English with Mario 🎓🇬🇧
11.1K subscribers
1.73K photos
186 videos
24 files
560 links
Download Telegram
Media is too big
VIEW IN TELEGRAM
Lesson 4 ခုပြီးတိုင်း assessment လုပ် စာတွေပြန်နွေးပေးတဲ့ သင်ခန်းစာ နမူနာ Video ပဲဖြစ်ပါတယ်။

English with Mario နဲ့ (Tiktok: Learn Lite - လေ့လာလိုက်) မှာ အခြေခံကနေ Advanced အထိ English စာကို လေ့လာချင်သူတွေအတွက် Online Zoom အတန်းတွေရှိနေပါပြီ။

အသေးစိတ်ကို
Facebook: English with Mario (Messenger)
TikTok: Learn Lite
Telegram/Viber number +959253528899
Telegram username @saisoenge သို့ "Detail" လို့ စာပို့ပြီး အသေးစိတ်မေးမြန်းနိုင်ပါပြီခင်ဗျာ။

Mario 🎓
21.5.2026
❤3
🇲🇾🇲🇲 Malaysia-Myanmar Business Chamber Trade Fair 2026 organized by Malaysia-Myanmar Business Chamber

ဒီ Trade Fair ပွဲကြီးမှာ ဒုတိယအကြိမ်မြောက်အဖြစ် NextGen Impact မှ Malaysia Myanmar Business Chamber နှင့် ပူးပေါင်း၍ “Youth Empowerment Fair 2026” ကိုလည်းစီစဉ်ပြီး youth organization များကိုဖိတ်ကြားထားပါတယ်။

ကျွန်တော်တို့ 🌼 Knowledge Club English ကလည်း ပါဝင်အားဖြည့်သွားမှာ ဖြစ်ပါတယ်။
Booth မှာ ပျှော်ရွှင်စရာ activities လေးတွေ စီစဉ်ထားတာမလို့ လာရောက်ပါဝင်ပြီး reward လေးတွေ ရယူလို့ ရပါပြီနော်။
Language exchange, volunteer recruitment နဲ့ networking လုပ်ဖို့အတွက်လည်း ‌စီစဉ်ပေးထားတာမလို့ အကျိုးရှိမှာ အသေအချာပါပဲရှင်။

🗓️ Date : May 23 - 24, 2026 (Sat & Sun)
🕜 Time : 9:00 AM - 5:00 PM (YGN Time)
🚩 Venue : Melia Hotel, Yangon
(Google Map location 👇)
https://maps.app.goo.gl/KXuPZ3r5Tp6iNLmL7

အခုလို ပါဝင်အားဖြည့်ရန် ဖိတ်ကြားပေးသော Malaysia-Myanmar Business Chamber နှင့်
NextGen Impact တို့အား အထူးပင်ကျေးဇူးတင်ရှိပါတယ်။

🌼 Knowledge Club English
#MMBC #MMBCTF26 #YouthEmpowerment
❤7
We would like to take a break this week.
There won't be a conversation session tonight at 7:30pm.
See you all next week.

🌼 Knowledge Club English
❤4
အသေးစိတ်ကို အောက်မှာဖတ်ရန် 👇
❤1
English with Mario 🎓🇬🇧
အသေးစိတ်ကို အောက်မှာဖတ်ရန် 👇
"မျက်နှာပြောင်တိုက်ရဲတယ်" ဆိုတာကို English လိုပြောတတ်ပြီလား။

ဒီ phrase တွေ အလွတ်မှတ်ထားပါ။
⭐ have the cheek (to do sth)
⭐ have the nerve (to do sth)
⭐ have the gall (to do sth)
⭐ have the face (to do sth)

ဒီ phrase တွေအားလုံးကို "မျက်နှာပြောင်တိုက်ပြီးလုပ်တယ်" Or "ဘယ်လိုမျက်နှာနဲ့များ လုပ်ရဲရတာလဲ" စသဖြင့် သုံးလို့ရပါတယ်။

Examples တွေဖတ်ကြည့်ရအောင်။
✅ He had the cheek to ask me to pay for her!
သူက မျက်နှာပြောင်တိုက်ပြီး သူမအတွက် ငါ့ကိုရှင်းခိုင်းခဲ့တာ။

✅ She lets me do all the work, and then she has the nerve to criticize my cooking.
သူမက ဟင်းချက်ဖို့အားလုံးငါ့ကိုလဲ လုပ်ခိုင်းသေးတယ် ပြီးတော့ မျက်နှာပြောင်တိုက်ပြီး ငါချက်ထားတာတွေကို မကောင်းပြောသေးတယ်။

✅ Considering that he never even bothers to visit my parents I'm amazed that Tim has the gall to ask them for money!
မင်းပဲစဉ်းစားကြည့် သူ ငါ့မိဘတွေစီ အပင်ပန်းခံပြီးတောင်မလာတာ၊ သူဘယ်လိုမျက်နှာနဲ့များ သူတို့စီက ပိုက်ဆံတောင်းရဲရတာလဲဆိုတာ ငါအံ့ဩတယ်။

✅ He even had the gall to blame Lucy for it.
သူက Lucy ရဲ့အမှားပါဆိုပြီးတော့ မျက်နှာပြောင်တိုက်ကိုပြောခဲ့တာ။
(Gall ဂေါးလ် လို့အသံထွက်ပါ)

✅ I don't know how you have the face to ask for more money when you do so little work.
အလုပ်လဲ‌နည်းနည်းပဲလုပ်သေးတယ် အဲ့တာကို မင်းက ဘယ်လိုမျက်နှာနဲ့များ ပိုက်ဆံပိုပေးပါလို့ပြောရဲရတာလဲ ငါမစဉ်းစားတက်တော့ဘူး။

Example Sentences တွေ comment မှာရေးသွားနိုင်ပါတယ်။

Mario 🎓
26.5.2026
#havethecheek
#english_with_mario #follower
...

အခြေခံကနေ Advanced အထိ English စာကို လေ့လာချင်သူတွေအတွက် Online Zoom အတန်းတွေရှိနေပါပြီ။
အသေးစိတ်ကို
Facebook: English with Mario (Messenger)
TikTok: Learn Lite
Telegram/Viber number +959253528899
Telegram username @saisoenge သို့ "Detail" လို့ စာပို့ပြီး အသေးစိတ်မေးမြန်းနိုင်ပါပြီခင်ဗျာ။
❤16
အဲ့လို အတို့အထောင် လုပ်တဲ့သူကို English လိုပြောတတ်ပြီလား။
အောက်တွင်ဖတ်ရန် 👇
🤣4
English with Mario 🎓🇬🇧
အဲ့လို အတို့အထောင် လုပ်တဲ့သူကို English လိုပြောတတ်ပြီလား။ အောက်တွင်ဖတ်ရန် 👇
အတန်းထဲမှာ ဆရာမစီ အတို့အထောင်အမြဲလုပ်တဲ့သူ မြင်ဖူးကြတယ်မလား။

အဲ့လို အထက်လူကြီးကို အတို့အထောင် လုပ်တာကို English လို 💁 snitch လို့ခေါ်ပါတယ်။

ဒီလိုမှတ်ထားပါ
⭐ A snitch on B (A က B ကို ထောင်လိုက်သည်။)
⭐ A snitch to B (A က B (police/teacher) စီကို သတင်းပေး အတို့အထောင်လုပ်လိုက်သည်။)

တကယ်က 🥷 snitch ဆိုတာ ပစ္စည်း စသဖြင့် ခိုးတာကို သုံးနှုန်းခဲ့တာဖြစ်ပေမဲ့ ၂၀ ရာစုနှစ် နောက်ပိုင်း ဒုစရိုက်လောကမှာတော့ အဲ့လို အထက်လူကြီးကို တိုင်တာ အတို့အထောင်လုပ်တဲ့ သူတွေကို ⭐ stealing trust "ယုံကြည်မှုကို ခိုးယူတယ်" ဆိုတဲ့ ပုံစံနဲ့ ပြောင်းလဲ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

Example sentences ဖတ်ကြည့်ကြည့်ပါ။
✅ My friend snitched to the police that I am doing online business in Japan.
ငါ့သူငယ်ချင်းအရင်းကြီးကပဲ ဂျပန်မှာ ငါဈေးရောင်းနေတာကို ရဲစီ အတို့အထောင်သွားလုပ်ပါတယ်။

✅ She thought I'd snitched on her.
သူမက ငါအတို့အထောငအလုပ်မယ် ထင်သွားခဲ့တာပါ။

✅ He snitched to the teacher about the cheating.
ခိုးချတာကို သူ ဆရာမစီ သွားထောင်လိုက်တယ်။

✅
A: I don't feel comfortable snitching.
ငါ သတင်းအတို့အထောင် မလုပ်ချင်ပါဘူး။
B: Oh don't think of it as snitching. Think of it as collaborating.
အတို့အထောင်လုပ်တယ်လို့ မမြင်ပါနဲ့။ ပူပေါင်း ဆောင်ရွက်တယ်လို့ မြင်ကြည့်ပါ။

✅ He snitched to the boss that I'd been making long-distance calls at work.

Noun အနေနဲ့လည်း 💁 snitch ကို သုံးလို့ရပါတယ်။
✅ Don’t be a snitch.
အတို့အထောင်လုပ်တဲ့ကောင် မလုပ်နဲ့။ ဒလန်မလုပ်နဲ့။

Mario 🎓
27.5.2026
...

အခြေခံကနေ Advanced အထိ English စာကို လေ့လာချင်သူတွေအတွက် Online Zoom အတန်းတွေရှိနေပါပြီ။
အသေးစိတ်ကို
Facebook: English with Mario (Messenger)
TikTok: Learn Lite
Telegram/Viber number +959253528899
Telegram username @saisoenge သို့ "Detail" လို့ စာပို့ပြီး အသေးစိတ်မေးမြန်းနိုင်ပါပြီခင်ဗျာ။
#fyp #follower #snitch #englishwithmario
❤13
Eid Mubarak to y'all.
ပျှော်ရွှင်စရာ အစ်ဒ်နေ့ အခါသမယ ဖြစ်ပါစေ

Mario 🎓
28.5.2026
#fyp #eidmubarak #learnlite #englishwithmario
❤11🐳1
ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကလည်း လာပြီဆိုတော့ 🌼 KCE က followers တွေကို Quiz လေးမေးကြည့်ပါမယ်ရှင်
ရတယ်မလား 😉

1. Who was the first FIFA World Cup champion?
A. Germany
B. Argentina
C. Uruguay

2. What is the name of the singer of the famous World Cup song ‘Waka Waka’?”
A. Shakira
B. Rihanna
C. Taylor Swift

3. Which country has won the most FIFA World Cups?
A. Argentina
B. Germany
C. Brazil

4. Why is the World Cup held every 4 years?
A. Because FIFA needs to elect a new president.
B. Because teams need time for qualifiers and host countries need time to build stadiums.
C. Because only 4 teams are allowed to play in the tournament.

5. Who won the Golden Ball (Best Player) award at the 2022 FIFA World Cup?
A. Erling Haaland
B. Cristiano Ronaldo
C. Lionel Messi

ဒီ ၅ခုရဲ့ အဖြေတွေကို Comment မှာ ရေးသွားလိုက်နော် ❤️

🌼 Knowledge Club English
#fyp #worldcup2026 #quiz #knowledgeclubenglish
❤5
Enroll now @saisoenge
❤1
English with Mario 🎓🇬🇧
Enroll now @saisoenge
🔷 Listening မှာ Native Speakers တွေပြောတာကို နားမလည်တာမျိုးဖြစ်နေလား?
🔷 Speaking ကို လူအများအရှေ့ confidence ရှိရှိပြောတတ်ချင်လား?
🔷 IELTS speaking မှာ Pronunciation မကောင်းလို့ အမှတ်မတက်ဖြစ်နေလား?
🔷 ကိုယ့်ရဲ့အသံထွက်ကို အချိန် ၇ပတ်ပေးပြီး အသေးစိတ်အခြေခံကနေ ဆရာနဲ့ အတူတူ လေ့ကျင့်ပြီး လုံးဝပြောင်းလဲသွားချင်တယ်ဆိုရင်တော့ Pronunciation and Accents အတန်းက သင့်အတွက်ဖြစ်ပါတယ် 🫵

ဒီအတန်းဟာ Zoom နဲ့ Face to Face သင်ကြားမှာဖြစ်ပါတယ်။
ကျောင်းသား နည်းနည်းနဲ့ ထိထိရောက်ရောက်သင်ကြားမှာမလို့ အခုပဲ အတန်းအပ်ထားမှ နေရာ စိတ်ချရမယ်နော်။

ဘယ်သူတွေ စ Join လို့ရမလဲ
English အခြေခံရှိထားသူ ဘယ်သူမဆို စ join လို့ရပါပြီ။

Pronunciation and Accents Batch 21
သင်တန်းစမည့်ရက် - 5 April 2026 (Sun)
သင်တန်းချိန် - Sat & Sun (7:30-9 p.m)
သင်တန်းကြာချိန် - 7-8 weeks (2 months)
သင်တန်းကြေး - 100000 kyats
Video conferencing app - ZOOM

သင်ကြားမည့် lesson တွေမှာ ရှုတ်ထွေးပြီး မှတ်ရခက်တဲ့ lesson မျိုးမဟုတ်ပဲ ကျောင်းသားတစ်ယောက်နားလည်လွယ်မည့် သင်ခန်းစာမျိုးတွေကို စီစဉ်ပေးထားပါတယ်။

သင်ကြားမယ့် သင်ခန်းစာတွေကတော့
phonetic symbols
sentence stress & intonation
word stress & word endings
linking and connected speech
pronunciation strategies
silent letters
British accent vs American accent
different British accents

PDF နဲ့ Audio files တွေပေးမှာဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုး‌ကြောင့် အတန်းမတက်ဖြစ်ခဲ့ရင်လဲ စာပြန်ကြည့်လို့ရအောင် Recording လုပ်ပြီး Videos တွေကို Telegram မှာ ပြန်တင်ပေးမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ချင်တယ်ဆိုရင်
Page Messenger
Ph no/Viber no: 09253528899
Telegram number - 09253528899
Telegram username - @saisoenge
TikTok: Learn Lite - လေ့လာလိုက်
စာရင်းပေးသွင်းနိုင်ပါပြီ။

#english_with_mario
#pronunciation_course
#pronunciationcourse #pronunciation
#britishaccent #americanaccent
#ipacourse
#ieltsspeaking
#ieltslistening
❤6
Media is too big
VIEW IN TELEGRAM
ဒူရင်း လား ဒူးဝင်း လား 🤷

Mario 🎓
30.5.2026
...

အခြေခံကနေ Advanced အထိ English စာကို လေ့လာချင်သူတွေအတွက် Online Zoom အတန်းတွေရှိနေပါပြီ။
အသေးစိတ်ကို
Facebook: English with Mario (Messenger)
TikTok: Learn Lite
Telegram/Viber number +959253528899
Telegram username @saisoenge သို့ "Detail" လို့ စာပို့ပြီး အသေးစိတ်မေးမြန်းနိုင်ပါပြီခင်ဗျာ။
❤2
🗣️ to jinx sth = လာဘ်ပိတ်အောင်ပြောသည်။ ပါးစပ်ပုပ်ကြီးနဲ့ပြောသည်။

⭐ jinx အသံထွက်က "ဂျင့်ခ်စ်" လို့ ထွက်ရမှာပါ။
✅ I thought we would win, but I didn't say so. I didn't want to jinx it.
ငါတို့ နိုင်မယ်ဆိုတာ သိပေမဲ့ "ငါတို့နိုင်မှာ ငါတို့နိုင်မှာ" စသဖြင့် လာဘ်ပိတ်စေတာမျိုး ဖြစ်မှာဆိုးလို့ မပြောခဲ့ဘူး။

🔴 မှတ်ချက်။
သတိထားရမှာက မြန်မာစကား "ပါးစပ်ပုပ်ကြီးနဲ့မပြောနဲ့" ဆိုတဲ့နေရာမှာ negative result ကို ပြောပြီး လာဘ်ပိတ်‌စေတာဖြစ်ပြီး
English စကား Don't jinx it မှာကတော့ positive result ကို ပြောရင်း လာဘ်ပိတ်စေတာ ဖြစ်ပါတယ်။

ဒါလေးလည်း‌ဖြေသွားပါဦး။
✅ Do you think Si Thu Win jinxed it by wearing an Arsenal shirt?
တကယ် စည်သူလွင်က Arsenal jersey ဝတ်ပြပြီး နိုင်မယ်ဆိုပြီး ပါးစပ်ပုပ်ကြီးနဲ့ အားပေးတဲ့ ပုံတင်ခဲ့လို့များ Arsenal ရှုံးသွားတာလား။

Mario 🎓
31.5.2026
...

အခြေခံကနေ Advanced အထိ စနစ်တကျ အတန်းတက်လို့ရပါပြီ။
အသေးစိတ် 👇
Facebook: English with Mario (Messenger)
TikTok: Learn Lite
Telegram/Viber number +959253528899
Telegram username @saisoenge သို့ "Detail" လို့ စာပို့ပြီး အသေးစိတ်မေးမြန်းနိုင်ပါပြီခင်ဗျာ။
🤣6❤4😁1😭1
ကိုယ်အားမပေးတဲ့ အသင်းပွဲကို ရှုံးမလားဆိုပြီး ခိုးကြည့်တဲ့သူတွေ မြင်ဖူးလား။

မြန်မာ ဗန်းစကားမှာတော့ 👀 ခိုးကြည့်တယ် လို့ သုံးနှုန်းပြီး English ဗန်းစကားမှာတော့ 👀 hate-watch တဲ့

✅ Why do people love to hate-watch Arsenal?
ဘာလို့ လူတွေက အာဆင်နယ်ကိုအားမပေးပဲ အာဆင်နယ်ပွဲတွေ ခိုးကြည့်ရတာကြိုက်တာလဲ (ရှုံးရင်လှောင်ဖို့ စနောက်ဖို့ရန်)။

✅ I am sure a lot of people will hate-watch Harry Potter new series when it comes out.
ငါသေချာတယ် လူတွေ Harry Potter ရုပ်ရှင်အသစ်ကို မုန်းပေမဲ့ ခိုးကြည့်မဲ့သူ‌တွေ အများကြီးရှိမယ် ဆိုတာ။

Mario 🎓
1.6.2026
...

အခြေခံကနေ Advanced အထိ English စာကို လေ့လာချင်သူတွေအတွက် Online Zoom အတန်းတွေရှိနေပါပြီ။
အသေးစိတ်ကို
Facebook: English with Mario (Messenger)
TikTok: Learn Lite
Telegram/Viber number +959253528899
Telegram username @saisoenge သို့ "Detail" လို့ စာပို့ပြီး အသေးစိတ်မေးမြန်းနိုင်ပါပြီခင်ဗျာ။
❤7🤮1
🐝 Here is our memories last week on Friday.
⚽ Everyone had a great time talking about World Cup.

If you would like practice your English, come join us on every Friday at 7:30pm.

🌼 Knowledge Club English
#kce #fyp #conversationclub #knowledgeclubenglish
❤1
English with Mario 🎓🇬🇧
Enroll now @saisoenge
🔷 Listening မှာ Native Speakers တွေပြောတာကို နားမလည်တာမျိုးဖြစ်နေလား?
🔷 Speaking ကို လူအများအရှေ့ confidence ရှိရှိပြောတတ်ချင်လား?
🔷 IELTS speaking မှာ Pronunciation မကောင်းလို့ အမှတ်မတက်ဖြစ်နေလား?
🔷 ကိုယ့်ရဲ့အသံထွက်ကို အချိန် ၇ပတ်ပေးပြီး အသေးစိတ်အခြေခံကနေ ဆရာနဲ့ အတူတူ လေ့ကျင့်ပြီး လုံးဝပြောင်းလဲသွားချင်တယ်ဆိုရင်တော့ Pronunciation and Accents အတန်းက သင့်အတွက်ဖြစ်ပါတယ် 🫵

ဒီအတန်းဟာ Zoom နဲ့ Face to Face သင်ကြားမှာဖြစ်ပါတယ်။
ကျောင်းသား နည်းနည်းနဲ့ ထိထိရောက်ရောက်သင်ကြားမှာမလို့ အခုပဲ အတန်းအပ်ထားမှ နေရာ စိတ်ချရမယ်နော်။

ဘယ်သူတွေ စ Join လို့ရမလဲ
English အခြေခံရှိထားသူ ဘယ်သူမဆို စ join လို့ရပါပြီ။

Pronunciation and Accents Batch 21
သင်တန်းစမည့်ရက် - 5 April 2026 (Sun)
သင်တန်းချိန် - Sat & Sun (7:30-9 p.m)
သင်တန်းကြာချိန် - 7-8 weeks (2 months)
သင်တန်းကြေး - 100000 kyats
Video conferencing app - ZOOM

သင်ကြားမည့် lesson တွေမှာ ရှုတ်ထွေးပြီး မှတ်ရခက်တဲ့ lesson မျိုးမဟုတ်ပဲ ကျောင်းသားတစ်ယောက်နားလည်လွယ်မည့် သင်ခန်းစာမျိုးတွေကို စီစဉ်ပေးထားပါတယ်။

သင်ကြားမယ့် သင်ခန်းစာတွေကတော့
phonetic symbols
sentence stress & intonation
word stress & word endings
linking and connected speech
pronunciation strategies
silent letters
British accent vs American accent
different British accents

PDF နဲ့ Audio files တွေပေးမှာဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုး‌ကြောင့် အတန်းမတက်ဖြစ်ခဲ့ရင်လဲ စာပြန်ကြည့်လို့ရအောင် Recording လုပ်ပြီး Videos တွေကို Telegram မှာ ပြန်တင်ပေးမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ချင်တယ်ဆိုရင်
Page Messenger
Ph no/Viber no: 09253528899
Telegram number - 09253528899
Telegram username - @saisoenge
TikTok: Learn Lite - လေ့လာလိုက်
စာရင်းပေးသွင်းနိုင်ပါပြီ။

#english_with_mario
#pronunciation_course
#pronunciationcourse #pronunciation
#britishaccent #americanaccent
#ipacourse
#ieltsspeaking
#ieltslistening
❤1