ကျွန်မတို့ ဆရာ ဆရာမတွေ
အရမ်းဟန်ဆောင် ကောင်းကြတာဘဲလေ......
ကျောင်း ထမင်းချိုင့်လေးများ ကြည့်လိုက်ရင်.....
ဟင်းမကောင်းတာက ခပ်များများရယ်........
အသား ...ငါး....ဘဲ မကြိုက်သလိုလို......
အချိန်မရလို့ ဟင်းမချက်အားလို့ဘဲ.....
ဟင်းမကောင်းသလိုလိုနဲ့.........
ဟန်ဆောင် ကောင်းလိုက်ကြတာ......
တကယ်တော့ .....ရတာလေးနဲ့ ဝအောင် စားနေကြရတာပါ....
#အဝတ်အစား ပြောဦးမလား.......
အမလေး.......ငါတို့က ကျောင်းနဲ့အိမ်.....
အိမ်နဲ့ကျောင်းဘဲ သွားနေရတာ....
အဖြူအစိမ်း ဖူလုံရင်ပြီးရော.....
အပြင်သိပ် ထွက်တာမှ မဟုတ်တာ.....
အဝတ်အစား များများ.....ဝယ်မဝတ်ပေါင်အေ.....တဲ့
အံမယ်.....ညာတာ.....ညာတာ.....
မယုံနဲ့နော်........
တကယ်တော့ ထောင်...သောင်း......တန်တဲ့ အဝတ်အစားတွေ ဝယ်ဝတ်ဖို့
အတော်...စဉ်းစားနေရတာပါ......
#နေရေး ပြောဦးမလား.......
တချို့ ကြတော့လည်း ဟိုပြောင်း ဒီပြောင်းနဲ့.....
အိမ်ငှားနေကြရတယ်.....
တချို့ အိမ်ပိုင်ရှိသူတွေ ကြတော့လည်း.......
တဲ.....သာသာရယ်......
ဒါနဲ့....သူတို့က ပြောသေးတယ်....
ဘာတဲ့.....ငါတို့နိုင်ငံရဲ့ ရာသီဥတုက...ပူပြင်းတော့
သစ်သားအိမ်.....ဝါးအိမ်နဲ့မှ အဆင်ပြေတာ...
တိုက်အိမ်ဆို...ပူသတဲ့လေ.....
အဲဒါ....အလကားပြောတာ.....
#သူများတွေလို RCတိုက်ကြီးနဲ့.....
မော်တော်ကား တဝီဝီနဲ့ နေချင်တာပေါ့ ....နော့.....
"#တပည့်မရှား တပြားမရှိ ပီတိကိုစား....
အားရှိပါ၏" ဆိုတဲ့ စကားကြီးကို...လေ
တွေးလေ....တွေးလေ.....
မုန်းလာလေဘဲ......
အားမတန် မာန်လျှော့တဲ့ စကားကြီး......
#တကယ်တမ်း ဆရာ ဆရာမ တွေရဲ့ဘဝ မှာ
လူနေမှု ဘဝ မပြည့်စုံ သ၍ စိတ်ပျော်ရွှင်မှု မရှိသ၍
ကလေးတွေအတွက် ထိရောက်သော တိုးတက်အောင်မြင်မှုဆိုတာ
ရှိလာနိုင်မှာ မဟုတ်ပါ......
ကျွန်မ ပြောချင်တာက ကျွန်မတို့ ဆရာ ဆရာမတွေ အတွက်
အထက်တန်းကျတဲ့ လူနေမှု အဆင့်အတန်း မရရင်နေပါစေ....
#အောက်တန်းမကျရင်..... တော်ပါပြီ......
#ဟန်ဆောင်တာတွေ......ရပ်ချင်ပါပြီ.....
#Credit to original uploader

❤58🥰1
၂၀၂၆ ခုနှစ်အတွက် အခြေခံပညာကျောင်းများ၏ အောင်စာရင်းထုတ်ပြန်ခြင်းနှင့် ကျောင်းအပ်နှံခြင်းဆိုင်ရာ အစီအစဉ်များကို သိရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။
အောင်စာရင်းထုတ်ပြန်မည့်ရက်
မေလ ၁၄ ရက်နေ့တွင် အခြေခံပညာကျောင်းများ၏ အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းများ၌ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
ကျောင်းအပ်နှံမှု အစီအစဉ်
မေလ ၂၂ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများကို စတင်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် သတ်မှတ်ရက်များအလိုက် သိရှိထားနိူင်ပါရန် ကြိုတင်အသိပေးအပ်ပါတယ်။
#ပညာရေး #အောင်စာရင်း #ကျောင်းအပ်နှံမှု

❤45👍1
တက္ကသိုလ်တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူများအတွက် (နေ့သင်တန်း) များ ပြန်လည်ဖွင့်လှစ်မည့်ရက်နှင့် စာမေးပွဲကျင်းပမည့်ရက်များကို အသိပေးကြေညာလိုက်ပါသည်။
ကျောင်းဖွင့်လှစ်မည့်ရက်
၁.၆.၂၀၂၆ (တနင်္လာနေ့) မှစတင်၍ တက္ကသိုလ်နေ့သင်တန်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သည်။
စာမေးပွဲကျင်းပမည့်ရက်
တက္ကသိုလ်နေ့သင်တန်းများ၏ စာမေးပွဲကို ၁၄.၉.၂၀၂၆ (တနင်္လာနေ့) တွင် စတင်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းဖွင့်ရက်နှင့် စာမေးပွဲရက်များကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပေးမျှဝေအပ်ပါသည်။

❤12👍2
ပညာရေးမိသားစုများ စောင့်မျှော်နေကြသည့် ဝန်ထမ်းအပြောင်းအရွှေ့နှင့် ရာထူးတိုးအမိန့်များ ထွက်ရှိရန်အတွက် လက်ရှိတွင် အမိန့်စာကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိ အခြေအနေနှင့် လုပ်ငန်းစဉ်များ
ယခုလက်ရှိတွင် လုပ်ငန်းစဉ်များအားလုံး ပြီးစီးနေပြီဖြစ်သော်လည်း အစီအစဉ်အတိုင်း အဆင့်ဆင့် ထွက်ရှိလာမည်ဖြစ်သည်။ ထိုသို့ ထွက်ရှိရာတွင် -
မြို့နယ်ပညာရေးမှူး (TEO) မှ ခရိုင်ပညာရေးမှူးအဆင့်သို့ တိုးမြှင့်ခြင်း။
ခရိုင်ပညာရေးမှူးမှ ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်ခြင်း။ အစရှိသည့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူးတိုးအပြောင်းအရွှေ့များကို ဦးစွာ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
လယ်မူ (အခြေခံပညာ) အပြောင်းအရွှေ့များ
အဆိုပါ အထက်အဆင့် ရာထူးတိုး/အပြောင်းအရွှေ့များ ထွက်ရှိပြီးနောက်တွင်မှ လယ်မူ (အခြေခံပညာ ဝန်ထမ်းများ) ၏ အပြောင်းအရွှေ့များ ဆက်လက် ထွက်ရှိလာမည် ဖြစ်သည်။
လက်ရှိတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစီအစဉ်များအရ အဆင့်ဆင့် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် အမိန့်စာများ တရားဝင် ထွက်ရှိလာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပေးကြပါရန် တိုက်တွန်းလိုပါသည်။
#ပညာရေးသတင်း #ရာထူးတိုး #အပြောင်းအရွှေ့

❤12
2025-2026 ပညာသင်နှစ်၏
အတန်းတင်အောင်စာရင်းများကို
(14.5.2026)ရက်နေ့တွင်ထုတ်ပြန်ရမည်။
2026-2027 ပညာသင်နှစ်အတွက်
ကျောင်းအပ်လက်ခံရမည့်ရက်မှာ
(22.5.2026)ရက်နေ့ဖြစ်ပြီး
ကျောင်းစတင်ဖွင့်လှစ်မည့်ရက်မှာ
(1.6.2026)ရက်နေ့ဖြစ်သည်။
အတန်းတင်အောင်စာရင်းများကို
(14.5.2026)ရက်နေ့တွင်ထုတ်ပြန်ရမည်။
2026-2027 ပညာသင်နှစ်အတွက်
ကျောင်းအပ်လက်ခံရမည့်ရက်မှာ
(22.5.2026)ရက်နေ့ဖြစ်ပြီး
ကျောင်းစတင်ဖွင့်လှစ်မည့်ရက်မှာ
(1.6.2026)ရက်နေ့ဖြစ်သည်။
❤38
လ အလိုက် ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများ
ဦးစစ်နိုင်(ရွှေလင်းမြေပညာရေး)
ဦးစစ်နိုင်(ရွှေလင်းမြေပညာရေး)
❤11