Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ် ဆက်လက်ဖြေဆိုသည်။(မတ်လ ၁၀ )
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆိုသည်။(မတ်လ ၁၃)
အပြောင်းအရွှေ့များ ခေါ်ယူပါပြီ။
(အတိုးမပါသေးပါ)
ထထက်ပြ၊
လယ်ပြ၊
ဒုလယ်ပြ၊
လ/ထ လယ်ပြ၊
မူအုပ်၊
မူပြ၊
ဒုမူပြ၊
လ/ထမူပြ၊
ထက်ပြ(ကာယ)၊
ဒုလယ်(ကာယ)

( အပြောင်းအရွှေ့အားလုံးအတွက် လက်ရှိရာထူး၌ အနည်းဆုံး လုပ်သက် (၂ ) နှစ်ရှိမှ ပြောင်းရွှေ့ လျှောက်ထားနိုင်ပါမည်။)

အပြောင်းအရွှေ့ လျှောက်ထားခြင်း အားလုံးအတွက် လုပ်သက်ကို (၃၀-၆-၂၀၂၃) ရက်စွဲဖြင့် သတ်မှတ် တွက်ချက်ပေးရမည်ဟု သိရှိရပါသည်။
#အသီးအရွက်_65_မျိုးအင်္ဂလိပ်မြန်မာပုံနဲ့တကွလေ့လာနိုင်ရန်ဝေမျှလိုက်ပါတယ်နော်..
1.Cucumber......သခွားသီး
2.Ginger..............ဂျင်း
3.Maize.............. ပြောင်းဖူး
4.Pumpkin.........ရွှေဖရုံသီး
5.Chilli/Chilly....ငရုတ်သီး
6.Cabbage.........ဂေါ်ဖီထုပ်

7.Passion fruit...စူကာသီး
8.Persimmon....တည်သီး
9.Betel nut.........ကွမ်းသီး
10.Mulberry.....ပိုးစာသီး
11.Hazel nut....သစ်အယ်သီး
12.Acorn..........ဝက်သစ်ချသီး

13.Nutmeg......ဇာဒိတ်ဖိုသီး
14.Spinach...... ဟင်းနုနွယ်
15.Coriander plant.နံနံပင်
16.Drum stick.....ဒန့်သလွန်သီး
17.Water spinach. ကန်စွန်းရွက်
18.Lettuce.............. ဆလပ်ရွက်

19.Carrot..........မုန်လာဥနီ
20.Sweet potato ကန်စွန်းဥ
21.Green beans...ပဲတောင့်
22.Garlic.................ကြက်သွန်းဖြူ
23.Onion.............. ကြက်သွန်းနီ
24.Gourd.............ဗူးသီး

25.Chilly/ Paprika...ငရုပ်သီးပွ
26.Black Pepper.... ငရုတ်ကောင်း
27.Leek...............ကြက်သွန်မြိတ်
28.Arrowroot......အာဒါလွတ်
29.Cumin seed.......ဇီယာစေ့
30.Rose apple....သပြေသီး

31.Potato.........အာလူး
32.Tomato..... ခရမ်းချဉ်သီး
33.Brinjal........ခရမ်းသီး
34.Lady's finger...ရုံးပတီသီး
35.Bitter gourd....ကြက်ဟင်းခါးသီး
36.Ridge gourd....ခဝဲသီး

37.Marian plum.....မရမ်းသီး
38.Cashew nut......သီဟိုဠ်စေ့
39.Plum..................ဆီးသီး
40.Durian.......ဒူးရင်းသီး
41.Orange...........လိမ္မော်သီး
42.Strawberry............စတော်ဘယ်ရီသီး

43.Alligator pear.......ထောပတ်သီး
44.Coconut.......အုန်းသီး
45.Pomegranate.....သလဲသီး
46.Chestnut........... သစ်ချသီး
47.Olive...............သံလွင်သီး
48.Papaya...........သင်္ဘောသီး

49.Water chestnut.... ကျွဲခေါင်းသီး
50.Almond.................ဗာဒံသီး
51.Pomelo.............ကျွဲကောသီး
52.Walnut............ .သစ်ကြားသီး
53.Quince...........ဥသျှင်သီး
54.Mangosteen....မင်းဂွတ်သီး

55.Banana....... ငှက်ပျောသီး
56.Apple.......ပန်းသီး
57.Pineapple...... နာနတ်သီး
58.Guava......မာလကာသီး
59.Grape........စပျစ်သီး
60.Watermelon.....ဖရဲသီး

61.Tamarind.......မန်ကျည်းသီး
62.Starfruit......စောင်းလျားသီး
63.Lemo..........ရှောက်သီး
64.Fig..........သဖန်းသီး
65.Peach........ မက်မွန်သီး
အခြေခံပညာ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများအတွက် အုပ်ချူပ်မှူစရိတ် ၀၁၀၂ ေငွစာရင်းခေါင်းစဥ်ဖြင့် ချီးမြှင့်ငွေ (၂၀၂၂ ခုနှစ်၊ဧပြီလ) မှ စတင်၍ ရရှိပါမည်။

ထက်အုပ်ကြီးများ ၁ လကို ၂၇၅၀၀ ကျပ်နှုန်း။

လယ်အုပ်ကြီးများ ၁လကို ၂၇၅၀၀ ကျပ် နှုန်း။

မူလတန်းကျောင်းအုပ်ကြီးများ ၁လကို
၂၁၆၀၀ ကျပ်နှုန်း ရရှိမည်ဟု သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်၍ ရရှိပါမည်။

#ဘယ်လထိရရှိမလဲတော့အတိကျမသိရသေးပါခင်ဗျာ။

တစ်မြို့နယ်နှင့်တစ်မြို့နယ် ကျောင်းအနည်းအများ၊ဝန်ထမ်းဦးရေ အနည်းအများ၊ စာရင်းဇယားများ လုပ်ရတဲ့ အနေထားပေါ်မူတည်ပြီး ရရှိတဲ့ ရက် /လ မတူညီနိုင်ပါ။
ယခု အပြောင်းအရွှေ့ ခေါ်ယူခြင်းသည် တစ်ကျောင်းမှ တစ်ကျောင်းသို့ #ကျောင်းအပြောင်းအရွှေ့ ခေါ်ယူခြင်း ဖြစ်ပါတယ်ခင်ဗျာ။
လစာနှုန်းတူ ရာထူးအပြောင်း ခေါ်ယူခြင်းမဟုတ်ပါ။ #မခေါ်သေးပါ။ဥပမာ- လ/ထ မူပြ (၁၈၀၀၀၀)ကနေ လစာနှုန်းတူ လ/ထ လယ်ပြ (၁၈၀၀၀၀)သို့ ပြောင်းရွှေ့ မခေါ်သေးပါ။မပါသေးပါ။
ဒုမူပြ (၁၉၈၀၀၀) ကနေ လစာနှုန်းတူ ဒုလယ်ပြ (၁၉၈၀၀၀) သို့ ပြောင်းရွှေ့ မခေါ်သေးပါ။

မပါသေးပါခင်ဗျာ။လက်ရှိကျောင်းမှာ လက်ရှိရာထူး လုပ်သက် ၂ နှစ် (၂၄) လ တိတိ ပြည့်ရင် ကျောင်းအပြောင်းအရွှေ့ လျှောက်ထားနိုင်ပါသည်ခင်ဗျာ။

ဝန်ထမ်းပေါင်းစည်း လျှောက်ထားလိုသူများ အနေဖြင့် လက်ရှိကျောင်း လက်ရှိ ရာထူးမှာ လုပ်သက် (၁)နှစ်တိတိ ပြည့်ရင် ကျောင်းပြောင်းရွှေ့ လျှောက်ထားနိုင်ပါသည်။

လုပ်သက်ကို (၃၀-၆-၂၀၂၃) ရက်စွဲဖြင့် သတ်မှတ်တွက်ချက်ပေးရပါမည်ခင်ဗျာ။
မူလတန်းဆင့် မွမ်းမံ(မြို့နယ်ဆင့်) ရှိပါတယ်။ ဒါပေမယ့်.....။

ဒါပေမယ့်.... ဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ဒီပညာသင်နှစ်ရဲ့ နွေရာသီကာလ(မူဆင့်)မွမ်းမံသင်တန်းက ထူးခြားတယ် လို့ ဆိုချင်တာပါ။
အင်း... ထူးခြားရတဲ့အကြောင်းကို ပြောရရင် အချက်(၅)ချက် ရှိပါတယ်။
#ပထမအချက်
မူဆင့်မွမ်းမံ ပို့ချရမယ့် နည်းပြတွေဟာ ဗဟိုဆင့်၊ ပြည်နယ်ဆင့်၊ ခရိုင်ဆင့် မရှိဘူးဗျ။ ဘယ်ခေါင်းစဉ်, ဘယ်ကြောင်းအရာ, ဘယ်ပိုင်းကို ပို့ချပါ ဆိုတဲ့ လမ်းညွှန်ချက် နတ္ထိ။ ဒါကြောင့် မြို့နယ်ဆင့်အနေနဲ့ပဲ သင့်တော်ရာ သင်ခန်းစာတွေကို ရွေးထုတ်ပြီး သင်ကြားရမှာ ဖြစ်ပါတယ်။ "မူဆင့်ကတော့ ကြည့်လုပ်လိုက်ကြ" ဆိုတဲ့ သဘောထားတွေက ကွက်ကွက်ကွင်းကွင်းရယ်..။

#ဒုတိယအချက်
ဒီနှစ်ရဲ့ မွမ်းမံသင်တန်း ကာလဟာ (၄)ရက်နဲ့ စာသင်ချိန်တစ်ချိန်မှာ မိနစ် (၄၀) ဆိုတာကလွဲရင် ကျန်တာက ကျုပ်ကျက်လိ ကြည့်ကျက်လုပ်ပါပဲ။ ဒီတော့ ၁ ရက်တာ စာသင်ချိန်ကို တွက်ကြည့်မယ်ဗျာ။ ညနေ (၃:၀၀)နာရီ ဆင်းမယ်ဆိုရင် တစ်ရက်မှာ ၇-ချိန်။ ညနေ(၄:၀၀)နာရီ ဆင်းမယ်ဆိုရင် တစ်ရက်မှာ ၈-ချိန်။
(၄)ရက်စာသင်ချိန်ပေါင်း ၂၈ ချိန် နဲ့ ၃၂ ချိန် ရှိပါမယ်။
ကျွန်တော်ကတော့ တစ်ရက် ၇-ချိန်နဲ့ (၄)ရက်စာ ၂၈ ချိန်ကို ထောက်ခံပါတယ်။

#တတိယအချက်
စာသင်ခန်းက (G1 to G5) ၅-ခန်း။ တစ်ခန်းမှာ (၅)ဘာသာ။ ဒီတော့ ၅ ခန်းနဲ့ ၅ ဘာသာကို မြှောက်လိုက်ရင် ၂၅ ချိန်ရတယ်။ K.G အတွက် ၃-ချိန် ထည့်ပေါင်းလိုက်ရင် ၂၈-ချိန်။ (၄) ရက်စာအတွက် ပြတ်ကရော။ ဂီတ၊ ကာယ၊ ပန်းချီ၊ စာရိတ္တ ဆိုတဲ့ ဘာသာရပ်တွေအတွက် ကျန်ခဲ့ရပြန်မှာပဲ။ တစ်ကယ်မသင်နိုင်၊ မသင်ဖြစ်ကြတဲ့ဘာသာတွေက ဘယ်ဘာသာတွေလဲဆိုတာ သိကြမှာပါပဲ။ ဒီဘာသာရပ်တွေဟာ ကလေးတစ်ယောက်ချင်းစီရဲ့ ဗလ(၅)တန်အတွက် ဘယ်လောက်ပဲ Main Subject ပါလို့ ကျိမ်ပြီး ပြောပြော ဟွင်း...ဟွင်း.. လို့ပဲ ရယ်လိုက်ပါရစေ။

#စတုတ္တအချက်
နည်းပြက စာသင်ခန်း (၁)ခန်းကို (၁)ဦးနှုန်းနဲ့ ပို့ချမှာလား။ ၁-ခန်းကို (၂)ဦးနှုန်းနဲ့ ပို့ချမှာလား။ တစ်ခန်းကို (၁)ဦးနှုန်းဆိုရင် နည်းပြတစ်ယောက်ဟာ KG ကနေ G 5 ထိ တစ်ခန်းချင်းစီရဲ့ ဘာသာစုံ အကုန်လေ့လာရတော့မှာပါ။ "အဆင်ပြေသလိုလုပ်ပါ" ဆိုတဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေအောက် သေဖို့သာ ပြင်ထားရုံပါပဲ။ စာသင်ခန်း တစ်ခန်းကို (၂)ဦးနှုန်းဆိုရင်တော့ဖြင့် ဝိဇ္ဇာ/သိပ္ပံခွဲပြီး သင်ကြားနိုင်ပါတယ်။ အသက်ရှူချောင်ရုံ ပေါ့ဗျာ။

#ပဉ္စမအချက်
နည်းပြတွေအနေနဲ့ မွမ်းမံသင်တန်းမှာ ပို့ချရမယ့်သင်ခန်းစာပုံစံကို ရွေးချယ်မှုပါပဲ။ အခြေအနေ(၃)မျိုးရှိပါတယ်။
၁) ခက်ခဲတဲ့ သင်ခန်းစာတစ်ခုကို ရွေးထုတ်ပြီး သင်ပြမှုပုံစံနဲ့ တစ်ဘာသာချင်း မွမ်းမံမှာလား။
၂) စာသင်ချိန် တစ်ချိန်စီမှာ တစ်ဘာသာချင်းရဲ့(G1 to G5 ထိ) ချိတ်ဆက်မှုနယ်ပယ်နဲ့ သဘောထားတွေကို မွမ်းမံမှာလား။
၃) နည်းပြတွေအနေနဲ့ မူအောက်ဆင့် နဲ့ မူထက်ဆင့် ခွဲပြီး မွမ်းမံမှာလား။

ဒီထူးခြားချက်တွေကို သုံးသပ်လိုက်တိုင်း ပညာရေးဌာနရဲ့ လွဲမှားနေတဲ့ သီအိုရီတစ်ခုကို တွေ့ရတယ်။ အဲ့တာဘာလဲ ဆိုတော့.....
အခြေခံပညာကျောင်းတွေမှာ "မူဆင့်ထက် လယ်ဆင့်က ပိုအရေးကြီးတယ်။ လယ်ဆင့်ထက် ထက်ဆင့်က ပိုအရေးကြီးတယ်" လို့ ထိုင်ခုံပေါ်က လူတစ်ချို့က သတ်မှတ်နေကြတယ် ဆိုတာပါပဲ။

တစ်ကယ်တော့...
ထက်ဆင့် ထက် လယ်ဆင့်က ပိုအရေးကြီးတာပါ။ လယ်ဆင့်ထက် မူဆင့်က ပိုပြီး အရေးကြီးတာပါ။ ရာထူးတွေ, မာန်မာနတွေ ခဝါ အသာချ။ အရှိကို အရှိအတိုင်း မြင်အောင်ကြည့်ကြပါဗျာ။
ဟုတ်ကဲ့။ အားလုံးကို လေးစားမှုဖြင့်
ဒုတိယကျပ်ငွေ

၁၉၄၄ ခုနှစ်တွင် ဗမာနိုင်ငံတော်ဘဏ်သည် ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို ထုတ်ဝေခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် ၁၀၀ ကျပ်တန် ငွေစက္ကူသစ်ကိုလည်း ဆက်လက်ထုတ်ဝေခဲ့သည်။ ၁၉၄၈ ခုနစ်တွင် တစ်ကျပ်တန်ကို “ဗမာနိုင်ငံအစိုးရ” ဆိုသော အမည်နှင့်ထုတ်ဝေခဲ့ပြီး ၁၉၅၃ ခုနစ်မှာ ထိုဒီဇိုင်းကို မပြောင်းဘဲ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် ဟုဆိုသော အမည်နှင့် ပြောင်းလဲထုတ်ဝေခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ-၈(က)အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေစက္ကူများ (သို့မဟုတ်)ဒင်္ဂါးများဖြစ်သော ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ရသည်။ ထိရောက်သော ငွေပေးချေမှုစနစ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန်အတွက် ငွေကြေးမူဝါဒ များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီ အိန္ဒိယလက်အောက်ခံပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။

ထိုအချိန်တွင် မြန်မာငွေကြေးအဖြစ် ရူပီးကိုအသုံးပြုခဲ့သည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံသုံး ရူပီးငွေသည် စတာလင်ပေါင်နှင့် ချိတ်ဆက်ထားပြီး တစ်သျှီလင် ခြောက်ပဲနိဖြင့် တန်ဖိုးသတ်မှတ်ထားသည်။ ၁၉၄၆ခုနှစ် ငွေကြေးနှင့် ငွေအကြွေအက်ဥပဒေ ပထမအစီအစဉ်အရ ၁,၅,၁၀,၁၀၀ ရူပီးငွေစက္ကူများ အဖြစ်ထုတေ်ဝရန်နှင့် ဒုတိယအစီအစဉ်အရ ၂၀ နှင့် ၅၀ရူပီး ငွေအကြွေတို့ကို ဘုတ်အဖွဲ့မှထုတေ်ဝခဲ့သည်။ ထိုငွေစက္ကူ များတွင် ဒေါင်းတံဆိပ်ရေစာအမှတ်အသားပါရှိခဲ့ပြီး ဘုတ်အဖွဲ့၏ဥက္ကဋ္ဌမှ ထုတေ်ဝခွင့် ရရှိခဲ့သည်။

မြန်မာနိုင်ငံတော် ငွေကြေးအုပ်ချုပ်မှုအဖွဲ့ မြန်မာပြည်တွင်း၌သာ သုံးပိုင်ခွင့်ရှိသည် (Burma Currency Board Legal Tender in Burma Only) ဟု အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထား သောစာတန်းများပါရှိသည်။ အင်္ဂလိပ်တို့ထံမှ မြန်မာလွတ်လပ်ရေးရရှိပြီးသောအခါ မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ငွေစက္ကူ၏ခေါင်းစည်းစာတန်းကို Government of the Union of Burma ဟု ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့သည် Legal Tender Currency in Burma Only စာတန်းပါသော အိန္ဒိယနိုင်ငံထုတ် ငွေစက္ကူများကို ရုပ်သိမ်းခဲ့ပြီး ၁၉၄၈ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် အဆိုပါ Government of the Union of Burma ခေါင်းစည်းစာတန်းပါ ငွေစက္ကူကို တိုးချဲ့ထုတေ်ဝခဲ့သည်။

သို့ရာတွင် ၁၉၅၀ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် ငွေအကြွေ အမျိုးအစားအားလုံး သုံးစွဲခွင့်အား ရပ်စဲခဲ့သည်။ ၁၉၅၂ခုနှစ် မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ငွေကြေးအုပ်ချုပ်မှုအဖွဲ့၏ တစ်ဦးတည်းငွေကြေးထုတေ်ဝခွင့်ကို မြန်မာနိုင်ငံပြည်သူ့ဘဏ် ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်း လွှဲပြောင်းခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ဗဟိုဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ပိုင်ဆိုင်သော ရရန်နှင့် ပေးရန်ပိုင်ခွင့်များကို မြန်မာနိုင်ငံပြည်သူ့ဘဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံပြည်သူ့ဘဏ်လက်ထက် ငွေကြေးစနစ်သစ်တွင် အခြားအရေးပါသောပြောင်းလဲမှုမှာ ဒဿမစိတ်ငွေကြေးစနစ်သို့ ပြောင်းလဲစေခဲ့ခြင်းပင်ဖြစ်သည်။

ငွေအကြွေများကို နီကယ်ဖြင့်ပြုလုပ်ခဲ့ပြီး ၁မူး၊ ၁ပဲ၊ ၂ပဲ၊ ၄ပဲ နှင့် ၈ပဲများကို ထုတေ်ဝခဲ့သည်။ ငွေအကြွေစေ့အားလုံးတွင် ခြင်္သေ့ပုံပါရှိသည်။ နောက်ကျောဘက်တွင် တန်ဖိုးနှင့် သွန်းလုပ်သည့်ခုနှစ်ကို ပန်းခွေအတွင်း ဖော်ပြပါရှိသည်။ သို့သော် ၁၉၅၃ခုနှစ် နိုဝင်ဘာလ(၁) ရက်နေ့တွင် ၁မူး တန်၊ ၁ပဲတန်နှင့် ၂ပဲတန် ငွေအကြွေများကို ရုပ်သိမ်းခဲ့သည်။ ထို့ပြင် ၁၉၅၂ ခုနှစ်တွင် သုံးစွဲငွေ ရူပီးအမည်ကို ကျပ်ဖြင့် ပြောင်းလဲခဲ့ပြီး ဒဿမစိတ်ငွေကြေးဖြင့် ၁၀၀ပြားဖြင့် ညှိနှိုင်း ထုတေ်ဝခဲ့သည်။ ယခင်က တစ်ရူပီးသည် မြန်မာငွေ ၁၆ပဲ၆၄ပြားနှင့် ညီမျှခဲ့သည်။ မြန်မာငွေကြေး တစ်ယူနစ်ကို ကျပ်ငွဖြေင့် ပြောင်းလဲခဲ့ချိန်တွင် ပြား၁၀၀ နှင့် ညီမျှခဲ့သည်။

တတိယကျပ်ငွေ

၁၉၅၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်သည် ငွေကြေးအုပ်ချုပ်မှုအဖွဲ့၏ တစ်ဦးတည်း ငွေကြေးထုတ်ဝေခွင့်ကို ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်းလွှဲပြောင်းခဲ့သည်။ အရေးပါသော ပြောင်းလဲမှုမှာ ဒဿမစိတ်ငွေကြေးစနစ်သို့ ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်မှ ဗဟိုဘဏ်၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ဘဏ်မှထုတ်ဝေသော ငွေစက္ကူများ၏ အမှတ်လက္ခဏာများကို ပြောင်းလဲထုတ်ဝေခဲ့သည်။

အသစ်ထုတ်ဝေသော ငွေစက္ကူများတွင် ရူပီးငွေကြေးများဖြစ်သော ၁, ၅, ၁၀, ၁၀၀ ရူပီးတန်များပါဝင်ပြီး၊ နောက်ပိုင်းတွင် ကျပ်ငွေဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ ငွေစက္ကူတွင် ဥဒေါင်းပုံ ရေစာပါရှိသည်။ ဒုတိယအကြိမ်အားဖြင့် ၁၉၅၈ခုနှစ်တွင် ထုတေ်ဝသည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံဖြင့်) ရုပ်ပုံပါရှိသည်။ ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့)တွင် ၁, ၅, ၁၀, ၁၀၀ ကျပ်တန်များကို စတင်ထုတ်ဝေခဲ့သည်။
အဆိုပါ ကျပ်ငွေစက္ကူများသည် နောက်ဆုံးထုတ်ဝေခဲ့သော ရူပီးငွေစက္ကူများနှင့် ဒီဇိုင်းအလွန်တူညီခဲ့သည်။ (၂၁)ရက် ဩဂုတ်လတွင် ၂၀, ၅၀ ကျပ်တန်များကို ထုတေ်ဝခဲ့သည်။ ဤထုတေ်ဝမှုသည် မြန်မာနိုင်ငံ၏ ပထမဆုံး ထုတေ်ဝသော ငွေစက္ကူများဖြစ်သည်။

ဒဿမစိတ်ငွေကြေးစနစ်ဖြစ်သော ငွေအကြွေများတွင် ၁, ၅, ၁၀, ၂၅, ၅၀ ပြားနှင့် ၁ကျပ်တန် အကြွေစေ့များကို Royal Minted မှသွန်းလုပ်ခဲ့သည်။ အဆိုပါ ငွေအကြွေများတွင် အမှတ်အသား များစွာပါဝင်သော် လည်း မြန်မာခြင်္သေ့ (သို့မဟုတ်) ခြင်္သေ့ပုံကို ယခင်အတိုင်းထားရှိသည်။ ၁၉၅၂ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ၅ပြားနှင့် ၁၀ပြား ငွေအကြွေများကို စတင်သုံးစွဲခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ခုနှစ် မေလ(၁၇)ရက်နေ့တွင် ၅၀တန်နှင့် ၁၀၀တန် များကို တရားမဝင်ငွေစက္ကူအဖြစ် ကြငြောပြီးနောက် ပြည်သူ့ဘဏ်ထုတ်ငွေစက္ကူအသစ်များဖြစ်သော ၁, ၅, ၁၀, ၂၀ တန် ငွေစက္ကူများကို ၁၉၆၅ခုနှစ်ဧပြီလ(၃၀)ရက်နေ့တွင် စတင်ထုတေ်ဝခဲ့သည်။

အဆိုပါငွေစက္ကူများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံ)ရုပ်ပုံဖြင့် ထုတေ်ဝခဲ့သည်။ ၁၉၅၈ခုနှစ်နှင့် ၁၉၆၄ခုနှစ်ထုတ် ၂၀ကျပ်တန် ငွေစက္ကူများအား ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့သည်။ လက်ရှိငွေစက္ကူများ သည်၎င်းတို့အား ဆက်လက်သုံးစွဲခွင့်မရှိသော ငွေအဖြစ်မှ မသတ်မှတ်မချင်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။

📝ထွန်းလင်း