Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
G5 စာမေးပွဲကြီးကြပ်ခ
ကြီးကြပ်ရေးမှူး = ၁၂၀၀
လ/ထကြီးကြပ်ရေးမှူး = ၈၀၀
G9 စာမေးပွဲကြီးကြပ်ခ
ကြီးကြပ်ရေးမှူး = ၁၅၀၀
လ/ထကြီးကြပ်ရေးမှူး = ၁၀၀၀
ဆရာ/ဆရာမတစ်ယောက်မှာ✨✨

ပထမဦးဆုံးအဆင့်က
အသံဩဇာကြီးမားရတယ်။
ကိုယ့်အသံကြားလိုက်ရင်
မီးကိုရေနဲ့ငြိမ်းသတ်လိုက်သလို
ရှဲကနဲ ငြိမ်သွားရမယ်။
အော်ဟစ်နေတာဟာ
အသံဩဇာရှိတာမဟုတ်ဘူး၊
ဆရာ ဆရာမတစ်ယောက်ရဲ့အသံဟာ
ကျောင်းသားကျောင်းသူတွေအပေါ်
လွှမ်းမိုးဆွဲဆောင်နိုင်ရမယ်။

ဒုတိအဆင့်က မျက်လုံး။
ကိုယ့်မျက်လုံးက လျှင်နေရမယ်
စူးနေရမယ် တက်ကြွနေရမယ်၊
ကိုယ့်ရဲ့ မျက်လုံးအကြည့်က
မေတ္တာ စေတနာ ပါဝါအပြည့်ပါရမယ်။
မလိုမုန်းတီး ရန်လို
ရန်ထောင်တဲ့အကြည့်မပါစေရဘူး။
ဘက်လိုက်မှုမရှိ သမ မျှတတဲ့ ပေးဝေလိုတဲ့
မေတ္တာစေတနာအကြည့်သာပါရမယ်။
ဆရာ ဆရာမတစ်ယောက်ဟာ
အတန်းထဲမှာ မျက်နှာလိုက် ဘက်လိုက်မှုရှိခဲ့ရင်
အတန်းတစ်တန်းကို ထိမ်းသိမ်းကွပ်ကဲနိုင်စွမ်း
ပျက်ယွင်းသွားတော့တာပဲ။

တတိယအဆင့်က ဥပတိရုပ်။
ဆရာ ဆရာမတစ်ယောက်ဟာ
ရုပ်ချော လှပနေဖို့မလိုဘူး။
(ကိုယ်လို ပင်ကိုယ်ချောတာကတော့
မတတ်နိုင်ဘူးလေ)
အမြဲတမ်း သပ်ရပ် ကြည်လင်နေရမယ်။
မပြုံးရွှင်ရင်နေ မသိမ်မွေ့ရင်နေ
မမောက်မာရဘူး မကလက်ရဘူး
ရန်မလိုရဘူး။

စတုတ္ထအဆင့်က ဝတ်စားဆင်ယင်မှု။
အကောင်းစားတွေ ဝတ်ဆင်ပြီး
အတန်းထဲဝင်စရာမလိုဘူး။
ကိုယ်နဲ့သင့်တင့်လျောက်ပတ်ရာကို
သန့်သန့်ပြန့်ပြန့် ကျော့နေအောင် ဝတ်ဆင်ကာ
ခေါင်းက ဆံပင်အစ
(ထိပ်ပြောင်ရင်ပြောင်ပါစေ)
ဖိနပ်အထိသပ်ရပ်ရမယ်။

ပဉ္စမအဆင့်ကမှ ရင်ထဲကစေတနာ။
ကိုသင်မယ့် သင်ခန်းစာကို
ဘာအတွက် သူတို့ကိုတတ်စေချင်ကြောင်း
ပေါ်လွင်နေအောင်
ဖြတ်လတ်တက်ကြွမှု
နည်းစနစ်မှန်ကန်မှု
ရှင်းလင်းပြတ်သါးတဲ့ကိုယ်ပိုင် နည်းလည်းတို့နဲ့
စိတ်ဝင်စားလာအောင် မညည်းငွေ့အောင်
ဆွဲဆောင်သင်ကြားနိုင်ရမယ်။

စာသင်ကြားနေစဉ်အတွင်း
ကိုယ့်ရဲ့အာရုံဟာ
ကလေးတွေအပေါ် မပြတ်ရှိနေရမယ်။
နားက သူတို့ရဲ့ မနှစ်မြို့သော
တိုးတိုးလေးညည်းငြူသံကိုတောင်ကြားနိုင်
လက်ခံနိုင်ရမယ်။
ကိုယ့်ရဲ့မျက်လုံးဟာ
သူတို့အားလုံးရဲ့မျက်လုံးများကို
တိုက်ရိုက် စူးရှစွာကြည့်နေနိုင်ရမယ်။
ကလေးတွေရဲ့ မျက်လုံးတိုင်းဟာ
သူတို့တွေရဲ့ စိတ်ပြူတင်းပေါက်ပဲ၊
တော်တဲ့ကလေးတွေကိုချည်းပဲအာရုံမစိုက်ရဘူး၊
အားနည်းတဲ့ကလေးတွေရဲ့မျက်လုံးတွေကို
ဦးစားပေးနိုင်ရမယ်။
ကလေးတွေရဲ့ မျက်လုံးတွေဟာ
လျှပ်စစ်မီးလုံးတွေလိုပဲ။
ကိုယ်သင်တာကိုနားမလည်ရင် မှိန်နေမယ်။
နားလည်သွားတာနဲ့ သူတို့မျက်လုံးက
လင်းကနဲ ပြုံးသွားတာပဲ။
ဒါကြောင့်
ဆရာတစ်ယောက်ဟာ
ကလေးတွေရဲ့ မျက်လုံး(စိတ်)ကို
ဖတ်တတ်ရတယ်။

သူတို့ရဲ့နားမလည်တဲ့နေရာ
သူတို့ကိုယ်တိုင်မဖော်ထုတ်တတ်ရင်တောင်
သူတို့မျက်လုံးကို စာဖတ်ပြီး
ကိုယ်ပြင်သင့်တဲ့နေရာ
ကိုယ်ပြန်ရှင်းပြသင့်တဲ့နေရာ
အလိုလိုသိတယ်။

ကိုယ့်ကိုကြောက်လို့
ပြန်မမေးရဲတဲ့ကလေးတောင်
ကျေနပ်လောက်အောင်နားလည်သွားရမယ်။

အဲ့လို သမာသမတ်ကျနိုင်ပြီဆိုရင်
ကျောင်းသား ကျောင်းသူတွေရဲ့
မေတ္တာကို သိမ်းပိုက်နိုင်တဲ့
ဆရာ ဆရာမကောင်းတစ်ယောက်
ပီသသှားတာပါပဲ။

ကြိုက်သလောက်ဆိုးတဲ့ကလေးလာခဲ့
မိဘမနိုင်တဲ့ကလေးလာခဲ့
ကိုယ်ပြောရင် တစ်ခွန်းပဲ ဆိုတဲ့
ဆရာ ဆရာမဘဝကိုရတော့တာပဲ။

ပညာနဲ့နည်းလမ်း စေတနာနဲ့စည်းကမ်းတို့
စုစည်းရာ
အသင်တတ်၍ အတတ်သင်ခဲ့သူ

ဆရာဦးမျိုးတင့်သန်း B.A(English) 1985
အခြေခံပညာ မူလတန်း အောက်ဆင့် / ထက်ဆင့် စာသင်ခန်းအတွင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နှင့် ရမှတ်အခြေပြု တတ်မြောက်မှု စစ်ဆေးခြင်းဆိုင်ရာ ( A/ S / E) & ( A/B /C / D) ပေးရမည့် ပုံစံ။ (လိုအပ်သူများအတွက် ပြန်လည်မျှဝေပါသည်။)
#ရေကျောက်

#chickenpox

ဒီရက်ပိုင်းမှာကလေးတွေတော်တော်များများရေကျောက်ပေါက်နေကြပါတယ်။ ရေကျောက်ဆိုတာ varicella-zoster ဆိုတဲ့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တာပါ။ ရေကျောက်ဟာ ကူးစက်မြန်တဲ့ရောဂါတစ်ခုဖြစ်ပြီး အရင်ရေကျောက်မပေါက်ဖူးရင်၊ ကာကွယ်ဆေးထိုးမထားရင် ကူးစက်တတ်ပါတယ်။ အထူးသဖြင့်ကလေးတွေကြားမှာ ကူးစက်မြန်ပါတယ်။

ရေကျောက်လက္ခဏာများ

ရေကျောက်လက္ခဏာတွေကတော့ ကိုယ်ပူ နှာစေး ၁-၂ ရက် ဖြစ်ပြီးရင် ကိုယ်ပေါ်မှာအနီဖုလေးတွေစထွက် လာပါတယ်။ တချို့လည်းကိုယ်မပူဘဲ အနီဖုတွေတန်းထွက်ပါတယ်။

အနီဖုလေးတွေစထွက်ပြီးရင် သုံးရက်လောက်မှာ အများဆုံးထွက်လာတတ်ပါတယ်။ အနီဖုလေးတွေကနေ အရည်ကြည်ဖုလေးတွေဖြစ်ပြီး တစ်ချို့လည်းပေါက်ထွက် တစ်ချို့လည်း အနာဖေးလေးတွေတက်လာတတ်ပါတယ်။ ကိုယ်ပေါ်မှာအများဆုံးတွေ့ရပြီးမျက်နှာတို့၊ ပါးစပ်တို့၊ ခြေ၊လက်၊ခေါင်းတို့မှာလည်းတွေ့ရတတ်ပါတယ်။ အရမ်းယားတတ်ပါတယ်။

ကုသနည်း

ရေကျောက်အတွက် Aciclovir လို့ခေါ်တဲ့ပိုးသတ်ဆေးတစ်မျိုးရှိပေမယ့် ပုံမှန်အားဖြင့်အသုံးပြုရန်မလိုပါဘူး။ အင်မတန်ဆိုးဝါးတဲ့ရေကျောက်လိုမျိုး -ဥပမာ ရေကျောက်ပိုးကြောင့် ဦးနှောက်ရောင်၊ အဆုတ်ရောင်ဖြစ်တယ်၊ ကိုယ်ခံအားကျတဲ့ရောဂါရှိမယ် ဒါမှမဟုတ်ကိုယ်ခံအားကျစေတဲ့ဆေးတွေသောက်နေတယ်ဆိုရင်တော့ဒီဆေးကိုအသုံးပြုတတ်ပါတယ်။

ရေကျောက်ပေါက်ရင် ကုသနည်းတွေက ရိုးရိုးလေးပါ။

၁၊ ဖျားရင်၊ နာရင် ပါရာစီတမော တိုက်ပါ။
၂၊ ယားရင် မကုတ်ပါစေနဲ့။ Burmeton/ cetrine စတဲ့ ဆေးတစ်ချို့ တိုက်နိုင်ပါတယ်။
၃၊ ဘာမှ မလူးပါနဲ့။
၄၊ ရေချိုးပါ။
၅၊ ပုံမှန် အစားအသောက် ဆက်ကျွေးပါ။ အရည်များများသောက်ပါ။
၆၊ အဝတ်ပါးပါး၊ ပွပွကို ဝတ်ပေးပါ။

အများစုဟာသာမာန်ရေကျောက်ပဲဖြစ်ပြီး သူ့ဘာသူရောဂါပျောက်ကင်းသွားပါတယ်။

ဒါပေမယ့်အထက်မှာပြောခဲ့သလိုအဆုတ်ရောင်လက္ခဏာရှိမယ်၊ သတိလစ်မယ်၊ တက်မယ်၊ အရမ်းခေါင်းကိုက်ပြီးတော့အန်မယ်၊ ယိုင်တိုင်တိုင်နဲ့လမ်းလျှောက်မယ်၊ကလေးဟာကိုယ်ခံအားကျစေတဲ့ဆေးတွေသောက်သုံးနေတဲ့ကလေးမျိုးဖြစ်မယ်လဆိုရင်တော့ဆေးရုံဆေးခန်းတွေပြသင့်ပါတယ်။

ရေကျောက်ရောဂါကာကွယ်ခြင်း

ရေကျောက်ရောဂါကာကွယ်ဆေးရှိပါတယ်။ ပုံမှန် အားဖြင့်အသက်တစ်နှစ်ကစပြီးတော့ စုစုပေါင်းနှစ်ကြိမ်ထိုးနှံပေးရပါတယ်။
Grade 9 ဖြေဆိုခဲ့ပြီး… အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအတွက်…”စက်/စိုက်/မွေးကျောင်း(၅၁)ကျောင်းနှင့်အခွင့်အလမ်းများ” ကို မျှဝေပါတယ်…

Grade (9) အောင်မြင်သူများအတွက်အခွင့်အလမ်းများမှာ~~~

Grade( 9) အောင်တဲ့အခါ...
👉 စက်မှု
👉 စိုက်ပျိုး နဲ့
👉 မွေးမြူရေးအထက်တန်းကျောင်း
တို့ကိုတက်မယ်ဆိုရင်..(၃ )နှစ်တက်ရပါမယ်။

#စက်မှု 🧑‍🔧👨‍🔧👩‍🔧

အထူးအောင်သူများ...

အထက်တန်းမှ အထူးအောင်မြင်ပါက
နည်းပညာတက္ကသိုလ် (၅) နှစ်သင် B.E ဘွဲ့တန်း
သို့မဟုတ် နည်းပညာတက္ကသိုလ်
(၄) နှစ်သင် B.Tech ဘွဲ့တန်းများတက်ရောက်နိုင်ပါသည်။

အဆင့်မှီအောင်

စက်မှုသိပ္ပံ AGTI (၃) နှစ်သင်
ဒီပလိုမာသင်တန်းတက်ရောက်နိုင်ပါသည်။

အတန်းပြီးဆုံးခြင်းသာအောင်ပါက
လုပ်ငန်းခွင်သာဝင်ရောက်နိုင်ပါမည်။

#စိုက်ပျိုး 🧑‍🌾👨‍🌾👩‍🌾

အထူးအောင်

စိုက်ပျိုးရေးတက္ကသိုလ် ၅ နှစ်သင်
B.Sc.Agri ဘွဲ့သင်တန်းတက်ရောက်နိုင်ပါမည်။

အဆင်မှီအောင်

စိုက်ပျိုးရေးသိပ္ပံ (၃) နှစ်သင် Dip.Agri
ဒီပလိုမာသင်တန်း တက်ရောက်နိုင်ပါမည်။

အတန်းပြီးဆုံးခြင်းသာအောင်ပါက
လုပ်ငန်းခွင်သာဝင်ရောက်နိုင်ပါမည်။

#မွေးမြူရေး🧑‍🏭👨‍🏭👩‍🏭

အထူးအောင်

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (၅) နှစ်သင်
B.V.S ဘွဲ့သင်တန်းတက်ရောက်နိုင်ပါမည်။

အဆင့်မှီအောင်

စိုက်ပျိုးရေးသိပ္ပံ (မွေးမြူရေးဒီပလိုမာ)
(၃) နှစ်သင်တန်း သို့မဟုတ် ငါးလုပ်ငန်းသိပ္ပံ (၃) နှစ်သင်
ဒီပလိုမာသင်တန်း တက်ရောက်နိုင်ပါမည်။

အတန်းပြီးဆုံးခြင်းသာအောင်ပါက
လုပ်ငန်းခွင်သာဝင်ရောက်နိုင်ပါမည်။

#အထူးအောင် ဆိုသည်မှာ အထက်တန်း ၃ နှစ်စလုံးကို
Grade A အဆင့်ဖြင့်အောင်မြင်ခြင်းဖြစ်ပါသည်။

#အဆင့်မှီအောင် ဆိုသည်မှာ အထက်တန်း ၃ နှစ်စလုံးကို
Grade B အဆင့်ဖြင့်အောင်မြင်ခြင်းဖြစ်ပါသည်။

credit -