Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ပညာသင်နှစ်အလိုက် ကျောင်းများအပ်နှံရာတွင်KG သူငယ်တန်းကလေးများ၏ ၅နှစ်ပြည့်ရန် (၁)လလို/(၂)လလို(၃)လလိုများအတွက် မိဘမှတင်ပြချက်/ကျောင်းအုပ်ကြီး၏ထောက်ခံချက်/မြို့နယ်ပညာရေးမှူး၏ထောက်ခံချက်များ။လိုအပ်သူများအသုံးပြုပါ။

Photo,Copy,Credit.
ကျောင်းသား/သူများ၏ နေ့စဥ်ကျောင်းခေါ်ချိန်(က)စာရင်း ရေးသွင်းရာ၌ သိထားရမည့်အကြောင်းအရာများ။(မေးနေသူများအတွက်)
#ကျောင်းခေါ်ကြိမ် ( က ) စာရင်း ရေးသွင်းတာကိုလေ့လာဖို့တင်ပေးတာပါ။
#ကလေးတွေရဲ့ အရပ်အမြင့် ကိုယ်အလေးချိန် #မိဘဖုန်းနံပါတ်တွေကိုတော့ သီးခြားမှတ်တမ်းထားပါတယ် ။
#တပည့်မှတ်တမ်းကို ရှေ့ဆုံးမှာ တွဲပါတယ် ။အတန်းပိုင်ကိုယ်ရေးမှတ်တမ်းရေးပြီး
ဓာတ်ပုံကပ်ပါတယ် ။#လချုပ်နဲ့ ၃ လပတ်ချုပ် ချုပ်ပါတယ်။
#ကျောင်းခေါ်ကြိမ်အဆင့်သတ်မှတ်ချက်အရ
#ရာခိုင်နှုန်းရှာပြီးA,B,C,D ဖြည့်ပါတယ်။ ကျောင်းခေါ်ကြိမ်က ပညာရေးကောလိပ် စာအုပ်အရ

အလယ်တန်းနဲ့ အထက်တန်းအတွက်
85% မှ 100% ထိ = A
80% မှ 84% ထိ = B
75% မှ 79% ထိ = C
74% နှင့်အောက် = D ဖြစ်ပါတယ်။

မူလတန်းအတွက်
75% မှ 100% ထိ = A
40% မှ 75% ထိ = S
0% မှ39 % = E ဖြစ်ပါတယ်။
လေ့လာပေးပါ။ လိုအပ်တာ ဖြည့်စွက်ပေးပါ။ ကျေးဇူးတင်ပါတယ်။
👍1
အဝေးသင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်မေဂျာများ အားလုံးနှင့် ဥပဒေ (စ)နှစ်အားလုံးအတွက် ၂၀၂၂ ပညာသင်နှစ်အတွက်အချိန်စာရင်း

#အ‌ဝေးသင် ပထမအသုတ်(သိပ္ပံတွဲများ) =(၉-၇-၂၀၂၂) မှ (၁၁-၉-၂၀၂၂) (PT - ၁၀ပတ်)
စာကြည့်ရန်ပိတ်ရက် = (၁၂-၉-၂၀၂၂)ရက်နေ့ မှ (၂-၁၀-၂၀၂၂ )ရက်နေ့အထိ (ရက်ပေါင်း - ၂၀)
စာမေးပွဲ ဖြေချိန် = (၃- ၁၀- ၂၀၂၂)ရက်နေ့ မှ ( ၈-၁၀ -၂၀၂၂)ရက်နေ့အထိ။
-------------
#အဝေးသင် ဒုတိယအသုတ်(ဝိဇ္ဇာတွဲများ)
အနီးကပ်=(၁၂-၁၀-၂၀၂၂)ရက်နေ့ မှ (၂၁-၁၀-၂၀၂၂)ရက်နေ့အထိ။ (၁၀ရက်)
စာကြည့်ရန်ပိတ်ရက် = (၂၂-၁၀-၂၀၂၂)ရက်နေ့မှ (၂၃-၁၀-၂၀၂၂)ရက်နေ့ အထိ။
စာမေးပွဲ ဖြေချိန် =(၂၄ - ၁၀ -၂၀၂၂) ရက်နေ့မှ (၂၉- ၁၀-၂၀၂၂)ရက်နေ့အထိ ။
----------
#အဝေးသင် တတိယအသုတ်(ဝိဇ္ဇာတွဲများ)
အနီးကပ်=(၃၁-၁၀-၂၀၂၂)ရက်နေ့ မှ (၁၁-၁၁-၂၀၂၂)ရက်နေ့အထိ။ (၁၀ရက်)
စာကြည့်ရန်ပိတ်ရက် = (၁၂-၁၁-၂၀၂၂)ရက်နေ့မှ (၁၃-၁၁-၂၀၂၂)ရက်နေ့ အထိ။
စာမေးပွဲ ဖြေချိန် =(၁၄ - ၁၁ -၂၀၂၂) ရက်နေ့မှ (၂၁- ၁၁ -၂၀၂၂)ရက်နေ့အထိ။

ပညာရေးနဲ့ ပတ်သတ်တာ တင်ပေးသွားပါမည်။
#crd
#ရင်ခတ်ဆူး
လိုအပ်နေသူများအတွက်....🙋

မူလတန်းဆင့် သင်ရိုးသစ်( G-1,2,3,4,5 ) စာသင်ချိန်ဇယားလေးတွေ..📗

အဆင်ပြေကြပါစေ
1
#ကျောင်းအပ်၊ #ကျောင်းပြောင်း၊ #အဝေးသင်ပြောင်း၊ #မေဂျာပြောင်း ကိစ္စများဆောင်ရွက်ရာတွင် သိထားသင့်သော အချက်များ.... 👇👇👇
#ပထမနှစ်ဝင်ခွင့်ရသူများ...
👉၄င်း၏ဝင်ခွင့်ရတက္ကသိုလ်နှင့် အထူးပြုဘာသာရပ်ကို
ကျောင်းဖွင့်ရက်မတိုင်မီ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှတဆင့်ပေးပို့ထားပြီးဖြစ်ပါတယ်။
သက်ဆိုင်ရာတက္ကသိုလ်များ၏ကြော်ငြာသင်ပုန်းများ
တွင်လည်းကပ်ထားပြီး ဖြစ်ပါတယ်။
ကျောင်းဖွင့်မည့်ရက်နှင့် ကျောင်းအပ်စတင်လက်ခံမည့် နေ့ရက်များကိုလည်းတစ်ပါတည်း ကပ်ထားပြီး ဖြစ်ပါတယ်။ထို့ကြောင့်အသိပေးပြောကြားလိုသည်မှာ ကျောင်းဝင်မှတ်ပုံတင်မည့်ကျောင်းသား၊ ကျောင်းသူတိုင်းသည် ကြော်ငြာသင်ပုန်းများအားလုံးကို မကြည့်မဖြစ် ကြည့်၍ ညွှန်ကြားချက်များကို သေသေချာချာ ဆောင်ရွက်ရန်လိုအပ်ပါတယ်။ ညွှန်ကြားချက်ပါစာအတိုင်း မလုပ်ဘဲ ဝန်ထမ်းအားမေးမြန်းရန် တိုးကြိတ်ဝင်နေရသည့် အတွက်ကြောင့် လည်းကောင်း၊စစ်ဆေးရာတွင် ပြည့်စုံမှန်ကန်မှုမရှိခဲ့လျှင် ပြန်လည်ခေါ်ယူ၍ ဖြည့်စွက်ခိုင်းနေရလျှင် လည်းကောင်း၊ မိမိခွန်အား နှင့် အချိန်ကို ဖြုန်းတီးရာ ရောက်ပါတယ်။ မိမိနောက်မှတန်းစီစောင့်ဆိုင်းနေရသူများအားလည်း နှောင့်ယှက်ရာလည်း ရောက်ပါတယ်။
👉ကျောင်းဝင်မှတ်ပုံတင်မည့်ကျောင်းသားသည်
အိမ်သို့ပေးပို့ထားသည့် #ဝင်ခွင့်ပြုအကြောင်းကြားစာကို ကျောင်းမှတ်ပုံတင်သည့်အခါ ယူလာရပါမည်။
သို့မဟုတ် #မိမိဝင်ခွင့်ရအထူးပြုဘာသာရပ်နှင့်အမှတ်စဉ် နံပါတ်ကိုသိရှိထားမှသာ A,E formများထုတ်ပေး
မည်ဖြစ်ပါသည်။ ၄င်းFormများတွင်
ပါရှိသည့် ကွက်လပ်များအားပြည့်စုံမှန်ကန်စွာ
ဖြည့်စွက်ရန်လည်းလိုပါသည်။(နမူနာများကပ်ထားပြီး)
ဓာတ်ပုံ(၆)ပုံ ကပ်ပြီးပါက မိမိနှင့်သက်ဆိုင်သော ဘာသာရပ်ဆိုင်းဘုတ်နေရာရှိ ကျောင်းသားရေးရာ
ဝန်ထမ်းအား စိစစ်ရန်တင်ပြရပါမည်။ပြည့်စုံမှုမရှိခဲ့လျှင် ခဏဖယ်ထားပါမည်။အခြားပြည့်စုံမှန်ကန်သူများ အတွက် ဆက်လက်လုပ်ဆောင်သွားပါလိမ့်မည်။ ထို့နောက် သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ၏ အသိအမှတ်ပြုလက်မှတ်ရေးထိုးရန် စေလွှတ်ပါမည်။
ပါမောက္ခ၏ လက်မှတ်ရရှိပြီးပါက ငွေစာရင်းဌာနသို့
ငွေသွင်းရပါမည်။ငွေသွင်းပြီး ချလန်နှင့် ပါမောက္ခလက်မှတ်ပါပြီးသော (A Form, E Form)များကို ကျောင်းသားရေးရာ
ဝန်ထမ်းထံ ပြန်လည်ပေးအပ်ရန်လိုပါတယ်။
ချလန်တွင်ပါရှိသည့် မိမိ၏ဝင်ခွင့်အမှတ်စဉ်သည်
မိမိ၏ တရားဝင်အမှတ်စဉ် ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်တွင် အတန်းတက်နိုင်ပြီဖြစ်ပါတယ်။
အကယ်၍ ၄င်းစာရွက်စာတမ်းများအား
အကြောင်းအမျိုးမျိုးကြောင့် ပေးအပ်ရန် ပျက်ကွက်ခဲ့ပါက မိမိ၏ Roll-No နှင့် ကျောင်းဝင်မှတ်ပုံတင်နံပါတ်ထွက်လာမည်
်မဟုတ်ကြောင်း အသိပေးပြောကြားလိုပါတယ်။
ကျောင်းဝင်မှတ်ပုံတင်သည့်ရက်များ ကုန်ဆုံးပြီးပါက
မော်ကွန်းထိန်း လက်မှတ်ရေးထိုးထားသော Roll-No
ဖြင့် ကျောင်းသားကတ်များထုတ်ပေးပါမည်။
သက်ဆိုင်ရာ ဘာသာရပ်ဌာနများ၏ ဆရာ၊ဆရာမများမှတဆင့် ကျောင်းသား၊ ကျောင်းသူထံပေးပါလိမ့်မည်။
#ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ
#အခြားတက္ကသိုလ်များသို့ #ပြောင်းရွှေ့သင်ကြားလိုသူများအတွက်
👉ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ #အဝေးသင်တက္ကသိုလ်များသို့ ပြောင်းရွှေ့ သင်ကြားလိုသူများသည်
#နေ့သင်တန်းတွင်ကျောင်းဝင်မှတ်ပုံတင်ရန်(ကျောင်းအပ်ရန်) #မလိုပါ။
အဝေးသင်တက္ကသိုလ်များ စတင်ဖွင့်လှစ်ကြောင်းကြေညာသည့်ရက်တွင်မှ အဝေးသင်တက္ကသိုလ်သို့ပြောင်းရွှေ့ခွင်လျှောက်လွှာကို လာရောက် တင်နိုင်ပါတယ်။
👉 မိမိပြောင်းရွှေ့လိုသောတက္ကသိုလ်နှင့်
#သက်ဆိုင်သည့်မြို့နယ်များတွင်နေထိုင်သည့် #သန်းခေါင်စာရင်းမူရင်းတင်ပြနိုင်ရပါမည်။
#ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ #အခြားတက္ကသိုလ်နေ့သင်တန်းများသို့ပြောင်းရွှေ့လိုပါသူများသည်
ငွေသွင်းပြီးချလန်ရရှိလာပါက
ချလန်မူရင်းနှင့်မိတ္တူ(၂)စောင်၊ မူရင်းသန်းခေါင် စာရင်းနှင့်မိတ္တူ(၂)စောင်၊
မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံချက်နှင့်အတူမိတ္တူ၊ရဲစခန်းထောက်ခံချက်နှင့် မိတ္တူကို(၂)စောင်စီ
ယူဆောင်၍ မော်ကွန်းထိန်းထံ လူကိုယ်တိုင် တွေ့ဆုံရမည်ဖြစ်သည်။
မော်ကွန်းထိန်းမှ စိစစ်ပြီးပါက ကျောင်းပြောင်းစိစစ်ရေးအဖွဲ့သို့ အဆင့်ဆင့်တင်ပြမည်ဖြစ်ပါတယ်။
ငွေသွင်းချလန်ရရှိပြီးပါက လူကိုယ်တိုင်ထုတ်ယူ၍ဖြစ်စေ၊
စာတိုက်မှ တဆင့်ဖြစ်စေ၊
သက်ဆိုင်ရာ တက္ကသိုလ်များသို့ ပေးပို့မည်ဖြစ်ပါတယ်
#အထူးပြုဘာသာရပ်ပြောင်းရွှေ့သင်ကြားလိုသော
ကျောင်းသား၊ကျောင်းသူများသည် အထူးပြုဘာသာပြောင်းရွှေ့လွှာ ခေါ်ယူသောနေ့ရက်ရောက်မှသာ လာရောက်လျှောက်ထားရမည်ဖြစ်ပါတယ်။
လိုအပ်သည့်အချက်အလက်များကို ပြောင်းရွှေ့လွှာခေါ်ယူသောကြော်ငြာတွင် တစ်ပါတည်းဖော်ပြထားပါတယ်။အခြေခံလိုအပ်ချက်အနေဖြင့် #ပြောင်းရွှေ့လိုသောဘာသာရပ်၏ #အနိမ့်ဆုံးရမှတ်ကို မှီရမှာ ဖြစ်ပါတယ်
ကျောင်းသားကျောင်းသူတွေအနေနဲ့
ကျောင်းဝင်မှတ်ပုံတင်ခြင်း၏လုပ်ငန်းစဉ်အဆင့်ဆင့်ကိုနားလည်သိရှိပြီး လိုက်နာမည်ဆိုပါက နှစ်စဉ်ကြုံတွေ့နေရသည့် အချိန်ကြန့်ကြာမှု အခက်အခဲများကို အထိုက်အလျောက် ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။
Credit
KG မှ Grade-11 သင်ရိုးသစ် အထိ ပါဝင်သော အတန်းလိုက်သင်ကြားလေ့လာသင်ယူ ရမည့် ဘာသာရပ်များ။