Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.35K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂၀၂၆ ခုနှစ်အတွက် အခြေခံပညာကျောင်းများ၏ အောင်စာရင်းထုတ်ပြန်ခြင်းနှင့် ကျောင်းအပ်နှံခြင်းဆိုင်ရာ အစီအစဉ်များကို သိရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

အောင်စာရင်းထုတ်ပြန်မည့်ရက်
မေလ ၁၄ ရက်နေ့တွင် အခြေခံပညာကျောင်းများ၏ အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းများ၌ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

ကျောင်းအပ်နှံမှု အစီအစဉ်
မေလ ၂၂ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများကို စတင်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် သတ်မှတ်ရက်များအလိုက် သိရှိထားနိူင်ပါရန် ကြိုတင်အသိပေးအပ်ပါတယ်။



#ပညာရေး #အောင်စာရင်း #ကျောင်းအပ်နှံမှု
❤45👍1
တက္ကသိုလ်တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူများအတွက် (နေ့သင်တန်း) များ ပြန်လည်ဖွင့်လှစ်မည့်ရက်နှင့် စာမေးပွဲကျင်းပမည့်ရက်များကို အသိပေးကြေညာလိုက်ပါသည်။

ကျောင်းဖွင့်လှစ်မည့်ရက်
၁.၆.၂၀၂၆ (တနင်္လာနေ့) မှစတင်၍ တက္ကသိုလ်နေ့သင်တန်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သည်။

စာမေးပွဲကျင်းပမည့်ရက်
တက္ကသိုလ်နေ့သင်တန်းများ၏ စာမေးပွဲကို ၁၄.၉.၂၀၂၆ (တနင်္လာနေ့) တွင် စတင်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းဖွင့်ရက်နှင့် စာမေးပွဲရက်များကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပေးမျှဝေအပ်ပါသည်။
❤12👍2
ပညာရေးမိသားစုများ စောင့်မျှော်နေကြသည့် ဝန်ထမ်းအပြောင်းအရွှေ့နှင့် ရာထူးတိုးအမိန့်များ ထွက်ရှိရန်အတွက် လက်ရှိတွင် အမိန့်စာကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

လက်ရှိ အခြေအနေနှင့် လုပ်ငန်းစဉ်များ
ယခုလက်ရှိတွင် လုပ်ငန်းစဉ်များအားလုံး ပြီးစီးနေပြီဖြစ်သော်လည်း အစီအစဉ်အတိုင်း အဆင့်ဆင့် ထွက်ရှိလာမည်ဖြစ်သည်။ ထိုသို့ ထွက်ရှိရာတွင် -
မြို့နယ်ပညာရေးမှူး (TEO) မှ ခရိုင်ပညာရေးမှူးအဆင့်သို့ တိုးမြှင့်ခြင်း။

ခရိုင်ပညာရေးမှူးမှ ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်ခြင်း။ အစရှိသည့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူးတိုးအပြောင်းအရွှေ့များကို ဦးစွာ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

လယ်မူ (အခြေခံပညာ) အပြောင်းအရွှေ့များ
အဆိုပါ အထက်အဆင့် ရာထူးတိုး/အပြောင်းအရွှေ့များ ထွက်ရှိပြီးနောက်တွင်မှ လယ်မူ (အခြေခံပညာ ဝန်ထမ်းများ) ၏ အပြောင်းအရွှေ့များ ဆက်လက် ထွက်ရှိလာမည် ဖြစ်သည်။

လက်ရှိတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစီအစဉ်များအရ အဆင့်ဆင့် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် အမိန့်စာများ တရားဝင် ထွက်ရှိလာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပေးကြပါရန် တိုက်တွန်းလိုပါသည်။

#ပညာရေးသတင်း #ရာထူးတိုး #အပြောင်းအရွှေ့
❤12
2025-2026 ပညာသင်နှစ်၏
အတန်းတင်အောင်စာရင်းများကို
(14.5.2026)ရက်နေ့တွင်ထုတ်ပြန်ရမည်။

2026-2027 ပညာသင်နှစ်အတွက်
ကျောင်းအပ်လက်ခံရမည့်ရက်မှာ
(22.5.2026)ရက်နေ့ဖြစ်ပြီး

ကျောင်းစတင်ဖွင့်လှစ်မည့်ရက်မှာ
(1.6.2026)ရက်နေ့ဖြစ်သည်။
❤38
လ အလိုက် ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများ

ဦးစစ်နိုင်(ရွှေလင်းမြေပညာရေး)
❤11