Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကျောင်းစီမံခန့်ခွဲမှုမှာ အရေးကြီးတဲ့ ဝန်ထမ်းတွေကို စည်းရုံးလှုံ့ဆော်တဲ့ နည်းလမ်း (Staff Motivation) နဲ့ ကျောင်းရဲ့ ပုံရိပ်ကို မြှင့်တင်တဲ့ Marketing ဗျူဟာ နှစ်ခုလုံးကို အနှစ်ချုပ်ပြီး တင်ပြပေးပါ့မယ်ရှင်။
၁။ ဝန်ထမ်းများကို စည်းရုံးလှုံ့ဆော်ခြင်း (Staff Motivation & Leadership)
ဆရာ၊ ဆရာမတွေ စိတ်ဓာတ်တက်ကြွနေမှ ကျောင်းသားတွေဆီကို အရည်အသွေးရှိတဲ့ သင်ကြားမှုတွေ ရောက်ရှိမှာပါ။
• အသိအမှတ်ပြုခြင်း (Recognition): လစဉ် "အကောင်းဆုံးဆရာမဆု" ပေးတာမျိုး ဒါမှမဟုတ် အစည်းအဝေးတွေမှာ လူပုံအလယ်မှာ ချီးကျူးစကားပြောပေးတာက ငွေကြေးထက် ပိုပြီး စိတ်ခွန်အားဖြစ်စေပါတယ်။
• ပူးပေါင်းပါဝင်ခွင့်ပေးခြင်း (Inclusion): ကျောင်းရဲ့ အစီအစဉ်အသစ်တွေ (ဥပမာ - Summer Course ဆွဲတာမျိုး) မှာ ဆရာမတွေရဲ့ အကြံဉာဏ်ကို တောင်းခံပါ။ သူတို့ကိုယ်သူတို့ ကျောင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ ခံစားရပါလိမ့်မယ်။
• ကျွမ်းကျင်မှု မြှင့်တင်ပေးခြင်း (Professional Development): Cambridge English သင်တန်းတွေ၊ Teaching Methodology Workshop တွေ တက်ရောက်နိုင်အောင် စီစဉ်ပေးခြင်းက ဝန်ထမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးရုံသာမက ကျောင်းအပေါ် သစ္စာရှိမှုကိုလည်း တိုးစေပါတယ်။
၂။ ကျောင်း၏ ပုံရိပ်နှင့် Marketing ဗျူဟာ (School Branding & Marketing)
ကျောင်းတစ်ကျောင်းရဲ့ ယုံကြည်မှုကို တည်ဆောက်တဲ့နေရာမှာ Branding က အလွန်အရေးကြီးပါတယ်။
• Social Media Presence (Facebook Marketing):
• ကျောင်းသားတွေရဲ့ တက်ကြွတဲ့ သင်ယူမှုပုံရိပ်တွေ၊ ပျော်ရွှင်စရာ Excursion ခရီးစဉ်တွေကို Video ဒါမှမဟုတ် ပုံလှလှလေးတွေနဲ့ ပုံမှန်တင်ပေးပါ။
• Educational Content: သင်ခန်းစာ ဗဟုသုတတွေကို (English & Myanmar) နှစ်ဘာသာနဲ့ မျှဝေပေးခြင်းဖြင့် မိဘတွေရဲ့ ယုံကြည်မှုကို ရယူပါ။
• အောင်မြင်မှုများကို ပြသခြင်း (Success Stories): IELTS သို့မဟုတ် Cambridge Exam တွေမှာ အမှတ်ကောင်းကောင်းရတဲ့ ကျောင်းသားတွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုချပြပါ။ ဒါက ကျောင်းရဲ့ အရည်အသွေးကို သက်သေပြတာပါပဲ။
• Visual Identity: ကျောင်းရဲ့ Logo၊ ကျောင်းဝတ်စုံနဲ့ ကြော်ငြာဒီဇိုင်းတွေမှာ သတ်မှတ်ထားတဲ့ အရောင်နဲ့ Style (Theme) ကို တညီတညွတ်တည်း သုံးစွဲခြင်းက ကျောင်းကို ပိုပြီး Professional ဆန်စေပါတယ်။
၃။ အောင်မြင်သော ကျောင်းအုပ်ကြီး၏ နေ့စဉ် အလေ့အကျင့် (Daily Habits)
• အပြုံးဖြင့် ကြိုဆိုပါ: မနက်ခင်းမှာ ဆရာမတွေနဲ့ ကျောင်းသားတွေကို အပြုံးနဲ့ နှုတ်ဆက်တာက တစ်ကျောင်းလုံးရဲ့ ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ် ဖြစ်စေပါတယ်။
• အတန်းထဲသို့ လှည့်လည်ကြည့်ရှုပါ: ရုံးခန်းထဲမှာပဲ ထိုင်မနေဘဲ အတန်းတွေထဲကို ဝင်ကြည့်ပြီး ကလေးတွေနဲ့ ရင်းနှီးအောင် နေထိုင်ပါ။
❤6
အနုပညာအထက်တန်းကျောင်း (ရန်ကုန်၊ မန္တလေး) သင်တန်းသားသစ်များ ခေါ်ယူခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနလက်အောက်ရှိ ရန်ကုန်နှင့် မန္တလေး အနုပညာအထက်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သင်တန်းသားသစ်များ စတင်ခေါ်ယူနေပြီ ဖြစ်ပါသည်။

ဖွင့်လှစ်မည့်သင်တန်းများ
၁။ ပန်တျာသင်တန်း (ဂီတ/သဘင်)

၂။ ပန်းချီ၊ ပန်းပုသင်တန်း
✅ တက်ရောက်ခွင့် အရည်အချင်းများ

ပန်တျာ (အနုပညာသီးသန့်): Grade - 8 အောင်မြင်ပြီးသူဖြစ်ရမည်။

ပန်တျာ (စာပေနှင့် အနုပညာတွဲဖက်): Grade - 9 အောင်မြင်ပြီးသူဖြစ်ရမည်။

ပန်းချီ၊ ပန်းပု (သီးသန့်နှင့် တွဲဖက်): Grade - 9 အောင်မြင်ပြီးသူဖြစ်ရမည်။

အသက်ကန့်သတ်ချက်: (၁၃) နှစ်မှ (၁၇) နှစ်အတွင်း ရှိရမည်။

💡 ထူးခြားချက်နှင့် အကျိုးခံစားခွင့်များ
စာပေနှင့် အနုပညာတွဲဖက်သင်တန်း တက်ရောက်သူများသည် အခြေခံပညာ အထက်တန်းပညာရပ်များကိုပါ ပူးတွဲသင်ကြားခွင့်ရရှိမည်။
ပညာသင်ကြားနေစဉ်အတွင်း တစ်လလျှင် ၃၀,၀၀၀ ကျပ် ထောက်ပံ့ကြေး ရရှိမည်။
(၃) နှစ်သင်တန်း ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်မည်။

📅 လျှောက်ထားနိုင်မည့်ကာလ
၂၀၂၆ ခုနှစ်၊ မေလ နောက်ဆုံးပတ် အထိ လျှောက်ထားနိုင်ပါသည်။

📞 စုံစမ်းမေးမြန်းရန် ဖုန်းနံပါတ်များ
၀၆၇-၃-၄၀၈၀၃၇
၀၆၇-၃-၄၀၈၄၄၃
၀၁-၉၅၅၅၆၄၂
၀၂-၄၀၆၁၁၆၉

#EducationNews #ArtAndCulture #FineArtsSchool #MyanmarEducation
❤5👍1
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
လျှောက်လွှာခေါ်ယူခြင်း
❤7
မေးထားသူများအတွက်ပါ
ပညာရှင်အဆင့်(၄)
အလယ်တန်းကျောင်းအုပ် ရာထူး အပြောင်းရွှေ့များထွက်ရှိပြီးဖြစ်ပါတယ်။
❤10
#ပညာရေးလောကမှာ ဆရာဆရာမ ရာနှုန်း အနည်းငယ်သာ ချမ်းသာပါတယ်။ အများစုက ရရစားစား ကများပါတယ်။ ဒါဟာ ပညာတတ်လို့ငတ်တာ မဟုတ်သလို။ စာတွေသင် ဘွဲ့တွေယူပြီး မွဲနေတယ်လို့လည်း မဆိုလိုနိုင်ပါဘူး။ မိမိရွေးတဲ့လမ်း မိမိ လျှောက်နေကြတာပါပဲ။

ဆင်းရဲတဲ့တိုင်းပြည်တစ်ခု မှာ ပညာရေးကို အသက်မွေး၀မ်းကျောင်း အဖြစ် ရွေး ပြီး ကာလ ဒေသ မကိုက်တဲ့နေရာမှာ အလုပ်လုပ် တဲ့အခါ ၊ ကလေးတွေ နဲ့ အလုပ်လုပ်ရလို့ သူတို့မျက်နှာကို ကြည့်ပြီး ငွေ ထက် အခြား ထောက်ထားစရာတွေ ရွေး လိုက်ရတဲ့ အခါ ဖြစ်တတ်တာမျိုးပါ။

ရပ်ကွက်ထဲ တစ်ပိုင်တစ်နိုင်သင်တဲ့ ဆရာဆရာမ တွေ ၊ (အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်း ဘယ်ကျောင်းက ဆရာဆရာမ ဖြစ်ဖြစ်) ကိုယ့်ဆီလာတဲ့ကလေးက နွမ်းပါရင် ကိုယ်ကလည်း သနားတတ်ပါဘိနဲ့ ဆိုရင်တော့ Emotional Tax ဆောင်ရပြီသာမှတ်ပေတော့။ အစိုးရကို အခွန်ဆောင်တာ ကမှ တော်အုံးမယ်။ ဒီ Emotional Tax ဆိုတဲ့သနားလို့ လစာလျှော့လိုက်တာတွေ။ အချိန်တွေ သာကုန်တယ် ကလေးက မရလို့ အပိုတွေထပ်သင်ပေးတာတွေ ။လစာ နှစ်ပဲခြောက်ပြားနဲ့ complaint တွေ ထိုင်ရှင်းရတာတွေက တော်တော် ဆိုးပါတယ်။ ဒါတွေက မိမိဘက်က ပေးလိုက်ရတဲ့ လုပ်အားတွေ အခွန်အခ တွေပါပဲ။ ကျောင်းတွေမှာ သင်တဲ့ဆရာမ တွေဆိုကြားထဲက အပို အလုပ်လေးတွေပါသေး ။ ဒါတွေ ကEmotional Tax တွေပေါ့လေ။

အခြားမစဥ်းစားနိုင်ဘဲ ဒါတွေနဲ့ပဲ၀န်ပိနေတော့ တိုးတက်ရာတိုးတက်ကြောင်း မစဥ်းစားနိုင်တော့တာပေါ့။

သို့သော် ကျောင်းသားကတော့အကျိုးရှိပါတယ်။ ကုသိုလ်လည်းရပါတယ်။ ငွေကြေးအရ ချမ်းသာ ဖို့တော့ မလွယ်ဘူးပေါ့။

ငွေနည်းနည်းပို၀င်ချင်ရင်တော့ emotion ဖယ်။ Trend နောက်ကိုလိုက်။ သင်တန်းကြေး စျေးမြှင့်တောင်းပေါ့။ လူရှိန်တာပေါ့။နေရာတော့ရွေးရမှာပေါ့။

ကျောင်းထောင်ရင်လည်း ချမ်းသာနိုင်ပါတယ်။ သို့သော်ဒါကစာသင်တာမဟုတ်ပါ။ ငွေရင်းပြီး ငွေ အပေါ်မှာ ရင်းနှီး လုပ်ကိုင်တာပါ။

ကျောင်းထောင်သူနဲ့ သင်ကြားသူဆရာဆရာမ ကြား မှာလည်း ငွေကြေးနဲ့ပက်သက်လို့ တကယ့်အမှန် တရားကို သိဖို့လိုပါတယ်။

ကျောင်းထောင်သူ အချို့ဟာ ဖြစ်နိုင်ရင် လစာကိုလည်းအနိမ့်ဆုံး ပဲပေးချင်ပါလိမ့်မယ်။ ဆရာဆရာမ အရည်အချင်းကိုလည်း အမြင့်ဆုံးဘဲ လိုချင်ကြပါတယ်။ ဒါစီးပွားရေးသဘောတရားပါပဲ။
စျေး၀ယ်ရင် ဆစ်လို့ရတိုင်းဆစ် သလို။ လျှော့စျေးရတိုင်း၀ယ်သလိုပါပဲ။

ကျောင်းပိုင်ရှင်တွေအနေနဲ့ ပညာရေးကို စီးပွားရေးအနေနဲ့ ကြည့်တဲ့အခါ ဆရာ၊ ဆရာမတွေကို ပညာရှင် ဆိုတာထက် ကုန်ကျစရိတ် တစ်ခုလို မြင်ကြတာပါပဲ။

ဒီနေရာမှာ ဆရာဆရာမတွေ ကျတော့ တစ်မျိုးပါ။ ငွေကလည်းလိုတယ်။ လေးစားမှုလည်းလိုချင်ပါတယ်။မချမ်းသာနိုင်ရင်တောင် သင့်တော်တဲ့ လစာ နဲ့ လေးစားမှုရရင် ပျော်ကြပါတယ်။ ကျောင်းပိုင်ရှင် အချို့ကျတော့ အပြင်မှာသာ ဆရာ ဆရာမ ဟုခေါ်ပြောဆက်ဆံနေပေမယ့်။ မသိစိတ်ကတော့ ငါလစာပေးထားတဲ့ ငါ့၀န်ထမ်းဆိုတဲ့စိတ်ကစွဲနေတယ်။ ဆိုတော့ကာ သိပ်လေးစားမှုမရှိဘူး။ ( ကောင်းတဲ့သူလည်းရှိပါသည်။)

ကိုယ်က နာမည်ရှိတဲ့ ဆရာ၊ ဆရာမ၊ ဖြစ်တယ်။ မရှိမဖြစ် ဆိုရင်တော့ သူ့မသိစိတ်ကိုက လေးစားမယ်။ ဒီဆရာဆရာမ ထွက်သွားမှာကြောက်မယ်။ လစာလည်းကောင်းကောင်းပေးမယ်ပေါ့လေ။ ထိုသို့မဟုတ်ပဲ သာမန်ဆရာဆရာမ ဆိုရင်တော့ သူ့စိတ်ကိုက ငါ့၀န်ထမ်း ငါ့လစာ ယူနေတာ။ မင်းမရှိလည်း နောက်တစ်ယောက် အလွယ်ခေါ်လို့ရတယ် ဆိုတဲ့စိတ်ရှိပါတယ်။ ဒါကြောင့်ပဲ ပေါက်ကရ လစာ တွေ နဲ့ ဆရာဆရာမ တွေ ခေါ်ကြတယ်။

သင်ကြားရေး အတွေ့အကြုံလိုချင်လို့ တစ်နှစ်လောက်ပဲ လာလုပ်မယ်။ ပြီးရင် ထွက်မယ့်
ကိုယ့်ဘာသာ ပဲ လုပ်မယ် ဆိုတဲ့ ဆရာဆရာမ ကများလာတယ်။ကျောင်းတွေကလည်း နှစ်တိုင်းဆရာမ အသစ်ခေါ်ရတယ်။

ဒါဟာ ကျောင်းအတွက်လည်း မကောင်းကျောင်းသားတွေ အတွက်လည်းမကောင်း သလို ဆရာတွေ အတွက်လည်းမကောင်းပါ။ ဒီသံသရာ ခုထိလည်နေတုန်းပါ။

ဆရာဆရာမ ကိုစျေးသက်သက်သာသာ ငှားချင်ပြီး ကွာလတီ လိုချင်ရင် စားဖို့သောက်ဖို့မပူရ ချမ်းသာပြီးသား စေတနာရှိပြီး ဝါသနာလည်းပါ စာသင်ကောင်းတဲ့ဆရာမ ကိုခေါ်ပါ။ သို့မဟုတ် ငါငတ်သေရင်သေ ကျောင်းသားတွေ စာတတ်စေရမယ် ဆိုတဲ့ဆရာဆရာမ ခေါ်ပါ။

မဟုတ်ရင်တော့ ဆန်စျေး ဆီစျေးအရင်စုံစမ်း ။ စျေးဖိုး စုံစမ်း ပြီးမှ လစာသတ်မှတ်ပါ။
ဆရာဆရာမ တွေကလည်းမိသားစုကိုရှာကျွေးနေရတာဆိုတော့ စျေးဖိုး တက် လာရင် သူ့မိသားစုကိုထမင်းလျှော့စားခိုင်းလို့မရဘူးလေ။

အောင်မြင်ကြပါစေ။
#credit

#FreeEducationService
#education
#learning
❤15
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်

လျှောက်ထားလိုသူများ ကြိုတင်လေ့လာထားနိုင်ရန်။

(မှတ်ချက်- ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။)
❤5
လူအများရောထွေးနေကြတဲ့ ပညာရေးဆိုင်ရာ ဒီပလိုမာ Dip.Ed နဲ့ Dip.Ep အကြောင်း

Diploma in Education (Dip.Ed)
ပညာရေးဒီပလိုမာသင်တန်းဆိုတာ ဌာနတွင်းမှာရှိတဲ့ ဆရာဆရာမ ၀န်ထမ်းတွေ လစာ 198000 နှုန်း(ရုံးပိုင်း သင်ကြားရေးပိုင်း အုပ်ချုပ်ရေးပိုင်း ထက်လစား၀ါရင့်စီနီယာ‌တွေ အပါ ) ထက်ပြဖြစ်ဖို့ရာအတွက် တစ်ဆင့်မြင့် diploma ဖြစ်ပါတယ် ၀င်ခွင့်စာ‌မေးပွဲကို ဖြေဆို အောင်မြင်ပြီးမှသာတက်ခွင့်ရမှာပါ Dip.Ed ပြီးသွားရင် B.Ed ဆက်တတ်ရမှာပါ

Diploma in Education and Pedagogy (Dip.EP)ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ သင်တန်း
ကတော့ လယ်ပြလက်မှတ် diploma မရရှိသေးတဲ့ ဌာနတွင်းဆရာဆရာမတွေအတွက်ပါ ၀င်ခွင့်ဖြေဆိုဖို့မလိုအပ်ပါ လုပ်သက်အလိုက်ရွေးချယ်ပြီးခေါ်ပါတယ် သင်တန်းပြီးသွားရင် လယ်ပြရာထူးတိုးလျောက်နိုင်ပါတယ် တချို့လယ်ပြဖြစ်ပြီးသား Diploma မရရှိသေးသူတွေလဲ ဒီသင်တန်းကိုတတ်ရောက်ရမှာပါ

Dip.Ep (ပြင်ပ) ကတော့ ပြင်ပဘွဲ့ရပုဂ္ဂိုလ်များ၀င်ခွင့်ဖြေဆိုအောင်မြင်ပြီးပါက ပညာရေးကောလိပ်သို့ တတ်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ် (ယခင် PPTT အတိုင်းပါ )သင်တန်းဆင်းပါက လုပ်ငန်းခွင်သို့ လ/ထမူပြ ဖြင့်တာ၀န်ထမ်းဆောင်ရမှာပါ

Postgraduate Diploma in Education (PGDip.Ed) ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း
ကတော့ ပြင်ပ ပုဂ္ဂိုလ်တွေနဲ့ ပြင်ပဆရာများအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ပေးတဲ့ သင်တန်းပါ ဘွဲ့ရမည်သူမဆိုတတ်ရောက်နိုင်ပါတယ် ၀င်ခွင့်ရေးဖြေနှုတ်ဖြေစာမေးပွဲရှိပါမယ်။

Teachel Rachel Moonအားလေးစားလျက်
❤18👍2
ကိုယ်ပိုင်ကျောင်းများ ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများအား မြို့နယ်/ခရိုင်အလိုက် မကြာမီ စစ်ဆေးမှုများ စတင်ပြုလုပ်တော့မည်ဖြစ်ပါကြောင်း သိရှိရ။

(လိုအပ်သော အချက်အလက်များ သတ်မှတ်ထားသော စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် ကြိုတင်ဆောင်ရွက်ထားနိူင်ပါရန်။)
❤9
>>>သမိုင်းကို ဘယ်လိုသင်ကြားသလဲ<<<

အလွတ်မှတ်နည်းမဟုတ်သော စာသင်ကြားနည်းလမ်း (၇) - Debate (ဆွေးနွေးငြင်းခုန် သင်ကြားနည်း)
.....................................
သမိုင်းဆိုသည်မှာ မိမိနှင့် သက်ဆိုင်သော ခုနှစ်သက္ကရာဇ်များ (ဥပမာ။ ပါတော်မူသည့် ခုနှစ်၊ အာဇာနည်နေ့၊ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးရသည့်နှစ်၊) မှလွဲ၍ မည်သည့်ခုနှစ်သက္ကရာဇ်မျှ အလွတ်မှတ်ရန် မလိုအပ်ဟု ထင်ပါသည်။ ဥပမာ ဘုရင့်နောင် မင်းတရားကြီး တောင်ငူကို တိုက်ခိုက်သိမ်းပိုက်သည့်ခုနှစ်ကို မသိလျှင်လည်း ရပါတယ်။ ဒါပေမဲ့ "ဘာ့ကြောင့် တောင်ငူကို တိုက်ခိုက်သိမ်းပိုက်ရသလဲ" ဆိုတဲ့ မေးခွန်းကိုတော့ ကျောင်းသားတို့ စဉ်းစားတွေးခေါ် အဖြေရှာတတ်ဖို့ လိုပါလိမ့်မယ်။ သမိုင်းဆိုတာ မ"အ" ေအာင်သင်ရမှာဖြစ်ပြီး သမိုင်းကို အမှန်အတိုင်း မသိခြင်းဟာ "အ"ခြင်းပင် ဖြစ်ပါတယ်။ (ေဒါက်တာသန်းထွန်း)

စာရေးသူရဲ့ ဆရာ၊ ဆရာမ သင်တန်းတစ်ခုမှ "ဗာဆိုင်းစာချုပ်" အကြောင်း Lesson Plan ရေးဆွဲခဲ့ကြပုံကို မျှဝေပေးလိုပါတယ်။ ဗာဆိုင်းစာချုပ် ချုပ်ဆိုခဲ့တဲ့ ခုနှစ်ကို အတိအကျ သိဖို့ထက် စာချုပ်ရဲ့ အကျိုးဆက်ကို သိရှိဖို့က ပိုပြီးအရေးပါမယ်လို့ ထင်ပါတယ်။ ဖတ်စာအုပ်ထဲမှာတော့ ဗာဆိုင်းစာချုပ်ရဲ့ အကျိုးဆက်က "ဒုတိယကမ္ဘာစစ်သို့ ဦးတည်စေခဲ့တယ်" ဆိုတဲ့ စာကြောင်းလေးတစ်ခု ပါပါတယ်။ ထိုစာကြောင်းလေးကို အလွတ်မှတ်စေခြင်းမဟုတ်ပဲ ကျောင်းသားများ ခံစားသိရှိ နားလည်သဘောပေါက်သွားအောင် ဆွေးနွေးငြင်းခုန် သင်ကြားခြင်း (Debate) နည်းလမ်းနဲ့ ချဉ်းကပ်ကြည့်စေခဲ့ပါတယ်။

Tech Learn Application ရဲ့ AI Lesson Plan မှာ "Debate" ဆိုတဲ့ စီစဉ်သင်ကြားခြင်းနည်းလမ်းကို အသုံးချကြည့်တဲ့အခါ.. ဗာဆိုင်းစာချုပ်ရဲ့ အချက်အလက်အချို့ကို AI Tool တစ်ခုခုဖြင့် ရွေးထုတ်ပြီး မြန်မာလို ရေးသားစေခဲ့ပါတယ်။ ကျောင်းသားများကို ပြင်သစ်အုပ်စု နှင့် ဂျာမနီ အုပ်စု ဟူ၍ ခွဲလိုက်ပြီး စာချုပ်ပါအချက်အလက်များကို ပြသ ဆွေးနွေးစေပါတယ်။ အချက်အလက်များအရ တဖက်သတ်ဆန်လွန်းနေပြီး ဒီအတိုင်းဆိုလျှင် အဆင်မပြေကြောင်း ဂျာမနီအုပ်စုဖက်က တင်ပြဆွေးနွေးပါတယ်။ စစ်လျှော်ကြေးတွေ အဆမတန် ပေးရတဲ့အခါ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ခက်မည်ဖြစ်ကြောင်းနဲ့ နောက်ဆုံးမှာ ဒီစာချုပ်ကို အတည်မပြုလိုကြောင်း အကြောင်းအရာတွေ ထွက်ပေါ်လာပါတယ်။ ဆရာက နောက်ဆုံးမှာ ဒီလိုဆို ဘယ်လိုဖြစ်လာနိုင်မလဲလို့ မေးခွန်းမေးလိုက်ပါတယ်။ ကျောင်းသားတွေက "စစ်ပြန်ဖြစ်မှာပေါ့" လို့ စဉ်းစားဖြေဆိုလိုက်ကြပါတယ်။ ဒါဟာ စောစောကပြောတဲ့ ဗာဆိုင်းစာချုပ်ရဲ့ အကျိုးဆက်က "ဒုတိယကမ္ဘာစစ်သို့ ဦးတည်စေခဲ့တယ်" ဆိုတဲ့အချက်ကို ကျောင်းသားတွေကိုယ်တိုင် ရှာဖွေတွေ့ရှိသွားခြင်းပဲဖြစ်ပါတယ်။

ဒီလိုမျိုး ဆွေးနွေးငြင်းခုန်သင်ကြားဖို့အတွက် အဆင့်များကတော့..

👥၁။ ခေါင်းစဉ်သတ်မှတ်ခြင်းနှင့် အဖွဲ့ဖွဲ့ခြင်း။
ဆရာမှ ရှင်းလင်းပြတ်သားပြီး အမြင်နှစ်မျိုးထွက်နိုင်သော ခေါင်းစဉ်ကို ပေးပါ။ ကျောင်းသားများကို ထောက်ခံသူနှင့် ကန့်ကွက်သူအဖွဲ့ (၂) ဖွဲ့ခွဲ၍ မျက်နှာချင်းဆိုင် ထိုင်စေပါ။ (ကျန်ရှိသော ကျောင်းသားများကို ဒိုင်လူကြီး သို့မဟုတ် အကဲဖြတ်သူများအဖြစ် ထားရှိနိုင်သည်)။

📝၂။ အချက်အလက် ရှာဖွေပြင်ဆင်ခြင်း (Research & Preparation): အဖွဲ့တစ်ဖွဲ့စီအား အချိန် (၁၅ မိနစ်မှ ၃၀ မိနစ်) ပေး၍ အင်တာနက်၊ စာကြည့်တိုက်နှင့် ဖတ်စာအုပ်များမှ မိမိတို့ရပ်တည်ချက်အတွက် ခိုင်လုံသော အထောက်အထားများ ရှာဖွေပြင်ဆင်စေပါ။

🗣️၃။ စကားရည်လုပွဲ ကျင်းပခြင်း။ အောက်ပါအတိုင်း အချိန်သတ်မှတ်၍ တစ်လှည့်စီ ပြောဆိုစေပါ -
- အဖွင့်တင်ပြချက် (Opening Statement): တစ်ဖွဲ့စီမှ ၄င်းတို့၏ အဓိကရပ်တည်ချက်များကို မိတ်ဆက်ခြင်း။
- အပြန်အလှန် ချေပခြင်း (Rebuttal): တစ်ဖက်အဖွဲ့၏ အားနည်းချက်များကို ထောက်ပြ၍ ပြန်လည်ချေပခြင်း။
- အပိတ်သုံးသပ်ချက် (Closing Argument): မိမိတို့၏ အချက်အလက်များကို အနှစ်ချုပ်၍ နောက်ဆုံး အတည်ပြုပြောကြားခြင်း။

👨‍🏫၄။ စောင့်ကြည့်ထိန်းကျောင်းခြင်း။ ဆရာမှ အချိန်ထိန်းသူ (Timekeeper) နှင့် ညှိနှိုင်းပေးသူ (Moderator) အဖြစ် ဆောင်ရွက်ပါ။ ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမရှိဘဲ ယဉ်ကျေးစွာ ငြင်းခုန်တတ်စေရန်၊ ငြိမ်းချမ်းစွာဖြင့် သဘောထားကွဲလွဲတတ်စေရန် ထိန်းကျောင်းပေးပါ။

👩‍💻၅။ အကဲဖြတ်ခြင်းနှင့် အနှစ်ချုပ်။ ငြင်းခုန်မှုအပြီးတွင် မည်သည့်အဖွဲ့က အချက်အလက် ပိုမိုခိုင်လုံကြောင်း၊ မည်သည့်အချက်များသည် သင်ခန်းစာအတွက် အရေးကြီးကြောင်းကို ဆရာမှ အနှစ်ချုပ် သုံးသပ်ပေးရမှာပဲ ဖြစ်ပါတယ်။

ဗာဆိုင်းစာချုပ်ကို ပထမကမ္ဘာစစ်ပြီးခါစ ၁၉၁၉ ခုနှစ်မှာ ချုပ်ဆိုခဲ့ပါတယ်။ ကျနော်တို့ရဲ့ စာမေးပွဲ မေးခွန်းမှာတော့ ၁၉၁၉/ ၁၉၁၈/၁၉၂၉/၁၉၃၉ ဆိုပြီး MCQ ရွေးခိုင်းပါတယ်။ စာရေးသူအမြင်ကတော့ ဒီခုနှစ်က အရေးကြီးတယ်လို့ မမြင်ပါ။ ဆွေးနွေးငြင်းခုန်၊ ငြိမ်းချမ်းစွာ သဘောထားကွဲလွဲပြီး လွတ်လပ်စွာ စဉ်းစားသုံးသပ်ဆင်ခြင်းခြင်းကသာ "ပညာ" သင်ကြားပေးခြင်းလို့ မြင်မိပါတယ်။

စာဖတ်သူများရဲ့ အမြင်ကိုလည်း မေးကြည့်ချင်မိပါတော့တယ်..
❤20👍4
ရင်တွင်းဖြစ်ထိရှ
========

လက်တွေ့ဘဝမှာ......လက်ရှိလစာ၊ လက်ရှိကုန်စျေးနှုန်းနဲ့
ဒီအသက် ဒီအရွယ်မှာ စဥ်းစားဆုံးဖြတ်ချိန်တန်ပြီ။ နှစ်တွေသာ တစ်နှစ် ပြီး တစ်နှစ် ကုန်ဆုံးသွားတယ်။မိမိလက်ရှိ လုပ်နေတဲ့ လုပ်ငန်းခွင် (သို့မဟုတ်) စီးပွားရေး ဘာတွေ တိုးတက်ပြောင်းလဲသွားလဲ.....?????
မိမိလုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး လစာ+ထောက်ပံ့စရိတ် ၃သိန်းနဲ့ ရာထူးတွေယူရင်းနဲ့ ဘဝကို အချိန်ကုန်ဆုံးသွားမလား။ ရာထူးတွေ မယူတော့ပဲ လက်ရှိ ရာထူးလေးနဲ့ အခြားစီးပွားရေး တစ်ခုနဲ့ တွဲလုပ်ရင်း ဘဝကို အချိန်ကုန်ဆုံးသွားမလား။
ရာထူးတွေယူရင်း ဘဝကို ဖြတ်သန်းသွားမယ်ဆိုရင် နောက်ခံ Backgroud ရှိဖို့ လိုအပ်မယ်။ဘာလို့လည်းဆိုရင် ဘဝ က ရုပ်ရှင်မဟုတ်လို့ပါပဲ။ ရာထူးတွေ ယူမယ်ဆိုရင် မိမိယူမယ့်ရာထူးနဲ့ ကိုက်ညီတဲ့ စာပေ၊ဗဟုသုတတွေ လေ့လာရမယ်။သင်တန်းတွေ အမြဲတက်ရမယ်။ရေးဖြေ၊နုတ်ဖြေ၊ဝင်ခွင့်၊လူတွေ့ တွေ ဖြေဆိုရမယ်။
ပြုပြင်ပြောင်းလဲလာတဲ့ မူဘောင်တွေကို ကြိုက်သည်ဖြစ်စေ။မကြိုက်သည်ဖြစ်စေ။ လိုက်နာဖို့လိုအပ်မယ်။လိုက်လုပ်ရမယ်။
အဲဒီအရာတွေ အဆင်ပြေစေဖို့၊ ငွေ၊အချိန်တွေ များစွာ ရင်းနီး ပေးဆပ်ဖို့လိုအပ်မယ်။
အဲဒါကြောင့် နောက်ခံ Backgroud လိုအပ်မယ်လို့ ပြောခြင်းပါ။

ရာထူးမယူတော့ပဲ.....လက်ရှိရာထူးလေးနဲ့ တော်ပြီ။ကျေနပ်ပြီ။ မိမိကျွမ်းကျင်တဲ့
အခြားစီးပွားရေးလေးတစ်ခုခုနဲ့ တွဲလုပ်မယ်ဆိုရင်.....မိမိတာဝန်အချိန်ပြီး အခြားစီးပွားရေးလုပ်ငန်းတွေ အကြောင်း လေ့လာရမယ်။စွန့်စားရမယ်။ ရာထူးပိုင်း၊စာပေ၊စာမေးပွဲတွေအတွက် အချိန်မပေးနိုင်တော့တာကို စွန့်လွှတ်ရမယ်။

အကယ်၍ ကိုယ်က နောက်ခံ Backgroud အင်အားလည်း ရှိတယ်။ ရာထူးတွေလည်း ယူမယ်။အခြားစီးပွားရေးလည်း တွဲလုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

ဒါပေမယ့်လည်း ရာထူးယူရင်း အခြားစီးပွားရေးတွဲလုပ်မယ်ဆိုတာ လက်တွေ့ဘဝမှာ....လက်ရှိလစာနဲ့၊လက်ရှိကုန်စျေးနှုန်းနဲ့ ၊ တာဝန်တွေနဲ့ လက်တွေ့ဘဝမှာ မလွယ်ကူလှပါ။
လက်တွေ့ဘဝမှာ လစာတစ်ခုထဲနဲ့ ဘယ်လိုမှ ရပ်တည်လို့ မရနိုင်တော့ပါ။အချိန်တိုင်း၊နေရာတိုင်းမှာ #ငွေက အရမ်း စကားပြောလာတယ်။( Money is Power)
❤12👍2