစ်ခုတည်ထောင်မယ်၊စိန့်မာတင်ကျွန်းမှာစစ်စခန်းဆောက်မယ် ဆိုတဲ့ ဂယက်က ဘင်္ဂလားဒေ့ရ်မှာအမေရိကန်ရုပ်သေးအစိုးရတက်လာရင် ဖြစ်လာစရာများသွားပြီ။မြန်မာတရုတ် ဘာလုပ်မလဲ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဥ်မှာ မြန်မာတရုတ် ပူးပေါင်းရင်ဆိုင်ကြမယ့် အနေအထားတွေ့ရပေမယ့် လက်တွေ့မှာအခက်အခဲအတားအဆီးတွေအများကြီးရှိနေတယ်။
အမေရိကန်တရုတ်အားပြိုင်ပွဲ ဆိုပေမယ့်
လက်တွေ့မြေပြင်မှာရင်ဆိုင်တိုက်ကြမှာက
တရုတ်နောက်ခံEAO တွေ ၊အမေရိကန်နောက်ခံEAO တွေဖြစ်လို့ မိမိနောက်ခံအဖွဲ့တွေကိုပိုမိုခိုင်မာတဲ့စည်းရုံးရေးတည် ဆောက် ကြဖို့လိုလာသလို နှစ်ဖက်ခွနေတဲ့အဖွဲ့တွေကိုလည်းကိုယ်ဘက်ပါအောင်စည်းရုံးဖို့လိုလာတဲ့အတွက် ရှမ်းမြောက်အချုပ်အခြာအာဏာကိစ္စမျိုးမှာတရုတ်ဘက်က အလုံးစုံဖိအားပေးမယ့်သဘောတော့မရှိဘူး။
အမေရိကန်က တရုတ်ပင်လယ်ထွက်ပေါက်မရအောင်ပိတ်ဆို့တားဆီးမယ်၊တရုတ်က ရအောင်ဖောက်မယ်။နှစ်ဘက်စလုံးက သူတို့အကျိုးစီးပွားကိုယ်စီအတွက်ရည်မှန်းချက်ရောက်ဖို့ လိုအပ်သမျှထောက်ပံ့ပြီး မြန်မာနိုင်ငံသားအချင်း ချင်းတိုက်ကြသေကြ၊သွေးမြေကျ၊တိုင်းပြည်ကြေမွ ဆိုတဲ့လမ်းပေါ်ဖြတ်လျှောက်သွားကြမှာပဲ။
ဒီမိုကရေစီဖက်ဒရယ်လိုချင်တယ်ဆိုတဲ့လက်နက်ကိုင်အဖွဲ့တွေ ရဲ့ နိုင်ငံရေးရေချိန်မြင့်မားမှု၊အစိုးရတာဝန်ရှိသူတွေရဲ့ ဒစ်ပလိုမေစီကျွမ်းကျင်လိမ်မာပါးနပ်မှု၊တိုင်းပြည်
ရဲ့အမာခံကျောရိုးဖြစ်တဲ့တပ်မတော်စစ်ရေးစွမ်းရည်ထက်မြက်မှု ၊ပြည်သူလူထုရဲ့စည်းလုံးညီညွတ်မှုနဲ့ အမျိုးသားရေးစိတ်ပြင်းပြမှုများ က သာ နိုင်ငံတော်ကို ကျွဲနှစ်ကောင်ခတ်တဲ့ကြားကမြေစာပင်ဘဝက လွတ်မြောက်အောင်ကယ်တင်နိုင်မှာဖြစ်ပါတယ်။
ပကတိ လက်ရှိအရှိတရားအရ ဒီစံတွေနဲ့ဝေးနေသေးတဲ့အတွက် မိမိတာဝန်ကိုယ်စီအရည်အချင်းပြည့်ဝရေး ကိုအခုအချိန်ကစလို့ အလျင်အမြန်အပြင်းအထန်ကြိုးစားလုပ်ကိုင်နိုင်မှသာ တိုင်းပြည်ကိုကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင်ဘဝက ကယ်တင်နိုင်ပါလိမ့်မယ်။

လားရှိုးမှာ CDMဝန်ထမ်းတွေ MNDAA အုပ်ချုပ်မှု အောက်မှာ အလုပ်ပြန်ဝင်နေကြတယ်။
CDMလုပ်ခဲ့တာက စစ်အာဏာရှင်အုပ်ချုပ်တာ မကြိုက်လို့ ဆိုတော့ MNDAAကို ရွေးကောက်ပွဲကျင်းပပေးပြီး ဒီမိုကရေစီ အစိုးရ ဆီအာဏာပြန်အပ်မယ် အဖွဲ့လို့ ထင်နေကြလို့လား မသိဘူး။

လားရှိုးကိုသိမ်းပိုက်ထားတဲ့ MNDAAက လားရှိုးမြို့ အုပ်ချုပ်ရေးကိစ္စတွေကို တရုတ်စကားပြောပြီးဘေးက မြန်မာလိုဘာသာပြန် ပေးနေတဲ့ ဗွီဒီယိုဖိုင်ကြောင့် ဂျပန်ခေတ် စကားပြန် အုပ်ချုပ်မှု လိုဖြစ်နေကြောင်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ သြဂုတ်လ၁၄ ရက်နေ့ နေပြည်တော်ရောက်လာပြီး မြန်မာနိုင်ငံအချုပ် အခြာအာဏာကို လေးစားထောက်ခံကြောင်း၊ရှမ်းမြောက် EAO တွေရဲ့မြို့သိမ်းတိုက်ပွဲတွေကိုဆန့်ကျင်ကြောင်း ပြောဆိုသွားပြီးနောက်EAO တွေသိမ်းပိုက်ထားတဲ့ ရှမ်းမြောက်မြို့တွေမှာ သူတို့အုပ်ချုပ်ရေးစနစ်ခိုင်မာအောင်အလျင်အမြန်လုပ်လာကြတာ တွေ့ရပါတယ်။
အထူးသဖြင့် ရှမ်းမြောက်မြို့တော်လားရှိုးကို MNDAAက အထူးဒေသ၁အတွင်း သွတ် သွင်းလိုက်ပြီး လွတ်မြောက်နယ်မြေဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်၊ကိုးကန့်အုပ်ချုပ်ရေးအလျင်အမြန်တည်ဆောက်နေခြင်းဟာ အချိန်ကြာလေ ဗဟိုအစိုးရအောက်ပြန်ရယူဖို့ခက်လေ ဖြစ်လာပါလိမ့်မယ်။
လားရှိုးကိုပြန်ရဖို့က ပြန်လည်တိုက်ခိုက်သိမ်းယူဖို့ကလွဲလို့အခြားနည်းလမ်းမရှိပါဘူး။အချိန်ကြာလေအုပ်ချုပ်ရေးတည် ဆောက်မှု ခိုင်မာလေ ပြန်တိုက်ယူရခက်လေ ဖြစ်တဲ့အတွက်မြန်မြန်ဆန်ဆန် ပြန်တိုက်ယူဖို့ လိုပါတယ်။
အခက်အခဲတွေကတော့အများကြီးရှိမှာပဲ။အရည်အချင်းဆိုတာအခက်အခဲကြုံမှ ပြသခွင့်ရတာ ဖြစ်လို့ အခက်အခဲပေါင်းစုံကြားက လားရှိုးကိုအလျင်အမြန်ပြန်တိုက်ယူပြခြင်းဖြင့် အရည်အချင်းရှိကြောင်း ပြသ ရမှာ ဖြစ်ပါတယ်။

ခွာစစ်
ခံ၊ခွာ၊ချီ၊တိုက် စစ်ကဏ္ဍကြီးလေးရပ်မှာ ခွာစစ်ကဏ္ဍ ပါဝင်တဲ့အတွက် ခွာစစ်ဆင်ဖို့လိုအပ်လာရင် ခွာစစ်ဆင်ရမှာဖြစ်ပါတယ်။ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောရေးတဲ့ စာအုပ်မှာတော့ဂျပန်စစ်ပညာမှာခွာစစ်မရှိကြောင်း၊မသင်ကြားကြောင်းဖတ်ရှုရပါတယ်။
ခွာစစ်သင်ခန်းစာသင်ကြားလေ့ကျင့်ထားတဲ့ ဗြိတိသျှစစ်တပ်မြန်မာပြည်ကနေ အိန္ဒိယအထိ ဆုတ်ခွာရာမှာ ခွာစစ်အဆင့်ဆင့်နဲ့ အောင်မြင်စွာဆုတ်ခွာသွားနိုင်ခဲ့ပြီး ခွာစစ်သင်ခန်းစာမရှိတဲ့ဂျပန်တပ်တွေ အိန္ဒိယ(အင်ဖာ)ကနေခွာစစ်ဆင်ရာမှာအကျအဆုံးများစွာနဲ့ ဖရိုဖရဲ ဆုတ်ခွာကြရပါတယ်။
ခွာစစ်ဆင်ရာမှာ ခွာစစ်ဥပဒေသများအတိုင်းလုပ်ဆောင်ခြင်း၊မသယ်ဆောင်နိုင်တဲ့ လက်နက်ခဲယမ်း အပါအဝင်ရန်သူအတွက်အသုံးဝင်မယ့်အရာအားလုံး၊အသုံးပြုလို့မရအောင်ဖျက်ဆီးခဲ့ခြင်းဟာ မဖြစ်မနေလိုက်နာကြရမယ့်အချက်တွေဖြစ်ပါတယ်။
မြန်မာ့တပ်မတော်မှာလည်း ခွာစစ်ဆင်ရတဲ့ တိုက်ပွဲတွေ ရှိခဲ့ပြီး ရှမ်းမြောက်ပွိုင့် ၆၀၄၁စခန်း တိုက်ပွဲဟာရန်သူဗကပ အများအပြားကိုသုတ်သင်နိုင်ခဲ့ပြီးမိမိအထိအခိုက်အကျအဆုံးအနည်းဆုံးနဲ့ဖွဲ့စည်းပုံမပျက်စနစ်တကျ ခွာစစ်ဆင်နိုင်တဲ့ စံနမူနာပြတိုက်ပွဲအဖြစ်နာမည်ကျော် ခဲ့ပါတယ်။
ယနေ့ ရှမ်းမြောက်တိုက်ပွဲတွေ ခွာစစ်တွေမှာ လက်နက်ခဲယမ်းယာဥ်ယန္တယားများဖျက်ဆီးခြင်းမပြုဘဲ ရန်သူ့လက် တွင်းကျရောက်သွားရခြင်းအကြိမ် ကြိမ်ကြုံတွေ့နေရတဲ့အတွက် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ သင် ခန်းစာ ဖော်ထုတ် ပြီးလိုအပ်ချက်အားနည်းချက်တွေကိုပြင်ဆင်သင့်ပြီထင်ပါတယ်။

တိုင်းရင်းသားလား သောင်းကျန်းသူလား
ဒီကနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာက တိုင်းရင်းသားလားသောင်းကျန်းသူလား၊နိုင်ငံသားလား အကြမ်းဖက်လား လေနဲ့ဝမ်းမကွဲတဲ့ ပြဿနာ ဖြစ်ပါတယ်။
တိုင်းရင်းသားက လက်နက်ကိုင် ပုန်ကန်ရင်သောင်းကျန်းသူ၊နိုင်ငံသားက အကြမ်းဖက် လုပ်ရပ်တွေလုပ်ရင်အကြမ်းဖက်သမားဆိုတာ ပီပီပြင်ပြင်ကွဲကွဲပြားပြားခွဲခြားမြင်ကြဖို့လိုပါတယ်။
သောင်းကျန်းသူ သူပုန်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)လို့ဂုဏ်တင်ပေးလိုက်တဲ့အတွက် ယခင်က သောင်းကျန်းသူသူပုန်ဟာအလိုလိုနေရင်သက်ဆိုင်ရာ တိုင်းရင်းသားကိုကိုယ်စားပြုတဲ့လက်နက်ကိုင်အဖွဲ့တွေအဖြစ် နေရာရလာကြပြီး အခုဆိုရင် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအဖြစ် တရားဝင်အသိအမှတ်ပြုခံနေကြရတဲ့ အနေအထားမျိုးတောင်ရောက်လာပါတယ်။
ဒါဟာအလွန်မှားပါတယ်။
တိုင်းရင်းသားလူမျိုးအသီးသီးမှာ ပြည်ထောင်စုစိတ်ဓာတ်နဲ့အေး အတူပူအမျှအတူတကွနေထိုင်ကြမယ်ဆိုတဲ့ သူတွေက ကျဥ်းမြောင်းတဲ့လူမျိုးရေးစိတ်ရှိသူထက်ပိုများကြပါတယ်။
ကျဥ်းမြောင်းတဲ့လူမျိုးရေးစိတ်ရှိသူ အနည်းစု နဲ့တည်ထောင်တဲ့ လက်နက်ကိုင်အဖွဲ့ကအသံကျယ်ကျယ် နဲ့သက်ဆိုင်ရာလူမျိုးစုရဲ့ကိုယ်စားလှယ် ခေါင်းဆောင်လို ဖြစ်လာတဲ့အခါ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ရှိတဲ့ သူအများစုကအသံပျောက်လာပြီး အလိုလိုနေရင်းနောက်ရောက်သွားရလို့ နေရာမရဖြစ်လာတဲ့အတွက် ပြည်ထောင်စုပြိုကွဲရေးလမ်းပေါ်ရောက်လာပါတယ်။
AAဘယ်လောက်ပဲ လူမျိုးရေးစိတ်ပြင်းတယ်ပြောပြော လက်နက်မကိုင်ဘဲ ပြည်ထောင်စုထဲမှာ နေလိုတဲ့ ရခိုင်လူမျိုးအများအပြားရှိနေပါတယ်။အခြားတိုင်းရင်းသားတွေမှာလည်း ဒီအတိုင်းဖြစ်လို့ တိုင်းရင်းသားနဲ့ သောင်း ကျန်းသူကို ကွဲကွဲပြားပြား ခွဲခြားထားဖို့လိုပါတယ်။
သောင်းကျန်းသူကို တိုင်းရင်းသားအချင်းချင်းဖြစ်လို့ညှာတယ်၊အကြမ်းဖက် သမားကိုနိုင်ငံသားအချင်းချင်းဖြစ်လို့ညှာတယ်ဆိုတာ ခြေမမကောင်းခြေမ၊လက်မမကောင်လက်မ ဖြတ်ရမယ့်ကိစ္စကိုအချိန်မီ မဖြတ်တဲ့အတွက်အသက်အန္တရာယ် ကျရောက်လာစေမယ့်ကိစ္စမျိုးဖြစ်ပါတယ်။
အမှောင်ထဲကနေ အလင်းထဲလာဖို့၊သောင်း ကျန်းသူဘဝကနေ သက်ဆိုင်ရာတိုင်း ရင်းသားကိုယ်စားပြုနိုင်ဖို့ NCA လမ်းကြောင်းနဲ့ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။NCAထဲဝင်လာသူတွေကိုEAO တွေအဖြစ်နွေးထွေးစွာကြိုဆိုဆက်ဆံပြီးဝင်မလာသူတွေကို သောင်းကျန်းသူအဖြစ်ချေမှုန်းသင့်ပါတယ်။
NCAထဲမလာဘဲNCAပြင်ပကနေသောင်းကျန်းနေတာကို ကမ္ဘာတည်သရွေ့ရာသက်ပန်တံခါးဖွင့်ကြိုနေဖို့ မလိုသလို NCAကိုသာလာယံဇရပ်လို ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်၊NCAထဲဝင်ပြီး သောင်းကျန်းသူလုပ်နေတာတွေကိုခွင့်ပြုထားခြင်းဟာNCAကိုတန်ဖိုးမဲ့စေပါတယ်။
တိုင်းရင်းသားEAOနဲ့ သောင်းကျန်း သူ လေနဲ့ဝမ်းကွဲ ရမယ့်အချိန်ရောက်နေပြီဖြစ်လို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နဲ့သောင်းကျန်းသူအဖွဲ့ ရောထွေးမနေဘဲ ပြတ်ပြတ်သားသားခွဲခြား သွားဖ်ို့လိုနေပြီဖြစ်ပါတယ်။

သြဂုတ်၂၈ရက်နေ့ည VOAအယ်ဒီတာနဲ့ဆွေးနွေးခန်းအစီအစဥ်မှာဦးကျော်ဇံသာက
"မြန်မာ့သမိုင်းကိုမြန်မာပြည်ထဲမှာ အစိုးရအဆက်ဆက် အခု စစ်အစိုးရတို့လုပ်ပြီးသင်နေတဲ့ သမိုင်းတွေက ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံစည်းလုံးညီညွတ်မှုရှိပြီး ပထမမြန်မာနိုင်ငံ ၊ဒုတိယ၊တတိယ စသဖြင့် အဲဒီလိုမဟုတ်ပါဘူး။တကယ်တမ်းကြည့်မယ်ဆိုရင် ပဒေသရာဇ်မင်းနိုင်ငံလေးတွေ သူ့ဟာသူကွဲပြီးနေခဲ့တာပါ" လို့ပြောသွားခဲ့ပါတယ်။
သူပြောမှပဲ သမိုင်းပညာရှင်တွေ သမိုင်းအချက်အလက်အထောက် အထားအပြည့်အစုံနဲ့ပြုစုခဲ့တဲ့ ပထမမြန်မာနိုင်ငံ၊ဒုတိယမြန်မာနိုင်ငံ၊တတိယမြန်မာနိုင်ငံတွေ ဆိုတာတွေ မရှိခဲ့ဘဲ ပဒေသရာဇ်နိုင်ငံလေးတွေ အသီးသီးတည်ထောင်နေခဲ့ကြသလို ဖြစ်သွားရပါတယ်။ပဒေသရာဇ်နိုင်ငံငယ်လေးတွေ ကွဲနေတာကို ဗြိတိသျှ က စုစည်းပြီးဖွဲ့စည်းလာလို့ပဲလက်ရှိမြန်မာနိုင်ငံဖြစ်လာသယောင်ပြော ဆိုသွားတာကလည်း တော်တော် ဆိုးပါတယ်။
ပထမ ဒုတိယတွေကဝေးသေးတော့ အနီး စပ်ဆုံး ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံ ရှိမရှိကိုပဲ ဥပမာ ကြည့်ပါ။
ဘကြီးတော်မင်းလက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်အပြီး ရန္တပိုစာချုပ်ချုပ်မှာ မြန်မာပိုင် ရခိုင်နဲ့တနင်္သာရီနယ်ကို ဗြိတိသျှတို့ထဲပေးအပ်သည် ဆိုတာက ပဒေသရာဇ်နိုင်ငံငယ် ရခိုင်၊တနင်္သါရီ နဲ့စာချုပ်မချုပ်ဘဲမြန်မာဘုရင်နဲ့ ချုပ်ပြီးယူရအောင် ဗြိတိသျှက ရူးနေလို့လား။မြန်မာဘုရင်ပိုင်နယ်ဖြစ်လို့ မြန်မာဘုရင် ဆီက သိမ်းယူတာပေါ့။
မင်းတုန်းမင်းလက်ထက် အနောက်ကရင်နီနယ်ကို လွတ်လပ်ရေးပေးသောစာချုပ် ဆိုပြီး ၁၈၇၅ခုနှစ်မှာ အင်္ဂလိပ်နဲ့မြန်မာ ဘာကြောင့်ချုပ်ဆိုတာလဲ။မြန်မာဘုရင်မပိုင်တဲ့ ကရင်နီနယ်ဆိုရင် ကရင်နီနယ်ကို လွတ် လပ်ရေးပေး ကြောင်း စာချုပ်စရာလိုပါ့မလား။
VOAအနေနဲ့ လက်ရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်သထက်ပျက်အောင်ဖျက်တာကဖျက်ပါ။ သမိုင်းအချက်အလက်အထောက်အထားအခိုင်အမာရှိခဲ့တဲ့ ပထမ၊ဒုတိယ၊တတိယ မြန်မာနိုင်ငံတော်တွေ မရှိခဲ့ဘူး ဆိုတဲ့အထိ တော့ မလုပ်ပါနဲ့။