Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.6K subscribers
4.34K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂၀၂၇ မှာ အစားထိုးရုံးတက်ရက်များ
❤22
အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေးဆောင်ရွက်ရမည်

အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၂၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း(၅) သောင်းခန့်ရှိပြီး စံကိုက်ကျောင်းမှာ (၁၀)ရာခိုင်နှုန်းခန့်သာရှိ၍ အခြေခံပညာကျောင်းများကို စံကိုက်ညီမှုသတ်မှတ်ချက်ခွဲခြားရာ၌ အခြေခံပညာမူလတန်းကျောင်းအနေဖြင့် သတ်မှတ်ဧရိယာမှာ (၃)ဧကမှ (၅)ဧ က၊ အခြေခံပညာအလယ်တန်းကျောင်းအနေဖြင့် (၅)ဧကမှ (၇)ဧက၊ အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် (၇)ဧကမှ (၁၀)ဧကရှိရန်သတ်မှတ်ထားသည်ဟု ပြောသည်။

စံကိုက်ကျောင်းများအဖြစ်ဆောင်ရွက်ရာတွင် ကျောင်းသား/သူများ တန်းစီသည့်နေရာများ၊ အားကစားပြုလုပ်ရန်နေရာများနှင့် ကစားကွင်းများရှိရန်၊ အဆောက်အဦများကို စနစ်တကျဆောက်လုပ်ရန်လိုသည်ဟု ပြောသည်။

ထို့ကြောင့် တိုင်းနှင့် ပြည်နယ်များအလိုက်တာဝန်ရှိသူများအနေဖြင့် အခြေခံပညာကျောင်းများ၏ မြေပြင်အခြေအနေများကို စနစ်တကျစာရင်းကောက်ယူပြီး သတ်မှတ်ထားသည့် မြေဧရိယာအကျယ်အဝန်းအခြေအနေပေးသော ကျောင်းများအား စံကိုက်ကျောင်းများအဖြစ် ဦးစားပေးအဆင့်အလိုက်အဆင့်မြှင့်တင်ဆောင်ရွက်ရမည်ဟု ပြောသည်။

" မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမြှင့်တင်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရကကြိုးပမ်းဆောင်ရွက်ပေးနေသလို ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအားလုံးပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံတော်ရဲ့ပညာ ရေးကဏ္ဍမှာ စနစ်တကျနဲ့ဘက်စုံတိုးတက်ကောင်းမွန် လာမှာဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

စာသင်ကျောင်းများဆောက်လုပ်ရာတွင်လည်း စနစ်တကျဆောက်လုပ်ရမည်ဖြစ်ကာ ရေရှည်အတွက်ထည့်သွင်းစဉ်းစားလျာထား၍ စီမံချက်များစနစ်တကျရေး ဆွဲရန်လိုပြီး စာသင်ကျောင်းများ လုံခြုံမှုရှိစေရေး၊ စနစ်တကျရှိစေရေး၊ သန့်ရှင်းသာယာမှုရှိစေရေး၊ စာသင်ကျောင်းများအနီးဝန်းကျင်ကောင်းများဖြစ်စေရေးတို့အတွက် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
❤12
ATOM ၏ "Bright Futures" ပညာသင်ဆု

#Education
#သတင်းစာ
❤4
အငြိမ်းစားဝန်ထမ်းဘဝအတွက်
အဆင့် (၇)ဆင့်
-=-=-=-=-=-=-

လစဥ် ၂၁ ရက်နေ့ ရောက်ပြီဆိုရင် ကျွန်တော်တို့ ဂန့်ဂေါမြို့နယ် အငြိမ်းစားဝန်ထမ်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာထုတ်ပေးလေ့ရှိပါတယ် ။ MMM စနစ်နဲ့ ထုတ်ကြသူများလည်း အဆိုပါနေ့ သက်ဆိုင်ရာတို့မှာ စတင်ထုတ်ကြပါတယ်။ အခုကာလရက်ပိုင်းမှာ ပင်စင်လစာထုတ်ကြတဲ့ကာလဖြစ်လို့ ပင်စင် (အငြိမ်းစားဝန်ထမ်းလစာ) နဲ့ ပတ်သက်လို့ ဖြတ်သန်းကြရတဲ့ ဘဝတာနဲ ပတ်သက်လို့ လေ့လာမိတာလေး ဖောက်သည်ချလိုပါတယ် ။ ဂန့်ဂေါမြို့နယ်မှာ အငြိမ်းစားဝန်ထမ်း ၂၃၀၀ ကျော်ရှိတယ်လို့ ကြားသိဘူးပါတယ် ။

ဝန်ထမ်းဘဝတစ်လျှောက် လူတိုင်းရောက်ရှိကြရမယ့် အချိန်တစ်ခုရှိပါတယ်။ အဲဒါကတော့ ပင်စင်ယူခြင်း ဆိုတဲ့ ဘဝအဆင့်ပါ။

ကျွန်တော့်မိတ်ဆွေ ဝန်ထမ်းတွေထဲမှာ –

· ပင်စင်ယူဖို့ လိုသေးတဲ့လူတွေ
· ပင်စင်ယူဖို့ နီးလာပြီဖြစ်တဲ့သူတွေ
· ပင်စင်ယူပြီးကာစ လူတွေ
· ပင်စင်စားဘဝနဲ့ နေသားကျနေတဲ့လူတွေ
စသဖြင့် အမျိုးမျိုးရှိကြပါတယ်။

ဒီနေ့တော့ ဝန်ထမ်းတိုင်း ဖြတ်သန်းကြရမယ့် ပင်စင်ယူခြင်းဘဝ အဆင့်ဆင့် အကြောင်းကို မျှဝေချင်ပါတယ်။ ဒီသဘာဝတွေကို ကြိုသိထားခြင်းအားဖြင့် ပင်စင်ဘဝကို ပိုမိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

ပင်စင်ယူခြင်းဘဝ အဆင့် ၇ ဆင့်

၁။ အလှမ်းဝေးသေးတဲ့အဆင့် (Remote Stage)

ပင်စင်ယူဖို့ နှစ်ပေါင်းများစွာ လိုသေးတဲ့အချိန်။ ဒီအဆင့်မှာ ဝန်ထမ်းအများစုက ပင်စင်အတွက် ပြင်ဆင်မှု သိပ်မရှိကြသေးဘူး။

၂။ နီးလာတဲ့အဆင့် (Near Stage)

"ငါ ပင်စင်ယူရတော့မှာပါလား" ဆိုတဲ့ အသိစိတ်နဲ့အတူ ပင်စင်မယူချင်သေးတဲ့ ငြင်းဆန်မှုတွေ စတင်ဖြစ်ပေါ်လာတတ်တယ်။ နီးမှပဲ ပြင်ဆင်ကြတာများတယ်။ တခြားနိုင်ငံတွေမှာတော့ ပင်စင်ကြိုသင်တန်းတွေ ရှိသတဲ့။

၃။ ပျားရည်ဆမ်းအဆင့် (Honeymoon Stage)

ဘယ်တုန်းကမှ မရခဲ့တဲ့ အားလပ်ချိန်တွေ၊ လွတ်လပ်မှုတွေကို ခံစားရတဲ့အဆင့်။ အိပ်လိုက်၊ စားလိုက်၊ လည်လိုက်နဲ့ ပျော်ရွှင်နေတတ်တယ်။

၄။ မနှစ်မြို့လာတဲ့အဆင့် (Disenchantment Stage)

အလုပ်ရှုပ်နေကျဘဝကနေ အားလပ်လွန်းတဲ့ဘဝကို မကျေမနပ်ဖြစ်လာတတ်တယ်။ "ငါ ဘာလုပ်နေတာလဲ" ဆိုတဲ့ ခံစားချက်မျိုး ပေါ်လာတတ်တယ်။

၅။ ပြန်လည်ညှိယူရမှုအဆင့် (Reorientation Stage)

ပင်စင်ဘဝဟာ ဓမ္မတာပဲလို့ လက်ခံပြီး ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းညှိတတ်လာတဲ့အဆင့်။ ဘဝရဲ့ ဦးတည်ချက်အသစ်ကို ရှာဖွေလာတတ်တယ်။

၆။ နေသားကျသွားတဲ့အဆင့် (Stability Stage)

ပင်စင်ဘဝမှာ နေသားကျပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်တတ်လာတဲ့အဆင့်။ တစ်ချို့က အလုပ်ပြန်လုပ်တယ်၊ တစ်ချို့က ဝါသနာကို လိုက်စားတယ်။

၇။ ဂိတ်ဆုံးအဆင့် (Terminal Stage)

ကျန်းမာရေးချို့ယွင်းလာမှု၊ အိုမင်းမစွမ်းဖြစ်လာမှုတွေနဲ့အတူ အခြားသူများအပေါ် မှီခိုလာရတဲ့အဆင့်။ ဒါဟာ ဘဝရဲ့ နောက်ဆုံးအချိန်အပိုင်းအခြားပါ။

* ပင်စင်စားဘဝမှာ ညှိယူမှုကောင်းသူများ

ဘယ်လိုလူမျိုးတွေက ပင်စင်ဘဝကို ကောင်းကောင်းညှိယူနိုင်သလဲဆိုရင် –

· ကျန်းမာရေးကောင်းသူ
· ဆွေမျိုးမိတ်ဆွေများရှိသူ
· တက်တက်ကြွကြွ နေထိုင်တတ်သူ
· အကောင်းမြင်စိတ်ရှိသူ
· နွေးထွေးသော မိသားစုဆက်ဆံရေးရှိသူ
· ဘာသာရေးလိုက်စားသူ
· ပညာတတ်သူ

ဒါတွေက ပင်စင်ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ အထောက်အကူပြုတဲ့ အရည်အချင်းတွေပါ။

* ပင်စင်ယူတယ်ဆိုတာ ဘဝရဲ့ သဘာဝဓမ္မတာပါ။

စိတ်နှလုံးကောင်းမွန်ပြီး သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံမယ်ဆိုရင် ပင်စင်စားဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ရုံမျှမက သေခြင်းတရားနဲ့ ရင်ဆိုင်ရချိန်မှာပင် ရဲရင့်စွာ ရင်ဆိုင်နိုင်မှာ အမှန်ပါပဲ။

ဤစာစုကို ဖတ်ရှုသူများအပါအဝင် ပင်စင်စားများ၊ ပင်စင်စားဘဝကို ရောက်ရှိကြမည့်ပုဂ္ဂိုလ်အားလုံး စိတ်အေးချမ်းသာမှု၊ ကိုယ်ကျန်းမာမှု၊ ဆွေမျိုးမိတ်ဆွေတို့၏ ခွန်အားများဖြင့် ပြည့်စုံကြပါစေ။

ဘဝ၏ အဆင့်တိုင်းကို ပညာဖြင့် ဆင်ခြင်၍ ကောင်းသော သေခြင်းတရားကို ရင်ဆိုင်နိုင်ကြပါစေ။

သူတော်ကောင်းတရားတို့ဖြင့် နေ့ရက်တိုင်း ပြည့်စုံနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ ။ 🙏
👏9❤7
ပြည်ထောင်စုအင်္ဂါစဉ်
❤5