Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.7K subscribers
4.35K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်
အသိပေးနှိုးဆော်ခြင်း
❤4
၂၀၂၆ ပညာသင်နှစ်၊ ဒုတိယနှစ်နှင့်အထက် အဝေးသင် သင်တန်းများ၏ ကျောင်းဝင် မှတ်ပုံတင်ခြင်းကို (၃၁-၅-၂၀၂၆) ရက်နေ့ထိ (စနေ၊ တနင်္ဂနွေနေ့များမပါ) ထပ်မံတိုးမြှင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
❤26
အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း
တက်ရောက်လိုသူများ

#သတင်းစာ
#education
❤7
အခြေခံပညာကျောင်းများတွင်
ကျောင်းသား/သူများအား
နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးမယ့်
စာရေးကိရိယာပစ္စည်းများပါ။
❤32
#ကျောင်းမုန့်စျေးတန်းကြီးကြပ်ရေးကော်မတီအဖွဲ့
====================================

မိမိတို့ကျောင်းဝန်းထဲတွင် ကျောင်းမုန့်စျေးတန်းရှိပါက......ကျောင်းမုန့်စျေးတန်းကြီးကြပ်ရေးကော်မတီ ဖွဲ့ထားဖို့လိုအပ်ပါတယ်။

♻ ရည်ရွယ်ချက်....
အခြေခံပညာကျောင်းသား ကျောင်းသူများတွင် ငယ်ငယ်ရွယ်ရွယ်နှင့် ဆီးချို၊ နှလုံး၊ ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးရသည့်အခြေအနေ များ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ် ရောဂါ၊ ကင်ဆာရောဂါစသည့်ရောဂါ များမှာ အသင့်စားမုန့်စားသုံးခြင်းများ ကြောင့်ဖြစ်သည်ကိုကျန်းမာရေးဌာနက ေလ့လာတွေ့ရှိသည့်အတွက် ကလေးများစုဝေးရာအခြေခံကျောင်းများတွင်ရောင်းချနေသောကျောင်းမုန့်စျေးတန်းများကို ကြီးကြပ်စစ်ဆေးရန်အတွက်
ကျောင်းမုန့်စျေးတန်းကြီးကြပ်ကော်မတီကိုဖွဲ့စည်းထားရန်လိုပါတယ်။

♻ စစ်ဆေးရမည့်အချက်များ

ထိုအဖွဲ့များကိုယ်တိုင် စစ်ဆေးမည့်ရက်များကိုလည်းကျောင်းမုန့်စျေးတန်းတွင်းရောင်းချသောဆိုင်ရှင်များကိုအသိပေးခြင်း၊စာထုတ်ပြန်ခြင်းကိုလည်းပြုလုပ်ရပါမည်။
ထို့ပြင်ရှောင်တခင်ဝင်ရောက်၍လည်းစစ်ဆေးနိုင်ပါတယ်။
ဘာတွေကိုစစ်ဆေးရမလဲဆိုရင်...
၁။ မသန့်ရှင်းသောမုန့်များရောင်းချ ခြင်း၊

၂။ သန့်ရှင်းမှုအားနည်းခြင်း၊

၃။ ကျောင်း မုန့်ဈေးတန်းတွင်ရောင်းချသည့် ဈေး သည်များအား တစ်ကိုယ်ရည်ကျန်းမာရေး စစ်ဆေးခြင်း၊

၄။ ကူးစက်ရောဂါ၊ စနစ်တကျ ရောင်းချမှု ရှိ၊ မရှိ
နှင့် ဒိတ်ကုန်သည့်မုန်းများဖြစ်မဖြစ် စသည်တို့ကို ကော်မတီ မှ စစ်ဆေးဆောင်ရွက်ခြင်း

စသည့်တို့ကိုစစ်ဆေးရန်ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားပီးဖြစ်ပါတယ်။

♻ ကျောင်းမုန့်စျေးတန်းများကိုလည်းနေ့စဥ်နှင့်အမျှသန့်ရှင်းသပ်ရပ်စေရေးအတွက်ဘယ်လိုလုပ်ဆောင်ရမလဲ။

အိတ်အခွံများကိုလည်းစနစ်တကျထားရှိသိမ်းဆည်းရေးများကိုလည်းမပျက်မကွက်ပြုလုပ်ရန်သက်ဆိုင်ရာအဖွဲ့ကကြေညာထားရမည်ဖြစ်ပီး....
အကယ်၍တွေ့ရှိပါကဒဏ်ငွေဆောင်ခြင်း၊အပြင်ရောင်းချခွင့်ကိုပါရုတ်သိမ်းမည်ဖြစ်ကြောင်းကိုလည်းတိတိကျကျမှာကြားထားရန်လည်းလိုအပ်ပါတယ်။
ထိုစည်းကမ်းချက်ထုတ်ပြန်မူကိုမဖြစ်မနေပြုလုပ်ထားဖို့လိုအပ်ပါတယ်။

ထို့ပြင်သက်ဆိုင်ရာအဖွဲ့အစည်းနှင့်အတူကျောင်းသားကျောင်းသူများကျောင်းမုန့်စျေးတန်းရောင်းချသူများကိုအသိပညာပေးဟောပြောပွဲများတစ်လတစ်ခါကျင်းပပြုလုပ်ဖို့လည်းလိုအပ်ပါတယ်။

♻ကျောင်းမုန့်စျေးတန်းကြီးကြပ်ရေးကော်မတီဖွဲ့မည်ဆိုပါက.....

၁။ ကျောင်းအုပ်ကြီး.....ဥက္ကဌ
၂။မြို့နယ်ကျန်းမားရေးဦးစီးဌာနအဖွဲ့ဝင်( သို့) ကေျာင်းကျန်းမာရေးတာဝန်ခံ
၃။အုပ်ချုပ်ရေးမှူး
၄။ကျောင်းအကျိုးဆောင်အဖွဲ့
၅။မိဘဆရာအလုပ်အမူဆောင်အဖွဲ့
၆။ဆရာဆရာမများ
၇။ေကျာင်းကောင်စီအသင်းခေါင်းဆောင်များ (သတင်းချိတ်ဆက်နိုင်ခြင်းကြောင့်)

#အဖွဲ့အရေအတွက်ကိုလိုသလိုဖွဲ့စည်းနိုင်ပါတယ်။

ထို့ကြောင့်ကေျာင်းမုန့်စျေးတန်းကြီးကြပ်ရေးကော်မတီကို...ကျောင်းမုန့်စျေးတန်းရှိသောအခြေခံပညာကျောင်းများတွင် ဖွဲ့စည်းဆောင်ရွက်ပါရန်အသိပေးဖော်ပြအပ်ပါတယ်ခင်ဗျာ။

ဦးစစ်နိုင်(ပညာရေး)
❤23🥰4👏1
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် လျှောက်လွှာခေါ်ယူခြင်း
❤15
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် Grade-9 အောင်မြင်ပြီးသူများအား ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။

အဆိုပါကျောင်းများတွင် Building Technology၊ Electrical Technology၊ Electronics Technology၊ Automotive Technology၊ Information Technology နှင့် Machining Technology အပါအဝင် နည်းပညာသင်တန်းများကို အထက်တန်းပညာရေးနှင့် တွဲဖက်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ်ကြာမြင့်မည်ဖြစ်သည်။

သင်တန်းပြီးဆုံးအောင်မြင်သူများအနေဖြင့် အခြေခံပညာအထက်တန်းအောင်လက်မှတ် ရရှိမည့်အပြင် သက်ဆိုင်ရာ နည်းပညာကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် ၂၀၂၄-၂၀၂၅ သို့မဟုတ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် Grade-9 အောင်မြင်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး Grade-10 အောင်မြင်သူ၊ ကျရှုံးသူ သို့မဟုတ် ရပ်နားထားသူများလည်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောင်းဝင်ခွင့်လျှောက်လွှာများကို မေလ (၂၁) ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး မေလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ မိမိတက်ရောက်လိုသည့် ကျောင်းများသို့ တင်သွင်းရမည်ဖြစ်သည်။

လျှောက်လွှာတင်ရာတွင် ကျန်းမာရေးထောက်ခံစာ၊ Grade-9 အောင်မြင်ကြောင်း ထောက်ခံစာ၊ အိမ်ထောင်စုဇယား၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာနှင့် ပတ်စပို့ဓာတ်ပုံများ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသားများကို စုစုပေါင်းရမှတ်အလိုက် ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူများအား ပညာသင်ထောက်ပံ့ကြေး၊ စာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထို့ပြင် သင်တန်းတွင် အထူးအောင်မြင်သူများအနေဖြင့် နည်းပညာတက္ကသိုလ်များနှင့် အစိုးရနည်းပညာကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
❤19
Media is too big
VIEW IN TELEGRAM
မြန်မာ့ကျောင်း
တေးရေး- ဦးအေးမောင်
တေးဆို- အထက(၁)လမ်းမတော် ကျောင်းသားများ
❤16
Clean and Green School Award ဆုချီးမြှင့်ရန် အသုံးပြုသည့် စံချိန် ၊ စံညွှန်းများနှင့် အညွှန်းကိန်းများ ထဲက အချို့ကို တင်ပြလိုက်ရပါတယ်။ မိမိကျောင်းသည်လည်း မပြည့်စုံသေးပါ သို့ပေမယ့် အားလုံးသိရှိအောင်ဖော်ပြရခြင်းပဲဖြစ်ပါတယ်။

အညွှန်းကိန်း ၄ ခုသာပါရှိသော်လည်း အညွှန်းကိန်း ၇ခုထိဖော်ပြပေးထားပါတယ်။

မိမိတို့အခြေခံပညာကျောင်းတွေမှာ
Clean and Green ဖြစ်အောင်ပြုလုပ်မည်ဆိုပါက

အညွှန်းကိန်း-၁ မိဘ၊ဆရာ၊ ကျောင်းသားများနှင့်၊ ရပ်ရွာဥက္ကဌ၊ ရပ်ရွာလူထုများပါဝင် သည့် သန့်ရှင်း၍ စိမ်းလန်းစိမ်းလန်းစိုပြည်သော ကျောင်းကော်မတီ (C&G School Committee) ဖွဲ့စည်းထားခြင်း

ရှင်းလင်းချက်- ကျောင်းပတ်ဝန်းကျင်သန့်ရှင်း၍ စိမ်းလန်းစိုပြည်ရေး ကော်မတီ ဖွဲ့စည်း၍ တာဝန်များကိုဖော်ပြခြင်း၊ ရေးဆွဲတင်ပြထားသော လုပ်ငန်းစီမံချက်နှင့် ဆောင်ရွက်ချက် များကို တွေ့မြင်ရခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ၍ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို မှတ်တမ်းရေးသွင်းခြင်း၊ (၃)လပတ်အစီရင်ခံစာ၊ နှစ်ပတ်လည် အစီရင်ခံစာ တင်ပြခြင်းများပြုလုပ်ထားခြင်း

အညွှန်းကိန်း-၂ ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း၍ စိမ်းလန်းစိုပြေစေရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း(၄)ချက် ပါဝင်သည့် ကျောင်းအခြေအနေနှင့် လိုက်လျောညီထွေရှိသောလုပ်ငန်းအစီအစဉ်များ (Action Plans) ရေးဆွဲချမှတ်ထား ခြင်း

ရှင်းလင်းချက်- မိမိတို့ကျောင်းအခြေအနေအရ စိမ်းလန်းသန့်ရှင်းသော ကျောင်းတစ် ကျောင်း ဖြစ်လာရန်လိုအပ်နေသည့် အကြောင်းအရာများကို ကော်မတီမှဖော်ထုတ်ခြင်း၊ သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄) ချက် ပါဝင်သည့် ကျောင်း၏ အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် လုပ်ငန်းအစီအစဉ်များပါဝင်သော လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ အဆိုပြုလျှောက်လွှာနှင့် အတူတင်ပြနိုင်ခြင်း၊

အညွှန်းကိန်း-၃ သက်ဆိုင်ရာ ကျောင်းသူ/ကျောင်းသားများ ကိုယ်တိုင်ရေးဆွဲထားသော ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လိုက်နာရမည့် ဆောင်ပုဒ်(သို့) ပန်းချီ(သို့) ကဗျာ စသည်တို့ကို ရေးဆွဲကာ အခန်းအလိုက်/ အတန်းအလိုက်/ ကျောင်းအလိုက်(သို့) Notice Board စသည်ဖြင့် ကျောင်းများ၌ ပြသထားခြင်း

ရှင်းလင်းချက်- စိမ်းလန်းသန့်ရှင်းကျောင်းတစ်ခု၏ စာသင်ခန်းအားလုံးတွင် သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် သက်ဆိုင်သောအကြောင်းအရာများကို ဆရာ/ ဆရာမများ မှ ခေါင်းစဉ်သတ်မှတ်၍ ကျောင်းသား/သူများ ကိုယ်တိုင်ဖန်တီးထား သော ပန်းချီ၊ကာတွန်း၊ ပိုစတာ၊ ဆောင်ပုဒ်၊ စာစီစာကုံး၊ တီထွင်ဖန်တီးမှုများကို ပြိုင်ပွဲ ကျင်းပပြီး ယှဉ်ပြိုင်စေခြင်း၊ အရည်အသွေးရှိသော ဆုရအမျိုးအစားများကို စာသင်ခန်း ၏ ပြင်ပတွင် ကြေငြာသင်ပုန်းပေါ်တွင် ချိတ်ဆွဲပြသခြင်း၊ စာသင်ခန်း၏အပြင်ဘက်၊ အတွင်းဘက်နံရံများ၊ ခြံစည်းရိုး၊အုတ်တံတိုင်းများ၏ နံရံပေါ် တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍဆိုင်ရာ အသိပညာပေးနိုင်သည့် ပန်းချီးရုပ်ပုံများနှင့် ဖော်ထုတ် တင်ပြထားခြင်း၊

အညွှန်းကိန်း-၄ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး လုပ်ငန်းစဉ်များနှင့် ဖြစ်ပေါ်တိုးတက် မှုများအား သန့်ရှင်း၍စိမ်းလန်းသော ကျောင်းကော်မတီ(C&G School Committee) မှ စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း၊ (၃)လတစ်ကြိမ် ပြန်လည်ဆန်းစစ်ခြင်း လုပ်ငန်းများ နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန်ခြင်း

ရှင်းလင်းချက်- ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အညွှန်းကိန်း(၁၇)ချက်နှင့်ကိုက်ညီစေရန် လိုအပ်သည့် အကြောင်းအရာများကို ကျောင်း အုပ်ချုပ်ရေးကော်မတီမှ ရှာဖွေဖော်ထုတ်တင်ပြကာ ဆောင်ရွက်ရမည့် အကြောင်းအရာ များကို သုံးစွဲမည့် ရန်ပုံငွေနှင့်အတူ ဦးစားပေးအစီအစဉ်များ သတ်မှတ် ၍ အကောင် အထည်ဖော်ရန်ပြန်လည်ဆန်းစစ်ခြင်းနှင့် အကဲဖြတ်စစ်ဆေးခြင်း၊ ဆောင်ရွက်ချက်များ ပြုလုပ်ထားရှိမှုကို လယ်ဂျာတွင် ရေးသွင်းမှတ်တမ်းတင်ထားရန် ဖြစ်ပါသည်၊

အခြေခံစံနှုန်း(၂) Teaching Modules and Learning Activities
သင်ကြားမှုဆိုင်ရာ (Modules) နှင့် သင်ယူမှုဆိုင်ရာလုပ်ငန်းများ

အညွှန်းကိန်း-၅ ဆရာ၊ ဆရာမများက အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲ စာအုပ် ကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နှင့် နှီးနွယ်သည့် အသိပညာပေး စာအုပ်များကို အသုံးပြု၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှု သဘောတရားများ မျှဝေပေးခြင်း

ရှင်းလင်းချက်- TOT သင်တန်းတက်ရောက်ခဲ့သည့်(မူ/လယ်/ထက်) ဆရာ/ဆရာမ များ သည် မိမိတို့ကျောင်းသို့ ပြန်ရောက်ချိန်တွင် ကျောင်းရှိ ဆရာ/ဆရာမ များအား အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲစာအုပ်များ၊ ပြည်သူလူထု ကို အသိပညာပေးဆွေးနွေးပွဲကျင်းပရာတွင် အသုံးပြုသည့် ဝန်ထမ်းများလက်စွဲနှင့် သင်ခန်းစာမှတ်စုများကို ပြန်လည်ပို့ချသင်တန်ပေးခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း

အညွှန်းကိန်း-၆ အခြေခံပညာကျောင်းများတွင်ရှိသော ကျောင်းသား/သူများအား ပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာ လက်တွေ့လုပ်ငန်းများကို နေ့စဉ် (သို့) အပတ်စဉ်(သို့) လစဉ် အတန်း အလိုက်လုပ်ဆောင်စေခြင်း
❤8👏1
ရှင်းလင်းချက်- ကျောင်းဝန်းအတွင်းရှိ ညစ်ညမ်းမှုဖြစ်နေသော နေရာများကို ရှင်းလင်းဖယ်ရှားခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ သန့်စင်မှုပြုလုပ်ခြင်း၊ လူမြင်မကောင်း သည့် မြင်ကွင်းများကို ပြုပြင်ဆောင်ရွက်မှု ပြုလုပ်ခြင်း၊ သစ်ပင်ပန်းပင် စိုက်ပျိုးခြင်း၊ မြေယာရှုခင်းအလှဖော်ထုတ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊ အမှိုက်ကင်းစင်သောကျောင်းဝန်းတစ်ခုအဖြစ်ဖန်တီခြင်း၊ စိမ်းလန်းစိုပြည်သာယာ လှပသော ကျောင်းပရဝဏ်ဖြစ်လာအောင် ဆောင်ရွက်ခြင်း၊ ဆောင်ရွက်နေသည့် အကြောင်း အရာ ဓါတ်ပုံမှတ်တမ်း ၊ ရက်စွဲများ ကို စနစ်တကျမှတ်တမ်းတင်ခြင်း၊

အညွှန်းကိန်း-၇ ကျောင်းသား/သူများ ပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေသည့်အသင်းအဖွဲ့များဖွဲ့စည်းထားခြင်း။ (ဥပမာ- သစ်ပင်စိုက်၊ အမှိုက်ကောက်/ ပစ်၊ ရေလောင်းခြင်းစသည်)

ရှင်းလင်းချက်- Green Club/ Waste Management Club/Water Saving Club/ Energy Saving Club များကို ဆရာ/ဆရာမ ကိုယ်စားလှယ်များ နှင့် အခန်းအလိုက်ဖွဲ့စည်းရန်နှင့် ဖွဲ့စည်းပုံနှင့်တာဝန်ကို စာသင်ခန်းများတွင် ချိတ်ဆွဲ ဖော်ပြရန်၊ Club အသင်း(၅)သင်း ၏တာဝန်များကို ပုံမှန်အပတ်စဉ် ဆောင်ရွက်ရန်၊ မှတ်တမ်းထားရန်၊ Club အသင်း(၅)သင်း၏ဆောင်ရွက်မှုသည် ကျောင်းပတ်ဝန်းကျင် တစ်ခုလုံးကို စိမ်းလန်းစို ပြည်သာယာလှပလာမည် ဖြစ်သည်။
❤5