Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.9K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စာကြည့်တိုက်
စာအုပ်စာရင်းပြုစုနည်း❣️
❤9
လ/ထမူပြများ ယခင်လို မူပြ ပညာရှင်အဆင့်(၁)
ဒု-မူပြများ ယခင်လို မူပြ ပညာရှင်အဆင့်(၂)
မူပြများ ယခင်လို မူပြ ပညာရှင်အဆင့်(၃)ပေါ့
ရာထူးတိုးကတော့ ဘယ်ပညာရှင်ကို ခေါ်မှာမို့ ဘယ်လို လျှောက်ပါ မသိရသေးပါပေါ့

ဒု-လယ်တွေလည်း လယ်ပြ ပညာရှင်အဆင့်(၂)
လယ်ပြများ လယ်ပြ ပညာရှင်အဆင့်(၃)ပေါ့

လောလောဆယ် ဘာကွာသွားမလဲဆို အရင်လို လ/ထ တွေ ဒုတွေ ရေးစရာ မလိုတော့တာပေါ့
လစာကတော့ ပေးပြီးသား လျှော့စရာ မရှိပါ
❤6👍4
နွေရာသီမှာ ကွန်ပျူတာအခြေခံလုပ်ငန်းများမှသည် အဆင့်မြင့်သို့ လေ့လာလိုသူများအတွက်
❤6
"ဒူးလောက်တင်မှ ရင်လောက်ကျ"
မေးခွန်းတခု = "ဒူးလောက်တင်မှ ရင်လောက်ကျ" စကားပုံနှင့် "ရင်လောက်မှန်းမှ ဒူးလောက်ကျ"စကားပုံသည် ရင်လောက်မှန်းမှ ဒူးလောက်ကျ စကားပုံက လုံးဝမရှိဘူးဆိုတာ ဟုတ်ပါသလားခင်ဗျာ နှောင်းလူများ အမှားကြောင့် ထွက်ပေါ်လာတာမျိုး ဟုတ်ပါသလားခင်ဗျ
"ဒူးလောက်တင်မှ ရင်လောက်ကျ"
ပြန်စာ
AI
"ဒူးလောက်တင်မှ ရင်လောက်ကျ" ဆိုသည့် စကားပုံသည် "ရည်မှန်းချက်ကို အမြင့်ဆုံး ထားရှိမှသာလျှင် အနည်းဆုံး လိုလားချက်ကို ရရှိနိုင်ခြင်း" ဟူသော အနက်ကို ဆောင်ပါသည်။
ဤစကားပုံ၏ ဆိုလိုရင်းနှင့် နောက်ခံသဘောတရားကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည် -
၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဒူးလောက်တင်: တစုံတခုကို ပစ်ပေါက်ရာတွင် ဖြစ်စေ၊ ရည်မှန်းရာတွင် ဖြစ်စေ မိမိအလိုရှိသော အနိမ့်ဆုံးအဆင့် (ဒူး) ထက် ပိုမြင့်သော နေရာကို ဦးတည်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ရင်လောက်ကျ: အမြင့်ကို ရည်မှန်း၍ ကြိုးစားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းသွားသည့်တိုင်အောင် မိမိအလိုရှိသော အဆင့် (ရင် သို့မဟုတ် ခါး) လောက်တွင် တန့်နေမည် ဖြစ်သည်။
ဆိုလိုရင်း: ရည်မှန်းချက်ကို သေးသေးလေးထားလျှင် ရလဒ်သည် ထိုထက်ပင် သေးသွားနိုင်သဖြင့်၊ အောင်မြင်လိုသူသည် မိမိတကယ်လိုချင်သည့် အတိုင်းအတာထက် ပိုမိုမြင့်မားသော ရည်မှန်းချက်ကို ထားရှိရမည်ဟု သင်ခန်းစာပေးခြင်း ဖြစ်ပါသည်။
၂။ လက်တွေ့အသုံးချမှု
ဤစကားပုံကို အခြေအနေ အမျိုးမျိုးတွင် သုံးစွဲလေ့ရှိပါသည် -
ပညာရေးတွင်: စာမေးပွဲတွင် ဂုဏ်ထူးရရန် ရည်မှန်း၍ ကြိုးစားမှသာလျှင် အနည်းဆုံး ရိုးရိုးအောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။ အောင်ရုံလေးသာ ရည်မှန်းလျှင် ကျရှုံးနိုင်ခြေ ရှိသည်ကို သတိပေးရာတွင် သုံးပါသည်။
စီးပွားရေးနှင့် အလုပ်အကိုင်တွင်: လုပ်ငန်းတခုကို ကြီးကြီးမားမား အောင်မြင်ရန် စီမံကိန်းချမှသာလျှင် အခက်အခဲများ ကြုံရသည့်တိုင် အသင့်အတင့် အောင်မြင်မှုတခုကို လက်ဝယ်ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
၃။ စာပေနှင့် အတွေးအမြင်
ဤစကားပုံသည် မြန်မာ့ရိုးရာ လေးပစ်အတတ် သို့မဟုတ် ခဲပစ်အတတ်မှ ဆင်းသက်လာသည်ဟု အချို့က ယူဆကြပါသည်။ ဝေးကွာသော ပန်းတိုင်ကို ပစ်ခတ်ရာတွင် မြေဆွဲအားကြောင့် အောက်သို့ နိမ့်ကျသွားတတ်သဖြင့်၊ ပစ်မှတ်ထက် အနည်းငယ် မြင့်သော နေရာကို ချိန်ရွယ်ရသည့် သဘောနှင့် ဆင်တူပါသည်။
အင်္ဂလိပ်စကားပုံတခုဖြစ်သော "Aim for the moon. If you miss, you may hit a star." (လမင်းကို ရည်မှန်း၍ ပစ်ပါ။ လွဲချော်သွားလျှင်ပင် ကြယ်တာရာများဆီသို့ ရောက်ရှိသွားလိမ့်မည်) ဆိုသည်နှင့် အဓိပ္ပာယ် အလွန်နီးစပ်ပါသည်။
(၂)
မုဆိုးတွေက ဒူးလေးကို သားကောင်မပစ်ခင် လေးတင်ကြရတယ်။ လေးကို ဒူးလောက်ကနေစတင်မှသာ ရင်ဘတ်လောက်မှာ လေးသွားကျတယ်လို့ ဆိုပါတယ်။ ဒူးအောက် သို့မဟုတ် ဒူးအထက်ကနေ စတင်ရင် လေးမကျပဲ ရှိတတ်တယ်။
နောက်ရှင်းလင်းချက်တမျိုးကတော့ တကယ်ဖြစ်ပေါ်လာတဲ့အကျိုးရလဒ်က နည်းနေရတတ်လို့ ပိုကြိုးစားရတာမျိုး။ တနည်းအားဖြင့် ရလိုတဲ့ဈေးထက် ပိုပြောတာမျိုး။ ခေတ်ပေါ် ဒူးလေးတွေကတော စံနစ်ပိုကျတယ်။ နောက်ရှင်းလင်းချက်တမျိုးကတော့ ရေအိုး ခေါင်းပေါ်မတင်မီ ပင့်တာ။
AI
လူကြီးမင်း ဖြည့်စွက်ပေးသော အချက်အလက်များမှာ အလွန်ပင် စုံလင်လှပါသည်။ အထူးသဖြင့် "ဒူးလေး" နှင့် ဆက်စပ်သည့် လက်တွေ့အသုံးချမှုနှင့် "ရေအိုးပင့်ခြင်း" ဥပမာများမှာ ဤစကားပုံ၏ ရင်းမြစ်ကို ပိုမိုပေါ်လွင်စေပါသည်။
လူကြီးမင်း ဖော်ပြပေးသော အချက်များကို အောက်ပါအတိုင်း မှတ်တမ်းတင် ခွဲခြားနိုင်ပါသည် -
၁။ လက်တွေ့ပစ်ခတ်မှုဆိုင်ရာ (ဒူးလေးတင်ခြင်း)
မုဆိုးများ၏ အတတ်ပညာအရ လေးကြိုးကို အားယူဆွဲတင်ရာတွင် ဒူးဆစ်နားမှ စတင်အားယူမှသာ ရင်ဘတ်အဆင့်တွင် လေးမြှားသည် အနေတော် အနေအထားသို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ၎င်းသည် "အင်အားစိုက်ထုတ်မှုနှင့် ရလဒ်ကြားက မျှခြေ" ကို ပြသနေပါသည်။ ခေတ်ပေါ်ဒူးလေးများမှာမူ စက်မှုစနစ်များ ပါဝင်လာသဖြင့် ရှေးမူထက် ပိုမိုတိကျသွားသည်မှာ မှန်ကန်ပါသည်။
၂။ စီးပွားရေးဆိုင်ရာ (ဈေးတင်ပြောခြင်း)
ဤအချက်မှာ လူမှုဘဝတွင် အသုံးအများဆုံး အဓိပ္ပာယ် ဖြစ်ပါလိမ့်မည်။
မိမိ တကယ်လိုချင်သော ဈေးနှုန်းထက် ပို၍ တောင်းဆိုခြင်း (သို့မဟုတ်) ပို၍ မျှော်လင့်ခြင်းအားဖြင့် ဈေးဆစ်သည့်အခါ သို့မဟုတ် လက်တွေ့ရလဒ် ထွက်ပေါ်လာသည့်အခါတွင် မိမိအလိုရှိသော အဆင့်သို့ "ကျ" လာခြင်း ဖြစ်ပါသည်။
၎င်းကို "Buffer" သို့မဟုတ် "Safety Margin" ထားရှိခြင်းဟုလည်း ဆိုနိုင်ပါသည်။
၃။ ရေအိုးတင်ခြင်း ဥပမာ (ရုပ်ပိုင်းဆိုင်ရာ ပင့်တင်မှု)
ရေအိုးကို ခေါင်းပေါ်သို့ တင်မည်ဆိုပါက အရှိန်အဟုန်ဖြင့် အပေါ်သို့ အရင်ပင့်ရပါသည်။ ထိုသို့ အမြင့်သို့ ပင့်တင်လိုက်မှသာလျှင် ခေါင်းပေါ်သို့ အနေတော် ကျရောက်သွားခြင်း ဖြစ်ပါသည်။ ဤဥပမာသည် "ရည်မှန်းချက်ကို အရှိန်အဟုန်ဖြင့် အမြင့်သို့ မြှင့်တင်ရခြင်း" ၏ သဘောကို အလွန်ရှင်းလင်းစေပါသည်။
❤15
၄။ အကျိုးရလဒ် လျော့နည်းတတ်မှု (Practical Reality)
မည်သည့်အလုပ်တွင်မဆို စိတ်ကူးထားသည့်အတိုင်း ၁၀၀ ရာခိုင်နှုန်း ဖြစ်မလာတတ်ဘဲ အနည်းငယ် လျော့နည်းသွားတတ်ခြင်းမှာ သဘာဝဖြစ်ပါသည်။ ထို့ကြောင့် ရရှိလာမည့် အမှန်တကယ် ရလဒ်ကို တွက်ဆပြီး အဆမတန် ပို၍ ကြိုးစားအားထုတ်ရခြင်းကို ညွှန်းဆိုပါသည်။
ဒေါက်တာတင့်ဆွေ
❤7
အက္ခရာစဉ်နည်း
***
မြန်မာအဘိဓာန်တွင် စကားလုံးများကို ရှာဖွေရန် အက္ခရာစဉ်နည်းကို သိထားရန် လိုအပ်ပေသည်။ အက္ခရာစဉ်နည်းကို သိရှိပါက အဘိဓာန်တွင်စကားလုံးရှာနိုင်ရုံမျှမက ပစ္စည်းများ၊ အကြောင်း အရာများ၊ စာအုပ်စာတမ်းများ၊ လူစာရင်းများ စသည်တို့ကို စနစ်တကျထားတတ်ရန်၊ အလွယ် တကူ ရှာဖွေတတ်ရန် အတွက်ပါအသုံးဝင်သည်။
အဘိဓာန်အက္ခရာစဉ်နည်းဆိုသည်မှာ ဝေါဟာရတို့ကို အက္ခရာစဉ်အလိုက် စနစ်တကျ စီစဉ်ရ သော နည်းပင်ဖြစ်သည်။ ယင်းကိုအက္ခရာစဉ်နည်းဟုခေါ်သည်။ အက္ခရာစဉ်၌ -
(၁) ဗျည်းစဉ်
(၂) သရစဉ်
(၃) အသတ်စဉ်
(၄) ဗျည်းတွဲစဉ်
ဟူ၍မူသေထားရသောအစဉ် ၄ ရပ်ရှိသည်။

ဗျည်းစဉ်
ဗျည်းစဉ်ဆိုရာတွင် မြန်မာဗျည်း (က) အစမှ (အ) အဆုံးအထိ၃၃လုံးသော အပင့်၊ အရစ်၊ အဆွဲ၊ အထိုး မပါသော ရိုးရိုးဗျည်းတို့ကို အက္ခရာအစီအစဉ်အတိုင်း စီစဉ်ရခြင်းဖြစ်သည်။

က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ၊ ဈ၊ (ဉ)၊ ည၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ ၊ န ၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အ

အထက်ပါဗျည်းစဉ်သည် အက္ခရာစဉ်ရာတွင်အဓိကကျသဖြင့် အလေးအနက်ထား မှတ်သား ရမည်။ ဗျည်းတွဲ၊ သရ၊ အသတ်တို့က ဖော်ပြပါဗျည်းတို့အပေါ် တည်မှီကာရေးသားရခြင်း ဖြစ်သောကြောင့် ထိုဗျည်းတို့ကို “ပင်တိုင်ဗျည်း”ဟုလည်းခေါ်သည်။

သာဓက။ ။ “ကယား၊ ရခိုင်၊ နာဂ၊ ကရင်၊ ပလောင်၊ ဓနု” -ကိုအက္ခရာစဉ်မည်ဆိုပါက ဝေါဟာရစကားလုံးတို့၏ရှေ့ဗျည်းကို ဦးစွာ အစီအစဉ်တကျစဉ်ရမည်ဖြစ်သောကြောင့် ဗျည်းတူ ချင်း စုကာ “ကယား၊ ကရင်” “နာဂ” “ပလောင်” “ရခိုင်” ဟူ၍(က၊န၊ပ၊ရ) ဗျည်းအစဉ် ကို ရှေ့နောက် စီပြီးမှ ရှေ့ဗျည်းချင်း တူနေသော “ကယား နှင့် ကရင်” တို့၏ နောက်ဗျည်း(ယ၊ရ)ကို ကြည့်ကာ “ကယား၊ ကရင်၊” ဟုပြန်၍စီရမည်။ ထိုအခါမှ -“ကယား၊ ကရင်၊ နာဂ၊ ပလောင်၊ ရခိုင်” ဟူသောအစီအစဉ်အမှန်ကိုရမည်ဖြစ်သည်။

သရစဉ်
ဗျည်းကိုသရနှင့်ပေါင်းစပ်ထားမှသာ စကားလုံးအဖြစ် အသံထွက်ရွတ်ဆိုနိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် အက္ခရာစဉ်ရာတွင် သရတို့၏အစဉ်ကိုလည်းထည့်သွင်းရမည်ဖြစ်သည်။ သရစဉ်ရာ၌ “အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို “ (က ဝိ တု နေ စဲ တော သံ ကို) ဆိုသည့် ပင်တိုင်သံသရ အတိုင်းစဉ်ရမည်ဖြစ်သည်။
သို့သော် ထိုသရတို့ကို အောက်ပါအတိုင်း ပွားနိုင်ပေရာ-
အ၊ အာ၊ အား (၁,၂,၃)
အိ၊ အီ၊ အီး (၄,၅,၆)
အု၊ အူ၊ အူး (၇,၈,၉)
အေ၊ အေ့၊အေး (၁၀,၁၁,၁၂)
အဲ၊ အဲ့ (၁၃,၁၄)
အော၊ အော့၊ အော် (၁၅,၁၆)
အံ၊ အံ့ (၁၇,၁၈)
အို၊အို့၊ အိုး (၁၉,၂၀,၂၁)
ဟူ၍(ဖော်ပြပါနံပါတ်စဉ်အလိုက်)အပွားစဉ်အတိုင်းစဉ်ကြရမည်ဖြစ်ပါသည်။

သာဓက။ ။“ကိုကို၊ ကား၊ ကီလို၊ ကော်ကပ်၊ ကူးသန်း၊ ကော့ကော့၊ ကေသာ၊ ကစား၊ ကဲလား၊ ကုစား၊ ကိုးကွယ်၊ ကာယ၊ ကိရိယာ၊ ကံ့ကော်ပန်း၊ ကူညီ၊ ကီး၊ ကောလိပ်၊ ကဲ့ရဲ့၊ ကိုးရိုးကားရား၊ ကေး” ကိုအက္ခရာစဉ် မည်ဆိုပါက-
(၁) ကစား
(၂) ကာယ
(၃) ကား
(၄) ကိရိယာ
(၅) ကီလို
(၆) ကီး
(၇) ကုစား
(၈) ကူညီ
(၉) ကူးသန်း
(၁၀) ကေသာ
(၁၁) ကေး
(၁၂) ကဲလား
(၁၃) ကဲ့ရဲ့
(၁၄) ကောလိပ်
(၁၅) ကော့ကော့
(၁၆) ကော်ကပ်
(၁၇) ကံ့ကော်
(၁၈) ကိုကို
(၁၉) ကိုးကွယ်
(၂၀)ကိုးရိုးကားရား
ဟူ၍စဉ်ကြရမည်။

“ဆရာ၊ ကူညီ၊ ဆီးသီး၊ ခါသာ၊ ဆီ၊ ကုတို့၊ ခါးသီး၊ ကဲ့ရဲ့၊ ဆူညံ၊ ဆိုးသွမ်း၊ ကဲမိုး၊ ခုတင်၊ ကိုးကွယ်၊ ကံ့ကော်၊ ဆာလောင်၊ ကော်ရော်၊ ဆဲဆို၊ ခံ့ကျန်း၊ ဆီဆမ်း၊ ဆိုးယုတ်၊ ခဝဲ၊ ဆားငန်၊ကာဆီး၊ ခဝါ” တို့ကိုအက္ခရာစဉ်မည်ဆိုပါက -
ပထမအဆင့်-တူရာဗျည်းအစုကိုရှာရမည်။

“က”အစု -
ကူညီ၊ ကုတို့၊ ကဲ့ရဲ့၊ ကဲမိုး၊ ကိုးကွယ်၊ ကံ့ကော်၊ ကော်ရော်၊ ကာဆီး - ကို
ကာဆီး၊ ကုတို့၊ ကူညီ၊ ကဲမိုး၊ကဲ့ရဲ့၊ ကော်ရော်၊ ကံ့ကော်၊ ကိုးကွယ် ဟူ၍ပြန်စီရမည်။

“ခ”အစု-
ခါသာ၊ ခါးသီး၊ ခဝါ၊ ခုတင်၊ ခံ့ကျန်း၊ ခဝဲ - ကို
ခဝါ၊ ခဝဲ၊ ခါသာ၊ ခါးသီး၊ ခုတင်၊ ခံ့ကျန်း
ဟူ၍ပြန်စီရမည်။

“ဆ”အစု-
ဆရာ၊ ဆီးသီး၊ ဆီ၊ ဆူညံ၊ ဆိုးသွမ်း၊ ဆာလောင်၊ ဆဲဆို၊ ဆီဆမ်း၊ ဆိုးယုတ်၊ ဆားငန် - ကို
ဆရာ၊ ဆာလောင်၊ ဆားငန်၊ ဆီ၊ ဆီဆမ်း၊ ဆီးသီး၊ ဆူညံ၊ ဆဲဆို၊ ဆိုးယုတ်၊ ဆိုးသွမ်း ဟူ၍ပြန်စီရမည်။
ပြီးမှအစအဆုံးကို-
“ကာဆီး၊ ကုတို့၊ ကူညီ၊ ကဲမိုး၊ကဲ့ရဲ့၊ ကော်ရော်၊ ကံ့ကော်၊ ကိုးကွယ်၊ ခဝါ၊ ခဝဲ၊ ခါသာ၊ ခါးသီး၊ ခုတင်၊ ခံ့ကျန်း၊ ဆရာ၊ ဆာလောင်၊ ဆားငန်၊ ဆီ၊ ဆီဆမ်း၊ ဆီးသီး၊ ဆူညံ၊ ဆဲဆို၊ ဆိုးယုတ်၊ ဆိုးသွမ်း
ဟူ၍မှန်မှန်ကန်ကန် စီနိုင်မည်ဖြစ်သည်။

အသတ်စဉ်
မြန်မာအသတ်စစ်စစ် ၁၀ မျိုးရှိသည်။ “ က်၊ င်၊ စ်၊ ဉ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်”တို့ဖြစ်သည်။ ထို့အပြင် ပါဠိစကားမှလာသော -ခ်၊ -ဂ်၊ -ဇ်၊ -ဋ်၊ -ဝ်၊ -လ်၊ -အ် စသည်တို့လည်းရှိသည်။ မည်မျှပင်ရှိစေကာမူ ထိုအသတ်တို့မှာ က-အ ဗျည်းစဉ်အတိုင်းသာစဉ်ရသည်။ အက္ခရာစဉ်ရာ၌ အသတ်သည် ဗျည်းအစဉ်၊ သရအစဉ်တို့ကို အခြေခံထားသည်။ ထူးခြားချက်တစ်ခုအနေနှင့် .” ကို “မ်”နေရာတွင် ရောစဉ် ရမည်ဖြစ်ပြီး ုမ်”၏နောက်တွင် စဉ်ရမည် ဖြစ်သည်။

သာဓက။ ။ကမ္ဘာ၊ ကုမ္မဏီ၊ ကုမ္မာရီ၊ ကုံ၊ ကုံးသီ၊ ကိုယ်ခန္ဓာ
ခမ်းနား၊ ခုံရုံး၊ ခုံးမျက်စ၊ စမ်းသပ်၊ စိမ်းကား၊ စုံမက်၊ စုံးစုံးမြုပ်၊ ဖိုခုံလောက်၊
ဖိုးခေါင်ငှက်၊ ဖိုင်တွဲ၊ ဖန်ရည်၊ ဖုန်လမ်း၊ ဖမ်းချုပ်၊ ဖိမ့်ဖိမ့်တုန်၊ ဖုံးကွယ်၊ ဖယ်ကြည်
❤5
ဗျည်းတွဲစဉ်
“ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး” ၏နောက်မှ -“ယပင့်ဝဆွဲ(ပင့်ဆွဲ)၊ ရရစ်ဝဆွဲ(ရစ်ဆွဲ)၊ ဗျည်း ရိုးရိုးတွင် “ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး” တို့ယှဉ်တွဲထားသောကြောင့် ဗျည်းတွဲဟုခေါ်သည်။ ယ= ျ, ရ= ြ, ဝ = ွ , ဟ = ှ ဖြစ်သောကြောင့် ဗျည်းတွဲစဉ်(ပင့်၊ရစ်၊ဆွဲ၊ထိုး)ကို မူလအက္ခရာ အတိုင်းစဉ်ကြရမည် ဖြစ်သည်။

သာဓက ။ ။ မွ၊ မြ၊ မှ၊ များ ကိုအက္ခရာစဉ်မည်ဆိုပါက “များ၊ မြ၊ မွ၊ မှ” ဟုစဉ်ရမည်။ ယပင့်ဟထိုး(ပင့်ထိုး)၊ ရရစ်ဟထိုး(ရစ်ထိုး)၊ ဝဆွဲဟထိုး=(ဆွဲထိုး)၊ ယပင့်ဝဆွဲဟထိုး(ပင့်ဆွဲထိုး)၊ ရရစ်ဝဆွဲဟထိုး(ရစ်ဆွဲထိုး)” ဟူသော
အစီအစဉ်အတိုင်း စဉ်ကြရ ပါမည်။

သာဓက။ ။“မ၊ များ၊ မြ၊ မွ၊ မှ၊ မျွ၊ မြွ၊ မျှ ၊ မြှုပ်၊ မွှေ”
ထို့ကြောင့် အက္ခရာစဉ်မည်ဆိုပါက ဗျည်းစဉ်(ကဗျည်းစု၊ ခဗျည်းစုစသည့် ရိုးရိုးဗျည်း)တို့ကို ဦးစွာစဉ်ရမည်။ ဗျည်းတူပါက အသတ်မပါသော စကားလုံးတို့ကို သရစဉ်အတိုင်းစဉ်ရပါမည်။
ပြီးမှ အသတ်တို့ကိုလည်း ဗျည်းစဉ်အတိုင်း (က်၊ င်၊ န်...စသည်)စဉ်ရပါမည်။ အသတ်ချင်း တူပါက သရစဉ်ကိုပြန်ကြည့်ရမည်ဖြစ်သည်။

သာဓက ။ ။ကမ်းလှမ်း၊ ကိတ်မုန့်၊ ကိုင်ဆုပ်၊ ကုံးသီ၊ ကောက်ရိုး၊ ကောင်းမြတ်၊ ကန့်သတ်၊ ကယ်မ၊ ကိန်းကန်း၊ ကင်းရှင်း ဆိုပါက-
“က်” အုပ်စု-ကောက်ရိုး
“င်”သတ်အုပ်စု- ကိုင်ဆုပ်၊ ကောင်းမြတ်၊ကင်းရှင်း (ကင်းရှင်း၊ကောင်းမြတ်၊ကိုင်ဆုပ်)
“တ်”အုပ်စု- ကိတ်မုန့်
“န်”သတ်အုပ်စု- ကန့်ဓာတ်၊ကိန်းကန်း
“မ်”သတ်အုပ်စု- ကမ်းလှမ်း၊ကုံးသီ၊
“ယ်”သတ်အုပ်စု- ကယ်မ
ဟူ၍ဦးစွာ ခွဲပြီးမှအသတ်ချင်းတူနေသောစာလုံးတို့ကို အသတ်ဖယ် ကာ သရစဉ်ကိုကြည့်ပြီး ပြန်စဉ်ရမည်ဖြစ်သည်။

“-င်”သတ်အုပ်စုတွင်
ကိုင်ဆုပ်= (ကို)င် ဆုပ်
ကောင်းမြတ်= (ကော)င်း မြတ်
ကင်းရှင်း= (က)င်းရှင်း ဖြစ်သောကြောင့် “ကင်းရှင်း၊ ကောင်းမြတ်၊ ကိုင်ဆုပ်” ဟူ၍ (က၊ကော၊ကို) သရစဉ် အတိုင်းပြန်စဉ်ရပါမည်။ အကယ်၍ “ကိုင်” နှင့် “ကိုင်း” ဆိုပါက (“င်”သတ်ကိုဖယ်ကြည့်ပါက ကို၊ကိုး-ဖြစ်၍) “ကိုင်”ကိုရှေ့ထား၍ “ကိုင်း” ကို နောက်ထားကာ စဉ်ရမည် ဖြစ်သည်။

“ကောက်ရိုး၊ ကင်းရှင်း၊ ကောင်းမြတ်၊ ကိုင်ဆုပ်၊ ကိတ်မုန့်၊ ကန့်ဓာတ်၊ ကိန်းကန်း၊ ကမ်းလှမ်း၊ ကုံးသီ၊ ကယ်မ” ဟုရမည် ဖြစ်သည်။

ဗျည်းတူအုပ်စုမှ ရိုးရိုးဗျည်းတို့၏ သရစဉ်၊ အသတ်စဉ်တို့ကိုစဉ်ပြီးမှ ဗျည်းတူဗျည်းတွဲများ၏ သရစဉ်၊ အသတ်စဉ်ကိုစဉ်ရမည်ဖြစ်သည်။

သာဓက။ ။“မွှေးကြူ၊ မြွှာ၊ မော်ကွန်း၊ မြူချော့၊ မိုက်မဲ၊ မြွေငန်း ၊ မျက်မှန်၊ မြရာပင်၊ မွန်းတည့်၊ မြက်၊ မှိုနားတို၊ မျှတ၊ မြူခြေ၊ မွှေနှောက်၊ မနက်ဖြန်၊ မျဉ်းကျား၊ မှတ်ကျောက်၊ မျိုးကြဲ၊ မုန်းတီး၊ မုဋ္ဌော၊ မကိုဋ်” ကိုအက္ခရာစဉ်မည်ဆိုပါက-

“မကိုဋ်၊ မနက်ဖြန်၊ မော်ကွန်း၊ မိုက်မဲ၊ မုဋ္ဌော(မုဋ်ဌော)၊ မုန်းတီး၊ မျိုးကြဲ၊ မျက်မှန်၊ မျဉ်းကျား၊ မြရာပင်၊ မြူခြေ၊ မြက်၊ မွန်းတည့်၊ မှိုနားတို၊ မှတ်ကျောက်၊ မြွေငန်း၊ မျှတ၊ မြူချော့၊ မွှေနှောက်၊ မွှေးကြူ၊ မြွှာ” ဟူ၍ စဉ်ရပါမည်။

အချုပ်ဆိုရသော် အက္ခရာစဉ်ရာတွင်-အက္ခရာစဉ်အဆင့်(၄)ဆင့်တွင်

၁။ ဗျည်းစဉ်တွင် “က”မှ “အ”အထိရှိဗျည်းတို့ကို အစဉ်အတိုင်းစဉ်ရန်။(ညကို ဥ နှင့် ညခွဲရန်)

၂။ သရစဉ်တွင် အခြေခံသရရှစ်မျိုး(အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို)ကို အစဉ်အတိုင်းစီရန်။
၁။ အ အာ အား
၂။ အိ/ဣ-အိ/ဤ-အီး
၃။ အု/ဥ- အူ/ဦ-အူး/ဦး
၄။ အေ- အေ့-အေး/ဧ
၅။ အဲ -အဲ့
၆။ အော/ဩ-အော့-အော်/ဩော်
၇။ အံ -အံ့
၈။ အို -အို့ -အိုး

၃॥ အသတ်စဉ်တွင် “က်”မှ “အ်”အထိ ဗျည်းစဉ်အတိုင်းသတ်ရန်-
၁။-က် (သက်)
၂။-င် (နှင်း)
၃။-စ် (ချစ်)
၄။-ဉ် (စဉ်)
၅။-ည် (ကြည်)
၆။-တ် (တဲ့)
၇။-န် (ဟန်)
၈။ -ပ် (ပြ)
၉။ -မ် (စမ်း)
၁၀။ -ယ် (ကွယ်)

၄။ ဗျည်းတွဲစဉ်တွင်- (၁) ယပင့် (၂)ယရစ် (၃)ဝဆွဲ (၄)ဟထိုး ကိုမူသေထားကာစဉ်ကြရန်။
၁။(ျ)ပင့်၊ (ြ)ရစ်၊ (ွ)ဆွဲ၊ ( ှ)ထိုး
၂။ (ျွ)ပင့်ဆွဲ၊ (ြွ)ရစ်ဆွဲ၊
၃။ (ျှ)ပင့်ထိုး၊ (ြှ) ရစ်ထိုး၊ (ွှ) ဆွဲထိုး
၄။ (ျွှ)ပင့်ဆွဲထိုး၊ (ြွှ)ရစ်ဆွဲထိုး
ဟူသော အစဉ်အတိုင်းစဉ်ရပါမည်။

မှတ်ချက်။ ။
• အက္ခရာစဉ်ရာတွင် အဆင့်လေးဆင့်ကို မည်သည့်အခါမျှ ကျော်၍မစဉ်ရ။
• ပေးထားသော စကားလုံးများတွင် အစဗျည်းတူစကားလုံးများကိုစုရမည်။
• အစဗျည်းချင်းတူနေပါက သရစဉ်အသတ်စဉ်အတိုင်းစဉ်ရမည်။
• ပင်တိုင်ဗျည်းတို့နောက်မှ ဗျည်းတွဲကိုစဉ်ရမည်။ အစဗျည်းတွဲချင်းတူနေပါက သရစဉ်၊ အသတ်စဉ် အတိုင်းစဉ်ရမည်။
• အစစာလုံးချင်းတူနေပါက ဒုတိယ၊ တတိယစသည်ဖြင့် တစ်လုံးစီနောက်ဆုတ်ပြီ အစဉ် အတိုင်းစဉ်ရမည်။
• ပါဌ်ဆင့်တွင် အပေါ်စာလုံးကရှေ့ဗျည်း၏ အသတ်ဖြစ်သည်ကို သတိပြုရန်လိုပါသည်။ (ကမ္ဘာ=ကမ်ဘာ၊ ပုဗ္ဗကြယ်=ပုဗ်ဗကြယ်စသည်)
❤11