Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကျောင်းမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ
**********

ကျောင်းများဖွင့်လျှင်ဖွင့်ခြင်း ပညာရေးလုပ်ငန်းများ အဆင်ပြေချောမောစွာ စတင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ကျောင်းအုပ်ကြီးများအနေဖြင့် အဓိက တာဝန်တစ်ရပ် သတ်မှတ်ကာ မလွှဲမသွေ ဆောင်ရွက်ကြရပေမည်။

ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါလုပ်ငန်းများကိုဆောင်ရွက်ကြရန်ဖြစ်ပေသည်။

(က) ကျောင်းဝင်းခြံ၊ ကျောင်းအဆောက်အဦများ၊ စာသင်ခန်းများ၊ အိမ်သာများ အသင့် ဖြစ်စေရန်အတွက် ပြန်လည်ပြုပြင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊

( ခ) ကျောင်းအလံတိုင်၊ နိုင်ငံတော်အလံ၊ ကျောင်းဆိုင်းဘုတ်၊ အတန်းဆိုင်းဘုတ်၊ မိဘဆရာ အသင်းဆိုင်းဘုတ်များကို ပြုပြင်ခြင်း၊ ဝယ်ယူထားရှိခြင်း၊ ဆေးသုတ်ခြင်း၊

( ဂ) ကျောင်းသုံးပရိဘောဂများလုံလောက်ရေးနှင့်အသင့်ဖြစ်စေရေးအတွက်ပြန်လည် ပြုပြင်ခြင်း၊ ဝယ်ယူခြင်း၊ အခန်းလိုက်နေရာချထားခြင်း၊ ပရိဘောဂများ ဖြည့်တင်းရေး ကို စာသင်နှစ်မစတင်မီ ကြိုတင်ဆောင်ရွက်ရန် လိုပါသည်။

(ဃ) သောက်ရေအိုး၊ သောက်ရေခွက်၊ ရေအိုးဖုံး၊ ရေစစ်၊ တံမြက်စီး၊ အမှိုက်တောင်း၊ အမှိုက် ကော်ပြား၊မြေဖြူ၊သင်ပုန်းဖျက်၊ဆရာနေ့စဉ်မှတ်တမ်းစာအုပ်များ၊ ကျောင်းဝင်မှတ်ပုံတင် “ ခ ” စာရင်းစာအုပ်များ၊ ကျောင်းခေါ်ကြိမ်စာရင်းစာအုပ်များ၊ ကျောင်းထွက်လက်မှတ် စာအုပ်များစသည်တို့နှင့် အထောက်အကူပြုစာရွက်စာတမ်း၊ ရုပ်ဝတ္ထုပစ္စည်းများ စုဆောင်းထားရှိခြင်း၊

( င ) ကျောင်းသုံးစာအုပ် အပြည့်အစုံ အချိန်မီရရှိရေးအတွက် ကျောင်းသားစာရင်းပြုစုခြင်း၊ ကျောင်းသုံးစာအုပ် ဖြန့်ဖြူးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊သက်ဆိုင်ရာတာဝန်ရှိသူ မြို့နယ်ပညာ ရေးမှူးများနှင့် တိုင်းပညာရေးမှူးများထံ တင်ပြခြင်း၊ စာရင်းပေးပို့ခြင်း၊ အမှာစာများ ပြုစုပေးပို့ခြင်း၊ စာအုပ်များခေတ္တသိုလှောင်ရန် နေရာသတ်မှတ်ခြင်း၊ စာအုပ်ဖြန့်ဝေ မည့် စနစ် ကြိုတင်ရေးဆွဲထားခြင်း၊

( စ) မိမိကျောင်းမှထွက်မည့်ကျောင်းသားများအတွက် ကျောင်းထွက်လက်မှတ်များကို အချိန် မီ စနစ်တကျ အမှားအယွင်းမသမာမှုများလုံးဝမရှိစေဘဲ ထုတ်ပေးရေးကို ကြိုတင် စီစဉ်ထားခြင်း၊ ကျောင်းထွက်လက်မှတ် ထုတ်ပေးသည့် မှတ်ပုံတင်စာရင်းထိပါ ကြိုတင် ပြင်ဆင်ထားခြင်း၊

(ဆ) ကျောင်းသားများ (ကျောင်းသားသစ်အပါအဝင်) စနစ်တကျလက်ခံရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ခြင်း၊

( ဇ) ကျောင်းဖွင့်လှစ်သည့်နေ့တွင် သင်ကြားရေးကို စတင်ဆောင်ရွက်နိုင်ရေးအတွက် ဆရာ၊ ဆရာမများအား အတန်းမှူး၊ အတန်းပိုင်၊ ဘာသာရပ်မှူးသတ်မှတ်ခြင်း၊ ဘာသာရပ် ခွဲဝေခြင်း၊ အချိန်ဇယားရေးဆွဲခြင်းများကို ကြိုတင်ဆောင်ရွက်ထားခြင်း၊

(ဈ) သောက်သုံးရေပြည့်စုံရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း၊

(ည) လက်ခံမည့်ကျောင်းသားများအားကျောင်းစည်းကမ်းနှင့်ပတ်သက်၍ ကြိုတင် အသိပေး ထားရေး၊ ကျောင်းစည်းကမ်းနှင့်ပတ်သက်၍ ကျောင်းသားများ၏ ဝန်ခံကတိပြုရေး အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊

(ဋ) တစ်နှစ်တာ ပညာရေးလုပ်ငန်း စီမံချက်ကို စည်းကမ်းထိန်းသိမ်းရေး၊ သင်ကြားရေး၊ လုံခြုံရေး၊ဖွံ့ဖြိုးရေး၊ စသည့်ကဏ္ဍများခွဲခြားကာ ကဏ္ဍအလိုက်လိုအပ်သော အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ တာဝန်ခွဲဝေ သတ်မှတ်ခြင်း၊ ကျောင်းသည်ကျောင်းနှင့်တူစေရေး၊ သန့်ရှင်းသပ်ရပ်လှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံ၊ ပရိဘောဂနှင့်အခြားရုပ်ဝတ္ထုပစ္စည်းများ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းကို ထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျောင်းမဖွင့်မီ အနည်းဆုံးတစ်လကပင် စတင်၍ မိဘဆရာ အသင်းအစည်း အဝေးခေါ်ယူ ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ လိုအပ်သောပံ့ပိုးမှုများရယူခြင်းများ ပြုသင့်ပါသည်။ မိဘဆရာအသင်း ကျောင်းအကျိုးဆောင်အဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်ခြင်း ပြုသင့်ပါသည်။ သင်ကြားရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးအတွက် တစ်နှစ်တာပညာရေးလုပ်ငန်းစီမံချက်ကို ဆရာ၊ ဆရာမများအား အစည်းအဝေးခေါ်ယူ၍ ရှင်းလင်းဆွေးနွေးခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ပေးခြင်းပြု လုပ်ရမည်ဖြစ်သည်။

(မှတ်ချက်။ ယခင်စာသင်နှစ်တွင်ဖွဲ့စည်းထားသော မိဘ-ဆရာအသင်း နှင့် ကျောင်းအကျိုးဆောင်အသင်းတို့ကို...ယခုစာသင်နှစ်မစတင်မီခေါ်ယူ၍ညှိနှိုင်းဆောင်ရွက်စေခြင်းကိုဆိုလိုပါသည်။)

ဦးစစ်နိုင်(ပညာရေး)
❤1
မူလတန်းဆင့်အတွက် အချိန်ဇယား

#မူရင်းတင်သူကိုcreditပေးပါတယ်
❤8
ကျောင်းအပ်နှံရေးကာလမတိုင်မီ မိမိကျောင်း၏သက်ဆိုင်ရာ ဆရာဆရာမများကို မိမိတို့တာဝန်ကျရာကျောင်းများသို့ သတ်မှတ်ရက်မတိုင်မီရောက်ရှိရန်ကြိုတင်မှာကြားရပါမယ်။

ဆက်လက်ပြီး
ကျောင်းဖွင့်ချိန်မတိုင်မီ (ကျောင်းအပ်နှံရေးကာလအတွင်း) ဝန်ထမ်းများအားလုံးနှင့် ကျောင်းတွင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ဖို့လိုပါတယ်။
ထိုအစည်းအဝေးမှာဘာတွေလုပ်ဆောင်ဖို့ညွှန်ကြား၊တိုင်ပင်ဆွေးနွေးရမလဲဆိုရင်.......

ကျောင်းအုပ်ကြီးတာဝန်များ
*******
၁။ ကျောင်းပြောင်းလက်မှတ်များထုတ်ပေးခြင်း [CCPR (အသစ်+အဟောင်း) + TC + ထောက်ခံစာ)]

၂။ အတန်းကူးလက်မှတ်ဖြည့်သွင်းခြင်း [ခ စာရင်း( အတန်းအောင်မြင်ပြီးဆုံးကြောင်းလက်မှတ် + ရက်စွဲ + ခုံအမှတ် + အကယ်၍ကျောင်းပြောင်းသောသူဖြစ်ပါက လက်မှတ်+ရာထူးတံဆိပ်+TC ထုတ်ပေးနံပါတ်)]

၃။ TC အထွက်စာရင်းပြုလုပ်ရန် ( အထွက်စာရင်းပြုလုပ်ညွှန်ကြားပုံစံအတိုင်း)

၄။ TC အဝင် စာရင်း ( စနစ်တကျမှတ်သားရန် ကျောင်းဝင်နှုန်း ငြိမ်မှသာ ရေးသွင်းရန်)

သင်ကြားရေးဆရာဆရာမတာဝန်များ
*********
၅။ ကျောင်းလုပ်ငန်းတာဝန်များခွဲဝေခြင်း ....... ပါဝင်သောလုပ်ငန်းများထဲမှအဓိကလုပ်ငန်းများဖြစ်တဲ့ အတန်းခွဲဝေခြင်း၊ ဘာသာရပ်ခွဲဝေခြင်း၊ သင်ရိုးမာတိကာရေးဆွဲခြင်း၊ အချိန်စာရင်းရေးဆွဲခြင်း၊ အတန်းပိုင်စီမံချက်ရေးဆွဲခြင်းတို့ကိုမဖြစ်မနေပြုလုပ်ရပါမယ်။
(က) ဘယ်အချိန်မှာလုပ်မလဲ....?
ကျောင်းမဖွင့်မီ ကျောင်းအပ်ကာလအချိန်တွင် ပြုလုပ်ပါရန်
( ခ ) ဘယ်နေရာမှာပြုလုပ်မလဲ....?
မိမိကျောင်း၏သင့်တောင်ရာစာသင်ခန်းအတွင်း ပြုလုပ်ပါရန်
( ဂ ) ဘယ်လိုဆောင်ရွက်မလဲ....?
သက်ဆို်င်ရာကျောင်းအုပ်ကြီး၏ညွှန်ကြားချက်နှင့်အတူဆရာဆရာမအချင်းချင်းတိုင်ပင်ဆောင်ရွက်ရန်
ထို ၃ချက်ကို ကျောင်းမဖွင့်မီအပြီးဆောင်ရွက်ရပါမယ်။

တာဝန်ဆိုသည်မှာ မိမိတို့တာဝန်ကိုသိစေရန်ခွဲထားသော်လည်း အောင်မြင်
သည့် လုပ်ငန်းတစ်ခုဖြစ်ဖို့ဆိုပါက စုပေါင်းလုပ်ကိုင်ခြင်းနှင့်ပံ့ပိုးပေးခြင်းများရှိရပါမည်။

ဦးစစ်နိုင်(ပညာရေး)
❤16
ကျောင်းမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ
**********

ကျောင်းများဖွင့်လျှင်ဖွင့်ခြင်း ပညာရေးလုပ်ငန်းများ အဆင်ပြေချောမောစွာ စတင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ကျောင်းအုပ်ကြီးများအနေဖြင့် အဓိက တာဝန်တစ်ရပ် သတ်မှတ်ကာ မလွှဲမသွေ ဆောင်ရွက်ကြရပေမည်။

ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါလုပ်ငန်းများကိုဆောင်ရွက်ကြရန်ဖြစ်ပေသည်။

(က) ကျောင်းဝင်းခြံ၊ ကျောင်းအဆောက်အဦများ၊ စာသင်ခန်းများ၊ အိမ်သာများ အသင့် ဖြစ်စေရန်အတွက် ပြန်လည်ပြုပြင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊

( ခ) ကျောင်းအလံတိုင်၊ နိုင်ငံတော်အလံ၊ ကျောင်းဆိုင်းဘုတ်၊ အတန်းဆိုင်းဘုတ်၊ မိဘဆရာ အသင်းဆိုင်းဘုတ်များကို ပြုပြင်ခြင်း၊ ဝယ်ယူထားရှိခြင်း၊ ဆေးသုတ်ခြင်း၊

( ဂ) ကျောင်းသုံးပရိဘောဂများလုံလောက်ရေးနှင့်အသင့်ဖြစ်စေရေးအတွက်ပြန်လည် ပြုပြင်ခြင်း၊ ဝယ်ယူခြင်း၊ အခန်းလိုက်နေရာချထားခြင်း၊ ပရိဘောဂများ ဖြည့်တင်းရေး ကို စာသင်နှစ်မစတင်မီ ကြိုတင်ဆောင်ရွက်ရန် လိုပါသည်။

(ဃ) သောက်ရေအိုး၊ သောက်ရေခွက်၊ ရေအိုးဖုံး၊ ရေစစ်၊ တံမြက်စီး၊ အမှိုက်တောင်း၊ အမှိုက် ကော်ပြား၊မြေဖြူ၊သင်ပုန်းဖျက်၊ဆရာနေ့စဉ်မှတ်တမ်းစာအုပ်များ၊ ကျောင်းဝင်မှတ်ပုံတင် “ ခ ” စာရင်းစာအုပ်များ၊ ကျောင်းခေါ်ကြိမ်စာရင်းစာအုပ်များ၊ ကျောင်းထွက်လက်မှတ် စာအုပ်များစသည်တို့နှင့် အထောက်အကူပြုစာရွက်စာတမ်း၊ ရုပ်ဝတ္ထုပစ္စည်းများ စုဆောင်းထားရှိခြင်း၊

( င ) ကျောင်းသုံးစာအုပ် အပြည့်အစုံ အချိန်မီရရှိရေးအတွက် ကျောင်းသားစာရင်းပြုစုခြင်း၊ ကျောင်းသုံးစာအုပ် ဖြန့်ဖြူးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊သက်ဆိုင်ရာတာဝန်ရှိသူ မြို့နယ်ပညာ ရေးမှူးများနှင့် တိုင်းပညာရေးမှူးများထံ တင်ပြခြင်း၊ စာရင်းပေးပို့ခြင်း၊ အမှာစာများ ပြုစုပေးပို့ခြင်း၊ စာအုပ်များခေတ္တသိုလှောင်ရန် နေရာသတ်မှတ်ခြင်း၊ စာအုပ်ဖြန့်ဝေ မည့် စနစ် ကြိုတင်ရေးဆွဲထားခြင်း၊

( စ) မိမိကျောင်းမှထွက်မည့်ကျောင်းသားများအတွက် ကျောင်းထွက်လက်မှတ်များကို အချိန် မီ စနစ်တကျ အမှားအယွင်းမသမာမှုများလုံးဝမရှိစေဘဲ ထုတ်ပေးရေးကို ကြိုတင် စီစဉ်ထားခြင်း၊ ကျောင်းထွက်လက်မှတ် ထုတ်ပေးသည့် မှတ်ပုံတင်စာရင်းထိပါ ကြိုတင် ပြင်ဆင်ထားခြင်း၊

(ဆ) ကျောင်းသားများ (ကျောင်းသားသစ်အပါအဝင်) စနစ်တကျလက်ခံရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ခြင်း၊

( ဇ) ကျောင်းဖွင့်လှစ်သည့်နေ့တွင် သင်ကြားရေးကို စတင်ဆောင်ရွက်နိုင်ရေးအတွက် ဆရာ၊ ဆရာမများအား အတန်းမှူး၊ အတန်းပိုင်၊ ဘာသာရပ်မှူးသတ်မှတ်ခြင်း၊ ဘာသာရပ် ခွဲဝေခြင်း၊ အချိန်ဇယားရေးဆွဲခြင်းများကို ကြိုတင်ဆောင်ရွက်ထားခြင်း၊

(ဈ) သောက်သုံးရေပြည့်စုံရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း၊

(ည) လက်ခံမည့်ကျောင်းသားများအားကျောင်းစည်းကမ်းနှင့်ပတ်သက်၍ ကြိုတင် အသိပေး ထားရေး၊ ကျောင်းစည်းကမ်းနှင့်ပတ်သက်၍ ကျောင်းသားများ၏ ဝန်ခံကတိပြုရေး အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊

(ဋ) တစ်နှစ်တာ ပညာရေးလုပ်ငန်း စီမံချက်ကို စည်းကမ်းထိန်းသိမ်းရေး၊ သင်ကြားရေး၊ လုံခြုံရေး၊ဖွံ့ဖြိုးရေး၊ စသည့်ကဏ္ဍများခွဲခြားကာ ကဏ္ဍအလိုက်လိုအပ်သော အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ တာဝန်ခွဲဝေ သတ်မှတ်ခြင်း၊ ကျောင်းသည်ကျောင်းနှင့်တူစေရေး၊ သန့်ရှင်းသပ်ရပ်လှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံ၊ ပရိဘောဂနှင့်အခြားရုပ်ဝတ္ထုပစ္စည်းများ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းကို ထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျောင်းမဖွင့်မီ အနည်းဆုံးတစ်လကပင် စတင်၍ မိဘဆရာ အသင်းအစည်း အဝေးခေါ်ယူ ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ လိုအပ်သောပံ့ပိုးမှုများရယူခြင်းများ ပြုသင့်ပါသည်။ မိဘဆရာအသင်း ကျောင်းအကျိုးဆောင်အဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်ခြင်း ပြုသင့်ပါသည်။ သင်ကြားရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးအတွက် တစ်နှစ်တာပညာရေးလုပ်ငန်းစီမံချက်ကို ဆရာ၊ ဆရာမများအား အစည်းအဝေးခေါ်ယူ၍ ရှင်းလင်းဆွေးနွေးခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ပေးခြင်းပြု လုပ်ရမည်ဖြစ်သည်။

(မှတ်ချက်။ ယခင်စာသင်နှစ်တွင်ဖွဲ့စည်းထားသော မိဘ-ဆရာအသင်း နှင့် ကျောင်းအကျိုးဆောင်အသင်းတို့ကို...ယခုစာသင်နှစ်မစတင်မီခေါ်ယူ၍ညှိနှိုင်းဆောင်ရွက်စေခြင်းကိုဆိုလိုပါသည်။)

ဦးစစ်နိုင်(ပညာရေး)
❤2
#ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုသင်တန်းpageအမှတ်စဥ် ၁/၂၃ မှ
#ပြန်လည်ကူးယူတင်ပြသည်။

Third Edu post
*****
အချိန်ဇယားရေးဆွဲရာတွင် လိုက်နာရမည့်အချက်များ

(က) သတ်မှတ်ပေးထားသည့် ရက်သတ္တပတ်အတွင်း အတန်းအလိုက်ဘာသာရပ် တစ်ခုချင်း၏ သင်ချိန်ခွဲဝေမှုအတိုင်း ရေးဆွဲရမည်။

( ခ) အတန်းတစ်တန်းအတွက် နေ့စဉ် ဘာသာစုံပါဝင်ရန် တတ်နိုင်သမျှ စီစဉ်ရေးဆွဲရမည်။

( ဂ) ဆရာတစ်ဦးတည်း(၃)ကြိမ် ဆက်တိုက်သင်ရန် ထည့်သွင်းရေးဆွဲခြင်းမျိုးမဖြစ်စေရပါ။

(ဃ) ကျောင်းသား၊ ကျောင်းသူများ၏ ပင်ပန်းနွမ်းနယ်မှု အခြေအနေကိုထည့်သွင်း စဉ်းစားရေးဆွဲ ရမည်။ (သာမန်အားဖြင့် နံနက်ပိုင်းအချိန်တို့သည် စိတ်ဓာတ်အရွှင်လန်းဆုံးဖြစ်သည်။ ကျောင်းဆင်းခါနီး နောက်ဆုံးအချိန်သည် ကလေးများ၏ စိတ်ရောကိုယ်ပါနွမ်းနယ်ပတည် ငြိမ်သောအချိန်ဖြစ်၍ တက်ကြွလန်းဆန်းချိန်များတွင် အာရုံစူးစိုက်ရန်လိုအပ်သော ဘာသာရပ် များကို ထည့်သွင်းရေးဆွဲရမည်။)

( င) တစ်ဘာသာတည်းကို သင်ချိန်(၃/၄)ချိန် ဆက်တိုက် မရေးဆွဲရပါ။(ဆရာရောတပည့်ပါ ငြီးငွေ့ လာမည်။ ဘာသာရပ်သဘာဝအရရေးသောအချိန်၊ တွက်သောအချိန်၊ သီဆိုရသော အချိန်၊ လှုပ်ရှားလုပ်ဆောင်ရသော အချိန်တို့ကို မျှတစွာ အလှည့်ပေးရေးဆွဲရမည်။)

( စ) ကာယကဲ့သို့သော ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှု ဘာသာရပ်များကို နောက်ဆုံးအချိန်တွင်ထားရ မည်။

(ဆ) အတန်းပိုင်စနစ်ဖြင့် ဘာသာစုံသင်သော မူလတန်းအဆင့်တွင် အတန်းလိုက်အချိန်ဇယား ရေးဆွဲရမည်။ အတန်းအချိန်ဇယားသည် ကိုယ်ပိုင်အချိန်ဇယားနှင့် ထပ်တူဖြစ်ရမည်။ (ရေးဆွဲ ရာတွင်တစ်တန်းနှင့် တစ်တန်းသင်ကြားသောဘာသာရပ်၊ သဘာဝချင်း အနှောင့်အယှက် မဖြစ်ရအောင် အတတ်နိုင်ဆုံးစီစဉ်ရမည်။ ဥပမာ-ဒုတိယတန်းတွင် သင်္ချာသင်ချိန်ဖြစ်လျှင် အတန်းချင်းကပ်နေသော တတိယတန်းတွင် ဂီတအချိန်၊ စုပေါင်းသီချင်းဆိုခြင်းမျိုး မဖြစ်သင့်

( ဇ) ဘာသာရပ်စနစ်ဖြင့် ဆရာများက ဘာသာရပ်ခွဲဝေ၍ အတန်းတစ်တန်းကိုဖြစ်စေ၊ အတန်း များကိုဖြစ်စေ၊ သင်ပြသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များတွင် ကိုယ်ပိုင် အချိန်ဇယားကိုမူတည်၍ `အတန်းအချိန်ဇယားဖြစ်အောင် ရေးဆွဲရမည်။

(စျ) ဆရာတစ်ဦးအား အင် အချိန်တစ်ချိန်တွင် တာဝန်ချထားပေးပြီးပါက ၎င်းဆရာအား အဆိုပါ အချိန် တွင်ပင် အခြားအတန်း တန်းများ၌ တာဝန်ချထားခြင်းမပြုရ။ (အချိန်မထပ်စေရပါ။)

(ည) ကျောင်၊ ကျောင်းတက်စပထမအ ပထမအချိန်နှင့် အခြေအနေပေးပါက နေ့လယ်ပိုင်းကျောင်းပြန်တက်သော အချိန်တို့ တွင် အတန်းပိုင်ဆရာအား ၎င်းတာဝန်ယူရသောအတန်းတွင် တာဝန်ချထားပေး ရမည်။

( ဋ) အချိန်ရေးဆွဲသည့်အခါ ဘာသာရပ်သဘာဝရှုထောင့်၊ စိတ်ပညာရှုထောင့်၊ ကျန်းမာရေး ရှုထောင့်စသည့် ရှုထောင့်ဘက်ပေါင်းစုံနှင့် ဆီလျော်အောင် ရေးဆွဲရမည်။

(ဌ) အချိန်စာရင်းကို ဘာသာရပ်တစ်ခုခြင်းစီအချိန်အရေအတွက်ဖြင့်ခွဲဝေခြင်းနှင့် အချိန်ဇယားတစ်ခုခြင်းစီ၏အောက်တွင်ရေးသာဖော်ပြရန်။

#မှတ်ချက်
ဒေသသင်ရိုးအစား စာကြည့်တိုက်ပြင်ဆင်ပေးပါရန်

#ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုသင်တန်းpageမှပြန်လည်ဖော်ပြခြင်းနှင့်
#စီမံခန့်ခွဲမှုသင်တန်းကျောင်းကျောင်းလုပ်ငန်းများစာအုပ်မှထုတ်နှုတ်ခြင်း
#အသိပေးချက်မူလရေးသားသောမူရင်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုသင်တန်း1/23 #လေးစားစွာဖော်ပြပေးပါရန်

ဦးစစ်နိုင်(ပညာရေး)
❤2
Edu post
*****
ကျောင်းအပ်လက်ခံရာတွင်အသုံးပြုရမည့်ကျောင်းအဆင့်ပုံစံများ
ဒါကတော့ကိုယ့်ကျောင်းကိုယ့်ပုံစံနဲ့ထားရှိတာပါ...လိုအပ်လျှင်ယူသုံးနိုင်ပါတယ်ခင်ဗျာ

ဦးစစ်နိုင်(ပညာရေး)
❤2
"""အရေးပေါ် အပူလှိုင်းသတိပေးချက်"""
ဧပြီ ၁၉ မှ မေ ၃၁ အထိ
မနက် ၁၀ နာရီ မှ နေ့လည် ၃ နာရီအတွင်း..
အပြင်ထွက်ခြင်းမလုပ်ပါနှင့်၊ အထူးသဖြင့် အကာအကွယ်မရှိသောနေရာများတွင် မနေပါနှင့်။
အပူချိန် – ၄၅°C မှ ၅၅°C အထိ
မိုးလေဝသဌာန – အလွန်မြင့်မားသောအပူချိန်များ ဖြစ်ပေါ်မည်ဟုမျှော်မှန်းထားသည်။
နေရောင်ခြည် UV ၇၀% သည် မြေပြင်ကိုတိုက်ရိုက်ထိခိုက်နိုင်သည်။
အသက်ရှူခက်ခဲခြင်း သို့မဟုတ် ခန္ဓာကိုယ်မအီမသာဖြစ်ခြင်းများ ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။
အခန်းများကို လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များဖွင့်ထားပါ။
ဖုန်းအသုံးပြုမှု လျှော့ချပါ (အပူမြင့်မှုကြောင့် ဖုန်းပေါက်ကွဲနိုင်ခြေရှိသည်ဟု ဆိုထားသည်)။
ကိုယ်တိုင်သတိရှိပြီး အခြားသူများကိုလည်း အသိပေးပါ။
ဒိန်ချဥ်၊ မလိုင်ထုတ်နို့၊ လီမွန်ရည်တို့လို အအေးပေးသောက်စရာများ သောက်သုံးပါ။
""အရေးကြီးသတင်းအချက်အလက်နှင့်
လမ်းညွှန်ချက်များ""
လာမည့်အပူချိန် – ၄၇°C မှ ၅၅°C အပူလေတိုက်ခတ်မှုကြောင့် အသက်ရှူခက်ခဲမှုများ ဖြစ်နိုင်သည်။

""မဖြစ်မနေလိုက်နာရမည့်အချက်များ""
ကားထဲတွင် မထားရမည့်အရာများ...
ဓာတ်ငွေ့ပစ္စည်းများ၊
မီးလောင်ကိရိယာ (lighter)၊
ဂတ်စ်ပါသောအဖျော်ယမကာများ၊ အနံ့ဆီများနှင့် ဘက်ထရီများ။

"ညွှန်ကြားချက်များ"
ကားပြတင်းပေါက်များကို လေဝင်လေထွက်အတွက် အနည်းငယ်ဖွင့်ထားပါ၊
ဆီတိုင်ကို အပြည့်မဖြည့်ပါနှင့်။
နံနက်အစောနှင့်ညနေခင်းတွင်သာဆီဖြည့်ပါ။
နေပူဆုံးအချိန်များတွင် ကားမောင်းသွားလာခြင်ရှောင်ကြဉ်ပါ။
တာယာများကို မပိုမကျန်ဖိအားမထည့်ပါနှင့်။

"အခြားသတိပြုရန်"
ကင်းမြီးကောက်များ၊ မြွေများ အေးမြရာရှာရန် အိမ်ထဲဝင်လာနိုင်သည်ကို သတိပြုပါ။
ရေများနှင့် အရည်များ များများသောက်ပါ၊ လေအေးစက် (Aircond.) ကို လိုအပ်သည့်အခန်းများတွင်သာ အသုံးပြုပါ။
အပြင်အပူ ၄၅–၄၇°C ဖြစ်ပါက အိမ်တွင်း AC ကို ၂၄–၂၅°C သတ်မှတ်ပါ။
ဓာတ်ငွေ့အိုးနှင့်ဗူးများကို နေရောင်တိုက်ရိုက်မထိအောင်ထားပါ
လျှပ်စစ်မီတာများကို wattအလွန်မပြည့်အောင် သုံးပါ
၂–၃ နာရီတိုင်း အနားယူချိန် အနည်းဆုံး ၃၀ မိနစ်ယူပါ
မနက် ၁၀ မှ နေ့လည် ၃ နာရီအတွင်း နေရောင်တိုက်ရိုက်ကို ရှောင်ကြဉ်ပါ
ဤအချက်အလက်များကို မဖြစ်မနေ မျှဝေပါ။
❤60