Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Grade 12 (သင်္ချာ)
1.2 Complex Number (x,y)
Example / Exercise 1.2
ရှင်းလင်းချက်နှင့်အဖြေများ
17
အဝေးသင် ပထမနှစ်

ကျောင်းအပ်ရက်များ

၃၀ရက် ၄ လ ၂၀၂၆ အထိတိုးပါတယ်
4
အရာထမ်း၊ အမှုထမ်း ရာထူးအခေါ်အဝေါ်များ သတ်မှတ်ခြင်း
4
ပုဂ္ဂလိကကျောင်းများရှိ Grade-12 ဆရာ/မတွေအတွက် ပညာဒါနအတန်း

Nay Oke Foundation & International Relations and Development Organization မှဦးဆောင်၍ ပုဂ္ဂလိကကျောင်းများရှိ Grade-12 သင်ကြားနေသော ဆရာ၊ဆရာမများ သင်ကြားမှုအရည်အသွေးမြင့်မားရေးအတွက် ပညာဒါနအတန်းလေးတစ်ခု စီစဉ်ပေးထားပါတယ်။

အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ် (၆) ခုလုံးအတွက် သင်ကြားပေးမှာဖြစ်ပြီး ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှ ဘာသာရပ်တစ်ခုလျှင် ဆရာ၊ဆရာမတစ်ဦးသာ လက်ခံသွားမယ်လို့ သိရပါတယ်။

သင်တန်းပို့ချမယ့် ဆရာ၊ဆရာမများ
အင်္ဂလိပ်စာ။ ။ဆရာဦးနေအုပ်၊ ပါမောက္ခဒေါ်မေကျော်မြင့်၊Saya Joe၊ ဒေါ်မေမေဝင်း၊ ဒေါ်ခိုင်ခိုင်တင်၊ ဒေါ်ဥမ္မာထွေး၊ ဒေါ်မြတ်သဉ္ဇာထွန်း၊ ဒေါ်မိုးမိုးဝင်း(Teacher Moe)၊ ဒေါ်နန်းမေသင်းနွယ်(Teacher Ivy)၊ ဒေါ်ဖြူအိခိုင်၊ ဦးချမ်းအေး

သင်္ချာ။ ။ပါမောက္ခဦးသိန်းမြင့်၊ ဒေါက်တာချိုဝင်း၊ ဒေါက်တာကျော်ဇောဦး၊ ဒေါက်တာမြင့်ခင်

ဓါတုဗေဒ။ ။ ဒေါက်တာခင်မောင်ညို၊ဒေါက်တာကျော်မျိုးနိုင်၊ဒေါက်တာထွန်းအောင်၊ဒေါက်တာစိုးကျော်ကျော်၊ ဦးချစ်သိန်းထွန်း

ရူပဗေဒ။ ။ ဒေါက်တာထွန်းခင်၊ ဒေါက်တာတင့်လွင်၊ဒေါက်တာအောင်မြတ်ကျော်၊ ဒေါက်တာအောင်ကြည်မြင့်

ဇီဝဗေဒ။ ။ ဒေါက်တာ အေးဖေ၊ဒေါက်တာ ဇီဝ၊ဒေါက်တာ သိန်းစိုး၊ ဒေါက်တာအောင်ကျော်မင်း

ဘောဂဗေဒ။ ။ ဒေါက်တာ အောင်ထွန်းသက်၊ ဦးသိန်းနိုင်၊ ဦးသန်းရွှေ၊ ဒေါ်သီတာဝင််း

သင်တန်းနေရာကတော့ Myanmar Creative International College (MCIC)၊ တိုက်အမှတ် (၅)၊ ဘုန်းကြီးလမ်း၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မှာ ဖြစ်ပါတယ်။

လူကိုယ်တိုင်မတက်ရောက်နိုင်တဲ့ ဆရာဆရာမတွေအတွက် ပို့ချချက်တွေကို Record လုပ်ထားပြီး အွန်လိုင်းမှာ တင်ပေးမယ့် အစီအစဉ်ကိုတော့ ဆရာဦးနေအုပ် Facebook Page မှာ ထပ်ကြေညာပေးပါလိမ့်မယ်။ 

သင်တန်းကတော့ ဧပြီလ (၂၁) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၆) ရက် တက်ရောက်ရမှာဖြစ်ပြီး အချိန်ကတော့ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေကတော့ အောက်က လျှောက်လွှာဖောင်မှာ ဖြည့်ပြီး စာရင်းပေးသွင်းလို့ရပါတယ်။ 
https://docs.google.com/forms

သင်တန်းအတွက် လူဦးရေ ကန့်သတ်ထားပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူတွေကို Gmail မှတဆင့် အကြောင်းကြားပေးမယ်လို့ ပြောထားပါတယ်။

အသေးစိတ် မေးမြန်းလိုပါက ဖုန်း 09400465904 နှင့် 09695902613 တို့ကို ဆက်သွယ်နိုင်ပါတယ်။ 
34👍1