တပ်ကြပ်ကြီးဖိုးကွန်း
21.7K subscribers
11.2K photos
1.15K videos
779 links
Download Telegram
အစ်စ်ခန်ဒါဗားရှင်းတွင် အဆိုပါ လှည့်စားမှုစံနစ်များပါ၀င်နေမည်မှာ အလွန်ဖြစ်နိုင်ချေရှိသည်ဟု ၎င်းက ဆိုသည်။

ရုရှားတို့အနေဖြင့် အဆိုပါနည်းပညာကို ရုရှားနိုင်ငံနှင့် နီးကပ်သည့် စစ်မြေပြင်၌ အသုံးပြုလာခြင်းဖြင့် ယခုစစ်ပွဲ မှာ ၄င်းတို့အတွက် စွန့်စားရလောက်အောင် အရေးကြီးသည်ကို ဖော်ပြနေကြောင်း၊ ထို့အတူ ယခုလောက်ဆို လျှင် အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်း၌လည်း အလွန်စိတ်လှုပ်ရှားသူများ ရှိနေလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာရေးရာကျွမ်းကျင်သူ ပါမောက္ခ_လူး၀စ်က ယုံကြည်သည်။

ရုရှား၏_လေကာနှင့်_ဒုံးခွင်းဒုံး_လှည့်စားစံနစ်ပါဒုံးကျည် #အစ်စ်ခန်ဒါ-အမ် #Iskander-M

(((The New York Times .,15 Mar 2022,” Russia deploys a mystery munition in Ukraine” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။
(ဧပြီ-၁၇၊ ၂၀၂၂) တတိယကမ္ဘာစစ်ဖြစ်ပြီ.. ရုရှားသမ္မတ ပြောတယ်ဆိုတာ အမှန်လား
=====
လွန်ခဲ့သည့် ညပိုင်း၌ တတိယကမ္ဘာစစ် စတင်နေပြီဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ရုရှား ရုပ်သံတွင် ပြောဆိုသည်ဟု မြန်မာ Facebook အသုံးပြုသူများ အကြား သတင်းပျံ့လွင့်လျှက် ရှိသည်။
..
ထိုသတင်း မှန်/မမှန်ကို ကျွန်တော့်အား မေးမြန်းကြသူ အလွန်များပြားပါ၍ တစ်ပါင်းတည်း ဖြေဆိုလိုက်ပါသည်။
..
အဆိုပါ သတင်းကို #ဖြူဖြူအမည်ရှ်ိ_အကောင့်ပိုင်ရှင်တစ်ဦးက_စတင်လွှင့်တင်ပုံရပြီး ထူးသည် ဆန်းသည်ဆိုလျှင် နှစ်ခါ မစဉ်းစားသော ဖိုးရှယ် မရှယ်တို့လက်ချက်ဖြင့် အွန်လိုင်း၌ ပျံ့နှံ့သွားပုံ ရပါသည်။
..
တကယ်တော့ #တတိယကမ္ဘာစစ်ဆိုသည်မှာ_ကမ္ဘာပျက်ပြီဖြစ်ကြောင်း ပြောဆိုခြင်းနှင့် မခြားပါ၊
..
တကယ်သာမှန်လျှင် ၂၄-နာရီအပြည့် သတင်းများ လွှင့်တင်နေသော နိုင်ငံတကာမီဒီယာကြီးများက သူ့ထက်ငါ လက်ဦးအောင် အလုအယက် လွှင့်တင်ကြမည်မှာ သေချာနေပါသည်။
..
ထိုမျှလောက် အရေးကြီးသော သတင်းနှင့်ပတ်သက်၍
..
အထောက်အထား အကိုးအကားမပါပဲ ရေးသားလွှင့်တင်ခြင်းအပေါ်
..
တစ်ထစ်ချ ယုံကြည်ယုံမက ထပ်ဆင့်ရှယ်ကြသူများ၏ တာ၀န်ယူ တာ၀န်ခံစိတ် ကင်းမဲ့ပုံကို အံ့သြမဆုံးပါ
..
အထူးသဖြင့် အဆိုပါ ပုဂ္ဂိုလ်များမှာ နိုင်ငံတော်အလံ သို့မဟုတ် သာသနာ့အလံကို ပရိုဖိုင်းတင်ထားသူများ လည်း ပါ၀င်နေရာ ကျွန်တော်တို့နိုင်ငံတော်ကြီးနှင့် သာသနာရေး အလေးထားသူများတွင် ဤမျှလောက် အသိဥာဏ်နည်းသူများ ရှိနေပါလားဟု ရင်ထုမနာ ဖြစ်ရပါသည်။
..
ထို့ကြောင့်လည်း ထိုသတင်းအား ရှယ်သူတိုင်းကို ထိုင် ဘလော့ချည့် ပစ်နေမိပါသည်။
..
(၁) ရုရှားနိုင်ငံပိုင် မီဒီယာက ယူကရိန်းစစ်ပွဲနှင့် တတိယကမ္ဘာစစ်အား ဆက်စပ်ပြောဆိုခြင်းမှာ အမှန်ဖြစ်သည်။
..
သို့သော် “ယူကရိန်းထိုးစစ်သည် တတိယကမ္ဘာစစ်ဆီသို့ တွန်းပို့နေပြီ “ ဖြစ်ကြောင်းကိုသာ ဆိုလိုပါသည်။
..
#တတိယကမ္ဘာစစ်စတင်နေပြီဟု_ပြောဆိုခြင်း မဟုတ်ပါ
..
(၂) ပြောဆိုသူမှာလည်း #ရုရှားသမ္မတ_ဗလာဒီမာပူတင် မဟုတ်ပဲ ရုရှား ရုပ်သံမီဒီဒီယာတွင် အထင်ရှားဆုံးဟု ဆိုရမည့် #အမျိုးသမီး_အစီအစဉ်တင်ဆက်သူ “ #အိုလ်ဂါ_စကာဗီရီဗာ “ ဖြစ်ပါသည်။
..
ယူကရိန်းသည် Global Fire Power နိုင်ငံတကာ စစ်အင်အားတွင် ၂၂ ရှိပါသည်။ လက်နက်တင်ပို့ ရောင်းချသူ အဖြစ် ကမ္ဘာအဆင့် ၄ ၌ ရှိခဲ့ဖူးသည်။ အမေရိကန်၏ သပ်ရှို ဖြိုခွင်းခံရခြင်းဖြင့် ယခုစစ်ပွဲမတိုင်မီ အဆင့် ၁၅ အထိ လျောကျသွားခဲ့ရသည်။
..
ရှရှားကို မလွဲမသွေ ထိပ်တိုက်တွေ့အောင် ဖန်တီးပြီး ယူကရိန်းအား ကြိုတင်စစ်အင်အား ချိနဲ့စေခြင်းဖြင့် ပေးတာယူ ကျွေးတာစားရမည့် လက်ဝေခံ လုံးလုံးဖြစ်အောင် ဝါရှင်တန်နှင့် အနောက်အုပ်စုက စီစဉ်ခဲ့ခြင်း ရှိ-မရှိ တစ်ချိန်ချိန်၌ သမိုင်းအမှန် ပေါ်လာမည်သာ ဖြစ်သည်။
..
မည်သို့ပင် ဆိုစေကာမူ စစ်အင်အားတွင် အမေရိကန်အား ပုခုံးချင်းယှဉ်နိုင်သော ကမ္ဘာ့အင်အားကြီး နံပါတ် ၂ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ရက်ပိုင်းအတွင်း ချေမှုန်း သိမ်းယူနိုင်ဖွယ်ရှိပါသည်။
..
ယူကရိန်းစစ်ပွဲမှာ အများသိရှိကြသည့်အတိုင်း ရက်ကာလ ကြာမြင့် လာခဲ့ပြီဖြစ်သည်။
..
နေတိုးစစ်စာချုပ်အဖွဲ့ ကိုယ်တိုင်အပေါ် မဟုတ်ပဲ ၄င်း၏ အခြေခံအဆောက်အအုံတို့ကို ဖြိုဖျက်နေရခြင်းကြောင့် သမ္မတပူတင်၏ ယူကရိန်းအထူးစစ်ဆင်ရေး၌ ကြာမြင့်နေရခြင်း ဖြစ်သည်ကို နားလည်ကြစေလိုကြောင်း၊
..
ရုရှားပြည်သူတို့သည် စစ်ပွဲကို အမြန်အဆုံးသတ်၍ အမြန်ဆုံး အောင်ပွဲခံလိုလျှက်ရှိပြီး ရည်မှန်းချက်များကို အမြန်အကောင်အထည်ပေါ်စေလိုကြောင်း
..
သို့သော် နေတိုးကြောင့် ယူကရိန်းစစ်ပွဲမှာ တတိယကမ္ဘာစစ်ဆီသို့ တွန်းပို့နေပြီဖြစ်ကြောင်း ရုရှားရေတပ်မတော် ပင်လယ်နက်ရေယာဉ်စု အလံတင်စစ်သင်္ဘောကြီး “ မော့က်စ်ဗာ “ နစ်မြုပ်ရသည့် သည်းထိတ်ရင်ဖိုဖြစ်ရပ်များနှင့် အတူ ရုရှားနိုင်ငံအပေါ် ထိုးနှက်လာသည့် အကြောင်းများကို _စကာဗီရီဗာက Rossiya 1 ချန်နယ်၌ ဆက်စပ်ပြောဆိုသည်။
..
မူရင်းသတင်းအား The Independent ၏ အင်္ဂလိပ်ဘာသာ ပြန်လှန်သုံးသပ်ချက် Link ကို ဖော်ပြလိုက်ရပါ သည်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
..
https://www.independent.co.uk/news/world/europe/russian-state-tv-ukraine-world-war-3-b2058684.html
Forwarded from HtayOung(OungMarine)
(နိုဝင်ဘာ-၂၇၊ ၂၀၂၃) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်။
===
တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ စစ်သင်္ဘောများ ယနေ့ မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာမည်။
..
မြန်မာ့ပင်လယ်ပြင်တွင် မြန်မာတပ်မတော် (ရေ) နှင့် နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း ကနဦး သတင်းရရှိပါသည်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
(ဒီဇင်ဘာ-၁၃၊ ၂၀၂၃) အပြောင်းအလဲဖြစ်စဉ်၏ နိဂုံးမဟုတ်သော နိဒါန်းအဆုံးသတ်
===
ကျွန်တော် ဒီလိုလည်း ကြားသိရပါတယ်။ အမှန်ဖြစ်ရင် စဉ်းစားစရာတွေ တစ်သီတန်းကြီး ပေါ်ပေါက်လာတယ်။
..
1027 ဆိုတာ MNDAA က ရတဲ့ အခွင့်ရေးကို လည်သလို အသုံးချသွားခြင်း ဖြစ်နေတယ်။
နစက စစ်ကူတွေ ပြည်မက ချက်ခြင်း တက်မလာနိုင်အောင်
TNLA ကို ဂုတ်ထိပ်၊ နောင်ချို သီပေါကနေ ဟန့်စစ်လုပ်ခိုင်းပြီး TNLA ကို ခိုင်းစားလိုက်တယ်။
..
ရလဒ်က ရှမ်းမြောက် အရှေ့ဖျားမှာ MNDAA က တပ်ရဲ့ စခန်းအတော်များများနဲ့ မြို့ရွာအချို့ သိမ်းလိုက်နိုင်တယ်
..
နှပ်ပစ်ခံလိုက်ရတဲ့ TNLA ကတော့ ပလောင်နဲ့ အညာသား PDFs အင်အား ၅ဝဝဝ လောက် ပြုန်းတီး အထိနာသွားတယ်။
.
အနာခံ ပေးတဲ့ TNLA, AA, PDFs ကျေးဇူးကြောင့် MNDAA တို့ ကွန်လုံကို ဝင်နိုင်ခဲ့တယ်
.
အပြန်အလှန် ကျေးဇူးဆပ်တဲ့အနေနဲ့ နမ်းခမ်းကို TNLA ဘက်ကနေ စစ်ကူပေးတယ်။
တပ်မတော်ရဲ့ EW. အရ MNDAA စစ်ဦးစီးအဖွဲ့ တည်နေရာသိရပြီး ဗုံးကြဲခဲ့လို့ MNDAA စစ်ဦးစီးအဖွဲ့ ပျောက်ကွယ်သွားခဲ့တယ်။ MNDAA အတွက် လူသစ်စုဆောင်းပေးသူဟာ KIA လူထွက်တွေ ဖြစ်နေတယ်။
.
1027 မှာ TNLA, AA နဲ့ အညာသား PDFs တွေအတွက် မျှော်မှန်းချက်နဲ့ ရလဒ်က ဘယ်လိုရှိမလဲ။
ခုတော့ တပ်က ကွန်လုံကို တန်ပြန်တိုက်စစ်ဆင်နေပြီ။
.
ပေါက်ဖော်လုပ်ပေးတဲ့ ညှိနှိုင်းပွဲမှာ MNDAA က လောက်ကိုင်၊ ကုန်းကြမ်း၊ မုန်းကိုး၊ ကွန်လုံ၊ ချင်းရွှေဟော်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းတယ်။
..
နစကဘက်က အကုန်ပြန်ဆုတ်ရမယ်လို့ ဆိုတယ်။
..
အဆင်မပြေဘူး။ နောက်တစ်ကြိမ် ပြန်ဆွေးနွေးကြမယ်ဆိုပြီး ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့တယ်။
..
တကယ်တော့ ၁၉၈၉-ခုနှစ် နဝတခေတ် အပစ်ရပ် ငြိမ်းချမ်းရေးယူတဲ့ ကိုးကန့်တွေအတွက်
ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ-၁ မှာ လောက်ကိုင်၊ ကုန်းကြမ်း ၂-မြို့နယ်သာ ပါဝင်တယ်။
.
၂၀၀၉-ခုနှစ်နောက်ပိုင်း ဖုန်အုပ်စု ထွက်ပြေးသွားရတဲ့ ကိုးကန့်ဒေသဟာ ပြည်မကြီးရဲ့ အုပ်ချုပ်မှုအောက် ပြန်ရောက်လာခဲ့တယ်။
..
ယခု နောက်ဆုံးသတင်း အမှန်ဖြစ်ရင် ကိုးကန့်ဒေသ ဖုန်အုပ်စု အာဏာပြန်ရစေဖို့ ပေါက်ဖော်ကြီး အကွက်ရွေ့ပွဲမှာ ဗိုက်အငှားနဲ့ ဓါးထိုးခံလိုက်ရတာ TNLA သာမက AA နဲ့ အညာသား PDFs တွေလဲ ပါနေတယ်။
..
သူတို့ ဘာကြောင့် ဒီလို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ

..
#အဲ့ဒီ_အပစ်ရပ်ဆိုတာ #တပ်ဘက်က_လုပ်ကို_မလုပ်သင့်တာ
..
#MNDAA #အကျိုးခံစားလိုက်ရတာကို_ကြည့်ပြီး #ကယား_ကရင်နဲ့ #ချင်း #EAOs #များသာမက
#တစ်တိုင်းပြည်လုံးမှာ_အသွင်အမျိုးမျိုးနဲ့ေါ်ပေါက်နေတဲ့ #PDFs တို့ကလည်း #သောင်းကျန်းမှုကို_အရှိန်မြှင့်ပြီး
#နယ်မြေအပိုင်ရဖို့_ကြိုးစားလာကြလိမ့်မယ်။
..
လွန်ခဲ့တဲ့ ၃-နှစ်လောက်က အနောက်ဘက်မှာ AA နဲ့ အပစ်ရပ်ခဲ့တယ်။
အဲ့ဒီနောက်ပိုင်း AA က ရခိုင်မြို့ရွာများအတွင်း အုပ်ချုပ်ရေးစနစ် ဖွဲ့စည်းတယ်။ အတင်းအကျပ် အခွန်ကောက် လူသစ်စုဆောင်း အင်အားဖြည့်တင်းတယ်။ ရဲတပ်ဖွဲ့နဲ့ တရားရုံး ထူထောင်တယ်။ မြောက်ဦးမှာ အကျဉ်းထောင်ပါလုပ်လာတယ်။
..
အဲ့ဒီနောက် မကွေးမြောက်- စစ်ကိုင်းတိုင်းထဲမှာ KIA နည်းတူ PDFs တွေကို စည်းရုံးသိမ်းသွင်းပြီး စစ်ရေး-အုပ်ချုပ်ရေးဦးဆောင်သူနေရာကို အရယူတယ်။
.
သေချာလောက်ပြီဆိုမှာ မြောက် ၃-ဖွဲ့ရဲ့ ရှမ်းမြောက်ထိုးစစ်ဆိုပြီး ကမ္ဘာသိ ထပ်လုပ်လာတယ်။
..
ခုဆို အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကို အပေါ်စီး ထိန်းချုပ်နိုင်ဖို့ ထရွန်အိုင်နဲ့ နှုံးဘူး စခန်းတွေကိုပါ အနာခံ ဝင်တိုက်လာတယ်။
..
#ဘယ်သူတွေ_ဘယ်လိုအကွက်ရွေ့တယ်ဆိုတာ_ခပ်ရေးရေးပေါ်လာပါပြီ။
..
#ယခင်ရှိပြီး #EAOs တွေဟာ #တပ်ရဲ့ #NCA အပေါ်_အခိုင်အမာရပ်တည်ချက်ကို _ကောင်းကောင်းကြီး_အခွင့်အရေးယူ_အကွက်ရွေ့သွားတယ်။
..
၂၀၂၃-ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA ၈-နှစ်မြောက် အထိန်းအမှတ် အခန်းအနားလုပ်ပြီးလို့မှ ဘာမှမကြာလိုက် 1027 ဆိုတာကို လုပ်ပြလိုက်တယ်။
..
ကိုယ်ချင်း မစာ၊ ကိုယ့်ပြည်တွင်း အသက်တွေကို မနှမြောလို့ မဟုတ်ပါ။
..
ခုလို မဆီလျော်တဲ့အချိန် အပစ်ရပ်ဆိုတာ ပြည်ထောင်စု ပြိုကွဲပျက်စီးရေးသော့ချက်မှာ အဓိက ငါးစာ ဖြစ်ကြောင်း ပေါ်လွင်လာပါတယ်။
..
စစ်တပ်နည်းတူ ဆန့်ကျင်ဘက် လက်နက်ကိုင်တွေတစ်ဘက်တည်းမှာ လူပေါင်း ထောင်ချီ အသက်ဆုံးခဲ့ရပါပြီ။ ခဲယမ်းမီးကျောက် တန်ချိန်ရာချီ အသုံးပြုခဲ့ရလောက်ပါတယ်။ အဲ့ဒါတွေ ဘယ်က ရနေလဲ ဘယ်လောက်ကြာကြာ ရနိုင်မှာလဲ
.
ဒီလောက် ကြီးမား ကျယ်ပြန့်တဲ့ စစ်ရေးလှုပ်ရှားမှုဟာ ဘယ်လိုနည်းနဲ့ ပေါ်ပေါက်ခဲ့ကြောင်း ကျွန်တော်တို့ စဉ်းစားကြည့်သင့်နေပါပြီ။
..
အဆင်မသင့်တဲ့အခါ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးအတွင်း #ဘယ်လို_လူတွေနဲ့_ဘယ်လို_အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာနိုင်တယ်ဆိုတာ မှန်းဆကြည့်သင့်နေပါပြီ။
..
..
အစဉ်လေးစာစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
(ဇန်နဝါရီ-၁၂၊ ၂၀၂၄)
..
ကူမင်းဆွေးနွေးပွဲမှာ အပစ်ရပ်ဖို့ သဘောတူကြတယ်ဆိုပေမယ့် AA, TNLA က လိုက်နာလိမ့်မယ် မထင်ဘူးလို့ ထောင်ကဲကြီးက Hard-copy နဲ့ တရားဝင် ပြောသတဲ့
..
သိပ်ဟုတ်ထာပေါ့
..
MNDAA တွေအတွက် သံလွင်အရှေခြမ်း ခိုင်သွားပြီ ခုလို အပစ်ရပ်မယ်ဆိုတော့ အနားယူ အားမွေးလိုက်ဦးမယ်
..
AA, TNLA ဘက်ကတော့ နယ်မြေ မခိုင်သေးဘူး သူတို့ ဆက်တိုက်နေရင် ဝေါ်ပု ကျီသောက် ကျုပ် မသိဘူး လို့ ပြောလိုက်တာပဲ
..
ခုနေ နှစ်ဘက်တပ်တွေ ရှေ့ဆက် မတိုးကြရင် သူတို့ဘက်က ပို မကောင်းဘူးလား။ ဒီဘက်က နယ်မြေဆုံးရှုံးမှုကို အပစ်ရပ်ထားလို့ လက်ပိုက်ကြည့်နေရမယ်
..
ဒါတောင် ဒီနေ့မနက် ၁၀၀၀ နာရီလောက် နောင်ချိုမြို့နယ် ကျောက်ကြမ်း အနောက်ဘက် လယ်ကြီးထောရွာကို TNLA တွေ ဝင်လာပြီးလာပြီး ပစ်တယ်။
..
နယ်စပ်ကုန်သွယ်ရေး ပြန်စမယ်ဆို ဘယ်လို စကြမလဲ လမ်း-တံတားတချို့ ဖျက်ဆီးခံထားရတယ်
..
ကုန်စည်စီးဆင်းရာ ပြည်ထောင်လမ်းမကြီးမြောက်ပိုင်းကို သူတို့ဘက်က စိုးမိုးထားတယ်
..
ကျောက်မဲ-လားရှိုး အထိတော့ ခရီးသည်တင်ကားအချို့ အရဲစွန့်ပြီး ထွက်နေကြတယ်။
..
အရင် ခရီးသည်တစ်ယောက် ကျပ် ၇၀၀၀ က အခု တစ်သိန်းနှစ်သောင်း ပေးရတယ်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
(ဇန်နဝါရီ-၂၇၊ ၂၀၂၄) ကျွန်တော် ဘာမှ မသိဘူးလို့ ပြောထားပြီးပြီနော်
===
KK park ပန်းခြံ ကျားဖျန့်လုပ်ငန်း ခေါင်းဆောင် ကွယ်ဝန်းထူး သည် ထို လုပ်ငန်း Process အားလုံးကို လက်မှတ် ရေးထိုး လုပ်ကိုင်ရာတွင် အဓိက ခေါင်းဆောင်ဖြစ်သည်။
ကျန်တဲ့သတင်း တရုတ် ကွကိုရှင်းပါစေ။

တရုတ်သတင်း

中國特警準備突襲苗瓦迪附近的KK Park頭目。
據可靠情報來源稱,中國特警部隊和緬甸特警部隊正準備突襲KK Park領導人。
那個老闆是誰?
(克倫民族聯盟)領導人?
(哇)領導者?
(AA) 領導力?
那個領導是誰?
我們還不知道。

မြဝတီမြို့အနီးရှိ KK ပန်းခြံ၏ ထိပ်တန်းအရာရှိကို တရုတ်အထူးရဲတပ်ဖွဲက ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေ
ယုံကြည်စိတ်ချရသော ထောက်လှမ်းရေးသတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်အထူးရဲတပ်ဖွဲနှင့် မြန်မာအထူးရဲတပ်တို့သည် KK Park ၏ ထိပ်တန်းသူဌေးအား ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေကြသည်ဟု သိရသည်။
အဲဒီသူဌေးက ဘယ်သူလဲ။
KNU ခေါင်းဆောင်လား?
UWSA ခေါင်းဆောင်လား။
AA ခေါင်းဆောင်လား။
ကိုးကန့်ခေါင်းဆောင်လား?
အတိအကျတော့ ကျနော်တို့ မသိသေးဘူး။
==
အထက်ပါ သတင်းမှာ ရာနှုန်းပြည့် မှန်ကန်တဲ့အတွက် ကျွန်တော် ထောက်ခံ မျှဝေနေခြင်း မဟုတ်ပါ။
..
ရေးသားသူဟာ TikTok မှာ ဖော်ပြထားတာတွေကို တဆင်ပြန်လည်မျှဝေတတ်သူဖြစ်ပြီး မြဝတီနယ်မြေ ကျားဖြန့်လုပ်ငန်းကို ဖြိုခွင်းရန် ထိုင်းဘက်တွင် တရုတ်စစ်သား ခြောက်သောင်း တင့်တား ၄၀ တို့ အသင့်ပြင်ဆင်နေကြောင်း လွန်ခဲ့တဲ့လကုန်ပိုင်းမှာ ဖော်ပြခဲ့ဖူးသူဖြစ်တယ်။
..
အဲ့ဒီကြောင်း ထောက်ပြတဲ့ ကျွန်တော့်ကို ဘလော့သွားပါတယ်
..
သို့သော် ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်း နှိမ်နင်းရေးအတွက် ထိုင်းစစ်ဘက်မှ နေပြည်တော်ကို ၂-ကြိမ်အနည်းဆုံး လာရောက်ခဲ့ကြောင်း Myawaddy, MRTV သတင်းများမှာ တွေ့ရပါတယ်။
..
အဲ့ဒီသတင်း ထွက်ပေါ်ပြီး များမကြာမီ
..
BGF မှ စောချစ်သူ နှုတ်ထွက်ကြောင်း ဖြစ်ပေါ်လာပါတယ်
..
သူ့သတင်းမှာတော့ ကျားဖြန့်ကို KNU လက်ရှိ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက လက်မှတ်ရေးထိုး ခွင့်ပြုထားတယ်ဆိုပေမယ့်
..
ကျွန်တော့်တို့သိထားတာက မြဝတီဝန်းကျင်မှာ ရွှေကုက္ကိုလ်နည်းတူ KK Park မှာလည်း ရှိနေပြီး KNU တပ်မဟာ ၆ နယ်မြေဖြစ်ကြောင်း၊ PDFs အများဆုံး လက်ခံခိုလှုံ လေ့ကျင့်ရာနေရာဖြစ်ပြီး ခြေကျိုး လက်ပြတ် PDFs ကျားမ လူငယ်အတော်များများ ရှိနေတယ်လို့ ဆိုပါတယ်။
..
ယခု ထိုင်းနယ်စပ်အထိ တရုတ်အထူးရဲများ လာခြင်း မလာခြင်း ကျွန်တော် မသိပါ။
..
ယခုဖြစ်ရပ်ဟာ မြန်မာပြည်တွင်း အနောက်ယိမ်း နွေဦးတော်လှန်ရေးကို တရုတ်က ကူညီဖြိုခွင်းနေတယ်အထိ အတွေး မချော်စေချင်ပါ။ စစ်အာဏာရှင်ဖယ်ရှားရေး- ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးနဲ့ ဘာမှ မဆိုင်- ဘာမှ မပတ်သက်၊ အဲ့ဒါတွေ ထည့်စဉ်းစားရင် ငပိန်းအကြီးစားလုံးလုံး ဖြစ်မယ်
..
ကျွန်တော်တို့နိုင်ငံအတွင်း ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်နေခြင်းနဲ့
.
ရှီကျင့်ဖျင်-ဂွမ်မော်- တာအိုက်ကျော်- ကျောက်ညီလိုင်- ဖုန်တာရွှင်- ခွန်ဥက္ကာ-ထွန်းမြတ်နိုင်- ကွယ်ထူးဝင်း-စောချစ်သူမှ ဒီဘက်အချို့သော သူများအထိ
..
မတူညီတဲ့ ရည်မှန်းမှန်းချက်မှာ ကိုယ်ကျိုးစီးပွားကာကွယ်မှုအရိပ်လက္ခဏာများ ပါဝင်နေပုံ၊ အကုန်လုံး လူလည်တွေချည့်ဖြစ်ပုံကို ဆိုလိုရင်း ဖြစ်ပါတယ်
..
ကျွန်တော်တို့ ကြားသိတာ မြဝတီဘက်မှာ ရှီကျင့်ဖျင် လိုချင်နေတာ ပယ်လီချောင် ( မြန်မာ အခေါ် ဘဲလည်ချောင်း) ကိုးကန့်တရုတ်လည်း ပါနိုင်တယ်။
..
သူတစ်ယောက်တည်းလို့ ဆိုလိုရင်း မဟုတ်
..
တခြားဘယ်သူတွေ ပါသေးလဲ ကျွန်တော်မသိ၊
..
ဘာဆက်လုပ်မယ်ဆိုတာလည်း ဉာဏ်မမီပါ၊
..
စာဖတ်သူ မိတ်ဆွေများနဲ့အတူ နှစ်တုံးမက စားမိနေကြောင်း ဦးနှောက်အလုပ်ပေးယုံ သက်သက်ပါ
..
ဟိုပါ ဒီပါ စပ်လဲ စုချင်သေး ၁၈-နှစ် မပြည့်သေးသူအတွေးနဲ့ ပေါက်ကရ လာ မမေးပါနဲ့
..
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
This media is not supported in your browser
VIEW IN TELEGRAM
(ဇန်နဝါရီ-၂၈၊ ၂၀၂၄) တို့မြန်မာပြည် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေပြီ
===
..
ဆီးရီးယား မဟုတ်၊ ယနေ့ လွိုင်ကော်
..
PUBG ကို အပြင်မှာ လူအစစ် မြို့အစစ်နဲ့ လက်တွေ့လုပ်ပြနိုင်တာကတော့ ကျွန်တော်တို့ဆီမှာပဲ ရှိပါတယ်
..
..
မကြာမီ မြို့ကြီး ရွာကြီးအတော်များများလည်း
..
ဆရာဦးမောင်မောင်စိုး လေသံအတိုင်းပြောရရင် အဝစား ပါလိမ့်မယ် ( ဆရာရေ .. ကိုယ်ပြောထားတာ ကိုယ် မနေ့နဲ့နော် )
..
ဗမာလို ဆဲသံသာ မပါရင် မဟုတ်ဖူး လွိုင်ကော် မဟုတ်ဖူး ငြင်းမိမှာ
..
..
ရောက်ဖူးသူတွေ ပြောကြပါဦး.. ကယားပြည်နယ် မြို့တော်ကြီးရဲ့ ဘယ်နေရာမှာ ဖြစ်မလဲ .. လို့
..
..
Video: Credit
..
..
#HtayOung, #OungMarine
Forwarded from HtayOung(OungMarine)
(ဖေဖော်ဝါရီ-၁၀။ ၂၀၂၄) ညှိုးငယ်သော စိတ်ထားဖြင့် အသိပေးအပ်ပါသည်။
..
ဖေဖော်ဝါရီ ၈-ရက် ကျောက်တော် စစ်တွေ ရေလမ်းခရီးတွင်
.
ကွယ်လွန်သူ စစ်ဘက် နယ်ဘက် ကျား မ မှီခို ကလေးးငယ်များအပါအဝင်
.
၆၃၇-ဦးတို့အား ရည်စူး၍ ကျန်ရစ်သူ မိသားစုဝင်တို့က
.
သံဃာတော်အရှင်သူမြတ်တို့အား သက်ပျောက်ဆွမ်းကပ်လှူမည်ဖြစ်ကြောင်း သတင်းရရှိရပါသည်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
(ဖေဖော်ဝါရီ-၂၁၊ ၂၀၂၄) မည်သူမဆို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ဟု ဆို
===
မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍
သိလိုသည်များ၊ မရှင်းလင်းသည့်အချက်များ ရှိလျှင် အောက်ပါ နေပြည်တော် ဖုန်းနံပါတ်များသို့
တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရှိရပါတယ်။
..
အကယ်၍ ၎င်းဥပေဒအား အကြောင်းပြု၍
ခြောက်လှန့်ခြင်း၊ ငွေကြေး တံစိုးလက်ဆောင် တောင်းယူခြင်းများရှိခဲ့လျှင်လည်း
အထောက်အထား အခိုင်အလုံဖြင့် တိုင်ကြားသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။
..
067 3404911
067 3404922
067 3404933
067 3404944
067 3404955
..
တစ်ခုတော့ ရှိပါသတဲ့
မဟုတ်မမှန် ပေါက်ကရ သွားပြောလျှင်တော့ လူကြီးမင်းရဲ့ တယ်လီဖုန်းကို ပိတ်သိမ်းခံရနိုင်ပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
(မတ်-၁၇၊ ၂၀၂၄) အနုပညာရှင်များက ကြားဝင် ဖြေရှင်းပေးသင့်
==
ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း အလွန်ဂယက်ရိုက်ခတ်နေပါတယ်။
..
တကယ်တော့ သင်ကိုယ်တိုင်သော်၎င်း၊ သင့် မိသားစုဝင်တစ်ဦးဦးထံကိုသော်၎င်း ယခုရက်ပိုင်း သက်ဆိုင်ရာက အကြောင်းကြားစာ ပေးပို့ခဲ့ရင် စိတ်အေးချမ်းစွာ လက်ခံပြီး သူတို့ညွှန်ပြတဲ့ ပုံစံစာရွက်များမှာ ဖြည့်သွင်းပေးသင့်ပါတယ်။
.
ဘာ့ကြောင့်လည်းဆိုတော့ အဲ့ဒါဟာ #သင့်ကို_စစ်မှုထမ်းရန်_ဆင့်ခေါ်ခြင်း_လုံးဝ_မဟုတ်ပဲ
..
ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ-၉ အရ #သတ်မှတ်ထားတဲ့_အသက်အရွယ်ရှိသူဖြစ်ကြောင်း #မှတ်ပုံတင်ယုံ_သက်သက်ဖြစ်လို့ပါ။
..
လူတိုင်းဟာ အချစ်နဲ့ မကင်း၊ မြန်မာနိုင်ငံသားတိုင်း မပုတင်နဲ့ မကင်းကြပါဘူး

ကျွန်တော်တို့ #အသက် ၁၂-နှစ်ပြည့်ပြီးသူတိုင်း #သက်ဆိုင်ရာ_လူဝင်မှု ကြီးကြပ်ရေးရုံးမှာ #မှတ်ပုံတင်ရတာနဲ့_သဘောချင်း တူညီပါတယ်။
..
အဲ့ဒီနောက် အမှန်တကယ် စစ်မှုထမ်းရန် လေ့ကျင့်ခံယူထိုက်သူ ဟုတ်-မဟုတ်၊ ပုဒ်မ-၁၅(က) ကင်းလွတ်ချက်များအပြင်၊ တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့က ကျန်းမာရေး စစ်ဆေးဖို့လည်း ကျန်ရှိနေပါသေးတယ်။

အဲ့ဒီအဆင့်တွေ အောင်မြင်သွားမှ စစ်မှုထမ်းဖို့ သင်တန်းတက်တဲ့ အဆင့်ကို ပထမဆုံးရောက်ပါလိမ့်မယ်
..
တကယ်တော့ တပ်မတော်ပြန်ကြားရေးရဲ့အဆိုအရ ကျွန်တော်တို့တိုင်းပြည်မှာ စစ်မှုထမ်းဥပဒေပြဌာန်းချက်ပါ အသက်အရွယ်ရှိသူ ကျား+မ ၁၃-သန်း ရှိပါတယ်။

အဲ့ဒီအထဲမှာ ပထမအသုတ် လူ ၅၀၀၀ ဟာ ယောက်ျား လေးချည့်ဖြစ်တဲ့အတွက် သင့်အနေနဲ့ အဲ့ဒီလူထဲပါဖို့ဆိုတာ နှစ်လုံး သုံးလုံးထီ ထိုးတာမှ ပေါက်ချင် ပေါက်မှာဖြစ်ပြီး အလွန်ခဲယဉ်းပါတယ်။
..
တပ်မတော်က အစအဆုံး အများဆုံး ခေါ်ယူဖွယ်ရှိတဲ့ ဦးရေဟာ တစ်သိန်းခန့်သာ ရှိတဲ့အတွက်

ကျားဖြစ်စေ မဖြစ်စေ ဖြစ်နိုင်ခြေ ၁၇၀ ပုံ ၁-ပုံသာ ရှိပါတယ်။
..
လူတိုင်းဟာ ဉာဏ်ရည် တစ်ပြေးညီ မရှိကြပါဘူး၊

အထူးသဖြင့် ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပိုပြီး အလွယ်တကူ နားလည်နိုင်စွမ်း မရှိကြပါဘူး
.
ဒါပေမယ့် ဥပဒေပြဌာန်းချက်ရှိကြောင်း မသိတဲ့အတွက် အပြစ်ကျူလွန်မိပါတယ်လို့ ထုချေခြင်းကို ဥပဒေက ခွင့်မလွှတ်ပါဘူး
..
ဆိုတော့ကာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးအတွင် အိမ်ထောင်စုတိုင်း ကြုံတွေ့နေရတဲ့ ဥပဒေကြောင်းပါ အချက်အလက်များဟာ အများပြည်သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်သင့်ပါတယ်။

ဒီအတွက် အများပြည်သူ သိရှိပြီဖြစ်တဲ့ အနုပညာရှင်များက ကြားဝင်ရှင်းပြခြင်းဖြင့် ကူညီပေးစေလိုပါတယ်။
.
အခုပဲ ကြည့်ပါ ဒီဥပဒေအကြောင်း ပိုင်တံခွန် ရှင်းပြမယ်ဆိုရင် စိတ်ဝင်စားစွာ နားထောင်သူ ပိုများ၊ ပိုထိရောက်မှာပါ၊

ပိုင်တံခွန်ဆိုသူထက် ပိုပြီး ရုပ်ချောတဲ့ ကျွန်တော်က ရှင်းပြရင်တောင် စိတ်ဝင်စားသူနည်းတာ

ဟို အသားညိုတိုတို ၀၀ပုပု ပါးချိုင့်လေး ပါယုံနဲ့ ရှင်းပြနေရင် ပို ဝေးမှာပါ။
..
အများပြည်သူတိုင်းနဲ့ သက်ဆိုင်တဲ့ဥပဒေဟာ လူများများ နားလည်လေ စိတ်ချမ်းမြေ့ ထိရောက်စရာ ဖြစ်ရလေပါ။
..
ကျွန်တော် စဉ်းစားနေတာရှိတယ်။
..
ကိုကျော်မျိုးမင်း ( N-P News) ကိုကျော်စိုးဦး (People Media) နဲ့ သဇင်ဦး ( သူရိယနေဝန်း) တို့ကို အရင်ဆုံး စစ်မှုထမ်းစေချင်တာ၊

ပြီးရင် သူတို့ကို Myawaddy News ကို ပို့ပြီး သူတို့ပုံစံမျိုး မြဝတီက ဖြစ်သွားရင် ကောင်းမယ် လို့
..
ဒါပေမယ့် သူတို့သာ မြဝတီလိုဖြစ်သွားနိုင်လို့ အတော် အောင့်နေရတယ်
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
==
Forwarded from HtayOung(OungMarine)
(ဇွန်-၂၂၊ ၂၀၂၄) ကျွန်တော်လည်း သူပြောတဲ့ အတိုင်းပါပဲ
===
အစဉ်လေးစားစွာဖြင့် #HtayOung, #OungMarine
..
Credit: ဘုဏ်း ဧကရီ
..
ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ စွရူးတစ်သိုက်က တစ်မျိုး 😎
နစက က မတော်တဆ မှားယွင်းတာ ဆိုရင်လည်း မှားယွင်းကြောင်း
ဝန်ချတောင်းပန်တဲ့ အမှန်တရားကို ငါတို့ လိုချင်ခဲ့တာပဲ ရှိတယ် 🙃
..
အဲ့ဒါ ငါတို့ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ ဆရာ-ဒကာ ရိုးရာယဉ်ကျေးမှုဓလေ့ပဲ
..
လူထုကို အမျိုးမျိုး စော်ကား ဿတ်ချင်တိုင်း ဿတ်ဖြတ်ခဲ့ပြီး ..
..
ခုမှ နစက အပေါ် ထိုးချဖို့ စွရူးထ မနေကြနဲ့😎
..
ရဟန်းသံဃာအပါးပေါင်း ရာကျော်သတ်ဖြတ်ခဲ့သူတွေကို လက်ခုပ်တီးအားပေးခဲ့တဲ့ ဟာတွေကလည်း
အခု ဆရာတော်ကြီး ပျံတော်မူမှ ထနာပြနေလိုက်ကြတာ မပြုံးပဲ ဝါးလုံးကွဲသာ ရယ်ပြလိုက်ချင်တယ် 🙂
..
လူထုကို လမ်းပေါ် ထပ်ခါထပ်ခါ ဆွဲတင်ချင်နေတာ မဟုတ်လား
ဆုတောင်းလေ .. ဆုတောင်းနေလိုက် 😏😏😏
..
စွရူးနဲ့ စွပေါတွေချည်း လူပါးဝနေတဲ့နိုင်ငံမှာ ငါတို သူပုန်လုပ်စရာ ရှိကို မရှိဘူး
..
ငါတို့က အမြင်မတူရင်တောင် ဘယ်ရဟန်းသံဃာကိုမှ လိုက်စော်ကားတဲ့အထဲ ဘယ်တုန်းကမှ မပါခဲ့ဘူး 😏
အေး.. နင်တို့လို့ စွရူးတွေကို လူစာရင်းသွင်းတဲ့ အထဲလဲ မပါဘူး 😎😎😎
===
Forwarded from HtayOung(OungMarine)
(သြဂုတ်-၂၊ ၂၀၂၄) အဆုံးစွန်သော စစ်နည်းဗျူဟာ
===
ဇူလိုင် ၃၁ ရက် ဟိုင်ဂင်တွေ့ဆုံပွဲကို တပ်မတော်က မတက်ရောက်ကြောင်း သတင်းနဲ့အတူ မြန်မာပြည်တွင်း နေရာအချို့မှာ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ကျွန်တော် ဉာဏ်မီသလောက် ပြောခဲ့ဖူးပါတယ်။
..
ဒါပေမယ့် အဲ့ဒီတိုက်ပွဲတွေမှာ သာမန် လူ့အသိဉာဏ်နဲ့ ဘယ်လိုမှ မစဉ်းစားအပ်တဲ့ စစ်နည်းဗျူဟာများ ပါဝင်လာလိမ့်မယ်လို့ သိမြင်နိုင်ခြင်း မရှိခဲ့ကြောင်း ဝန်ခံပါတယ်။
..
အဲ့ဒါကတော့ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့နေရာများ/ မသက်ဆိုင်သူများကို တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။
..
လွန်ခဲ့တဲ့ရက် တာမိုးညဲဘက်မှ ဝင်ရောက်လာတဲ့ စစ်ကူများနဲ့အတူ MNDAA, TNLA, PDF တို့ဟာ လားရှိုး မြို့တွင်း ဝင်ရောက်မွှေနှောက်တိုက်ခိုက်နေကြောင်း၊
သြဂုတ် ၁ ရက် နေ့လည်ပိုင်းမှာ လားရှိုးမြို့လယ် ဓမ္မာရုံအနီး ဟိုတယ်ပေါ်မှနေပြီး လားရှိုးပြည်သူဆေးရုံကြီးနဲ့၊
အဲ့ဒီနောက် ၉/၁၀၀ စစ်ဆေးရုံတို့ကို တိုက်ခိုက်ကြောင်း၊ ဒရုန်းများ ရှော့တိုက်ဒုံးများအပြင် စနိုက်ဘာသေနတ်သမားများက ပစ်ခတ်တဲ့အတွက် ဆရာဝန် သူနာပြုများအပါအဝင် လူနာများ သေဆုံးပြီး ကနဦးသတင်းများအရ ထိခိုက်ပျက်စီးမှု အလွန်များတယ်လို့ ကြားသိရပါတယ်။
..
လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေစဉ် စစ်ရေးအသာစီး ရရှိဖို့အတွက် ဆေးရုံ-ဆေးဝါးကုသရာနေရာကို အကာအကွယ်ယူ တိုက်ခိုက်ခြင်း၊ လူသားဒိုင်းသဖွယ်ဖန်တီးတိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ဆေးရုံ-ဆေးဝါးကုသရာနေရာ-ဆေးဝါးကုသသူဖြစ်ကြောင်း သိသာထင်ရှားတဲ့ အမှတ်အသား-ယူနီဖောင်းဝတ်စုံ ဝတ်ဆင်ထားသူများကို တိုက်ခိုက်ခြင်းဟာလည်း စစ်ရာဇဝတ်မှုပဲဖြစ်ပါတယ်။
..
ဒီနေရာမှာ ဆိုးရွားတာချင်းအတူတူ War Crime စစ်ရာဇဝတ်မှုနဲ့ Violations of Humanity လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတို့က မတူညီကြပါဘူး၊ လူမျိုးခွဲခြားခြင်း၊ မုဒိန်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုခြင်း၊ အရွယ်မရောက်သေးသူများကို စစ်မှုထမ်းစေခြင်းများပါဝင်ပါတယ်။
..
စစ်ဆိုတာ တစ်ဖက်ရန်သူရဲ့ အင်အားကို ချိနဲ့သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။
အဲ့ဒီက ဘေးချော်ပြီး ရန်သူနဲ့အတူ ရှိနေတဲ့ အရပ်သား အကျပ်အတည်းဖြစ်အောင် အစာရေစာနဲ့ လူမှုရေးအထောက်အပံ့များကို ဖြတ်တောက်ပစ်လေ့ရှိပါတယ်။
ဒီလုပ်ရပ်ဟာ မိမိဘက်အတွင်းမှာ ရှိနေတဲ့ #ဘယ်သူသေသေ_ငတေမာသမားများ နဲ့ ပေါင်းမိတဲ့အခါ လူ့အဖွဲ့အစည်းကြီးဟာ စစ်ဘေးသင့်ယုံမက အငတ်ဘေးပါ ဆိုက်ရပါတော့တယ်
..
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း အများပြည်သူသုံး ဆက်သွယ်ရေးတာဝါတိုင်များကို ဖျက်ဆီးခြင်း၊ အရပ်ဘက် ကူးသန်းရောင်းဝယ်ရာမှာ အသုံးပြုတဲ့၊ ကားလမ်း မီးရထားလမ်းများမှာ မိုင်းထောင်ခြင်း၊ စာသင်ကျောင်းများကို ပစ်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း တွေရှိရပါတယ်။
ယခုနောက်ပိုင်းမှာ တံတားများကို ဖောက်ခွဲခြင်း၊ လျှပ်စစ်ဓါတ်အားပေးနေရာများ၊ ဆည်များကို ဖျက်ဆီးခြင်းများအထိ ပြုလုပ်လာပါတယ်။
..
အဲ့ဒီ နည်းဗျူဟာကို ၁၉၅၀ ခုနှစ် ပြည်တွင်း ရောင်စုံသူပုန်သောင်းကျန်းစဉ်ကာလ တိုင်းရင်းသားလက်နက်ကိုင်များက ကျုးလွန်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါပေမယ့် လူထုအမြင်ပျက်ပြားပြီး စည်းရုံးရေး ကျဆင်းတဲ့အတွက် နောက်ပိုင်းမှာ မလုပ်တော့ဘူးလို့ ထင်မှတ်ရပါတယ်။
အခုတော့ သူတို့လုပ်ချင်တဲ့ အဲ့ဒီနည်းဗျူဟာကို ဗမာ PDF များက ကျုးလွန်လာကြပါတယ်။ သူတို့ကပဲ ခိုင်းသလား ကာယကံရှင်များကပဲ ဆန္ဒရှိလို့လား ဆိုတာတော့ မသိရပါဘူး။
.
လွန်ခဲ့တဲ့ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံအတွင်း လုံခြုံရေးပျက်ပြားတဲ့ဒေသများမှာ သီးနှံစိုက်ပျိုးခြင်း မပြုလုပ်နိုင်ကြပါဘူး၊ မြန်မာနိုင်ငံ စပါးကျီလို့ ခေါ်ဆိုကြတဲ့ ကျန်ဒေသများမှာလည်း ဒီရက်ပိုင်း ကြောက်လန့် ဖွယ် ရေကြီး ရေလျှံမှုကြောင့် သီးနှံများ ပျက်စီးနေပါတယ်။
..
အရှိန်မြင့်လာတဲ့ ပြည်တွင်းစစ်မှာ အဆုံးစွန်လက်နက်ကို အသုံးပြုနေကြောင်း မမြင်နိုင်ကြသူ ရာနှုန်းအတော်များများ ရှိနေပါတယ်။
..
ကိုယ်တိုင်လူမျိုးရေး အစွဲကြီးမား ပေမယ့် ပုန်ကန်ထကြွနေသူများပြောတဲ့ #ဖက်ဒရယ်ပြည်ထောင်စု #စစ်အာဏာရှင် #ဖယ်ရှားရေး #မျက်မှန်စိမ်း တပ်ခံရပြီး #ဇွန်ဘီးတွေ ဖြစ်နေကြပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
(သြဂုတ်-၃၊ ၂၀၂၄) ယမန့်နေ့ ရမခဘက်က
အသာစီးအနေအထား ရရှိခဲ့သည့် လားရှိုးစစ်ပွဲမှာ
ယနေ့နံနက်ပိုင်းတွင် ပြောင်းပြန်ုဖြစ်သွားပုံရ
..
ရန်သူ့အင်အားမှာ အလွန်များပြီး ၆၀၀၀ ကျော် အနည်းဆုံးရှိနိုင်ဟု ကြားသိရ
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
(သြဂုတ်-၃၊ ၂၀၂၄)
.
ရှမ်းမြောက် ရမခ ကျပြီဖြစ်ကြောင်း
ယနေ့နံနက် ၀၉၄၅ နာရီအထိ ခိုင်လုံတဲ့ သတင်း/ အထောက်အထား
ကျွန်တော့အနေနဲ့ ကြားသိခြင်း မရှိပါ။
..
လားရှိုးတစ်ဝှိုက် ဆက်သွယ်ရေး ပြတ်တောက်နေတာ မနေ့တည်းကပါ
..
အခြားမြို့ရွာများမှာ ရောက်ရှိနေတဲ့
လားရှိုး တိုက်ပွဲဝင် အရာရှိ/စစ်သည်တို့ရဲ့ မိသားစုများပင်လျှင်
..
သူတို့ရဲ့ ဖခင်၊ သူတို့ရဲ့ခင်ပွန်းများနဲ့ ဆက်သွယ်နိုင်ခြင်း မရှိကြောင်း သိရပါတယ်။
..
ကြက်ကလေး ငှက်ကလေး ဖမ်းသလို
တစ်ချီတည်း ပွဲသိမ်းလိုက်တဲ့ ပို့စ်များ တင်တဲ့အထိ ဆန္ဒမစောပဲ
စောင့်ကြည့်သင့်ပါတယ်
..
.
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
==
Forwarded from HtayOung(OungMarine)
(သြဂုတ်-၁၃၊ ၂၀၂၄) ထောင်ကဲ အတူးကိုယ်စားလှယ် ပြန်သွားခြင်းနဲ့အတူ လိုင်ဇာ-လောက်ကိုင်-သိန္တွီ-ကွတ်ခိုင်တို့ကို ဗုံးကြဲ တိုက်ခိုက်သံများလည်း ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။
..
တစ်ဖက်က ရပ်တန့်သွားပေမယ့် အခြားတစ်ဖက်ကတော့ ရပ်တန့်ပေးခြင်း မရှိပါဘူး။
ဆက်လက် တိုက်ခိုက်မြဲ တိုက်ခိုက်နေပြီး ကျောက်မဲ-သီပေါသာမက အနောက်တံခါး မဟာဗျူဟာမြောက် မောင်တောကို့ကို သိမ်းယူလိုက်ပါတယ်။
..
#HtayOung, #OungMarine
Forwarded from HtayOung(OungMarine)
(စက်တင်ဘာ-၂၁၊ ၂၀၂၄) ယခုတစ်ကြိမ်မြန်မာနိုင်ငံ ရေကြီးရေလျံမှုဟာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ဆိုးဆိုးဝါးဝါးထိခိုက်သွားပါတယ်။ တစ်ပြည်လုံးမှာ လူ ၂၉၃-ဦး သေဆုံး၊ ၈၈-ဦး ပျောက်ဆုံးပြီး ၃၂၀,၀၀၀ ထက်မနည်း အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်။ လယ်ယာသုံး ကျွဲနွားများအပါအဝင် တိ ရစ္တာန်ပေါင်း ၁၃၀,၀၀၀ သေဆုံးပြီး သီးနှံစိုက် လယ်ဧက ၆၄၀,၀၀၀ ခန့် ရေနစ်မြုပ် ပျက်စီးသွားပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်မှုဟာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးလို့ ဆိုပါတယ်။
..
ရေထဲမိုးထဲမှာပဲ မြန်မာနိုင်ငံအရပ်ရပ် လူတန်းစားအလွှာအသီးသီး လူမျိုးဘာသာဝင်အသီးသီးတို့က ကူညီကယ် ဆယ်ရေးများကို အားတက်သရော ဆောင်ရွက်ခဲ့ကြ ယခုထိ ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ လတ်တလော စားရေးသောက်ရေး ကျန်းမာရေးအစ ရေရှည်နေထိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး ကူညီဆောင်ရွက် ပေးလျှက်ကြောင်း လေးစားကျေးဇူးတင်ဖွယ် တွေ့ရှိရပါတယ်။
..
ယခုရေပြန်ကျသွားတဲ့အခါ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကျေးရွာအချို့မှာ ဒိုက်-သစ်ကိုင်း-အ ပျက်အစီးမြေသားထု ၇-ပေမှ ၁၀ ပေခန့်အထိ၊ ကလောမြို့ အချို့နေရာများမှာ လူတစ်ရပ်ခန့်အထိ နုံးမြေသား များ ကြောက်မက်ဖွယ် ဖုံးလွှမ်းနေကြောင်း တွေ့ရှိရပါတယ်။
..
ယခုစာရေးစဉ် ရှမ်းပြည်တောင်ပိုင်း “ဝုံအင်းဒေသမှာ” ကျေးရွာအများစုနဲ့ စိုက်ပျိုး လယ်ဧကပေါင်းများစွာ ရေ နစ်မြုပ်ပျက်စီးလျှက်ရှိကြောင်း သိရှိရပါတယ်။ ရှမ်းပြည်ရဲ့ စပါးကျီအဖြစ်တင်စားကြရတဲ့ အဲ့ဒီဒေသဟာ ရေကျ သွားရင် ပြန်စိုက်ဖို့ မျိုးစပါးတောင်မကျန် ရေဘေးသင့် ပျက်စီးလျှက်ရှိတယ်လို့ ဆိုပါတယ်။
..
ကျွန်တော်တို့နိုင်ငံ သမိုင်းတလျှောက် ဒေသအချို့မှာ မိုးခေါင်ခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ဖူးရာမှာ လူအ များ အငတ်ဘေးဆိုက်ခြင်း၊ သေဆုံးပျက်စီးတဲ့အထိ အကြိမ်ကြိမ်ဖြစ်ဖူးပါတယ်။ မမြဲတဲ့ သင်္ခါရလောကကြီးမှာ လူသားတို့ရဲ့ မလျော့တဲ့ ဇွဲလုံလနဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းကြီးဟာ ပျက်စီးလိုက် ပြန်လည်ထူထောင် လိုက် ခရီးနှင်နေပါတယ်။
..
ရေကြီးရေလျှံခဲ့ပြီးရင် ရေဘေးသင့် ပြည်သူများကို ပြန်လည်ထူထောင်ခြင်း၊ ကျန် နုံးများ မြေသားများကို အချိန်မီ ဖယ်ရှားပြီး သီးနှံစိုက်ပျိုးရေးကို ပြန်လည်စတင်ကြရပါတယ်။ စိုက်နေကျ သီးနှံများ “မျိုးစေ့”၊ စိုက်ပျိုးစ ရိတ် လိုအပ်ပါတယ်။
..
တင်ကျန်ရစ်ခဲ့တဲ့ နုံးမြေသားများကို ဘယ်နေရာ သွားစွန့်ပစ်ရမလဲ၊ အနည်တွေ ကျကျန်ရစ်ခဲ့တဲ့ ချောင်းတွေ မြစ်တွေကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာ အကြီးဆုံး ပြဿနာပါ၊ #အဲ့ဒါကို_မဖြေရှင်းသရွေ့_ခုလို_ရေကြီးရေ လျှံမှုတွေဟာ #နောင်နှစ်လဲ_ထပ်ဖြစ်မှာ_သေချာပါတယ်။
..
ဒီအတွက် စက်ယန္တရားများ၊ စက်သုံးဆီများသာမက #မှန်ကန်တဲ့_လုပ်ငန်းစဉ်ဖြစ်ဖို့ နည်းပညာနဲ့
#အသိပညာပေးမှု_အကူအညီတွေ_လုံးဝလိုအပ်ပါတယ်။
..
လူ့အဖွဲ့အစည်းကြီးတစ်ခုမှာ လူတစ်စုချည့် ကွက်ကွက်လေး ချမ်းသာနေလို့ မဖြစ်ပါ။ မိုနိုပိုလီကစားသလို အကြုံးဝင်သူအားလုံး ဆီလျော်စွာ မျှတ ပိုင်ဆိုင်ကြလေ အဲ့ဒီလူ့အဖွဲ့အစည်းကြီးဟာ စီးပွားရေးအရှိန်ကောင်း လေ ဖွံ့ဖြိုးတိုးတက်လေပါ။
.
#စစ်ရှုံးတဲ့_ဂျာမန်-ဂျပန်တို့ဟာ #ဒီလိုလုပ်ပြီး_ပြာပုံထဲက_ရုန်းထလာနိုင်ခဲ့ကြပါတယ်။ သူတို့ထက်စာလျှင် ယခုကျွန်တော်တို့က အများကြီး မျှော်လင့်ချက်ရှိပါတယ်။
..
#ကျွန်တော်တို့အားလုံး_ယခုအတိုင်း_စည်းလုံးညီညွတ်စွာနဲ့
#ကျွန်တော်တို့သားမြေးများအတွက် #ကျွန်တော်တို့နိုင်ငံ_ကျွန်တော်တို့လူ့အဖွဲ့အစည်းကြီးကို #ပြန်လည်ထူထောင်ကြရအောင်
.
ပုံများအတွက် မူရင်းဓါတ်ပုံဆရာကို Credit ပေးပါတယ်။ တစ်ပုံချင်းစီ ကြည့်ရှုနိုင်ကြပါရန်
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===
Forwarded from HtayOung(OungMarine)
(စက်တင်ဘာ-၂၁၊ ၂၀၂၄) ယခုတစ်ကြိမ်မြန်မာနိုင်ငံ ရေကြီးရေလျံမှုဟာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ဆိုးဆိုးဝါးဝါးထိခိုက်သွားပါတယ်။ တစ်ပြည်လုံးမှာ လူ ၂၉၃-ဦး သေဆုံး၊ ၈၈-ဦး ပျောက်ဆုံးပြီး ၃၂၀,၀၀၀ ထက်မနည်း အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်။ လယ်ယာသုံး ကျွဲနွားများအပါအဝင် တိ ရစ္တာန်ပေါင်း ၁၃၀,၀၀၀ သေဆုံးပြီး သီးနှံစိုက် လယ်ဧက ၆၄၀,၀၀၀ ခန့် ရေနစ်မြုပ် ပျက်စီးသွားပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်မှုဟာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးလို့ ဆိုပါတယ်။
..
ရေထဲမိုးထဲမှာပဲ မြန်မာနိုင်ငံအရပ်ရပ် လူတန်းစားအလွှာအသီးသီး လူမျိုးဘာသာဝင်အသီးသီးတို့က ကူညီကယ် ဆယ်ရေးများကို အားတက်သရော ဆောင်ရွက်ခဲ့ကြ ယခုထိ ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ လတ်တလော စားရေးသောက်ရေး ကျန်းမာရေးအစ ရေရှည်နေထိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး ကူညီဆောင်ရွက် ပေးလျှက်ကြောင်း လေးစားကျေးဇူးတင်ဖွယ် တွေ့ရှိရပါတယ်။
#HtayOung, #OungMarine