Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
#ကျောင်းအုပ်ကြီးများအတွက်

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်(အောင်စာရင်းထုတ်ပြန်ပြီး) အတန်းအသီးတွင်အောင်မြင်ခဲ့သောကျောင်းသူ/သား များသည် ယခု၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းပြန်လည်၍အပ်နှံရာမှာ
ယခင်နှစ်ကျောင်းသားဦးရေအတိုင်း
ဥပမာ ယခင်နှစ်Kg ၂၅ဦးသည် ယခုပညာသင်နှစ် G1 တွင် လာရောက်အပ်နှံသူ ၂၀ဦးသာရှိပါက
ကျောင်းအပ်နှံရန် ကျန်ရှိစာရင်းကိုပြုလုပ်ထားရန်နှင့်သက်ဆိုင်ရာ ပညာရေးမှူးရုံးသို့ပေးပို့ရန်... ထိုသို့ပေးပို့ရာတွင် ကျန်ရှိဦးရေသည်မိမိကျောင်းသို့ဝင်ရောက်လာခြင်းမရှိနိုင်သော #အကြောင်းအရာ၈ချက်နှင့်ဖော်ပြပေးရမည်ဖြစ်သည်။

ထို၈ချက်မှာ

၁။ မိဘပြောင်းရွှေ့ရာနောက်လိုက်ခြင်း
၂။ ကျန်းမာရေးမကောင်း၍ကျောင်းထွက်ခြင်း
၃။ အိမ်ထောင်ပြုသွားခြင်း(ထက်ဆင့်ကျောင်းသား/သူအတွက်သာ)
၄။ မိဘအကူညီပြုရန်အလုပ်ထွက်လုပ်ရခြင်း
၅။ သေဆုံးခြင်း
၆။ သာသနာ့ဘောင်ဝင်သွားခြင်း
၇။ ကျောင်းပြင်ပပညာရေးဖြင့်သာတက်ရောက် သွားခြင်း
၈။ TC ဖြင့်အပြောင်းပြုလုပ်သွားခြင်း

စသည့်အချက် ၈ချက်ဖြင့် စာရင်းပြုစု၍ သက်ဆိုင်ရာရုံးကိုပေးပို့ရပါမည်။

#မှတ်ချက်
သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများက ထိုကျောင်းသား/ သူများ ဘာကြောင့်ကျောင်းဝင်နှုန်းမရှိတော့သည်ဆိုသောအချက်ကိုတော့စုံစမ်းရပါမည်။ သို့မှသာအချိန်မီစာရင်းပြုစု၍ပေးပို့နိုင်မည်ဖြစ်သည်။ #ထိုစာရင်းကိုကြိုတင်ပြုစုထားကြဖို့လိုပါသည်သို့မှသာသက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးကတောင်းလာပါကပေးပို့ #နိုင်မည်ဖြစ်သည်။
13🥰1
စာသင်ကျောင်းတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု (Bullying) မဖြစ်ပွားစေရန်နဲ့ ကျောင်းသား/သူများ လုံခြုံစွာ သင်ယူနိုင်ဖို့ အောက်ပါ စည်းကမ်းများကို ထားရှိနိုင်ပါတယ် —

ကျောင်းတွင်း အနိုင်ကျင့်မှု ကာကွယ်ရေး စည်းကမ်းများ

(၁)သူငယ်ချင်းအချင်းချင်း လေးစားစွာ ပြောဆိုဆက်ဆံရမည်
(၂)ဆဲဆိုခြင်း၊ ကဲ့ရဲ့ခြင်း၊ အရှက်ခွဲခြင်း မပြုရ။
(၃)ခန္ဓာကိုယ်၊ မိသားစု၊ အသားအရောင်၊ စာတော်/မတော် စသဖြင့် လှောင်ပြောင်ခြင်း မလုပ်ရ။
(၄) အုပ်စုဖွဲ့ပြီး တစ်ဦးတစ်ယောက်ကို ဖယ်ထုတ်ခြင်း မပြုရ
(၅)တမင်တကာ မပေါင်းသင်းခြင်း၊ အုပ်စုဖွဲ့ ခြောက်လှန့်ခြင်း မလုပ်ရ။
(၆)ကျောင်းသားတိုင်းကို တန်းတူဆက်ဆံရမည်။
(၇)ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်း လုံးဝမပြုရ
(၈)တွန်းခြင်း၊ ရိုက်ခြင်း၊ ပစ္စည်းလုယူခြင်း၊ ဖျက်ဆီးခြင်း မပြုရ။
(၉)Online / Phone Bullying မလုပ်ရ
(၁၀) Social Media တွင် အရှက်ခွဲတင်ခြင်း၊ မကောင်းသော Comment ရေးခြင်း၊ Rumor ဖြန့်ခြင်း မပြုရ။
(၁၁) အနိုင်ကျင့်မှုတွေ့ရှိပါက ဆရာ/ဆရာမထံ ချက်ချင်း တိုင်ကြားရမည်
(၁၂) ကြောက်ရွံ့ပြီး မဖုံးကွယ်ထားရ။

(၁၃) တိုင်ကြားသူကို ကာကွယ်ပေးရမည်။
(၁၄) ကျောင်းသားခေါင်းဆောင်များက စံနမူနာကောင်း ဖြစ်ရမည်
(၁၅ )junior များကို မဖိနှိပ်ရ။
(၁၆) ကူညီပံ့ပိုးသော အပြုအမူများ ပြုလုပ်ရမည်။
( ၁၇ ) စည်းကမ်းဖောက်ဖျက်သူများကို သင့်လျော်စွာ အရေးယူမည်။

အကယ်၍ ဖြစ်ပွားလာပါက Warning၊မိဘခေါ်ဆွေးနွေးခြင်း၊Counseling ပြုလုပ်ခြင်း၊ လိုအပ်ပါက ကျောင်းစည်းကမ်းအရ အရေးယူခြင်း

.... “Respect & Kindness” ယဉ်ကျေးမှု တည်ဆောက်ရမည်

🎪 တစ်ယောက်နဲ့တစ်ယောက် ကူညီတတ်စေခြင်း
🎪 Teamwork activities များ လုပ်ပေးခြင်း
🎪 Empathy (ကိုယ်ချင်းစာစိတ်) သင်ကြားပေးခြင်း

ဆရာ/မအနေနဲ့ဆိုရင်.......
“Bullying Free Classroom Rules” ဆိုပြီး စာသင်ခန်းရှေ့မှာ စည်းကမ်းပိုစတာကပ်ထားပေးတာ၊ Role Play လုပ်ပေးတာ၊ အပတ်စဉ် discussion လုပ်ပေးတာတွေကလည်း ထိရောက်ပါတယ်။
Hnin Yu Lwin
18👍2🥰2
ဆရာ/ ဆရာမများ အသုံးဝင်ရန် Checklist 📚✏️

ကျောင်းမဖွင့်မီ ပြင်ဆင်ရန်

☐ စာသင်ခန်း သန့်ရှင်းရေးလုပ်ထားသည်
☐ Blackboard / Whiteboard သန့်ရှင်းထားသည်
☐ Chalk / Marker / Duster အသင့်ရှိသည်
☐ ကျောင်းသားထိုင်ခုံများ စီထားသည်
☐ Timetable ကပ်ထားသည်
☐ Classroom rules ကပ်ထားသည်
☐ Attendance စာရင်း ပြင်ထားသည်
☐ Lesson Plan ရေးထားသည်
☐ သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားသည်
☐ အမှိုက်ပုံးထားရှိသည်

---

နေ့စဉ် အသုံးဝင် Checklist

☐ Attendance စစ်သည်
☐ Homework စစ်သည်
☐ သင်ခန်းစာ ရည်ရွယ်ချက် ပြောပြသည်
☐ ကျောင်းသားပါဝင်မှု စောင့်ကြည့်သည်
☐ အားပေးစကား ပြောပေးသည်
☐ စည်းကမ်းကို ညင်သာစွာ ထိန်းသည်
☐ Slow learners များကို ကူညီသည်
☐ Classroom cleanliness စစ်သည်
☐ နောက်နေ့သင်ခန်းစာ ပြင်ဆင်ထားသည်

---

ဆယ်ကျော်သက် ကျောင်းသားများအတွက်

☐ Respectful communication သင်ပေးသည်
☐ Group activity ပါဝင်စေသည်
☐ Confidence တိုးစေမယ့် praise ပေးသည်
☐ Emotional changes ကို နားလည်ပေးသည်
☐ Bullying မရှိစေရန် စောင့်ကြည့်သည်

---

ဆရာမအတွက် Self-Care Checklist 🌷

☐ အသံ မနာစေရန် အနားယူသည်
☐ ရေများများသောက်သည်
☐ စိတ်ဖိစီးမှု များလွန်းမနေစေ ရန် ဂရုစိုက်သည်
☐ အိပ်ရေးဝဝ အနားယူသည်
☐ ကိုယ့်ကိုယ်ကို အားပေးသည်

“ပျော်ရွှင်တဲ့ ဆရာမတစ်ယောက်က ပျော်ရွှင်တဲ့ စာသင်ခန်းတစ်ခန်းကို ဖန်တီးနိုင်ပါတယ်” 💛
Hnin Yu Lwin
25👍4
လူတိုင်းသိရှိထားသင့်တဲ့
မှတ်ပုံတင် / အိမ်ထောင်စုစာရင်းကိစ္စများ၊
eID ကဒ်များ ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး
လဝက ၏ လမ်းညွှန် အသိပေးကြေညာချက်များပါ။
1