Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.6K subscribers
4.34K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ATOM ၏ "Bright Futures" ပညာသင်ဆု

#Education
#သတင်းစာ
❤4
အငြိမ်းစားဝန်ထမ်းဘဝအတွက်
အဆင့် (၇)ဆင့်
-=-=-=-=-=-=-

လစဥ် ၂၁ ရက်နေ့ ရောက်ပြီဆိုရင် ကျွန်တော်တို့ ဂန့်ဂေါမြို့နယ် အငြိမ်းစားဝန်ထမ်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာထုတ်ပေးလေ့ရှိပါတယ် ။ MMM စနစ်နဲ့ ထုတ်ကြသူများလည်း အဆိုပါနေ့ သက်ဆိုင်ရာတို့မှာ စတင်ထုတ်ကြပါတယ်။ အခုကာလရက်ပိုင်းမှာ ပင်စင်လစာထုတ်ကြတဲ့ကာလဖြစ်လို့ ပင်စင် (အငြိမ်းစားဝန်ထမ်းလစာ) နဲ့ ပတ်သက်လို့ ဖြတ်သန်းကြရတဲ့ ဘဝတာနဲ ပတ်သက်လို့ လေ့လာမိတာလေး ဖောက်သည်ချလိုပါတယ် ။ ဂန့်ဂေါမြို့နယ်မှာ အငြိမ်းစားဝန်ထမ်း ၂၃၀၀ ကျော်ရှိတယ်လို့ ကြားသိဘူးပါတယ် ။

ဝန်ထမ်းဘဝတစ်လျှောက် လူတိုင်းရောက်ရှိကြရမယ့် အချိန်တစ်ခုရှိပါတယ်။ အဲဒါကတော့ ပင်စင်ယူခြင်း ဆိုတဲ့ ဘဝအဆင့်ပါ။

ကျွန်တော့်မိတ်ဆွေ ဝန်ထမ်းတွေထဲမှာ –

· ပင်စင်ယူဖို့ လိုသေးတဲ့လူတွေ
· ပင်စင်ယူဖို့ နီးလာပြီဖြစ်တဲ့သူတွေ
· ပင်စင်ယူပြီးကာစ လူတွေ
· ပင်စင်စားဘဝနဲ့ နေသားကျနေတဲ့လူတွေ
စသဖြင့် အမျိုးမျိုးရှိကြပါတယ်။

ဒီနေ့တော့ ဝန်ထမ်းတိုင်း ဖြတ်သန်းကြရမယ့် ပင်စင်ယူခြင်းဘဝ အဆင့်ဆင့် အကြောင်းကို မျှဝေချင်ပါတယ်။ ဒီသဘာဝတွေကို ကြိုသိထားခြင်းအားဖြင့် ပင်စင်ဘဝကို ပိုမိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

ပင်စင်ယူခြင်းဘဝ အဆင့် ၇ ဆင့်

၁။ အလှမ်းဝေးသေးတဲ့အဆင့် (Remote Stage)

ပင်စင်ယူဖို့ နှစ်ပေါင်းများစွာ လိုသေးတဲ့အချိန်။ ဒီအဆင့်မှာ ဝန်ထမ်းအများစုက ပင်စင်အတွက် ပြင်ဆင်မှု သိပ်မရှိကြသေးဘူး။

၂။ နီးလာတဲ့အဆင့် (Near Stage)

"ငါ ပင်စင်ယူရတော့မှာပါလား" ဆိုတဲ့ အသိစိတ်နဲ့အတူ ပင်စင်မယူချင်သေးတဲ့ ငြင်းဆန်မှုတွေ စတင်ဖြစ်ပေါ်လာတတ်တယ်။ နီးမှပဲ ပြင်ဆင်ကြတာများတယ်။ တခြားနိုင်ငံတွေမှာတော့ ပင်စင်ကြိုသင်တန်းတွေ ရှိသတဲ့။

၃။ ပျားရည်ဆမ်းအဆင့် (Honeymoon Stage)

ဘယ်တုန်းကမှ မရခဲ့တဲ့ အားလပ်ချိန်တွေ၊ လွတ်လပ်မှုတွေကို ခံစားရတဲ့အဆင့်။ အိပ်လိုက်၊ စားလိုက်၊ လည်လိုက်နဲ့ ပျော်ရွှင်နေတတ်တယ်။

၄။ မနှစ်မြို့လာတဲ့အဆင့် (Disenchantment Stage)

အလုပ်ရှုပ်နေကျဘဝကနေ အားလပ်လွန်းတဲ့ဘဝကို မကျေမနပ်ဖြစ်လာတတ်တယ်။ "ငါ ဘာလုပ်နေတာလဲ" ဆိုတဲ့ ခံစားချက်မျိုး ပေါ်လာတတ်တယ်။

၅။ ပြန်လည်ညှိယူရမှုအဆင့် (Reorientation Stage)

ပင်စင်ဘဝဟာ ဓမ္မတာပဲလို့ လက်ခံပြီး ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းညှိတတ်လာတဲ့အဆင့်။ ဘဝရဲ့ ဦးတည်ချက်အသစ်ကို ရှာဖွေလာတတ်တယ်။

၆။ နေသားကျသွားတဲ့အဆင့် (Stability Stage)

ပင်စင်ဘဝမှာ နေသားကျပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်တတ်လာတဲ့အဆင့်။ တစ်ချို့က အလုပ်ပြန်လုပ်တယ်၊ တစ်ချို့က ဝါသနာကို လိုက်စားတယ်။

၇။ ဂိတ်ဆုံးအဆင့် (Terminal Stage)

ကျန်းမာရေးချို့ယွင်းလာမှု၊ အိုမင်းမစွမ်းဖြစ်လာမှုတွေနဲ့အတူ အခြားသူများအပေါ် မှီခိုလာရတဲ့အဆင့်။ ဒါဟာ ဘဝရဲ့ နောက်ဆုံးအချိန်အပိုင်းအခြားပါ။

* ပင်စင်စားဘဝမှာ ညှိယူမှုကောင်းသူများ

ဘယ်လိုလူမျိုးတွေက ပင်စင်ဘဝကို ကောင်းကောင်းညှိယူနိုင်သလဲဆိုရင် –

· ကျန်းမာရေးကောင်းသူ
· ဆွေမျိုးမိတ်ဆွေများရှိသူ
· တက်တက်ကြွကြွ နေထိုင်တတ်သူ
· အကောင်းမြင်စိတ်ရှိသူ
· နွေးထွေးသော မိသားစုဆက်ဆံရေးရှိသူ
· ဘာသာရေးလိုက်စားသူ
· ပညာတတ်သူ

ဒါတွေက ပင်စင်ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ အထောက်အကူပြုတဲ့ အရည်အချင်းတွေပါ။

* ပင်စင်ယူတယ်ဆိုတာ ဘဝရဲ့ သဘာဝဓမ္မတာပါ။

စိတ်နှလုံးကောင်းမွန်ပြီး သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံမယ်ဆိုရင် ပင်စင်စားဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ရုံမျှမက သေခြင်းတရားနဲ့ ရင်ဆိုင်ရချိန်မှာပင် ရဲရင့်စွာ ရင်ဆိုင်နိုင်မှာ အမှန်ပါပဲ။

ဤစာစုကို ဖတ်ရှုသူများအပါအဝင် ပင်စင်စားများ၊ ပင်စင်စားဘဝကို ရောက်ရှိကြမည့်ပုဂ္ဂိုလ်အားလုံး စိတ်အေးချမ်းသာမှု၊ ကိုယ်ကျန်းမာမှု၊ ဆွေမျိုးမိတ်ဆွေတို့၏ ခွန်အားများဖြင့် ပြည့်စုံကြပါစေ။

ဘဝ၏ အဆင့်တိုင်းကို ပညာဖြင့် ဆင်ခြင်၍ ကောင်းသော သေခြင်းတရားကို ရင်ဆိုင်နိုင်ကြပါစေ။

သူတော်ကောင်းတရားတို့ဖြင့် နေ့ရက်တိုင်း ပြည့်စုံနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ ။ 🙏
👏9❤7
ပြည်ထောင်စုအင်္ဂါစဉ်
❤5
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏
ပြည်ထောင်စုအင်္ဂါစဥ် ဖြစ်ပါတယ် 🇲🇲

ပြည်ထောင်စုအင်္ဂါစဉ် (၁၃ - ၈ - ၂၀၂၆)

၁။ နိုင်ငံတော်သမ္မတ
၂။ ဒုတိယသမ္မတများ
၃။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
၅။ ပြည်ထောင်စုတရားသူကြီးချုပ်
၆။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၇။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ
၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
၉။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၀။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
၁၁။ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ
၁၂။ ပြည်ထောင်စုဝန်ကြီးများ
၁၃။ ပြည်ထောင်စုရှေ့နေချုပ်
၁၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၅။ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
၁၆။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
၁၇။ ကာကွယ်ရေးဦးစီးချုပ် (ရေ)
၁၈။ ကာကွယ်ရေးဦးစီးချုပ် (လေ)
၁၉။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
၂၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ
၂၁။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
၂၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ
၂၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ
၂၄။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ
၂၅။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ
၂၆။ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
၂၇။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ
၂၈။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ
၂၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ
၃၀။ ဥပဒေကြမ်းကော်မတီ
၃၁။ ပြည်သူ့ငွေစာရင်းကော်မတီ
၃၂။ လွှတ်တော်အခွင့်အရေးကော်မတီ
၃၃။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ
၃၄။ တိုင်းမှူးများ
၃၅။ ဒုတိယဝန်ကြီးများ
၃၆။ ဒုတိယရှေ့နေချုပ်
၃၇။ ဒုတိယစာရင်းစစ်ချုပ်
၃၈။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ
၃၉။ နေပြည်တော်ကောင်စီဝင်များ
၄၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
၄၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ
၄၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ
၄၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်
၄၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်
၄၅။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ
၄၆။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ
၄၇။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ
၄၈။ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ
၄၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ
၅၀။ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ
❤12
အခမ်းအနားပွဲများနဲ့ ပတ်သက်တဲ့
မြန်မာ + အင်္ဂလိပ် အခေါ်အဝေါ်များပါ။
လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင်ပါ။
❤2
၂၀၂၇ ခုနှစ်တွင် ကျင်းပမည့်
တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍
ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများ
သိရှိနိုင်ရန်အတွက် !
❤10👏1
၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ
ဖြေဆိုခွင့်လျှောက်လွှာများ
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းကြရမည်။

#education
#တက္ကသိုလ်ဝင်
👏9❤6
#ကျောင်းအုပ်ရာထူးထက်ကြီးမြတ်ရမည့်အရာ — #ခေါင်းဆောင်မှုစီမံခန့်ခွဲမှုနှင့်လူသားဆက်ဆံရေး (၁)

ကျောင်းအုပ်တစ်ယောက် ဖြစ်လာခြင်းသည် ရာထူးတစ်ခု ရရှိခြင်းသာ မဟုတ်ပါ။ ကျောင်းတစ်ကျောင်း၏ သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ ဆရာဆရာမများ၏ လုပ်ငန်းခွင်အခြေအနေ၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူမှုနှင့် ကျောင်း၏ အနာဂတ် တိုးတက်မှုတို့ကို ဦးဆောင်တာဝန်ယူရခြင်း ဖြစ်သည်။ ထို့ကြောင့် “ငါက ကျောင်းအုပ်” ဆိုသည့် ရာထူးအာဏာ တစ်ခုတည်း ရှိရုံဖြင့် ကျောင်းကို ကောင်းမွန်စွာ ဦးဆောင်နိုင်မည် မဟုတ်ပါ။

ကျောင်းအုပ်ကောင်း တစ်ဦးအတွက် ရာထူးထက် ပိုအရေးကြီးသည်မှာ Leadership ဖြစ်ပြီး၊ Leadership ထက် ပိုမိုအရေးကြီးသည်မှာ မိမိကိုယ်ကို စီမံနိုင်ခြင်း၊ လူကို နားလည်နိုင်ခြင်း၊ အလုပ်ကို စနစ်တကျ စီမံနိုင်ခြင်းနှင့် မိမိထက် အတွေ့အကြုံရှိသူများ၏ အတွေ့အကြုံကို အသုံးချနိုင်ခြင်းပင် ဖြစ်သည်။

ကျောင်းတစ်ကျောင်းတွင် အသက်အရွယ်၊ လုပ်သက်၊ အတွေ့အကြုံ၊ ပညာရပ်၊ အရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေး မတူညီသော လူများစွာ အတူတကွ အလုပ်လုပ်ကြရသည်။ ထို့ကြောင့် လူတိုင်းကို တစ်ပုံစံတည်း စီမံ၍မရပါ။ အချို့သူများကို လမ်းညွှန်ပေးရမည်။ အချို့ကို လွတ်လပ်စွာ လုပ်ခွင့်ပေးရမည်။ အချို့ကို အားပေးရမည်။ အချို့ကို စည်းကမ်းနှင့်အညီ တိတိကျကျ ထိန်းညှိရမည်။ မည်သူ့ကို မည်သို့ ဆက်ဆံရမည်၊ မည်သူ့ကို မည်သည့်တာဝန်ပေးရမည်ဆိုသည်ကို သိရှိခြင်းသည်ပင် စီမံခန့်ခွဲမှုအရည်အချင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

တကယ်တော့ ရာထူးကြီးသူသည် လူတိုင်းထက် အရာရာကို ပိုသိရမည်ဟူသော သတ်မှတ်ချက်မရှိပါ။ အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦးသည် မိမိမသိသည့်အရာကို သိရှိသူထံမှ မေးမြန်းတတ်သည်။ မိမိထက် အတွေ့အကြုံများသူကို လေးစားတတ်သည်။ အတွေ့အကြုံရှိသူ၏ အကြံပြုချက်ကို ရာထူးငယ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပယ်ချမည့်အစား ကျောင်းအတွက် အကျိုးရှိမရှိကိုသာ စဉ်းစားတတ်သည်။

“ရာထူးငယ်လို့ သူ့စကားကို နားမထောင်ရဘူး” ဆိုသော အတွေးသည် ခေါင်းဆောင်မှု မဟုတ်ပါ။ “သူ့အတွေ့အကြုံထဲမှာ ကျောင်းအတွက် အသုံးဝင်မည့်အရာ ဘာရှိသလဲ” ဟု စဉ်းစားတတ်ခြင်းကသာ ခေါင်းဆောင်မှု ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း လုပ်သက်ကြာရှည်ခြင်းသည် အလိုအလျောက် ခေါင်းဆောင်မှုအာဏာရရှိခြင်း မဟုတ်ပါ။ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူတိုင်း အတွေ့အကြုံ ကောင်းသူ ဖြစ်ချင်မှဖြစ်မည်။ လုပ်သက်ရှည်သော်လည်း စိတ်ဓာတ်မရင့်ကျက်သူရှိနိုင်သကဲ့သို့ လုပ်သက်နုသော်လည်း အမြင်ကျယ်၊ တာဝန်သိပြီး စီမံခန့်ခွဲမှုကောင်းသူလည်း ရှိနိုင်သည်။

ထို့ကြောင့် ကျောင်းအုပ်ဟောင်း၊ ဆရာမကြီး၊ ဆရာကြီး၊ ဆရာအသစ်၊ ဆရာမအသစ်ဟူ၍ လူကို အုပ်စုခွဲပြီး အနိုင်အရှုံးပြိုင်နေခြင်းထက် “အလုပ်က အလုပ်၊ ပုဂ္ဂိုလ်ရေးက ပုဂ္ဂိုလ်ရေး” ဟူသော စိတ်ထားဖြင့် လုပ်ငန်းကို ဦးစားပေးသင့်သည်။

အချို့ကျောင်းများတွင် အချိန်ကြာမြင့်စွာ တစ်ကျောင်းတည်း၌ တာဝန်ထမ်းဆောင်လာသူများက ကျောင်း၏ လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာ သိရှိထားကြသည်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ အားသာချက်တစ်ခုဖြစ်နိုင်သည်။ ကျောင်းအုပ်အသစ်တစ်ဦးအနေဖြင့် ထိုအတွေ့အကြုံများကို အသုံးချတတ်ပါက ကျောင်းအတွက် အလွန်အကျိုးရှိနိုင်သည်။

သို့သော် အတွေ့အကြုံကို အာဏာအဖြစ် ပြောင်းလဲ အသုံးချလာပါက ပြဿနာဖြစ်လာသည်။ “ဒီကျောင်းမှာ ငါက နှစ်အကြာဆုံး”၊ “ဒီအလုပ်ကို ငါက ပိုသိတယ်”၊ “အရင်က ဒီလိုပဲလုပ်လာတာ” ဆိုသည့် အကြောင်းပြချက်များဖြင့် ကျောင်းအုပ်၏ စီမံခန့်ခွဲမှုကို ဝင်ရောက်ထိန်းချုပ်ရန် ကြိုးစားခြင်းသည် အဖွဲ့အစည်း၏ စနစ်ကို ထိခိုက်စေသည်။

ထိုနည်းတူစွာ ကျောင်းအုပ်အသစ်ကလည်း “ငါက ကျောင်းအုပ်ပဲ” ဆိုသည့် အတ္တဖြင့် အတွေ့အကြုံရှိသူ အားလုံး၏ အကြံဉာဏ်ကို ပယ်ချပြီး အရာရာကို မိမိတစ်ဦးတည်း ဆုံးဖြတ်လိုခြင်းသည်လည်း အခြေအနေကို ပိုမိုဆိုးရွားစေတတ်သည်။

အထူးသဖြင့် ယခင်ကျောင်းအုပ်က ထူးချွန်ပြီး ဆရာဆရာမများနှင့် အတူတကွ လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည့် ကျောင်းတစ်ကျောင်းသို့ အတွေ့အကြုံနည်းသော ကျောင်းအုပ်အသစ် ရောက်လာသောအခါ ပို၍သတိထားရမည်။ ယခင်ခေါင်းဆောင်၏ အောင်မြင်မှုကို မိမိနှင့် နှိုင်းယှဉ်ပြီး မနာလိုစိတ်ဖြင့် အားလုံးကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားခြင်းထက် ရှိပြီးသားကောင်းမွန်သည့် အလေ့အထများကို လေ့လာပြီး ပိုကောင်းအောင် တိုးတက်စေသင့်သည်။

ကျောင်းအုပ်အသစ်အတွက် အရေးကြီးဆုံး မေးခွန်းမှာ “ငါ့ကို ဘယ်လိုလေးစားအောင်လုပ်မလဲ” မဟုတ်ဘဲ “ငါ ဘာလုပ်ပေးရင် ဒီကျောင်းက ပိုကောင်းလာမလဲ” ဖြစ်သင့်သည်။

ထိုနေရာတွင် ကျောင်းအုပ်၏ “အာဏာ” နှင့် “အာဏာပြခြင်း” ကို ခွဲခြားနားလည်ရန် အရေးကြီးသည်။ အာဏာရှိသူတစ်ဦးသည် အမြဲတမ်း အာဏာပြနေရန် မလိုပါ။ အမှန်တကယ် အာဏာရှိသော ခေါင်းဆောင်သည် အခြေအနေကို နားလည်ပြီး ဘယ်အချိန်မှာ တင်းကျပ်ရမည်၊ ဘယ်အချိန်မှာ သည်းခံရမည်၊ ဘယ်အချိန်မှာ နောက်ဆုတ်ပေးရမည်၊ ဘယ်အချိန်မှာ ရှေ့ကနေ ဦးဆောင်ရမည်ကို သိသူဖြစ်သည်။
မင်းသူရ (စီမံ/ပညာ)
#ဆက်ရန် 26 AUG 2026 WED
❤21👏1
ဝါတွင်းကာလ ဥပုသ်နေ့ပိတ်ရက်တွေအတွက် စနေနေ့ အစားထိုး ကျောင်းပြန်တက်ရတာနဲ့ပတ်သက်လို့ တာဝန်ရှိသူများက ညွှန်ကြားချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားသင့်ပါတယ်။
#အောက်ဆုံးက အစားထိုးတက်ရမယ့်ရက် အမှတ်စဥ် ၆ မှာ ၁၉-၁၀-၂၀၂၆ နေ့အတွက် ၁၇-၁၀-၂၀၂၆ မှာ အစားထိုးတက်ရမယ်လို့ ပြင်ဆင်ဖတ်ရှုပေးပါရန်။
❤7