Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.6K subscribers
4.34K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကျောင်း/ရုံး ရာထူးတိုးရေးဖြေ စာမေးပွဲကို (၂၃.၈.၂၀၂၆)ရက်နေ့
တနဂ်နွေနေ့ဖြေဆိုပါမည်။
မနက်(၉)နာရီမှ(၁၀)နာရီအထိဖြေဆိုချိန်(၁)နာရီပါခင်ဗျား။
❤12👍2
ကျောင်းဝတ်စုံဖြစ်သော အဖြူအစိမ်း၏ မြစ်ဖျားအစ
*********
အ.ထ.က(၂)ဒဂုံ
အထက (၂) ဗိုလ္တေထာင္

အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ (အတိုကောက် အ.ထ.က(၂) ဒဂုံ၊ ယခင်အမည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ် ၃၅၃ တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက်တွင် ဗဟန်းမြို့နယ်၌ စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ထိုစဉ်က ပထမဆုံးသော မြို့မ ကျောင်းအုပ်ဆရာကြီးမှာ ဦးငွေဇင်ဖြစ်သည်။ထို့နောက် မြို့မကျောင်းအုပ်ဆရာကြီးမှာ ဆရာကြီးဦးဘလွင် (၁၈၉၂-၁၉၆၈) ဖြစ်သည်။ မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းသည်အထိ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း အမည်တွင်ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အ.ထ.က(၂) ဒဂုံ အဖြစ် တည်ရှိခဲ့သည်။

အ.ထ.က (၂) ဒဂုံ (မြို့မအထက်တန်းကျောင်း)

၁၉၂၀ ပြည့်နှစ် ရန်ကုန်မြို့ရှိ မြို့မကျောင်းပုံ

၁၉၆၀ ပြည့်နှစ် မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးများ
အချက်တိုများ: အ.ထ.က (၂)၊ ဒဂုံ မြို့မကျောင်း, လိပ်စာ ...
အချက်တိုများ

အ.ထ.က(၂)ဒဂုံ (မြို့မကျောင်း)
သမိုင်းကြောင်း
၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက်က အတည်ပြုလိုက်သော တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့) တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့၏။ မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။

ပန်းကန်စက်ဦးသော် နှင့် ဆာဦးသွင် တို့သည် မြို့မကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။ မီးပုံးပျံ ဦးကျော်ရင် သည် ရန်ကုန်မြို့၊ ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့ပါသည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။

မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ မြိုမ အမျိုးသားကျောင်းကြီးသည် ကျောင်းအဆောက်အအုံ ထည်ဝါရုံမျှမက ပညာရေး၊ စည်းကမ်း၊ စိတ်ဓာတ် တို့တွင်ပါ အလွန်ထင်ရှား အောင်မြင်ခဲ့ရာ 'မြို့မဖခင် ဦးဘလွင်' ဟု ဂုဏ်ပြုခဲ့ကြသည်။ မြို့မကျောင်းသစ်ကြီးကို ဒဂုံ မြို့နယ်ဂေါ်ဒွင်လမ်း( မြို့မကျောင်းလမ်း) ၌ ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် တနင်္လာနေ့ ညနေ ၄:၃ဝ နာရီတွင် အလယ်တောရ ဆရာတော် ဦးကောသလ္လ ကိုယ်တိုင် ပန္နက်ချပေးခဲ့ပြီး ၁၉၃၁ ခုနှစ်ဒီဇင်ဘာလ (၄) ရက်တွင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်းအား တည်ထောင်ခဲ့သည်။ အမှတ် ၆၈၊ စကားဝါလမ်း၊ ဒဂုံမြို့နယ်တွင် တည်ရှိသည်။ မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်းဥက္ကဋ္ဌများထဲမှအထင်ရှားဆုံးမှာ ဦးနုဖြစ်သည်။

မြို့မကျောင်းသည်မြန်မာနိုင်ငံပညာရေး လောကတွင် ထင်ရှားသည်။ အထူးသဖြင့် အမျိုးသား ပညာရေးကို အင်္ဂလိပ်အစိုးရကျောင်း၊ သာသနာပြု မစ်ရှစ်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မ အမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သူ မြို့မဖခင်၊ သုခမိန်တစ်ဦးအဖြစ် ဆရာကြီးဦးဘလွင်သည်ထင်ရှားသည်။ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ သမာဓိမြို့ဝန် ပန်းကန်စက် ဦးသော်၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဓာတုဗေဒမင်းကြီးနှင့် ဝန်ကြီး ဦးချစ်သောင်း၊ ရန်ကုန်မြို့ မြို့မမိန်းကလေးကျောင်းတည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင် တို့မှာမြန်မာပြည် သမိုင်းတွင်လွန်စွာထင်ရှားသည်။

ကျောင်းအုပ်ကြီးများ
ဦးဖိုးလတ်(BA., BCS)(၁၉၂၀) (ပထမဦးဆုံးသောကျောင်းအုပ် (ခေတ္တမျှသာ ဆောင်ရွက်ခဲ့သူ)၊ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကောင်စီ ဒုတိယဥက္ကဋ္ဌ)
❤12