Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
#ရေကျောက်

#chickenpox

ဒီရက်ပိုင်းမှာကလေးတွေတော်တော်များများရေကျောက်ပေါက်နေကြပါတယ်။ ရေကျောက်ဆိုတာ varicella-zoster ဆိုတဲ့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တာပါ။ ရေကျောက်ဟာ ကူးစက်မြန်တဲ့ရောဂါတစ်ခုဖြစ်ပြီး အရင်ရေကျောက်မပေါက်ဖူးရင်၊ ကာကွယ်ဆေးထိုးမထားရင် ကူးစက်တတ်ပါတယ်။ အထူးသဖြင့်ကလေးတွေကြားမှာ ကူးစက်မြန်ပါတယ်။

ရေကျောက်လက္ခဏာများ

ရေကျောက်လက္ခဏာတွေကတော့ ကိုယ်ပူ နှာစေး ၁-၂ ရက် ဖြစ်ပြီးရင် ကိုယ်ပေါ်မှာအနီဖုလေးတွေစထွက် လာပါတယ်။ တချို့လည်းကိုယ်မပူဘဲ အနီဖုတွေတန်းထွက်ပါတယ်။

အနီဖုလေးတွေစထွက်ပြီးရင် သုံးရက်လောက်မှာ အများဆုံးထွက်လာတတ်ပါတယ်။ အနီဖုလေးတွေကနေ အရည်ကြည်ဖုလေးတွေဖြစ်ပြီး တစ်ချို့လည်းပေါက်ထွက် တစ်ချို့လည်း အနာဖေးလေးတွေတက်လာတတ်ပါတယ်။ ကိုယ်ပေါ်မှာအများဆုံးတွေ့ရပြီးမျက်နှာတို့၊ ပါးစပ်တို့၊ ခြေ၊လက်၊ခေါင်းတို့မှာလည်းတွေ့ရတတ်ပါတယ်။ အရမ်းယားတတ်ပါတယ်။

ကုသနည်း

ရေကျောက်အတွက် Aciclovir လို့ခေါ်တဲ့ပိုးသတ်ဆေးတစ်မျိုးရှိပေမယ့် ပုံမှန်အားဖြင့်အသုံးပြုရန်မလိုပါဘူး။ အင်မတန်ဆိုးဝါးတဲ့ရေကျောက်လိုမျိုး -ဥပမာ ရေကျောက်ပိုးကြောင့် ဦးနှောက်ရောင်၊ အဆုတ်ရောင်ဖြစ်တယ်၊ ကိုယ်ခံအားကျတဲ့ရောဂါရှိမယ် ဒါမှမဟုတ်ကိုယ်ခံအားကျစေတဲ့ဆေးတွေသောက်နေတယ်ဆိုရင်တော့ဒီဆေးကိုအသုံးပြုတတ်ပါတယ်။

ရေကျောက်ပေါက်ရင် ကုသနည်းတွေက ရိုးရိုးလေးပါ။

၁၊ ဖျားရင်၊ နာရင် ပါရာစီတမော တိုက်ပါ။
၂၊ ယားရင် မကုတ်ပါစေနဲ့။ Burmeton/ cetrine စတဲ့ ဆေးတစ်ချို့ တိုက်နိုင်ပါတယ်။
၃၊ ဘာမှ မလူးပါနဲ့။
၄၊ ရေချိုးပါ။
၅၊ ပုံမှန် အစားအသောက် ဆက်ကျွေးပါ။ အရည်များများသောက်ပါ။
၆၊ အဝတ်ပါးပါး၊ ပွပွကို ဝတ်ပေးပါ။

အများစုဟာသာမာန်ရေကျောက်ပဲဖြစ်ပြီး သူ့ဘာသူရောဂါပျောက်ကင်းသွားပါတယ်။

ဒါပေမယ့်အထက်မှာပြောခဲ့သလိုအဆုတ်ရောင်လက္ခဏာရှိမယ်၊ သတိလစ်မယ်၊ တက်မယ်၊ အရမ်းခေါင်းကိုက်ပြီးတော့အန်မယ်၊ ယိုင်တိုင်တိုင်နဲ့လမ်းလျှောက်မယ်၊ကလေးဟာကိုယ်ခံအားကျစေတဲ့ဆေးတွေသောက်သုံးနေတဲ့ကလေးမျိုးဖြစ်မယ်လဆိုရင်တော့ဆေးရုံဆေးခန်းတွေပြသင့်ပါတယ်။

ရေကျောက်ရောဂါကာကွယ်ခြင်း

ရေကျောက်ရောဂါကာကွယ်ဆေးရှိပါတယ်။ ပုံမှန် အားဖြင့်အသက်တစ်နှစ်ကစပြီးတော့ စုစုပေါင်းနှစ်ကြိမ်ထိုးနှံပေးရပါတယ်။
Grade 9 ဖြေဆိုခဲ့ပြီး… အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအတွက်…”စက်/စိုက်/မွေးကျောင်း(၅၁)ကျောင်းနှင့်အခွင့်အလမ်းများ” ကို မျှဝေပါတယ်…

Grade (9) အောင်မြင်သူများအတွက်အခွင့်အလမ်းများမှာ~~~

Grade( 9) အောင်တဲ့အခါ...
👉 စက်မှု
👉 စိုက်ပျိုး နဲ့
👉 မွေးမြူရေးအထက်တန်းကျောင်း
တို့ကိုတက်မယ်ဆိုရင်..(၃ )နှစ်တက်ရပါမယ်။

#စက်မှု 🧑‍🔧👨‍🔧👩‍🔧

အထူးအောင်သူများ...

အထက်တန်းမှ အထူးအောင်မြင်ပါက
နည်းပညာတက္ကသိုလ် (၅) နှစ်သင် B.E ဘွဲ့တန်း
သို့မဟုတ် နည်းပညာတက္ကသိုလ်
(၄) နှစ်သင် B.Tech ဘွဲ့တန်းများတက်ရောက်နိုင်ပါသည်။

အဆင့်မှီအောင်

စက်မှုသိပ္ပံ AGTI (၃) နှစ်သင်
ဒီပလိုမာသင်တန်းတက်ရောက်နိုင်ပါသည်။

အတန်းပြီးဆုံးခြင်းသာအောင်ပါက
လုပ်ငန်းခွင်သာဝင်ရောက်နိုင်ပါမည်။

#စိုက်ပျိုး 🧑‍🌾👨‍🌾👩‍🌾

အထူးအောင်

စိုက်ပျိုးရေးတက္ကသိုလ် ၅ နှစ်သင်
B.Sc.Agri ဘွဲ့သင်တန်းတက်ရောက်နိုင်ပါမည်။

အဆင်မှီအောင်

စိုက်ပျိုးရေးသိပ္ပံ (၃) နှစ်သင် Dip.Agri
ဒီပလိုမာသင်တန်း တက်ရောက်နိုင်ပါမည်။

အတန်းပြီးဆုံးခြင်းသာအောင်ပါက
လုပ်ငန်းခွင်သာဝင်ရောက်နိုင်ပါမည်။

#မွေးမြူရေး🧑‍🏭👨‍🏭👩‍🏭

အထူးအောင်

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (၅) နှစ်သင်
B.V.S ဘွဲ့သင်တန်းတက်ရောက်နိုင်ပါမည်။

အဆင့်မှီအောင်

စိုက်ပျိုးရေးသိပ္ပံ (မွေးမြူရေးဒီပလိုမာ)
(၃) နှစ်သင်တန်း သို့မဟုတ် ငါးလုပ်ငန်းသိပ္ပံ (၃) နှစ်သင်
ဒီပလိုမာသင်တန်း တက်ရောက်နိုင်ပါမည်။

အတန်းပြီးဆုံးခြင်းသာအောင်ပါက
လုပ်ငန်းခွင်သာဝင်ရောက်နိုင်ပါမည်။

#အထူးအောင် ဆိုသည်မှာ အထက်တန်း ၃ နှစ်စလုံးကို
Grade A အဆင့်ဖြင့်အောင်မြင်ခြင်းဖြစ်ပါသည်။

#အဆင့်မှီအောင် ဆိုသည်မှာ အထက်တန်း ၃ နှစ်စလုံးကို
Grade B အဆင့်ဖြင့်အောင်မြင်ခြင်းဖြစ်ပါသည်။

credit -
Mar 8

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းများ ယနေ့ စတင်ဖြေဆို
======================================
၈. ၃. ၂၀၂၃

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးခြင်းများကို ယနေ့မှစတင်ဖြေဆိုနေပြီဖြစ်ပြီး မတ် ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ထုတ်ပြန်ချက်အရ
မတ် ၈ ရက်တွင် မြန်မာစာ၊
မတ် ၉ ရက်တွင် အင်္ဂလိပ်စာ၊
မတ် ၁၀ ရက်တွင် သင်္ချာ၊
မတ် ၁၃ ရက်တွင် ဓာတုဗေဒ၊
မတ် ၁၄ ရက်တွင် ရူပဗေဒ၊
မတ် ၁၅ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ ၊
မတ် ၁၆ ရက်တွင် ပထဝီ၊
မတ် ၁၇ ရက်တွင် သမိုင်းနှင့်
မတ် ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာတို့
ဖြေဆိုရမည်ဖြစ်ပြီး နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည် ဖြစ်သည်။

ယခုနှစ်တွင် ဖြေဆိုမည့်သူ ၁၈၀၀၀၀ ကျော်သာရှိသည်ဟု ကနဦးသိရပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုမှာ စနစ်ဟောင်း သင်ရိုးဟောင်း၏ နောက်ဆုံးစာမေးပွဲဖြစ်ကာ ထိုစာမေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများနှင့် မဖြေဆိုရသူများ ပြန်လည်ဖြေဆိုရန် ကျင်းပပေးခြင်းလည်းဖြစ်သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသူကျောင်းသား ၂၈၁၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၃၂၀၇၇ အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Mar 8 ,2023

မြန်မာစာ ဘာသာရပ် ဖြေဆိုသူပေါင်း (၁၆၁၈၅၁ )ဦးရှိ
============================================
မတ် ၈၊ ၂၀၂၃

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁၈၅၁ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြား စာစစ်ဌာန ၅ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၅၈ ခု စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉၈၄၃ ရှိပြီး စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁၈၅၁ ဦးရှိကာ á€–ဟ္ဆိုသူ ရာခိုင်နှုန်းအနေဖြင့် á‰á€ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ á€žá€­á€›á€žá€Šá€şá‹
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
၂၀၂၂ -၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ် ဆက်လက်ဖြေဆိုသည်။(မတ်လ ၁၀ )
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆိုသည်။(မတ်လ ၁၃)
အပြောင်းအရွှေ့များ ခေါ်ယူပါပြီ။
(အတိုးမပါသေးပါ)
ထထက်ပြ၊
လယ်ပြ၊
ဒုလယ်ပြ၊
လ/ထ လယ်ပြ၊
မူအုပ်၊
မူပြ၊
ဒုမူပြ၊
လ/ထမူပြ၊
ထက်ပြ(ကာယ)၊
ဒုလယ်(ကာယ)

( အပြောင်းအရွှေ့အားလုံးအတွက် လက်ရှိရာထူး၌ အနည်းဆုံး လုပ်သက် (၂ ) နှစ်ရှိမှ ပြောင်းရွှေ့ လျှောက်ထားနိုင်ပါမည်။)

အပြောင်းအရွှေ့ လျှောက်ထားခြင်း အားလုံးအတွက် လုပ်သက်ကို (၃၀-၆-၂၀၂၃) ရက်စွဲဖြင့် သတ်မှတ် တွက်ချက်ပေးရမည်ဟု သိရှိရပါသည်။
#အသီးအရွက်_65_မျိုးအင်္ဂလိပ်မြန်မာပုံနဲ့တကွလေ့လာနိုင်ရန်ဝေမျှလိုက်ပါတယ်နော်..
1.Cucumber......သခွားသီး
2.Ginger..............ဂျင်း
3.Maize.............. ပြောင်းဖူး
4.Pumpkin.........ရွှေဖရုံသီး
5.Chilli/Chilly....ငရုတ်သီး
6.Cabbage.........ဂေါ်ဖီထုပ်

7.Passion fruit...စူကာသီး
8.Persimmon....တည်သီး
9.Betel nut.........ကွမ်းသီး
10.Mulberry.....ပိုးစာသီး
11.Hazel nut....သစ်အယ်သီး
12.Acorn..........ဝက်သစ်ချသီး

13.Nutmeg......ဇာဒိတ်ဖိုသီး
14.Spinach...... ဟင်းနုနွယ်
15.Coriander plant.နံနံပင်
16.Drum stick.....ဒန့်သလွန်သီး
17.Water spinach. ကန်စွန်းရွက်
18.Lettuce.............. ဆလပ်ရွက်

19.Carrot..........မုန်လာဥနီ
20.Sweet potato ကန်စွန်းဥ
21.Green beans...ပဲတောင့်
22.Garlic.................ကြက်သွန်းဖြူ
23.Onion.............. ကြက်သွန်းနီ
24.Gourd.............ဗူးသီး

25.Chilly/ Paprika...ငရုပ်သီးပွ
26.Black Pepper.... ငရုတ်ကောင်း
27.Leek...............ကြက်သွန်မြိတ်
28.Arrowroot......အာဒါလွတ်
29.Cumin seed.......ဇီယာစေ့
30.Rose apple....သပြေသီး

31.Potato.........အာလူး
32.Tomato..... ခရမ်းချဉ်သီး
33.Brinjal........ခရမ်းသီး
34.Lady's finger...ရုံးပတီသီး
35.Bitter gourd....ကြက်ဟင်းခါးသီး
36.Ridge gourd....ခဝဲသီး

37.Marian plum.....မရမ်းသီး
38.Cashew nut......သီဟိုဠ်စေ့
39.Plum..................ဆီးသီး
40.Durian.......ဒူးရင်းသီး
41.Orange...........လိမ္မော်သီး
42.Strawberry............စတော်ဘယ်ရီသီး

43.Alligator pear.......ထောပတ်သီး
44.Coconut.......အုန်းသီး
45.Pomegranate.....သလဲသီး
46.Chestnut........... သစ်ချသီး
47.Olive...............သံလွင်သီး
48.Papaya...........သင်္ဘောသီး

49.Water chestnut.... ကျွဲခေါင်းသီး
50.Almond.................ဗာဒံသီး
51.Pomelo.............ကျွဲကောသီး
52.Walnut............ .သစ်ကြားသီး
53.Quince...........ဥသျှင်သီး
54.Mangosteen....မင်းဂွတ်သီး

55.Banana....... ငှက်ပျောသီး
56.Apple.......ပန်းသီး
57.Pineapple...... နာနတ်သီး
58.Guava......မာလကာသီး
59.Grape........စပျစ်သီး
60.Watermelon.....ဖရဲသီး

61.Tamarind.......မန်ကျည်းသီး
62.Starfruit......စောင်းလျားသီး
63.Lemo..........ရှောက်သီး
64.Fig..........သဖန်းသီး
65.Peach........ မက်မွန်သီး
အခြေခံပညာ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများအတွက် အုပ်ချူပ်မှူစရိတ် ၀၁၀၂ ေငွစာရင်းခေါင်းစဥ်ဖြင့် ချီးမြှင့်ငွေ (၂၀၂၂ ခုနှစ်၊ဧပြီလ) မှ စတင်၍ ရရှိပါမည်။

ထက်အုပ်ကြီးများ ၁ လကို ၂၇၅၀၀ ကျပ်နှုန်း။

လယ်အုပ်ကြီးများ ၁လကို ၂၇၅၀၀ ကျပ် နှုန်း။

မူလတန်းကျောင်းအုပ်ကြီးများ ၁လကို
၂၁၆၀၀ ကျပ်နှုန်း ရရှိမည်ဟု သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်၍ ရရှိပါမည်။

#ဘယ်လထိရရှိမလဲတော့အတိကျမသိရသေးပါခင်ဗျာ။

တစ်မြို့နယ်နှင့်တစ်မြို့နယ် ကျောင်းအနည်းအများ၊ဝန်ထမ်းဦးရေ အနည်းအများ၊ စာရင်းဇယားများ လုပ်ရတဲ့ အနေထားပေါ်မူတည်ပြီး ရရှိတဲ့ ရက် /လ မတူညီနိုင်ပါ။
ယခု အပြောင်းအရွှေ့ ခေါ်ယူခြင်းသည် တစ်ကျောင်းမှ တစ်ကျောင်းသို့ #ကျောင်းအပြောင်းအရွှေ့ ခေါ်ယူခြင်း ဖြစ်ပါတယ်ခင်ဗျာ။
လစာနှုန်းတူ ရာထူးအပြောင်း ခေါ်ယူခြင်းမဟုတ်ပါ။ #မခေါ်သေးပါ။ဥပမာ- လ/ထ မူပြ (၁၈၀၀၀၀)ကနေ လစာနှုန်းတူ လ/ထ လယ်ပြ (၁၈၀၀၀၀)သို့ ပြောင်းရွှေ့ မခေါ်သေးပါ။မပါသေးပါ။
ဒုမူပြ (၁၉၈၀၀၀) ကနေ လစာနှုန်းတူ ဒုလယ်ပြ (၁၉၈၀၀၀) သို့ ပြောင်းရွှေ့ မခေါ်သေးပါ။

မပါသေးပါခင်ဗျာ။လက်ရှိကျောင်းမှာ လက်ရှိရာထူး လုပ်သက် ၂ နှစ် (၂၄) လ တိတိ ပြည့်ရင် ကျောင်းအပြောင်းအရွှေ့ လျှောက်ထားနိုင်ပါသည်ခင်ဗျာ။

ဝန်ထမ်းပေါင်းစည်း လျှောက်ထားလိုသူများ အနေဖြင့် လက်ရှိကျောင်း လက်ရှိ ရာထူးမှာ လုပ်သက် (၁)နှစ်တိတိ ပြည့်ရင် ကျောင်းပြောင်းရွှေ့ လျှောက်ထားနိုင်ပါသည်။

လုပ်သက်ကို (၃၀-၆-၂၀၂၃) ရက်စွဲဖြင့် သတ်မှတ်တွက်ချက်ပေးရပါမည်ခင်ဗျာ။