Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
"#ကွန်ပျူတာမဟန်းအောင်အသုံးပြုနည်း.."
=======================
နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။
တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။

ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို
Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။
ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။
ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက်
လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။
မြန်မာပြည်မှာ တည်ဆောက်မယ့် အနူမြူ
ဓါတ်ပေါင်းဖို အကြောင်း သိကောင်းစရာ
*******
ဒီနေ့ ကြေးမုံသတင်းစာမှာ ရုရှားနိုင်ငံအကူအညီနဲ့
မြန်မာနိုင်ငံမှာ အနူမြူဓါတ်ပေါင်းဖိုအသေးစား
တည်ဆောက်မယ့်သတင်း ပါလာတယ်။ အမှန်
တကယ်စိတ်ဝင်စားစရာ သတင်းထူးပါ။
-
တည်ဆောက်မယ့် ဓါတ်ပေါင်းဖို (Reactor) က
ပုံမှန်တည်ဆောက်နေကြ အနူမြူဓါတ်ပေါင်းဖို
မဟုတ်ပဲ SMR (Small Modular Reactor) ခေါ်
တဲ့ဖြုတ်တတ်လွယ်အသင့်သုံး အနူမြူဓါတ်ပေါင်း
ဖိုအသေးစားလို့ သိရတယ်။
-
ထုံးစံအတိုင်း Googling လုပ်ပြီး တတ်သမျှမှတ်
သမျှ ဖေါက်သည်ချလိုက်ပါတယ်။
-
SMR (Small Modular Reactor) ဆိုတာ အနူမြူ
ဓါတ်ပေါင်းဖိုအသေးစားဖြစ်ပြီး အရွယ်အစားပေါ်
မူတည်ပြီး လျှပ်စစ်ဓါတ်အား ၂၀ မီဂါဝပ်မှ ၃၀၀
မီဂါဝပ်ထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်။ ၃၀၀ မီဂါဝပ်
ဆိုတာ ပုံမှန်အနူမြူဓါတ်အားပေးစက်ရုံထုတ်လုပ်
နိုင်စွမ်းရဲ့ မီဂါဝပ် သုံးပုံတပုံပဲရှိတယ်။ SMR ဓါတ်
ပေါင်းဖိုကို တနေရာမှာ အစိတ်အပိုင်းအလိုက်
အပြီးတည်ဆောက်ပြီး အသုံးပြုမယ့်နေရာကို
သင်းဘောနဲ့ သယ်ယူလာပြီး အချိန်တိုအတွင်း
တတ်ဆင်အသုံးပြုနိုင်တဲ့ ဓါတ်ပေါင်းဖိုအမျိုး
အစားဖြစ်ပါတယ်။
-
SMR ဓါတ်ပေါင်းဖိုမှာ ရေပေါ့ (Light Water)
ကို အအေးခံအရည် (Coolant) အဖြစ်အသုံးပြု
တယ်။ SMR ဓါတ်ပေါင်းဖိုအသေးစားမှာ သာမန်
အနူမြူဓါတ်ပေါင်းဖိုလို အပူစွမ်းအင်ကနေ ရေနွေး
ငွေ့တာဘိုင်နဲ့ဂျန်နရေတာကို လည်ပတ်စေပြီး လျှပ်
စစ်စွမ်းအင်ကို ထုတ်လုပ်ပေးမှာပါ။ SMR က အပူ
စွမ်းအင်ကရေကို ရေနွေးငွေ့အဖြစ်ပြောင်းလဲစေပြီး
ရေနွေးငွေ့တာဘိုင် (Turbine) ကို လည်ပတ်စေပြီး
Generator ကတဆင့်လျှပ်စစ်စွမ်းအင်ကို ထုတ်
လုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်။
-
SMR ဓါတ်ပေါင်းဖိုအသေးစားဟာ သာမန်အနူမြူ
ဓါတ်ပေါင်းဖိုထက် ရေဒီယိုသတ္တကြွ အနူမြူစွန့်
ပစ်ပစ္စည်းထုတ်လုပ်မှာ ၂ ဆမှ အဆ ၃၀ အထိ
ပိုများတယ်ဆိုတာ အမေရိကန်အနူမြူသိပ္ပံပညာ
ရှင်များ တွေ့ရှိထားတယ်။ အပြည်ပြည်ဆိုင်ရာ
အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က SMR ကို
အာဂျင်တီးနား၊ တရုတ်နဲ့ ရုရှားမှာတည်ဆောက်
နေတယ်လို့ ဖေါ်ပြထားတယ်။
-
SMR ဓါတ်ပေါင်းဖိုအလယ်အူတိုင်ဟာ ပုံမှန်အနူ
မြူဓါတ်ပေါင်းဖိုထက် ပိုသေးငယ်လို့ အပူစွန့်ထုတ်
မှု ပိုနည်းပါတယ်။ SMR မှာ အနူမြူလောင်စာကို
၄ – ၇ နှစ်အတွင်း တခါထည့်သွင်းရပြီး ပုံမှန်အနူ
မြူဓါတ်ပေါင်းဖိုမှာ အနူမြူလောင်စာကို ၁ -၂ နှစ်
အတွင်းထည့်သွင်းရတယ်။ အချို့ SMR ဟာနှစ်
ပေါင်း ၃၀ အတွင်းအနူမြူလောင်စာမထည့်သွင်းပဲ
ဆက်တိုက်လည်ပတ်နိုင်တယ်။ တခုအားသာချက်
က SMR အမျိုးအစားဓါတ်ပေါင်းဖိုဟာ အပူ
ကြောင့်ပျော်ကျ (Melt Down) ဖြစ်နိုင်တဲ့အမျိုး
အစားမဟုတ်ဘူး။ အရေးပေါ်တခုခုဖြစ်ရင် ဓါတ်
ပေါင်းဖိုကို ချက်ခြင်းပိတ်ပစ်နိုင်တယ်။
-
SMR ဓါတ်ပေါင်းဖိုရဲ့ အားနည်းချက်က ပုံမှန်ဓါတ်
ပေါင်းဖိုထက် အနူမြူစွန့်ပစ်ပစ္စည်း ပိုများများ
ထွက်တယ်။ အနူမြူဓါတ်သတ္တကြွနူထရွန်
(Neutron) ယိုစီးမှုပိုများတယ်။ SMR စွန့်ပစ်
ရေနွေးငွေ့မှာ အနူမြူဓါတ်သတ္တိကြွနူထရွန် (Radio
Activated Neutron) သာမန်ဓါတ်ပေါင်းဖိုထက်
ပါဝင်မှုပိုများတယ်။
-
“ရေပေါ့” အသုံးပြု SMR မှာ ယူရေနီယံ (Urinium)
ပါဝင်မှုအချိုးအစားနည်းတဲ့ အနူမြူလောင်စာကို
အသုံးပြုတယ်။ ယူနေနီယံအနူမြူလောင်စာ U-
235 ရဲ့ ၅ ရာခိုင်နူန်းခန့်ပဲ အနူမြူလောင်စာအဖြစ်
အသုံးပြုတယ်။ SMR မှာ အနုမြူလောင်စာ U-235
ကိုခိုးယူပြီး လက်နက်ပြောင်းလဲမပြုလုပ်နိုင်အောင်
ကာကွယ်မှုစနစ်ပါရှိတယ်။ U -235 (Uranium
235) ဆိုတာ အနူမြူဓါတ်ပေါင်းဖို၊ အနူမြူစွမ်းအင်
သုံးလေယာဉ်တင်သင်္ဘောကြီးများနဲ့ အနူမြူလက်
နက်များမှာ အသုံးပြုတဲ့ ယူရေနီယံလောင်စာနံပတ်
ဖြစ်ပါတယ်။
-
ပုံမှန်လျှပ်စစ်ဓါတ်အားပေး အနူမြူဓါတ်ပေါင်းဖို
ထက်စာရင် SMR ဟာလျှပ်စစ် ၁ မီဂါဝပ်ထုတ်လုပ်
မှုစားရိတ်ပိုကြီးမြင့်တယ်။ ဒါကြောင့်လျှပ်စစ်ဓါတ်
အားအတွက် SMR ကိုအသုံးပြုရင် မီဂါဝပ်ထုတ်
လုပ်မှုစားရိတ်ပိုများတယ်။
-
ဒါကြောင့် စီးပွားရေးအရတွက်ခြေမကိုက်လို့
အမေရိကန်နိုင်ငံက SMR ကိုပိတ်သိမ်းထားတာ
ကြာပြီ။ SMR ကိုလည်ပတ်ဖို့ ပြင်ပရေမလိုအပ်လို့
မြစ်နားချောင်းနားအနီးမဟုတ်ပဲ ကိုယ်ထားချင်တဲ့
ကုန်းခေါင်ခေါင်မှာလည်း SMR ကို တပ်ဆင်လည်
ပတ်စေနိုင်ပါတယ်။
-
အထူးသဖြင့် လက်ရှိမဟာဓါတ်အားလိုင်းစနစ်ထဲ
ထည့်သွင်းနိုင်ဖို့ အသင့်တော်ဆုံးနေရာကို ရွေးချယ်
နိုင်ပါတယ်။ SMR ဓါတ်ပေါင်းဖိုမှာ ဓါတ်ကူပစ္စည်း
(Catalyst) အဖြစ် နီကယ်ကို အသုံးပြုရတယ်။
-
မြန်မာနိုင်ငံစစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့
အရှေ့ဘက်ကမ်း တကောင်းတောင်မှာ တရုတ်
ကုမ္ပဏီတခု နီကယ်အကြီးအကျယ်ထုတ်လုပ်နေ
တာကြာလှပါပြီ။
-
SMR ဓါတ်ပေါင်းဖိုတလုံး တည်ဆောက်ထုတ်လုပ်
မှုစားရိတ် ၁ မီဂါဝပ်နာရီကို အမေရိကန်ဒေါ်လာ ၅၈
ဒေါ်လာရှိတယ် ( ၂၀၂၁ နှစ်လည်ဈေး)။ အခုဒီဈေး
မရနိုင်တော့ဘူး။ ကမ္ဘာမှာထင်ရှားတဲ့ SMR ထုတ်
လုပ်သူများ GE, Hitachi, Moltex (Canada) နဲ့
အခြားအမေရိကန်ကုမ္ပဏီများ ထိပ်ဆုံးမှာရှိတယ်။
Roll-Royce ကုမ္ပဏီတည် ဆောက်တဲ့ ၄၇၀ မီဂါ
ဝပ် SMR တလုံးအတွက်မြေ ၁၀ ဧကလိုအပ်တယ်။
Ref : Wikipedia, လွင်ဦး(ရန်ကင်း)
cutout.pro ဆိုတဲ့ ဓါတ်ပုံတွေကို အော်တိုပြင်ပေးတဲ့ Website တစ်ခုရှိတယ်။ ပုံဟောင်း၊ ပုံဝါး၊ ပုံမှုန် တွေကို ပြင်ရင် အတော်လေးကို အဆင်ပြေတာ။ ကြည်ရှင်းတောက် သွားတာပဲ။ Upload လေး တစ်ချက် လုပ်လိုက်ရုံပဲ။ High Resolution လိုချင်ရင်တော့ ပိုက်ဆံပေးရတယ်။ သို့သော် Free ပေးတဲ့ Resolution ကိုက အတော်လေး ကောင်းနေပြီ။ သူပေးတာထက် Resolution ပိုကောင်းတာလေးလည်း ရချင်တယ်၊ ပိုက်ဆံလည်း မပေးချင်ဘူးဆိုရင် High Resolution Monitor နဲ့ Screenshot လို့ရသေးတယ်။ ကျွန်တော်တော့ free ပေးတဲ့အဆင့်နဲ့ကိုအဆင်ပြေလှပြီထင်ပါသည်။
13/14 အသစ်ခန့်သစ်လွင် ဆရာ၊ဆရာမများအတွက်အထောက်အကူပြု မြို့နယ်အဆင့်
သင်တန်းများအား ဖေဖော်ဝါရီလ တတိယနှင့်
စတုတ္ထရက်သတ္တပတ်များအတွင်း သတ်မှတ်
သင်တန်းနေရာများတွင် တက်ရောက်ကြရမည်ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြု သင်္ချာ ဘာသာရပ်ဆိုင်ရာ
သိကောင်းစရာများ