Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.9K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဗျည်းတွဲစဉ်
“ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး” ၏နောက်မှ -“ယပင့်ဝဆွဲ(ပင့်ဆွဲ)၊ ရရစ်ဝဆွဲ(ရစ်ဆွဲ)၊ ဗျည်း ရိုးရိုးတွင် “ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး” တို့ယှဉ်တွဲထားသောကြောင့် ဗျည်းတွဲဟုခေါ်သည်။ ယ= ျ, ရ= ြ, ဝ = ွ , ဟ = ှ ဖြစ်သောကြောင့် ဗျည်းတွဲစဉ်(ပင့်၊ရစ်၊ဆွဲ၊ထိုး)ကို မူလအက္ခရာ အတိုင်းစဉ်ကြရမည် ဖြစ်သည်။

သာဓက ။ ။ မွ၊ မြ၊ မှ၊ များ ကိုအက္ခရာစဉ်မည်ဆိုပါက “များ၊ မြ၊ မွ၊ မှ” ဟုစဉ်ရမည်။ ယပင့်ဟထိုး(ပင့်ထိုး)၊ ရရစ်ဟထိုး(ရစ်ထိုး)၊ ဝဆွဲဟထိုး=(ဆွဲထိုး)၊ ယပင့်ဝဆွဲဟထိုး(ပင့်ဆွဲထိုး)၊ ရရစ်ဝဆွဲဟထိုး(ရစ်ဆွဲထိုး)” ဟူသော
အစီအစဉ်အတိုင်း စဉ်ကြရ ပါမည်။

သာဓက။ ။“မ၊ များ၊ မြ၊ မွ၊ မှ၊ မျွ၊ မြွ၊ မျှ ၊ မြှုပ်၊ မွှေ”
ထို့ကြောင့် အက္ခရာစဉ်မည်ဆိုပါက ဗျည်းစဉ်(ကဗျည်းစု၊ ခဗျည်းစုစသည့် ရိုးရိုးဗျည်း)တို့ကို ဦးစွာစဉ်ရမည်။ ဗျည်းတူပါက အသတ်မပါသော စကားလုံးတို့ကို သရစဉ်အတိုင်းစဉ်ရပါမည်။
ပြီးမှ အသတ်တို့ကိုလည်း ဗျည်းစဉ်အတိုင်း (က်၊ င်၊ န်...စသည်)စဉ်ရပါမည်။ အသတ်ချင်း တူပါက သရစဉ်ကိုပြန်ကြည့်ရမည်ဖြစ်သည်။

သာဓက ။ ။ကမ်းလှမ်း၊ ကိတ်မုန့်၊ ကိုင်ဆုပ်၊ ကုံးသီ၊ ကောက်ရိုး၊ ကောင်းမြတ်၊ ကန့်သတ်၊ ကယ်မ၊ ကိန်းကန်း၊ ကင်းရှင်း ဆိုပါက-
“က်” အုပ်စု-ကောက်ရိုး
“င်”သတ်အုပ်စု- ကိုင်ဆုပ်၊ ကောင်းမြတ်၊ကင်းရှင်း (ကင်းရှင်း၊ကောင်းမြတ်၊ကိုင်ဆုပ်)
“တ်”အုပ်စု- ကိတ်မုန့်
“န်”သတ်အုပ်စု- ကန့်ဓာတ်၊ကိန်းကန်း
“မ်”သတ်အုပ်စု- ကမ်းလှမ်း၊ကုံးသီ၊
“ယ်”သတ်အုပ်စု- ကယ်မ
ဟူ၍ဦးစွာ ခွဲပြီးမှအသတ်ချင်းတူနေသောစာလုံးတို့ကို အသတ်ဖယ် ကာ သရစဉ်ကိုကြည့်ပြီး ပြန်စဉ်ရမည်ဖြစ်သည်။

“-င်”သတ်အုပ်စုတွင်
ကိုင်ဆုပ်= (ကို)င် ဆုပ်
ကောင်းမြတ်= (ကော)င်း မြတ်
ကင်းရှင်း= (က)င်းရှင်း ဖြစ်သောကြောင့် “ကင်းရှင်း၊ ကောင်းမြတ်၊ ကိုင်ဆုပ်” ဟူ၍ (က၊ကော၊ကို) သရစဉ် အတိုင်းပြန်စဉ်ရပါမည်။ အကယ်၍ “ကိုင်” နှင့် “ကိုင်း” ဆိုပါက (“င်”သတ်ကိုဖယ်ကြည့်ပါက ကို၊ကိုး-ဖြစ်၍) “ကိုင်”ကိုရှေ့ထား၍ “ကိုင်း” ကို နောက်ထားကာ စဉ်ရမည် ဖြစ်သည်။

“ကောက်ရိုး၊ ကင်းရှင်း၊ ကောင်းမြတ်၊ ကိုင်ဆုပ်၊ ကိတ်မုန့်၊ ကန့်ဓာတ်၊ ကိန်းကန်း၊ ကမ်းလှမ်း၊ ကုံးသီ၊ ကယ်မ” ဟုရမည် ဖြစ်သည်။

ဗျည်းတူအုပ်စုမှ ရိုးရိုးဗျည်းတို့၏ သရစဉ်၊ အသတ်စဉ်တို့ကိုစဉ်ပြီးမှ ဗျည်းတူဗျည်းတွဲများ၏ သရစဉ်၊ အသတ်စဉ်ကိုစဉ်ရမည်ဖြစ်သည်။

သာဓက။ ။“မွှေးကြူ၊ မြွှာ၊ မော်ကွန်း၊ မြူချော့၊ မိုက်မဲ၊ မြွေငန်း ၊ မျက်မှန်၊ မြရာပင်၊ မွန်းတည့်၊ မြက်၊ မှိုနားတို၊ မျှတ၊ မြူခြေ၊ မွှေနှောက်၊ မနက်ဖြန်၊ မျဉ်းကျား၊ မှတ်ကျောက်၊ မျိုးကြဲ၊ မုန်းတီး၊ မုဋ္ဌော၊ မကိုဋ်” ကိုအက္ခရာစဉ်မည်ဆိုပါက-

“မကိုဋ်၊ မနက်ဖြန်၊ မော်ကွန်း၊ မိုက်မဲ၊ မုဋ္ဌော(မုဋ်ဌော)၊ မုန်းတီး၊ မျိုးကြဲ၊ မျက်မှန်၊ မျဉ်းကျား၊ မြရာပင်၊ မြူခြေ၊ မြက်၊ မွန်းတည့်၊ မှိုနားတို၊ မှတ်ကျောက်၊ မြွေငန်း၊ မျှတ၊ မြူချော့၊ မွှေနှောက်၊ မွှေးကြူ၊ မြွှာ” ဟူ၍ စဉ်ရပါမည်။

အချုပ်ဆိုရသော် အက္ခရာစဉ်ရာတွင်-အက္ခရာစဉ်အဆင့်(၄)ဆင့်တွင်

၁။ ဗျည်းစဉ်တွင် “က”မှ “အ”အထိရှိဗျည်းတို့ကို အစဉ်အတိုင်းစဉ်ရန်။(ညကို ဥ နှင့် ညခွဲရန်)

၂။ သရစဉ်တွင် အခြေခံသရရှစ်မျိုး(အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို)ကို အစဉ်အတိုင်းစီရန်။
၁။ အ အာ အား
၂။ အိ/ဣ-အိ/ဤ-အီး
၃။ အု/ဥ- အူ/ဦ-အူး/ဦး
၄။ အေ- အေ့-အေး/ဧ
၅။ အဲ -အဲ့
၆။ အော/ဩ-အော့-အော်/ဩော်
၇။ အံ -အံ့
၈။ အို -အို့ -အိုး

၃॥ အသတ်စဉ်တွင် “က်”မှ “အ်”အထိ ဗျည်းစဉ်အတိုင်းသတ်ရန်-
၁။-က် (သက်)
၂။-င် (နှင်း)
၃။-စ် (ချစ်)
၄။-ဉ် (စဉ်)
၅။-ည် (ကြည်)
၆။-တ် (တဲ့)
၇။-န် (ဟန်)
၈။ -ပ် (ပြ)
၉။ -မ် (စမ်း)
၁၀။ -ယ် (ကွယ်)

၄။ ဗျည်းတွဲစဉ်တွင်- (၁) ယပင့် (၂)ယရစ် (၃)ဝဆွဲ (၄)ဟထိုး ကိုမူသေထားကာစဉ်ကြရန်။
၁။(ျ)ပင့်၊ (ြ)ရစ်၊ (ွ)ဆွဲ၊ ( ှ)ထိုး
၂။ (ျွ)ပင့်ဆွဲ၊ (ြွ)ရစ်ဆွဲ၊
၃။ (ျှ)ပင့်ထိုး၊ (ြှ) ရစ်ထိုး၊ (ွှ) ဆွဲထိုး
၄။ (ျွှ)ပင့်ဆွဲထိုး၊ (ြွှ)ရစ်ဆွဲထိုး
ဟူသော အစဉ်အတိုင်းစဉ်ရပါမည်။

မှတ်ချက်။ ။
• အက္ခရာစဉ်ရာတွင် အဆင့်လေးဆင့်ကို မည်သည့်အခါမျှ ကျော်၍မစဉ်ရ။
• ပေးထားသော စကားလုံးများတွင် အစဗျည်းတူစကားလုံးများကိုစုရမည်။
• အစဗျည်းချင်းတူနေပါက သရစဉ်အသတ်စဉ်အတိုင်းစဉ်ရမည်။
• ပင်တိုင်ဗျည်းတို့နောက်မှ ဗျည်းတွဲကိုစဉ်ရမည်။ အစဗျည်းတွဲချင်းတူနေပါက သရစဉ်၊ အသတ်စဉ် အတိုင်းစဉ်ရမည်။
• အစစာလုံးချင်းတူနေပါက ဒုတိယ၊ တတိယစသည်ဖြင့် တစ်လုံးစီနောက်ဆုတ်ပြီ အစဉ် အတိုင်းစဉ်ရမည်။
• ပါဌ်ဆင့်တွင် အပေါ်စာလုံးကရှေ့ဗျည်း၏ အသတ်ဖြစ်သည်ကို သတိပြုရန်လိုပါသည်။ (ကမ္ဘာ=ကမ်ဘာ၊ ပုဗ္ဗကြယ်=ပုဗ်ဗကြယ်စသည်)
❤11
အမိန့်ကြော်ငြာစာအမှတ် - ၃၀/၂၀၂၆

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဆဌမအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများ

****
၁။ နိုင်ငံ့ဝန်ထမ်းများအတွက်
ပြည်သူ့စစ်မှုထမ်းများ ခေါ်ယူနိုင်တယ်လို့ သုံးသပ်ရ။

၂။ ပညာတော်သင်ကာလ၌ ရာထူးတိုးနိုင်

၃။ စံပြထူးချွန်ဆုရရင် ဦးစားပေးပြီး
သာမန်အောက်ရရင် တန်စီဇယားနောက်ဆုံးရောက်မယ်။

၄။ လက်ထောက်ညွှန်ကြားရေးမှူးလည်း ရာထူးတိုးစာမေးပွဲ ဖြေရနိုင်

၅။ ရာထူးမှ ထုတ်ပယ်ခံထားရသော်လည်း ပြန်လည် ခန့်ထားနိုင် (တစ်ကြိမ်ထက်မပိုရ)
❤2