Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.9K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ "စာစစ်တာ အရမ်းကြပ်တယ်"၊ "အမှတ်ဖြတ်တာ ဒီလိုရှိတယ်" ၊ "Moderation က ဘယ်လောက်ပေးတယ်" ဆိုပြီး ရေးသားနေကြတာတွေကို တွေ့ရပါတယ်။ ဒီလိုသတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး အမှန်ကန်ဆုံး သိရှိနိုင်ဖို့ အောက်ပါအချက်တွေကို သတိပြုစေလိုပါတယ်။

⚠️ သတင်းရင်းမြစ်ကို သတိပြုပါ
အမှတ်ပေးစည်းမျဉ်းတွေအကြောင်း ရေးသားနေသူ အတော်များများသည် စာစစ်ဌာနတွင် ကိုယ်တိုင်ပါဝင် စစ်ဆေးနေသည့် ဆရာ၊ ဆရာမများ မဟုတ်ကြပါ။ များသောအားဖြင့် စာအုပ်ရောင်းချသူများ သို့မဟုတ် တဆင့်စကားဖြင့် ရေးသားနေသူများသာ ဖြစ်တတ်ကြသည့်အတွက် အချက်အလက်များ လွဲမှားနေနိုင်ပါတယ်။

✅ Official Marking Scheme အတိုင်း စစ်ဆေးခြင်း
စာစစ်ဌာနအသီးသီးရှိ ဆရာ၊ ဆရာမများသည် မိမိတို့စိတ်ကြိုက် အမှတ်ပေးခြင်း၊ ဖြတ်ခြင်းများ လုံးဝပြုလုပ်၍မရပါ။

စာစစ်အနေဖြင့် မေးခွန်းတစ်ခုလုံး မှားယွင်းနေခြင်း၊ ပုစ္ဆာပေးချက် မပြည့်စုံခြင်း သို့မဟုတ် တွက်ချက်၍ မရနိုင်သော အခြေအနေမျိုးဖြစ်ပါက ထိုပုစ္ဆာကို ဖြေဆိုရန် ကြိုးစားထားသည့် (Attempt လုပ်ထားသည့်) ကျောင်းသားတိုင်းကို အမှတ်ပြည့် (Full Marks) ပေးလေ့ရှိပါတယ်။

အထက်မှ တရားဝင် ပေးပို့ထားသော Official Marking Scheme (အမှတ်ပေးစည်းမျဉ်း) အသစ်အတိုင်းသာ အတိအကျ လိုက်နာစစ်ဆေးရခြင်း ဖြစ်ပါတယ်။
စည်းမျဉ်းအရ အမှားကို အမှန်ပေး၍ မရသလို၊ အမှန်ကိုလည်း အမှားပေး၍ မရပါ။ *

ကျောင်းသားတစ်ယောက်ချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့် ရေးသားချက်အပေါ် မူတည်ပြီး စည်းမျဉ်းဘောင်အတွင်းမှသာ အမှတ်ပေးခြင်းဖြစ်ပါတယ်။

💡 တိုက်တွန်းချက်
ထို့ကြောင့် ခိုင်လုံမှုမရှိသည့် သတင်းများကြောင့် စိုးရိမ်ပူပန်ခြင်းမရှိဘဲ မိမိတို့ဖြေဆိုခဲ့သည့် ဘာသာရပ်ဆိုင်ရာ အမှား/အမှန်ကို Marking Scheme အတိုင်းသာ စီစစ်ခြင်းဖြစ်ပါတယ်။

ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်စွာ သိရှိနိုင်ကြပါစေ။
❤22🥰2
ကမ္ဘာကြီးက ရှုံးနိမ့်တဲ့သူတွေအတွက် နေရာမရှိဘူး။ မင်းက ဇာတ်လိုက်ဖြစ်မလား၊ လူပိုဖြစ်မလားဆိုတာ ဒီနေ့ မင်းဖတ်တဲ့ စာမျက်နှာအရေအတွက် ကပဲ ဆုံးဖြတ်သွားလိမ့်မယ်။Stress လာတဲ့လမ်းကြောင်းက

စာမပြီးတာကနေလာတာ

စာမပြီးရတဲ့အကြောင်းရင်းကဖုန်းကြည့်လို့

ဒီတော့ ဖုန်းကို သိမ်းပြီး

Actionတွေနဲ့ လက်တွေကျကျ

စာလုပ်မယ်ဆိုရင် သင့်ရဲ့ stressတွေက

နည်းနည်းချင်းစီပျောက်သွားပါလိမ့်မယ်။

အခုပဲ ဖုန်းချပြီး စာအုပ်ဖွင့်တော့။ မင်းအချိန်တွေ ကုန်နေပြီ!
❤39👍2🥰2
Calculator နှိပ်နည်း.pdf
26.3 MB
Calculator နှိပ်နည်းလေး ဖတ်ကြည့်ကြ လိုသူများအတွက်ပါ။
❤34
ရှိလို့ပေးတာက " စေတနာ" ဖြစ်ပြီး
မရှိတဲ့ကြားက ရအောင်လုပ်ပေးတာက " ချစ်ခြင်းမေတ္တာ" ဖြစ်သည်။
❤97
ပြည်ထောင်စုဝန်ကြီးဌာနန (၃၁) ခု စာရင်း

၁။ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး
၂။ အမျိူးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
၃။ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန
၄။ ပို့ဆောင်ရေးဝန်ကြီးဌာန
၅။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၆။ ကာကွယ်ရေးဝန်ကြီးဌာန
၇။ ပြည်ထဲရေးဝန်ကြီးဌာန
၈။ နိုင်ငံခြားရေးဝန်ကြီးဌာန
၉။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၁၀။ နယ်စပ်ရေးရာဝန်ကြီးဌာန
၁၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
၁၂။ ဥပဒေရေးရာဝန်ကြီးဌာန
၁၃။ ပညာရေးဝန်ကြီးဌာန
၁၄။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၁၅။ ကျန်းမာရေးဝန်ကြီးဌာန
၁၆။ အမျိုးသမီးရေးရာဝန်ကြီးဌာန
၁၇။ ပြန်ကြားရေးဝန်ကြီးဌာန
၁၈။ သာသနာရေးဝန်ကြီးဌာန
၁၉။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၂၀။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
၂၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၂၂။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၂၃။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
၂၄။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၅။ အလုပ်သမားဝန်ကြီးဌာန
၂၆။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂၇။ အားကစားရေးရာဝန်ကြီးဌာန
၂၈။ လူငယ်ရေးရာဝန်ကြီးဌာန
၂၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၃၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၃၁။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
❤24👏2
🌸 ၂၀၂၆ ခုနှစ် မြန်မာ့အတာသင်္ကြန်
ဟောစာတမ်းအကျဉ်းချုပ် 🌸
-=-=-=-=-=-=-=-=-=-=-
(မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ်)
၂၀၂၆ ခုနှစ်အတွက် မြန်မာ့ရိုးရာအစဉ်အလာအရ ထွက်ပေါ်လာတဲ့ အတာဟောကိန်းတွေကို အားလုံးဖတ်ရှုရ လွယ်ကူအောင် အပိုင်း (၄) ပိုင်းနဲ့ စုစည်းတင်ပြပေးလိုက်ပါတယ်။

📅 ၁။ သင်္ကြန်ရက်စွဲများနှင့် အချိန်အခါ
သင်္ကြန်အကျနေ့ - ဧပြီလ ၁၃ ရက် (တနင်္လာနေ့)
သင်္ကြန်အကြပ်နေ့ - ဧပြီလ ၁၄ ရက် (အင်္ဂါနေ့)
သင်္ကြန်အကြပ် (ဒုတိယနေ့) - ဧပြီလ ၁၅ ရက် (ဗုဒ္ဓဟူးနေ့)
သင်္ကြန်အတက်နေ့ - ဧပြီလ ၁၆ ရက် (ကြာသပတေးနေ့)
မြန်မာနှစ်ဆန်းတစ်ရက် - ဧပြီလ ၁၇ ရက် (သောကြာနေ့)

🐘 ၂။ သိကြားမင်းဆင်းသ-က်ပုံနှင့် အတာစားပင်
ဆင်းသ.က်ပုံ: သိကြားမင်းသည် ဆင်ကိုစီးနင်း၍ ဆင်းသ.က်လာမည်။ လက်ဝဲလက်တွင် သံလျက်၊ လက်ယာလက်တွင် ခရုသင်းကို ကိုင်ဆောင်မည်။
နိမိတ်အဓိပ္ပာယ်: ဆင်စီး၍ ဆင်းသ.က်ခြင်းကြောင့် ထိုနှစ်တွင် မိုးကောင်းမည်။ စိုက်ပျိုးရေးလုပ်ငန်းများ အထူးဖြစ်ထွန်း အောင်မြင်မည့် နိမိတ်ဖြစ်သည်။

အတာစားပင်: ညောင်ပင် (သို့မဟုတ်) မြက်။
(ယုံကြည်ချက်အရ အတာစားပင်ကို အိမ်ရှေ့တွင် ချိတ်ဆွဲခြင်း၊ အတာအိုးထိုးခြင်းဖြင့် ဘေးဥပဒ်ကင်းဝေးစေနိုင်သည်ဟု ဆိုပါသည်။)

🌦️ ၃။ မိုးလေဝသနှင့် ကုန်ဈေးနှုန်း ခန့်မှန်းချက်

မိုးလေဝသ: မိုးဦးကောင်းမည်၊ မိုးလယ်သင့်မည်။ မိုးနှောင်းတွင် အနည်းငယ် ညံ့ဖျင်းနိုင်သည်။ လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်းအန္တရာယ်ကို သတိပြုရန် လိုအပ်သည်။
စီးပွားရေး: ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များ ဈေးနှုန်း အတက်အကျ ကြမ်းနိုင်သော်လည်း စိုက်ပျိုးသီးနှံ အထွက်နှုန်း ကောင်းမွန်မည့်နှစ် ဖြစ်သည်။
အထူးသတိပြုရန်: မီးဘေးအန္တရာယ်နှင့် ရုတ်တရက် ဖြစ်ပွားတတ်သော ရောဂါဘယများကို ဂရုစိုက်သင့်သည်။

✨ ၄။ နေ့နံအလိုက် (ဆောင်ရန်/ရှောင်ရန်) အကျဉ်း

🌞 တနင်္ဂနွေ / တနင်္လာ: အလုပ်အကိုင် အပြောင်းအလဲ ရှိမည်။ ခရီးဝေး သွားရတတ်သည်။ စိတ်ရှည်သည်းခံရမည့် နှစ်ဖြစ်သည်။

🌸 အင်္ဂါ / ဗုဒ္ဓဟူး: ငွေဝင်လမ်း ကောင်းမည်။ ပညာရေးနှင့် သင်တန်းအသစ်များ တက်ရောက်ရတတ်သည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။

🌿 ကြာသပတေး / သောကြာ: လူကြီးသူမများ၏ အကူအညီ ရရှိမည်။ အိမ်ထောင်ရေး သို့မဟုတ် အချစ်ရေးတွင် ကံကောင်းတတ်သည်။

🎡 စနေ: အခက်အခဲအချို့ ရှိနိုင်သော်လည်း ကိုယ်တိုင်ကြိုးစားမှုဖြင့် ကျော်ဖြတ်နိုင်မည်။ အလှူအတန်း များများ ပြုလုပ်ပေးပါ။

💡 နိဂုံးချုပ် အကြံပြုချက်
သင်္ကြန်စာဆိုသည်မှာ ရှေးဟောင်းနက္ခတ်ဗေဒင်ပညာအရ တွက်ချက်ထားသော ခန့်မှန်းချက်များသာ ဖြစ်သည်။ နှစ်သစ်မှာ ကောင်းသောအလုပ်ကို လုပ်ဆောင်ပြီး စိတ်ထားဖြူစင်စွာဖြင့် ဖြတ်သန်းခြင်းက အကောင်းဆုံးသော ကံကြမ္မာကို ဖန်တီးခြင်းပင် ဖြစ်ပါသည်။

🙏 မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးကင်းကြပါစေ။ 🙏
❤22
အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်မည်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲအောင်စာရင်းများကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထုတ်ပြန်မည့်ရက် - ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်
နေ့ရက် - ကြာသပတေးနေ့
ကြည့်ရှုနိုင်မည့်နေရာ - သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကပ်ထားပေးမည် ဖြစ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

[ မှတ်ချက်- Grade 12 မပါဝင်ပါ။ ]
❤19
ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်း နိုင်ငံတော်သမ္မတ တင်ပြ

(ပြည်တွင်း) ဧပြီ ၇

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံံမှန်အစည်းအဝေး စတုတ္ထနေ့အား ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုဝန်ကြီးများအမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပြုတင်ပြထားသော ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသင့်သည့် အမည်စာရင်းကို တင်ပြခဲ့ရာ
၁။ ဦး‌ခင်မောင်ရီ (အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)
၂။ ဦးအောင်ကျော်ဟိုး (နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန)
၃။ ဦးတင်အောင်ဆန်း (ပို့ဆောင်ရေးဝန်ကြီးဌာန)
၄။ ဦးမြထွန်းဦး (ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)
၅။ ဗိုလ်ချုပ်ကြီး ထွန်းအောင် (ကာကွယ်ရေးဝန်ကြီးဌာန)
၆။ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ (ပြည်ထဲရေးဝန်ကြီးဌာန)
၇။ ‌ဦးတင်မောင်ဆွေ ( နိုင်ငံခြားရေးဝန်ကြီးဌာန)
၈။ ဒေါက်တာကံဇော် (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၉။ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ် (နယ်စပ်ရေးရာဝန်ကြီးဌာန)
၁၀။ ဦးသန်းမောင် (တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန)
၁၁။ ဒေါက်တာ သီတာဦး (ဥပဒေရေးရာဝန်ကြီးဌာန)
၁၂။ ဒေါက်တာ ချောချောစိန် (ပညာရေးဝန်ကြီးဌာန)
၁၃။ ဒေါက်တာ မျိုးသိန်းကျော် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)
၁၄။ ဒေါက်တာ သက်ခိုင်ဝင်း (ကျန်းမာရေးဝန်ကြီးဌာန)
၁၅။ ဒေါက်တာ သက်သက်ဇင် (အမျိုးသမီးရေးရာဝန်ကြီးဌာန)
၁၆။ ဦးထိန်လင်း (ပြန်ကြားရေးဝန်ကြီးဌာန)
၁၇။ ဦးတင်ဦးလွင် (သာသနာရေးဝန်ကြီးဌာန)
၁၈။ ဦးမင်းနောင် (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
၁၉။ ဦး‌မျိုးဇော်သိမ်း (သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန)
၂၀။ ဦးဆန်းဦး (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)
၂၁။ ဦးကိုကိုလွင် (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)
၂၂။ ဒေါက်တာ ချာလီသန်း (စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန)
၂၃။ ဦးမြင့်ကြိုင် (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)
၂၄။ ဦးခင်မောင်စိုး (အလုပ်သမားဝန်ကြီးဌာန)
၂၅။ ဦးထွန်းအုံ (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
၂၆။ ဦးရဲမြင့်ထွန်း (အားကစားရေးရာဝန်ကြီးဌာန)
၂၇။ ဒေါက်တာမောင်သင်း (လူငယ်ရေးရာဝန်ကြီးဌာန)
၂၈။‌ ဦးမျိုးသန့် (ဆောက်လုပ်ရေးဝန်ကြီးဌာန)
၂၉။ ဒေါက်တာစိုးဝင်းဘ(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
၃၀။ ဦးမောင်မြင့် (ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပြုတင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးစာရင်းနှင့် စပ်လျဥ်းပြီး ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်နိုင်‌ေကြာင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက် ကြာသ‌ပတေးနေ့မှာ ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင် ဆောင်ရွက်မည်ဖြစ်ပြီး ကန့်ကွက်ချက်တစ်စုံတရာမရှိပါက အမည်စာရင်းပါပုပ္ဂိုလ်များကို ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်‌တာဝန်ပေးရန် လွှတ်တော်ကသဘောတူကြောင်း ကြေညာသွားမည်ဟု သိရသည်။
❤15👏1
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်က ဖွင့်လှစ်မည့် AI ဒီပလိုမာသင်တန်း

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် Professional Diploma in AI သင်တန်းကို (၆) လ ဖွင့်လှစ်မည်ဖြစ်သဖြင့် တက်ရောက်လိုသူများ ဧပြီလ (၂၄) ရက်အထိ လျှောက်ထားနိုင်သည်။

အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည် -

IT နှင့် ဆက်စပ်သည့် ဘွဲ့တစ်ခုခု ရရှိထားသူ (သို့) ဘွဲ့တစ်ခုခု ရရှိထားပြီး C++/Python/Java Programming အခြေခံရှိသူ (သို့) IT ဘာသာရပ်ဖြင့် ဘွဲ့ရရှိရန် လိုအပ်သည့် Credit များ သင်ယူပြီးမြောက်သော CU၊ TU နှင့် PU များမှ နောက်ဆုံးနှစ် ကျောင်သား၊ á€€á€ťá€ąá€Źá€„်းသူမဝဏးဖဟစ်ရမည်။

မိမိနှင့်တကွ မိဘနှစ်ပါးလုံးသည် မြန်မာနိုင်ငံသားဖြစ်ရမည်။

ဝင်ခွင့်အရည်ချင်းစစ်စာမေးပွဲများကို အောင်မြင်စွာ ဖြေဆိုနိုင်သူ ဖြစ်ရမည်။

ဝန်ကြီးဌာနများမှ ဝန်ထမ်းဖြစ်ပါက မိမိတို့ သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ခွင့်ပြုစာ ပါရှိရမည်။

လျှောက်လွှာများကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ် သင်တန်းရေးရာဌာနတွင် ဧပြီ (၂၄) ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်ထားရပါမည်။  

လျှောက်ထားသူများအားလုံး လူတွေ့စစ်ဆေးမှု ဖြေဆိုရမည်ဖြစ်ပြီး ထပ်မံ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။ IT နှင့် ဆက်စပ်သည့် ဘွဲ့တစ်ခုခု ရရှိထားသူ မဟုတ်ပါက ဧပြီ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ပါရမီလမ်းမကြီး၊ တက္ကသိုလ်များ (လှိုင်နယ်မြေ)၊ ရန်ကုန်မြို့) တွင် ဝင်ခွင့်စာမေးပွဲများ ဖြေဆိုကြရပါမည်။

သင်တန်းအား ၂၀၂၆ ခုနှစ်၊ မေလ (၄) ရက်နေ့မှ နိုဝင်ဘာ (၆) ရက်နေ့အထိ (၆) လ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား (၆၀) ဦးသား လက်ခံမည်ဖြစ်သည်။ သင်တန်းအား အစိုးရရုံးပိတ်ရက်များမှအပ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေးမှား (၃) သိန်းကျပ်ဖြစ်သည်။
သင်တန်းပြီးမြောက်အောင်မြင်သူများကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ Centre for Development of Advanced Computing (C-DAC) တို့ပူးပေါင်း၍ Post Graduate Diploma ဘွဲ့ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ 
အသေးစိတ်သိရှိလိုပါက email: stu.affairs@uit.edu.mm á€”သငအ် တယ်လီဖုန်း ၀၉-၇၇၄၁၅၂၁၆၆ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။
❤8
ကျရှုံးမှုဆိုတာ မြေဩဇာနဲ့ တူတယ်။ အနံ့အသက်က တကယ့်ကိုဆိုးဝါးတယ်။ဒါပေမဲ့ အဲဒါက အနာဂတ်မှာ အရာရာကို ပိုပြီး မြန်မြန်ဆန်ဆန် ကြီးထွားရှင်သန်လာစေပါတယ်။(ဒန်းနစ် ဝိတ်တလေ)
❤53
ရေသဘင်မဏ္ဍပ်ဆောက်မည်ဆိုပါက
❤16