Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂၀၂၆-၂၀၂၇ ပညာသင်နှစ်
အခြေခံပညာကျောင်းမျာအားလုံး ဇွန်လ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ကျောင်းအပ်နှံရေး သတင်းပတ်
၂၀၂၆ ခုနှစ် မေလ (၂၅)ရက်နေ့မှ
မေလ (၃၁) ရက်နေ့ထိဖြစ်သည်။

ထပ်မံ အသိပေးအပ်ပါတယ်...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမည့် မိဘပြည်သူများအနေဖြင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံမည်ဆိုပါက ပညာရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရရှိထားသော ကိုယ်ပိုင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်မရှိသော ကျောင်းများနှင့် ဖွင့်လှစ်ရန်လျှောက်ထားဆဲ ကျောင်းများ တွင် ကျောင်းအပ်နှံမိပါက နောင်တစ်ချိန်တွင် စာမေးပွဲဖြေဆိုခွင့်ရရှိခြင်း၊ အတန်းကူးပြောင်းခွင့်ရရှိခြင်း၊စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများ ပညာသင်ကြားရေး အဆင်ပြေချောမွေ့စေရန်အတွက် တရားဝင်ခွင့်ပြုထားသောကျောင်းများဖြစ်ကြောင်း သေခြာအောင် စိစစ်ပြီးမှသာ ကျောင်းအပ်နှံကြပါရန် အလေးအနက် အသိပေးအပ်ပါသည်။
❤17
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ
(နမူနာ) ပုံစံ

၂၀၂၆ ခုနှစ် Grade 12 အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ တင်တဲ့အခါ လိုအပ်သည့်အချက်အလက်များ ကြိုတင်လေ့လာထားနိုင်ရန်အတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနမူနာ ပုံစံအား ဖော်ပြလိုက်ပါတယ်။
❤10
နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိက International School ၂၅၂ ကျောင်း ဖွင့်လှစ်ခွင့်ပြုထား

နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိက International School ကျောင်းပေါင်း ၂၅၂ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပညာရေးဝန်ကြီးဌာနက တရားဝင် website တွင် ထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဖွင့်လှစ်ခွင့်ရရှိထားသော ပုဂ္ဂလိကကျောင်းများ၏ အမည်စာရင်းကိုလည်း တစ်ပါတည်း ဖော်ပြပေးထားသည်။

အသေးစိတ်စာရင်းကို အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -
https://www.moe.gov.mm/
❤9
ပညာရေးဝန်ကြီးဌာနအောက်မှာ မှတ်ပုံမတင်ထားသော သင်တန်းကျောင်းပေါင်း ၁၉၀နီးပါးကို တရားစွဲဆိုထားတယ်လို့သိရတယ်။

ခွင့်ပြုချက်မရှိသော Online & Offline သင်တန်းများကို Social Media FB , TikTok များမှတဆင့်ရှာဖွေစစ်ဆေးစိစစ်ခြင်း ၊ မြေပြင်ကွင်းဆင်းအရေးယူဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။

မိတ်ဆွေအပေါင်းအသင်းများအနေနဲ့အထူးသတိထားပြီး သင်တန်းကျောင်းများကိုမှတ်ပုံတင်စေချင်ပါတယ်။

နောက်ဆုံး မှတ်ပုံတင်ရန်သတိပေးချက်ထုတ်ပြန်ထားလို့ မှတ်ပုံတင်ထားခြင်းမရှိပါက စံပြအနေနဲ့ ထိထိရောက်ရောက်အရေးယူခံရပါလိမ့်မယ်။

တိတိကျကျ သိရှိလို့ပါက မြို့နယ်ပညာရေးမှူးရုံးများကို ဆက်သွယ်မေးမြန်းကြပါ။

အချိုကျောင်းတွေဆို လိုင်စင် ကျထားပေမယ့် လုပ်ပိုင်ခွင့်ထက်ကျော်လုပ်လို့ တရားစွဲ ခံရမယ် အထဲပါနေတာ ပါတွေ့ ရှိရပါတယ်ခင်ဗျာ။ မြန်မာ ပြည်မှာ ဘယ်ကျောင်းမှ MBA သင်ခွင့် ဘွဲ့ပေးခွင့် PhD သင်ခွင့် ဘွဲ့ပေးခွင့် မရှိပါ။ သင်ကြားနေတာကို နာလည်ပေးလို့ရပေမယ့် မြန်မာပြည်ထဲ ဘွဲ့ပေးနေတာ တွေကို အရေးယူမယ်လို့ သိရပါတယ်ခင်ဗျာ။
❤30
အရာထမ်း၊ အမှုထမ်း ရာထူး
အခေါ်အဝေါ်များ သတ်မှတ်ခြင်း
❤1