တပ်ကြပ်ကြီးဖိုးကွန်း
21.7K subscribers
10.9K photos
1.13K videos
730 links
Download Telegram
Forwarded from ရွှေဘ
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသော (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမျိုးသားဘောလုံးအသင်းမှ ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို တက်ရောက်ခဲ့ပါသည်။ ထိုအပြင် ဘိလိယက် (အမျိုးသားတစ်ဦးချင်း- 9 ball Pool) အားကစားနည်း ဗိုလ်လုပွဲပြိုင်ပွဲ၌ မြန်မာမှ မောင်မောင် (ခ) မောင်ဘုန်းမြင့်ကျော်မှ အနိုင်ရရှိခဲ့ပြီး ပထမ(ရွှေတံဆိပ်ဆု) ကို ထပ်မံရရှိခဲ့ပါသည်။
#Shweba
သူများအပြောကြောင့်မမောစေနဲ့

လောကကြီးကိုက
လူပေါင်းစုံနဲ့
နေထိုင်ကြတာဆိုတော့

အဆိုးဖန်တီးသူရှိသလို
အကောင်းဖန်တီးသူလည်း
ရှိမှာပဲလေ ။

အကျိုးလိုလားသူရှိသလို
အကျိုးမလိုလားသူလဲ
ရှိနေမှာပဲလေ ။

ကိုယ်က မှန်နေအုံး
ကိုယ်ကကောင်းနေအုံးတောင်မှ
အမှန်နှင့်အကောင်းကို
မနှစ်သက်သူတွေကတော့
နေရာတိုင်းမှာရှိနေမှာပဲ ။

ဘာပဲဖြစ်ဖြစ်ပါ
လူဆိုတာက ကိုယ့်သိက္ခာ
ကိုယ့်ကိုယ်ကျင့်တရားနဲ့ပဲ
ရှင်သန်နေကြရတာမလား ။

သူများက နှဲ့လာတိုင်းလည်း
ကိုယ်ကယိုင်သွားစရာမလိုပါဘူး။

သူများ ဖဲ့လာတိုင်းလည်း
ကိုယ်က ပါသွားစရာမလိုပါဘူး ။

ကိုယ့်အကြောင်းကံနှင့်ကိုယ်
သူအကြောင်းကံနှင့်သူပဲလေ ။

ကိုယ်ဆွဲထူလည်း
သူကလိုက်ပြန်အုံးမှ
သူဆွဲတိုင်းလည်း ကိုယ်က
လိုက်ပါပြန်အုံးမှဖြစ်မှာပါ ။

ကိုယ်သာမလိုက်ရင်
ဆွဲသူသာမောသွားမယ်
ဘာမှဖြစ်နေစရာမလိုပါဘူး ။

ဒါကြောင့် သူများက
အဆိုးပြောတိုင်းလည်း
ကိုယ်က ဆိုးသွားတာ
မဟုတ်သလို ။

သူများကမကောင်းသတင်း
ပြောတိုင်းလည်း ကိုယ်က
မကောင်းတဲ့သူဖြစ်သွားတာ
မဟုတ်ပါဘူး ။

ကိုယ်ဆိုးနေတယ်ဆိုရင်
ဘယ်သူကမှ
ကောင်းတယ်ပြောပြော
အသုံးမဝင်နိုင်ပါဘူး ။

ကိုယ်ကောင်းနေတယ်ဆိုရင်
ဘယ်သူကမှ
ဆိုးတယ်ပြောပြော
အသုံးမဝင်နိုင်ပါဘူး ။

အဆိုးအကောင်းဆိုတာက
ကိုယ်က ဖန်တီးပြီး
လက်ခံယူမှ ဖြစ်တာပါ ။

🙏🙏🙏သာရ ဂေဝသီ🙏🙏🙏

#မေတ္တာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
Tomorrow
12.5.2023 ရက်နေ့

ဓာတ်ဆီ 92 စျေး
၂၅ ကျပ် ဝန်းကျင် ခန့် ( တက် )
နိုင်ပါသည်။

ဓာတ်ဆီ 95 ဈေး
၂၅ ကျပ် ဝန်းကျင် ခန့် ( တက် )
နိုင်ပါသည်။

ဒီဇယ်ဆီ ရိုးရိုး / ပရီမီယံ စျေး
၂၅ ကျပ် ဝန်းကျင် ခန့် ( တက် )
နိုင်ပါသည်။

#MOPS ဈေးကိုအခြေခံတွက်ချက်
ထားခြင်းဖြစ်ပါသည်။
PPRD မှ ဈေးအပြောင်းအလဲ
ဖြစ်ပေါ်နိုင်ပါသည်။
စွန့်ခွါသွားခြင်းမခံရအောင်

ကိုယ်ကနာကျင်ခြင်းတွေကို
ခံစားနေမယ်ဆိုရင်
ပျော်ရွှင်ခြင်းတွေက
ကိုယ့်ကိုယ်စွန့်ခွါ သွားကြလိမ့်မယ်။

ကိုယ်ကပူလောင်စေတဲ့အရာတွေကို
တွေးနေမယ်ဆိုရင်
အေးချမ်းခြင်းတွေက
ကိုယ့်ကိုယ်စွန့်ခွါ သွားကြလိမ့်မယ်။

ကိုယ်ကမကောင်းတဲ့အရာတွေကို
ပြုလုပ်နေမယ်ဆိုရင်
ကောင်းတဲ့အရာတွေက
ကိုယ့်ကိုယ်စွန့်ခွါ သွားကြလိမ့်မယ်။

ကိုယ်ကတန်ဖိုးရှိတဲ့အရာတွေကို
ဖြစ်သလိုထားလိုက်မယ်ဆိုရင်
တန်ဖိုးရှိတဲ့အရာတွေက
ကိုယ့်ကိုယ်စွန့်ခွါ သွားကြလိမ့်မယ်။

တစ်ခါတလေမှာ
ကိုယ့်ကိုယ်စွန့်ခွါ သွားကြတာ
သူတစ်ပါးကြောင့်ထက်
မိမိကြောင့် ဖြစ်နေတတ်တယ်။

စွန့်ခွါသွားခြင်းမခံရအောင်
အတတ်နိုင်ဆုံးစိတ်ကို
သတိလေးနဲ့ထိန်းချုပ်ပြီးထားပါ။

🙏အရှင်ဇဝန(ရွှေကုန်းမြေ)🙏
2023 SEA Games
...................................
Women's Football Tournament (Semi Final)
🇲🇲 Myanmar Vs Thailand 🇹🇭
12 May 2023, 6:30 PM (MMT)

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီး ဘောလုံးအသင်းတို၏ ယှဉ်ပြိုင်ကစားကြပုံများကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်
This media is not supported in your browser
VIEW IN TELEGRAM
ဝူရှူးအားကစားနည်း၏ ချန်းချွမ်(အမျိုးသမီး) မြောက်ပိုင်းလက်သိုင်းပြိုင်ပွဲတွင် မစန္ဒီဦး ရမှတ် (9.68)ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုရရှိခဲ့
Media is too big
VIEW IN TELEGRAM
ဆီးဂိမ်းပြိုင်ပွဲက လေးစားဂုဏ်ယူစရာ မြန်မာ့ခြင်းလုံးပြိုင်ပွဲဝင်များရဲ့ စွမ်းဆောင်မှု
Forwarded from Ko Thet
မုန်တိုင်းရှောင်စခန်း(မော်ကျွန်း)
****
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ် ၉ ရပ်ကွက်၊ ပစ္ဆိမာရုံကျောင်းတိုက်တွင် မုန်တိုင်းရှောင်ပြည်သူများ အား စားသောက်ဖွယ်ရာများ ကျွေးမွေး။
-
ကျေးဇူးတင်ပါတယ်။
#KT

https://m.facebook.com/story.php?story_fbid=pfbid02Ug6ndmoQ75jDsMxJALZnLXVcGYsSefb6eCY9g89ib2mLckkLwBSSRJ2RUZSBBaPZl&id=100091925242275&mibextid=Nif5oz
Tomorrow
13.5.2023 ရက်နေ့

ဓာတ်ဆီ 92 စျေး
၄၀ ကျပ် ဝန်းကျင် ခန့် ( ကျ )
နိုင်ပါသည်။

ဓာတ်ဆီ 95 ဈေး
၄၅ ကျပ် ဝန်းကျင် ခန့် ( ကျ )
နိုင်ပါသည်။

ဒီဇယ်ဆီ ရိုးရိုး / ပရီမီယံ စျေး
၅၀ ကျပ် ဝန်းကျင် ခန့် ( ကျ )
နိုင်ပါသည်။

#MOPS ဈေးကိုအခြေခံတွက်ချက်
ထားခြင်းဖြစ်ပါသည်။
PPRD မှ ဈေးအပြောင်းအလဲ
ဖြစ်ပေါ်နိုင်ပါသည်။
မေတ္တာ စေတနာအမြဲရှိပါ

စေတနာမှန်မှန်ထားတာဟာ
အရိပ်ကောင်းတွေ ရှိနေတာပါပဲ ။

မေတ္တာမှန်မှန် ပို့နေတာဟာ
အအေးဓါတ်တွေ ပိုင်နေတာပါပဲ ။

ဘယ်သူ ဘယ်လောက်ပဲဆိုးဆိုး
သူ့အကျိုးနဲ့သူ သရုပ်ဆောင်ရမှာဖြစ်လို့
ကိုယ်ပဲစေတနာဆိုးမရှိအောင်နေပါ ။

ဘယ်သူတွေ မေတ္တာပျက်ပျက်ပေါ့
ကိုယ့်ဘက်က မပျက်အောင်
အတတ်နိုင်ဆုံး စောင့်ရှောက်ပါ ။

မိမိရဲ့ စေတနာကောင်းတွေကို
မိတ်ဆွေကောင်းလိုသဘောထားပြီး

မေတ္တာတရားကို အကာကွယ်ပြုကာ
မွေးမြူအသုံးချလို့ နေတတ်ပါစေ ။

စေတနာကောင်းတစ်လုံး
အပိုင်အမြဲသုံးပြီးတော့
မေတ္တာအအေးဓါတ်နဲ့နေတတ်ရင်

ကံတွေလည်း ကောင်းသလို
အအေးဓါတ်တွေနဲ့ ဘ၀တွေဟာ
ချမ်းသာလို့ အဆင်ပြေနေကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

#မေတ္တာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
အမေရိကန်ခြေရှုတ်မှုများနဲ့KNUကွန်ဂရက်အကျိုးဆက်များ

နိုင်ငံတိုင်းဟာမိမိနိုင်ငံအကျိုးစီးပွားအတွက် ဒီမိုကရေစီလူ့အခွင့်အရေးငြိမ်းချမ်းရေးအကြောင်းပြဝင်ရောက် စွက်ဖက်ကြတာဖြစ်ပေမယ့် ဘယ်သူသေသေငတေမာရင်ပြီးရောစိတ်နဲ့ဝင်စွက်ဖက်
လေ့ရှိတဲ့အမေရိကန်လို နိုင်ငံမျိုးရဲ့အန္တရယ်ကြီးမားမှုကိုတော့ သတိပြုကြရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ နိုင်ငံတကာအမည်ခံအဖွဲ့အစည်းပေါင်းစုံမှာ အာဆီယံမှာ နစက ကို စစ်အာဏာရှင်အကြမ်းဖက်အဖြစ်ပုံဖော်နေကြခြင်းဟာ အမေရိကန်စနက်ဖြစ်သလို မြန်မာထိုင်းနယ်စပ်ကတဆင့် ကရင် ပြည်နယ်ကယားပြည်နယ် လူထုစစ်ဘေးဒုက္ခရောက်စေမယ့် စစ်မီးတွေပြန်မွှေးပေးခဲ့တာလည်း အမေရိကန်စနက်ဖြစ်ကြောင်း အားလုံးသိကြပါတယ်။

"တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)"မှာလက်မှတ်ရေးထိုးခဲ့တဲ့ KNUဟာ အမေရိကန်သွေးထိုးလှုံ့ဆော်မှုကြောင့် NCAအတိုင်းဆက်သွားလိုတဲ့အဖွဲ့နဲ့ NCAကိုစွန့်လွှတ်ပြီး စစ်ရေးလမ်းကြောင်းဆီပြန်သွားမယ့်အဖွဲ့သဘောထားကွဲလာရာက ၁၇ ကြိမ်မြောက်KNU ကွန်ဂရက်မှာ စစ်ရေး လမ်းကြောင်းဆီသွားလိုသူတွေ အများစုနဲ့ဗဟိုကော်မီတီအသစ်ဖွဲ့လိုက်ပြီဖြစ်လို့ ကရင်ပြည်နယ်လူထု အဖို့ စစ်ဘေးစစ်ဒဏ်အကြီးအကျယ်ခံကြရတော့မယ့်အခြေ အနေဆီရောက်လာခဲ့ပြီဖြစ်ပါတယ်။

၁၇ကြိမ်မြောက်KNUကွန်ဂရက်က တင်မြှောက်လိုက်တဲ့ KNUဗဟိုအသစ် စက်စက်ဟာတာဝန်ယူပြီးတာနဲ့ NCA စာချုပ်ကိုစက္ကူစုတ်လို သဘောထားတဲ့ ကြေညာချက်တစ်စောင်ချက်ခြင်းထုတ်ပြန်ခဲ့ပါတယ်။နစကဘက်ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မီတီသဘောထားထုတ်ပြန်ချက်အဖြစ်ပဲ KNUဗဟိုထုတ်ပြန်ချက်ဟာ NCAပါပြဌာန်းချက်များနဲ့ဆန့်ကျင်နေပြီး၊ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းဆီဦးတည်နေကြောင်းသတိပေးကြေညာချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။

မဟာလူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး တိုက်ပွဲဝင်နေကြသူများနဲ့လက်တွဲညီစွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်တာဖြစ်လို့ NCA စာချုပ်ကို မလိုက်နာတော့ဘဲ တိုက်ပွဲဝင်သွားမယ်လို့ အတိအလင်းစိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်စီအိုင်အေရဲ့ထောက်ပံ့မှုမက်လုံးတွေအရ သာ "တိုက်မယ်ခိုက်မယ်"လို့ကြုံးဝါးနေပေမယ့် KNUအဖွဲ့အစည်းထဲက ခွဲထွက်လာတဲ့လက်နက်ကိုင်အဖွဲ့တွေ မှိုလိုပေါက်လာပြီးစင်ပြိုင်အဖွဲ့တွေထူထောင်လာကြတဲ့အပြင်လက်ရှိ KNUအဖွဲ့အတွင်းမှာဆက်လက်ကွဲထွက်လာကြအုံးမယ့်အခြေအနေတွေ ဖြစ်ပေါ်နေတဲ့အတွက်KNUဗဟိုအသစ်စက်စက်ကိုယ် တိုင် နေရာတည်မြဲရေးကို အတော် ကြိုးစားရုန်းကန်နေရအုံးမယ့် အနေအထားဖြစ်နေပါတယ်။

KNU လက်နက်ကိုင်ခေါင်းဆောင်ငယ်များဟာ အဖွဲ့ကြီးမှာ နောက်လိုက်လုပ်တာထက်အဖွဲ့သေးရင်သေးပါစေ၊နံပတ်တစ်ခေါင်းဆောင်ဗိုလ်လုပ်ရတာ ပိုကောင်းတယ်ဆိုတဲ့ လက်နက်ကိုင်အာဏာအရသာကို သိသွားကြပြီဖြစ်လို့KNUဗဟိုနဲ့ လက်ရှိ KNUတပ်မဟာ၅တပ်မဟာ၂နဲ့တပ်မဟာ ၇တို့ ပဋိပက္ခကနေ ထပ်မံ ကွဲထွက်လာကြအုံးမယ့်အလားအလာကများနေပါတယ်။

လမ်းလုပ်သား၁၇ဦးကိုသတ်ဖြတ်မှုအတွက်စစ်ဆေးဖို့ KNUဗဟိုကဆင့်ခေါ်တာမလာဘဲ ကော်သူးလေအာမီလို့ စင်ပြိုင်တပ်မတော်တစ် ရပ်ဖွဲ့လိုက်တဲ့ စောနယ်ဒါးမြကို ဘာမှအရေးမယူနိုင်ဘဲ KNUနယ်မြေအတွင်းလက်ခံထားရခြင်းဟာKNUဗဟိုရဲ့သြဇာအာဏာ အကြီးအကျယ်ကျဆင်းနေတာကိုပြနေတာပဲဖြစ်ပါတယ်။

တစ်နယ်တစ်မင်းစစ်ဘုရင်လုပ်ရေးအတွက် ကရင့်လက်နက်ကိုင်အဖွဲ့ငယ်ခေါင်းဆောင်ငယ်များက ကော်သူလေးအာမီအောက်ရောက်လိုက်၊KNUအောက်ကူးလိုက်ဖြစ်နေကြတဲ့အတွက်စစ်အာဏာ ရှင်စနစ်တိုက်ဖျက်မယ်ဆိုတဲ့KNUဗဟိုကိုယ် တိုင် ကရင့်လက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့စစ်ဘုရင်ဝါဒအောက်ရောက်သွားရတော့မယ့်သဘောဖြစ်နေပါတယ်။

KNUဗဟိုအသစ်က NCAကိုပစ်ပယ်ပြီးလက်နက်ကိုင်တိုက်ပွဲဆီကို အတိအလင်းစိန်ခေါ်လာတဲ့ကြေညာချက်အပေါ် နစက ဘက်က သတိ ပေးထုတ်ပြန်ချက်ထုတ်ထားတဲ့အဆင့်သာရှိနေသေးချိန်မှာအချိန်မီမပြုပြင်နိုင်တော့ဘဲ စစ်လမ်းကြောင်းဆီသာဆက်သွားမယ်ဆိုရင် ကရင်ပြည်နယ်လူထုသာ စစ်ဘေးဒုက္ခသည်တွေဖြစ်ကြရအုံးမှာဖြစ်ပါတယ်။

KNUရဲ့ မဟာလူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်ဝါဒတိုက်ဖျက်ရေးဟာ ကရင်ပြည်နယ်လူထု ဒုက္ခရောက်ရေးနဲ့ကရင့်စစ်ဝါဒီစနစ်ကြီးစိုးရေးသာဖြစ်နေပြီဆိုတာကို KNUဗဟိုကိုယ်တိုင်နားလည်သဘောပေါက်ဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။

#ThaungLwinHein
ရိုးသားပါ

ကိုယ်လျှောက်ခဲ့တဲ့လမ်း
ဘယ်အချိန်ပဲ ပြန်ကြည့်ပြန်ကြည့်
လိပ်ပြာသန့်ချင်တယ်ဆိုရင်
ရိုးသားမှုတွေနဲ့ လျှောက်လှမ်းပါ။

ငွေးကြေးတွေရရာထူးဂုဏ်ထူးတွေ
က သင့်ဘဝကိုလုံခြုံမှုအပြည့်မပေး
နိုင်ဘူး။

ရိုးသားမှုကသာသင့်ဘဝကို လုံခြုံမှု
အပြည့်ပေးနိုင်တယ်။

လောကမှာ စည်းစိမ်ဥစ္စာကြွယ်ဝနေ
တဲ့သူ
အခြွေအရံပေါများနေတဲ့သူတွေဟာ
တန်ဖိုးအရှိဆုံးလူတွေလို့ မထင်လိုက်
နဲ့ ။

တန်ဖိုးအရှိဆုံးလူဆိုတာ ရိုးသားခြင်း
တွေ ရှိနေတဲ့သူက တန်ဖိုးအရှိဆုံးလူပါပဲ။

မိမိဘဝတစ်ခုလုံး နောက်ဆုံး
ထွက်သက်အထိ လိပ်ပြာသန့်သန့်
လေးနဲ့ ထွက်ခွါသွားခြင်တယ်ဆိုရင်
ရိုးသားပါ ။

🙏အရှင်ဇဝန(ရွှေကုန်းမြေ)🙏
တဖက်မှာ ဒီလို သာသနာတွေ ပြုနေတာကြောင့် စိုးစိုးဝါးဝါး မထိခိုက်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်ကြပါလိမ့်မယ်။ #ဖိုးစီ