Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကျောင်းပြောင်းလက်မှတ်ရေးသားရန် ညွှန်ကြားချက်

လမ်းညွှန်ချက် ၄

မွေးသက္ကရာဇ်ကိုထည့်သွင်းရာတွင် #ခုနှစ်ကိုဂဏန်းနှင့်ရှေးဦးစွာရေးပြီးနောက်မှဆက်၍ #ကွင်းအတွင်းတွင်စာဖြင့်ထပ်မံရေးသားပါ။

ဥပမာ။ ကျောင်းသား၏မွေးသက္ကရာဇ်သည် ၁၆၆၂၀၁၆ ဆိုပါက
ဇွန်လ (၁၆)ရက်၊ ၂၀၁၆ ခုနှစ် (နှစ်ထောင့်တစ်ဆယ့်ခြောက်ခုနှစ်)

ဟူ၍သာရေးရပါမည်။

လမ်းညွှန်ချက် ၇

လက်မှတ်၏ကျောဘက်ရှိ အတန်းပြီးဆုံးကြောင်းစာရင်းပေးသောအခါ
" အတန်း " ဟူသောဇယားကွက်၌ နောက်ဆုံးတွင်စာရင်းပိတ်သည့်အခါ
#Zပုံသဏ်ဍာနျမြဥျးပိတျ၍ #ထိုမျဥ်းပေါ်တွင်ကျောင်းတံဆိပ်ကိုတစ်ဝက်မျှကျစေရန်တံဆိပ်ရိုက်ပါ။ #ထိုတံဆိပ်မှလွဲ၍#မည်သည့်စာမျှမရေးသားရ။ #ရိုက်နှိပိတံဆိပ်နှင့်အတူဖြည့်စွက်ရသောစာများမထင်မရှားဟုဆိုကာထပ်၍#မပြုလုပ်ရ။

လမ်းညွှန်ချက် ၈

ပင်ကိုယ်ရည်မှတ်တမ်းပါ စာရိတ္တဗလ၊ ကာယဗလ၊ မိတ္တဗလတို့ကိုမှတ်တမ်းတင်ရာတွင် #သက်ဆိုင်ရာကျောင်းသား၏#အရည်အချင်းမှတ်တမ်းချုပ်တွင်နောက်ဆုံး #သတ်မှတ်ပေးပြီးဖြစ်သည့်အတိုင်းသတ်မှတ်ပေးသောအကွက်တွင်ကြ်ခြေခတ်ပါ။

လမ်းညွှန်ချက် ၉

#ကျောင်းပြောင်းလက်မှတ်ကိုမိဘ/ #အုပ်ထိန်းသူများကိုယ်တိုင်လာရောက်ထုတ်ယူမှသာထုတ်ပေးရမည်။

#မှတ်ချက်
TC ကိုအသုံးပြုရာတွင် ယခုစာသင်နှစ်အတွင်းစတင်ထုတ်ပေးသောTCစာအုပ်ကိုသာအသုံးပြုပါရန်။ တိုင်းဒေသကြီး/ပြည်နယ်များတွင်ထုတ်ပေးသောယခုနှစ်TC အင်္ဂလိပ်အက္ခရာ codeနံပါတ်သည် ယခင် အင်္ဂလိပ်အက္ခရာ Codeနံပါတ်နှင့်မတူပါ။

ဦးစစ်နိုင်(ရွှေလင်းမြေပညာရေး)
❤15👍1
သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း ( မကွေး / မန္တလေး / တောင်ကြီး / မော်လမြိုင် / ပုသိမ်) များအတွက်
ပထမနှစ် ကျောင်းသား/ သူ ခေါ်ယူခြင်း

ပညာအရည်အချင်း - G 9 အောင်

သင်တန်းကာလ - ၃ နှစ်

သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း တွင် ၃ နှစ် သင်တန်းပြီးဆုံးအောင်မြင်သူများ အနက် သက်မှတ်အရည်အချင်း ပြည့်စုံပါ က သမဝါယမကောလိပ် များ သို့ ပေါင်းကူး ဖြင့်ပညာ သင်ယူ နိုင်သည်

ထိုမှတဆင့် ထူးချွန်ပါက သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သို့ ပေါင်းကူး ဖြင့် တက်ရောက်နိုင်မည်။
❤9👍1
မေးထားသူများအတွက်ပါ

Green Card လျှောက်ထားရင်း
- လျှောက်လွှာမူရင်း (၅) စုံ
- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
-ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ
- ဘွဲ့လက်မှတ်
- အစိုးရဝန်ထမ်းမဟုတ်ကြောင်း ထောက်ခံစာ
- နိူင်ငံသား စီစစ်ရေး ကတ်ပြား စသည်တို့ လိုအပ်ပါတယ် ။
အီဒုလ်အသွဟာ (ကုရ်ဘာနီအီးဒ်)နေ့ ဖြစ်သည့်အတွက် ၂၀၂၆ ခုနှစ် မေလ(၂၈)ရက် (ကြာသပတေးနေ့) အား အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ကြေညာ

(ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၈၅/၂၀၂၆)
❤6
ရင်သွေးငယ်တို့ပညာခရီးလမ်း ပြတ်တောက်ခြင်းမဖြစ်စေဖို့ မိဘ/ ဆရာ ဝိုင်းကူစို့...

၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်)
စာမေးပွဲ အောင်စာရင်းအတွက်
ရင်ခုန် နေကြပြီလား?
ယခင်နှစ်ထက် အောင်ချက်ကောင်းပါတယ် ။
❤31
#ရာထူးတိုးအပြောင်းအရွှေ့ရပ်ဆိုင်းခြင်းခံရမည့် (၂)မျိုး

(က)ရာထူးတိုး အပြောင်းအရွှေ့များ မိမိတို့
တာဝန်ကျရာနေရာသို့ မသွားရောက်ပဲ
ငြင်းဆန်ပါက နောက်ထပ် ရာထူးတိုးပြောင်းကိစ္စရပ်များကို
#၂နှစ်အထိလျှောက်ထားခွင့်မရှိပါ...ထိုကာလလွတ်မြောက်မှသာ လျှောက်ထားပိုင်ခွင့်ရမည်ဖြစ်သည်။

( ခ )ပညာရေးမူစည်ကမ်းကိုချိုးဖောက်မိပါက(ကြီးလေးသောကိစ္စရပ်များနှင့်အကြောင်းအရာသေးသော်လည်းပညာရေးစည်းကမ်းဥပဒေနှင့်ဆက်စပ်နေခြင်း) စစ်ဆေးမူအချိန်အတွင်းကျရောက်နေပါက #ထိုကာလအတွင်းရာထူးတိုးအပြောင်းအရွှေ့ရပ်ဆိုင်းခံရပါမည်။
ထိုကာလအပြီးတိုင်လွတ်မှသာ အပြောင်းအရွှေ့/အတိုးကို
လုပ်ဆောင်ခွင့်ရမည်ဖြစ်သည်။

#ပညာရေးပြဌာန်းဥပဒေများမှကောက်နှုတ်ချက်
❤21
ပညာရေး ကျားဖြန့်" ဆိုတဲ့ စကားလုံးကို ကြားဖူးကြသလား။ အခု ၂၀၂၅ ခုနှစ်မှာ ကိုယ့်ဘဝကို ပညာရေးနဲ့ မြှင့်တင်ပြီး လွတ်လပ်တဲ့ အနာဂတ်ကို တည်ဆောက်ချင်ကြတဲ့ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေကြားမှာ ဒီကျားဖြန့်က အတော်လေး အမြစ်တွယ်နေပြီ။ မိဘတွေကလည်း သားသမီးတွေ သူများအောက် မကျိုးရအောင်၊ မျက်နှာမငယ်ရအောင်ဆိုပြီး ရှိစုမဲ့စုလေးကို ရောင်းချ၊ ပုံအောပြီး ပညာရေးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပညာရေးဟာ ကုန်သွယ်မှု သက်သက်၊ လိမ်လည်မှု သက်သက် ဖြစ်လာနေတာကို ကျွန်တော် ရင်နာနာနဲ့ပဲ ထောက်ပြချင်ပါတယ်။

ပထမဆုံး ပြောချင်တာက နိုင်ငံတကာကျောင်း ဆိုတဲ့ ဆိုင်းဘုတ်တွေအကြောင်းပါ။ အခုနောက်ပိုင်း နိုင်ငံတကာကျောင်းဆိုတာ မှိုပေါက်သလို ပေါ်လာတယ်။ Cambridge တို့၊ IGCSE တို့ သင်မယ်ဆိုပြီး ကြော်ငြာကြတယ်။ ကျောင်းလခတွေကလည်း မတန်တဆပါပဲ။ ဒါပေမဲ့ တကယ်တမ်း သင်ကြားတဲ့အခါ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ် မဟုတ်ဘဲ၊ ဟိုးအရင် ကျူရှင်ခေတ်ကလို အလွတ်ကျက်၊ အလွတ်ဖြေ စနစ်ဟောင်းကြီးနဲ့ပဲ သွားနေကြတာ အများကြီးပါ။ ဘာလို့လဲဆိုတော့ သင်နေတဲ့ ဆရာ၊ ဆရာမ အတော်များများက နိုင်ငံတကာကျောင်းတွေ၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်ခဲ့ဖူးတဲ့ အတွေ့အကြုံ မရှိကြလို့ပါပဲ။ စေတနာမရှိဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ ပေးရတဲ့ ငွေနဲ့ ရလိုက်တဲ့ အရည်အသွေးက လုံးဝ မမျှတဘူး။ သာမန်ကျောင်းကနေ ပြောင်းလာတဲ့ ကလေးတွေခမျာ စနစ်နှစ်ခုကြားမှာ ဗျာများ၊ စိတ်ဖိစီးပြီး၊ မိဘတွေရဲ့ သွေးချွေးစာ ငွေတွေလည်း သဲထဲရေသွန် ဖြစ်ရပါတယ်။

ဒုတိယ အလိမ်အညာကတော့ ပြည်ပက အင်္ဂလိပ်စာ အစီအစဉ် တွေနဲ့ ပွဲစားတွေရဲ့ လုပ်ရပ်ပါပဲ။ ထိုင်း၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံတွေက တက္ကသိုလ်တွေမှာ 100% English လိုပဲ သင်ပါတယ်ဆိုပြီး ပွဲစားတွေက ကြော်ငြာကြတယ်။ တကယ်တမ်း ဟိုလည်းရောက်ရော သင်တဲ့ ပရော်ဖက်ဆာတွေရဲ့ အင်္ဂလိပ်စာ လေယူလေသိမ်း ကို နားလည်ဖို့ အတော်လေး ရုန်းကန်ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်ကနေ IELTS ရမှတ် မြင့်မြင့်ရပြီး သွားတဲ့ ကျွန်တော်တို့ လူငယ်တွေက ဟိုက စာသင်နေတဲ့ ပရော်ဖက်ဆာတွေထက် အင်္ဂလိပ်လို ပိုပြီး ရှင်းလင်းပြတ်သားစွာ ပြောနိုင်၊ နားလည်နိုင်နေတယ်။ ဘာသာစကား အခက်အခဲကြောင့် ပညာရေးမှာ တုံ့ဆိုင်းသွားရတယ်၊ ကျောင်းပြောင်းရတဲ့အထိ ဒုက္ခရောက်ရတယ်။ အဲ့ဒီလို အိပ်မက်တုတွေ ရောင်းစားပြီး ဒုက္ခရောက်နေသူတွေကို အမြတ်ထုတ်နေတဲ့ ပညာရေးပွဲစားတွေရဲ့ လုပ်ရပ်ဟာ တော်တော်လေးကို ရုပ်ဆိုးလွန်းပါတယ်။

တတိယတစ်ခုကတော့ အခုခေတ်စားနေတဲ့ AI၊ Data Science ၊ IT စတဲ့ နာမည်ကြီး ဘာသာရပ်တွေနဲ့ ဗီဇာ ရောင်းစားတဲ့ အစီအစဉ်တွေပါ။ ထိုင်းလို နိုင်ငံမျိုးမှာ ကာလတို ဗီဇာရဖို့ သက်သက်အတွက် ဖွင့်ထားတဲ့ အရည်အသွေးနိမ့် ပုဂ္ဂလိကကျောင်းတွေ အများကြီး ရှိလာတယ်။ ထိုင်းက AIT လို၊ Mahidol လို၊ Chulalongkorn လို အစိုးရတက္ကသိုလ်၊ နိုင်ငံတကာအဆင့်မီ ကျောင်းတွေမှာ သွားတက်ရင် တကယ့် အရည်အသွေးပြည့်ဝတဲ့ ပညာရေးကို ရမှာ သေချာပါတယ်။ ဒါပေမဲ့ အချိန်မပေးနိုင်လို့ဖြစ်ဖြစ်၊ ပွဲစားတွေရဲ့ ဖြားယောင်းမှုကြောင့်ဖြစ်ဖြစ် ဟိုကျောင်းတွေကို ရောက်သွားတဲ့အခါ ဒုက္ခလှလှ တွေ့တော့တာပါပဲ။ စာသင်မယ့် ဆရာတွေက AI အကြောင်း၊ IT အကြောင်း သေသေချာချာ နားမလည်ကြဘူး။ ခေတ်စားနေတဲ့ စကားလုံး တွေနဲ့ နာမည်ကြီး ဖတ်စာအုပ်တွေကို ကိုးကားပြီး ဟန်ပြသင်သွားကြတာ များတယ်။ တကယ့် လက်တွေ့တတ်ကျွမ်းတဲ့ ဆရာဆိုတာ လက်ချိုးရေလို့ ရတယ်။ ဒီလိုနဲ့ပဲ ဗီဇာရဖို့ သက်သက် သွားတဲ့ လူငယ်တွေဟာ ပညာလည်းမတတ်၊ အချိန်တွေ၊ ငွေတွေသာ ကုန်ဆုံးပြီး လမ်းပျောက်ရပြန်ပါတယ်။
ကျွန်တော်တို့ လူငယ်တွေ၊ ညီငယ်၊ ညီမငယ်တွေ... ပညာရေးဆိုတာ ကိုယ့်ဘဝအတွက် အကြီးမားဆုံး လက်နက်ပါ။ ဒါပေမဲ့ အဲဒီလက်နက်ကို ဝယ်ယူတဲ့နေရာမှာ လိမ်လည်လှည့်ဖြားတဲ့ ကျားဖြန့်တွေရဲ့ သားကောင် မဖြစ်ပါစေနဲ့။

မိဘတွေရဲ့ ချွေးနှဲစာ၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘဝ အချိန်တွေကို ပွဲစားတွေရဲ့ လေလုံးတွေကြားမှာ မစတေးလိုက်ပါနဲ့။ သေချာ စုံစမ်းပါ၊ ဝေဖန်ပိုင်းခြားပါ။ ကိုယ်ရွေးချယ်မယ့် လမ်းဟာ ရွှေပြည်တော်ကို တကယ်ရောက်မယ့် လမ်းလား၊ ဒါမှမဟုတ် တံလျှပ်ကို ရေထင်ပြီး ပြေးရမယ့် လမ်းလားဆိုတာကို မျက်စိဖွင့် နားဖွင့်ထားဖို့ ကျွန်တော် အလေးအနက် သတိပေးချင်ပါတယ်။
❤47👍6
အခုနောက်ပိုင်း Google AI Studio တစ်ခုတည်းကိုပဲ သုံးပြီး Content တွေ လုပ်ကြတာ များလာတော့၊ တစ်နိုင်ငံလုံး အသံတွေက တူသလိုမျိုး ဖြစ်တတ်ပါတယ်။ အဲဒီတော့ ကိုယ့်ဗီဒီယိုလေးတွေ တခြားသူနဲ့ မတူဘဲ ကွဲထွက်သွားအောင် သုံးလို့ရမယ့် အခမဲ့ AI Voice Tool (၉) ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ TTSMaker
အသံအမျိုးအစား ၆၀၀ ကျော်နဲ့ ဘာသာစကား ၁၀၀ ကျော်အထိ သုံးလို့ရတဲ့ Tool တစ်ခုပါ။ အဓိက အားသာချက်ကတော့ အသံထုတ်နိုင်တဲ့ အရေအတွက်မှာ အကန့်အသတ်မရှိတာကြောင့် ဗီဒီယိုတွေကို ခဏခဏနဲ့ အများကြီး လုပ်တတ်တဲ့သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။

၂။ SpeechMa
Freeသုံးလို့ရပြီး Generateလုပ်တဲ့အခါအရမ်းမြန်သောတစ်ခုတည်းသော aiကိုတော့ speechma မြန်မာစကားပြောaiပဲဗျ။ Voice Effectပေါင်းရာနဲ့ချီအကုန် Freeသုံးလို့ရပြီး စာလုံးရေ ၂၀၀၀ကျော်ကိုအေးအေးဆေးဆေး Generateလုပ်လို့ရပါတယ်။ ai websiteထဲဝင်ပြီးကိုယ်အသုံးပြုချင်တဲ့ effectsတွေရွေးပြီးတာနဲ့ ပေးထားတဲ့ human verifyအနေနဲ့ codeလေးကိုစာရိုက်ထည့်ပေးရုံနဲ့သုံးလို့ရပါတယ်။

၃။ Crikk
ဆောင်းပါးအရှည်ကြီးတွေ ဒါမှမဟုတ် Audio Book (အသံထွက်စာအုပ်) တွေ ဖန်တီးချင်တဲ့အခါ Crikk က တကယ့်ကို အသုံးတည့်ပါတယ်။ ဘာသာစကား ၇၀ ကျော်နဲ့ အသံ ၃၀၀ ကျော် ရှိပြီး၊ စာလုံးအရေအတွက် အကန့်အသတ်မရှိဘဲ အသံပြောင်းပေးနိုင်လို့ အရှည်ကြီးတွေ လုပ်ဖို့အတွက် အဆင်ပြေဆုံးပါပဲ။

၄။ Nicevoice
ကိုယ့်အသံ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ အသံကို ပုံတူကူးပြီး သုံးချင်ရင်တော့ ဒါကို သုံးနိုင်ပါတယ်။ AI Voice Cloning ကို အခမဲ့ ပေးသုံးထားပြီး မူရင်းအသံနဲ့ ၉၉% အထိ တူအောင် လုပ်ပေးနိုင်တာကြောင့် ကိုယ်တိုင်အသံမသွင်းချင်တဲ့ Content Creator တွေအတွက် အရမ်းမိုက်ပါတယ်။

၅။ Vocloner
ဒါကတော့ အသံတုကို အမြန်ဆုံး ဖန်တီးချင်တဲ့သူတွေအတွက်ပါ။ ကိုယ်သုံးချင်တဲ့ အသံကို ကူးယူဖို့ စက္ကန့်ပိုင်းပဲ ကြာတာကြောင့် အချိန်မရှိလို့ အမြန်လိုနေတဲ့ အခါမျိုးမှာ ချက်ချင်း ယူသုံးလို့ရပါတယ်။

၆။ PlayHT
Creator တော်တော်များများ ကြားဖူးကြတဲ့ Tool တစ်ခုဖြစ်ပြီး၊ ဘာသာစကား ၁၄၀ ကျော်နဲ့ အသံ ၈၀၀ ကျော်အထိ ပါဝင်ပါတယ်။ အခမဲ့ Plan မှာတင် ရွေးချယ်စရာ အများကြီးရှိတဲ့အပြင် စိတ်ခံစားချက် ပါဝင်တဲ့ အသံမျိုးတွေပါ ရနိုင်လို့ YouTube သမားတွေနဲ့ Podcast သမားတွေကြားထဲမှာ တော်တော်လေး ရေပန်းစားပါတယ်။

၇။ Speechify
စာဖတ်ရတာ ပင်ပန်းလို့ နားထောင်ချင်တဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ စာအုပ်တွေ၊ PDF လို စာရွက်စာတမ်းတွေကို အသံဖိုင်အဖြစ် တိုက်ရိုက်ပြောင်းပေးနိုင်ပြီး ဘာသာစကား ၆၀ ကျော်နဲ့ အသံ ၂၀၀ ကျော်အထိ ရွေးချယ် အသုံးပြုနိုင်ပါတယ်။

၈။ Listnr AI
Podcast လုပ်ဖို့ စိတ်ကူးရှိရင်တော့ Listnr AI က အရမ်းသင့်တော်ပါတယ်။ ဘာသာစကား ၁၄၂ မျိုးအထိ Support လုပ်ပေးတဲ့အပြင် Podcast အတွက် လိုအပ်တဲ့ Feature တွေ အစုံအလင် ပါဝင်ပါတယ်။ ပြီးတော့ ဖန်တီးထားတဲ့ Audio တွေကို Platform တွေပေါ် တိုက်ရိုက်တင်နိုင်အောင်ပါ စီစဉ်ပေးထားပါတယ်။

၉။ Murf AI
စက်ရုပ်သံမပေါက်ဘဲ လူတစ်ယောက် တကယ်ပြောနေသလို သဘာဝကျတဲ့အသံမျိုး လိုချင်ရင်တော့ ဒါက အကောင်းဆုံးပါပဲ။ ဘာသာစကား ၃၅ မျိုးနဲ့ အသံ ၂၀၀ ကျော် ပါဝင်ပြီး Presentation တွေ ဒါမှမဟုတ် စာသင်တဲ့ ဗီဒီယိုတွေမှာ သုံးဖို့ အလွန်သင့်တော်ပါတယ်။
❤20