တပ်ကြပ်ကြီးဖိုးကွန်း
22K subscribers
10.6K photos
1.08K videos
708 links
Download Telegram
Forwarded from HtayOung(OungMarine)
(ဒီဇင်ဘာ-၁၃၊ ၂၀၂၃) အပြောင်းအလဲဖြစ်စဉ်၏ နိဂုံးမဟုတ်သော နိဒါန်းအဆုံးသတ်
===
ကျွန်တော် ဒီလိုလည်း ကြားသိရပါတယ်။ အမှန်ဖြစ်ရင် စဉ်းစားစရာတွေ တစ်သီတန်းကြီး ပေါ်ပေါက်လာတယ်။
..
1027 ဆိုတာ MNDAA က ရတဲ့ အခွင့်ရေးကို လည်သလို အသုံးချသွားခြင်း ဖြစ်နေတယ်။
နစက စစ်ကူတွေ ပြည်မက ချက်ခြင်း တက်မလာနိုင်အောင်
TNLA ကို ဂုတ်ထိပ်၊ နောင်ချို သီပေါကနေ ဟန့်စစ်လုပ်ခိုင်းပြီး TNLA ကို ခိုင်းစားလိုက်တယ်။
..
ရလဒ်က ရှမ်းမြောက် အရှေ့ဖျားမှာ MNDAA က တပ်ရဲ့ စခန်းအတော်များများနဲ့ မြို့ရွာအချို့ သိမ်းလိုက်နိုင်တယ်
..
နှပ်ပစ်ခံလိုက်ရတဲ့ TNLA ကတော့ ပလောင်နဲ့ အညာသား PDFs အင်အား ၅ဝဝဝ လောက် ပြုန်းတီး အထိနာသွားတယ်။
.
အနာခံ ပေးတဲ့ TNLA, AA, PDFs ကျေးဇူးကြောင့် MNDAA တို့ ကွန်လုံကို ဝင်နိုင်ခဲ့တယ်
.
အပြန်အလှန် ကျေးဇူးဆပ်တဲ့အနေနဲ့ နမ်းခမ်းကို TNLA ဘက်ကနေ စစ်ကူပေးတယ်။
တပ်မတော်ရဲ့ EW. အရ MNDAA စစ်ဦးစီးအဖွဲ့ တည်နေရာသိရပြီး ဗုံးကြဲခဲ့လို့ MNDAA စစ်ဦးစီးအဖွဲ့ ပျောက်ကွယ်သွားခဲ့တယ်။ MNDAA အတွက် လူသစ်စုဆောင်းပေးသူဟာ KIA လူထွက်တွေ ဖြစ်နေတယ်။
.
1027 မှာ TNLA, AA နဲ့ အညာသား PDFs တွေအတွက် မျှော်မှန်းချက်နဲ့ ရလဒ်က ဘယ်လိုရှိမလဲ။
ခုတော့ တပ်က ကွန်လုံကို တန်ပြန်တိုက်စစ်ဆင်နေပြီ။
.
ပေါက်ဖော်လုပ်ပေးတဲ့ ညှိနှိုင်းပွဲမှာ MNDAA က လောက်ကိုင်၊ ကုန်းကြမ်း၊ မုန်းကိုး၊ ကွန်လုံ၊ ချင်းရွှေဟော်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းတယ်။
..
နစကဘက်က အကုန်ပြန်ဆုတ်ရမယ်လို့ ဆိုတယ်။
..
အဆင်မပြေဘူး။ နောက်တစ်ကြိမ် ပြန်ဆွေးနွေးကြမယ်ဆိုပြီး ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့တယ်။
..
တကယ်တော့ ၁၉၈၉-ခုနှစ် နဝတခေတ် အပစ်ရပ် ငြိမ်းချမ်းရေးယူတဲ့ ကိုးကန့်တွေအတွက်
ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ-၁ မှာ လောက်ကိုင်၊ ကုန်းကြမ်း ၂-မြို့နယ်သာ ပါဝင်တယ်။
.
၂၀၀၉-ခုနှစ်နောက်ပိုင်း ဖုန်အုပ်စု ထွက်ပြေးသွားရတဲ့ ကိုးကန့်ဒေသဟာ ပြည်မကြီးရဲ့ အုပ်ချုပ်မှုအောက် ပြန်ရောက်လာခဲ့တယ်။
..
ယခု နောက်ဆုံးသတင်း အမှန်ဖြစ်ရင် ကိုးကန့်ဒေသ ဖုန်အုပ်စု အာဏာပြန်ရစေဖို့ ပေါက်ဖော်ကြီး အကွက်ရွေ့ပွဲမှာ ဗိုက်အငှားနဲ့ ဓါးထိုးခံလိုက်ရတာ TNLA သာမက AA နဲ့ အညာသား PDFs တွေလဲ ပါနေတယ်။
..
သူတို့ ဘာကြောင့် ဒီလို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ

..
#အဲ့ဒီ_အပစ်ရပ်ဆိုတာ #တပ်ဘက်က_လုပ်ကို_မလုပ်သင့်တာ
..
#MNDAA #အကျိုးခံစားလိုက်ရတာကို_ကြည့်ပြီး #ကယား_ကရင်နဲ့ #ချင်း #EAOs #များသာမက
#တစ်တိုင်းပြည်လုံးမှာ_အသွင်အမျိုးမျိုးနဲ့ေါ်ပေါက်နေတဲ့ #PDFs တို့ကလည်း #သောင်းကျန်းမှုကို_အရှိန်မြှင့်ပြီး
#နယ်မြေအပိုင်ရဖို့_ကြိုးစားလာကြလိမ့်မယ်။
..
လွန်ခဲ့တဲ့ ၃-နှစ်လောက်က အနောက်ဘက်မှာ AA နဲ့ အပစ်ရပ်ခဲ့တယ်။
အဲ့ဒီနောက်ပိုင်း AA က ရခိုင်မြို့ရွာများအတွင်း အုပ်ချုပ်ရေးစနစ် ဖွဲ့စည်းတယ်။ အတင်းအကျပ် အခွန်ကောက် လူသစ်စုဆောင်း အင်အားဖြည့်တင်းတယ်။ ရဲတပ်ဖွဲ့နဲ့ တရားရုံး ထူထောင်တယ်။ မြောက်ဦးမှာ အကျဉ်းထောင်ပါလုပ်လာတယ်။
..
အဲ့ဒီနောက် မကွေးမြောက်- စစ်ကိုင်းတိုင်းထဲမှာ KIA နည်းတူ PDFs တွေကို စည်းရုံးသိမ်းသွင်းပြီး စစ်ရေး-အုပ်ချုပ်ရေးဦးဆောင်သူနေရာကို အရယူတယ်။
.
သေချာလောက်ပြီဆိုမှာ မြောက် ၃-ဖွဲ့ရဲ့ ရှမ်းမြောက်ထိုးစစ်ဆိုပြီး ကမ္ဘာသိ ထပ်လုပ်လာတယ်။
..
ခုဆို အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကို အပေါ်စီး ထိန်းချုပ်နိုင်ဖို့ ထရွန်အိုင်နဲ့ နှုံးဘူး စခန်းတွေကိုပါ အနာခံ ဝင်တိုက်လာတယ်။
..
#ဘယ်သူတွေ_ဘယ်လိုအကွက်ရွေ့တယ်ဆိုတာ_ခပ်ရေးရေးပေါ်လာပါပြီ။
..
#ယခင်ရှိပြီး #EAOs တွေဟာ #တပ်ရဲ့ #NCA အပေါ်_အခိုင်အမာရပ်တည်ချက်ကို _ကောင်းကောင်းကြီး_အခွင့်အရေးယူ_အကွက်ရွေ့သွားတယ်။
..
၂၀၂၃-ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA ၈-နှစ်မြောက် အထိန်းအမှတ် အခန်းအနားလုပ်ပြီးလို့မှ ဘာမှမကြာလိုက် 1027 ဆိုတာကို လုပ်ပြလိုက်တယ်။
..
ကိုယ်ချင်း မစာ၊ ကိုယ့်ပြည်တွင်း အသက်တွေကို မနှမြောလို့ မဟုတ်ပါ။
..
ခုလို မဆီလျော်တဲ့အချိန် အပစ်ရပ်ဆိုတာ ပြည်ထောင်စု ပြိုကွဲပျက်စီးရေးသော့ချက်မှာ အဓိက ငါးစာ ဖြစ်ကြောင်း ပေါ်လွင်လာပါတယ်။
..
စစ်တပ်နည်းတူ ဆန့်ကျင်ဘက် လက်နက်ကိုင်တွေတစ်ဘက်တည်းမှာ လူပေါင်း ထောင်ချီ အသက်ဆုံးခဲ့ရပါပြီ။ ခဲယမ်းမီးကျောက် တန်ချိန်ရာချီ အသုံးပြုခဲ့ရလောက်ပါတယ်။ အဲ့ဒါတွေ ဘယ်က ရနေလဲ ဘယ်လောက်ကြာကြာ ရနိုင်မှာလဲ
.
ဒီလောက် ကြီးမား ကျယ်ပြန့်တဲ့ စစ်ရေးလှုပ်ရှားမှုဟာ ဘယ်လိုနည်းနဲ့ ပေါ်ပေါက်ခဲ့ကြောင်း ကျွန်တော်တို့ စဉ်းစားကြည့်သင့်နေပါပြီ။
..
အဆင်မသင့်တဲ့အခါ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးအတွင်း #ဘယ်လို_လူတွေနဲ့_ဘယ်လို_အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာနိုင်တယ်ဆိုတာ မှန်းဆကြည့်သင့်နေပါပြီ။
..
..
အစဉ်လေးစာစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from Kyaw Swar
TNLA ၏ တစ်ကျော့ပြန်တိုက်ခိုက်မှုကြောင့် ကျောက်မဲတွင် သုံးရက်အတွင်း ပြည်သူ ၂၁ ဦးသေဆုံး

၂၇.၆.၂၀၂၄
Written by TZ

ရှမ်းပြည်နယ် ( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ကို TNLA ဦးဆောင်သည့် မြောက်ပိုင်းသုံးဖွဲ့၊ NUG ဩဇာခံ မန္တလေး PDF တို့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမူကြောင့် သုံးရ​က်အတွင်း ​ပြည်သူ ၂၁ ဦးကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

ဇွန်လ ၂၅ ရက် နံနက်ခင်းမှစတင်၍ ဇွန်လ ၂၇ ရက်နေ့အထိ ကျောက်မဲမြို့အနီးတစ်ဝိုက်အတွင်း TNLA/PDF နှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ရာ ထိုတိုက်ပွဲများအတွင်း ပြည်သူများ အသက်ပေးခဲ့ရခြင်းလည်းဖြစ်သည်။

"လက်နက်ကြီးတွေနဲ့ပစ်နေကြတော့ အလောင်းတွေမကောက်ရဲဘူး။ နည်းနည်းငြိမ်သွားပြီဆိုရင် သွားကောက်လို့။ အခုလည်း အလောင်းတွေရှိသေးတယ်။ မကောက်ရဲသေးလို့။ တချို့က လက်နက်ကြီးကျည်ကျလို့ သေတယ်။ တချို့က ကျည်ထိလို့သေတယ်။ အခုလည်းပစ်နေတာ။ အများဆုံးသေတာက ( ၁) ရပ်ကွက်ကပိုများတယ်။ သေတဲ့သူတွေအကုန်က အမျိုးသားတွေ။ ဒီအလောင်းတွေက ၂၅ ရက်ကနေ ၂၇ ရက်ထိ အလောင်းတွေ" ဟု ဒေသခံလူမှုကူညီရေးအသင်းမှ MT News သို့ ဖြေကြားသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမူကြောင့် သေဆုံးသူများမှာ ကျောက်မဲမြို့၊ ( ၁) ရပ်ကွက်၊ ( ၂) ရပ်ကွက်၊ ( ၉) ရပ်ကွက် တောင်/ မြောက်တို့တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်အလောင်းများကို နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲအသင်းခွဲ)နှင့်နာရေးကူညီမှုအသင်း(ကျောက်မဲ)တို့မှ အေးချမ်းသာသုဿာန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

၁၀၂၇ အပိုင်း (၂) စစ်စစ်ရေးကို TNLA ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ပြီး လက်ရှိတွင် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ မတ္တရာ စသည့်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားနေသလို ပြည်သူများစွာသေကြေနေသလို ပြည်သူထောင်သောင်းချီလည်း စစ်ဘေးရှောင်နေကြရသည်။

ဓာတ်ပုံ - နမ့်ခုံးရှမ်းများ
ပရဟိတအသင်း

#ကျောက်မဲ #TNLA #မန္တလေးPDF #AA #MNDAA #၁၀၂၇စစ်ဆင်ရေးအပိုင်း၂ #NUG #မိုးကုတ် #mtnews