Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်
❤4
လွယ်ကူလေ့လာ ...
English Grammar

2. Participle Phrase

Participle Phrase (၃) မျိုး သိထားရမယ်
(1) Present Participle Phrase (Ving)
🔹 တစ်ဆက်တည်း (သို့မဟုတ်) တစ်ပြိုင်တည်း ပြုလုပ်တဲ့ နေရာမှာ အသုံးပြုတယ်။
💡 Example:
As I arrived at the station, I saw my teacher.
➡️ Arriving at the station, I saw my teacher. (ဘူတာရုံသို့ ရောက်ရောက်ချင်းမှာပဲ ကျွန်တော့်ရဲ့ ဆရာကို မြင်ခဲ့တယ်။)

(2) Perfect Participle Phrase (Having + V3)
🔹 တစ်ခုပြီးမှ နောက်တစ်ခု ပြုလုပ်တဲ့နေရာမှာ အသုံးပြုတယ်။
💡 Example:
After she had finished her dinner, she went to bed.
➡️ Having finished her dinner, she went to bed. (ညစာစားပြီးနောက်မှာတော့ သူမ အိပ်ရာဝင်ခဲ့တယ်။)

(3) Past Participle Phrase (V3)
🔹 ခံရတယ် (Passive) သဘောဆောင်တဲ့ နေရာမှာ အသုံးပြုတယ်။
💡 Example:
Because the car was repaired, it ran smoothly.
➡️ Repaired, the car ran smoothly. (ပြုပြင်ပြီးသွားပြီဖြစ်လို့ ကားလေးက ချောချောမွေ့မွေ့ မောင်းနှင်နိုင်ခဲ့တယ်။)

💡 ဖြေဆိုနည်း လမ်းညွှန်
✅ ဝါကျနှစ်ကြောင်းမှာ (After, As, When, Because, Since) စတဲ့ Subordinate conjunction ပါသော ဝါကျမှ Verb ကို Participle Phrase ပြောင်းပါ။
✅ Subordinate conjunction မပါက အရင်ဖြစ်သော ဝါကျမှ Verb ကို Participle Phrase ပြောင်းပါ။

📌 ဘယ်အချိန်မှာ ဘာသုံးမလဲ?
• တစ်ဆက်တည်း၊ တစ်ပြိုင်တည်းဆိုရင် ➡️ Ving

• တစ်ခုပြီးမှ နောက်တစ်ခုဆိုရင် ➡️ Having + V3

• ခံရတယ် (Passive) ဆိုရင် ➡️ V3

⚠️ သတိပြုရန်
စကားဆက် (Conjunction) ကို ဖြုတ်ပစ်ပါ။
Phrase အဆုံးမှာ ကော်မာ ( , ) ထည့်ဖို့ မမေ့ပါနဲ့။

အောင်မြင်ခြင်းဟူသည် ကြိုးစား လေ့လာ သင်ယူခြင်းတစ်ပါး အခြားမရှိ။
❤10
Professional Diploma in AI course လျှောက်လွှာခေါ်ယူခြင်း
❤16👍1
ဝန်ထမ်းများအတွက် ဌာနခွင့်ပြုမိန့် တင်ပြပုံအဆင့်ဆင့်။
(အမေးအများဆုံးမေးခွန်းကို ပြန်ဖြေပေးလိုက်ပါတယ်)
❤4👍2
မေးထားသူများအတွက်

ပညာရေးဒီဂရီကောလိပ် များ(လျှောက်ထားခြင်း)

ပေးအပ်မည့်ဘွဲ့ -
B.Sc. (Education)
B.A. (Education)

သင်တန်းကာလ - ၄ နှစ်

လျှောက်ထားသူများထဲမှ
ကျောင်း (၂၅) ကျောင်းတွင် ကျောင်းအလိုက် ဝင်ဆံ့အင်အားအပေါ်မူတည်ပြီး လက်ခံမည်။

စိစစ်ရွေးချယ်ရာတွင် " လျှောက်ထားသူများထဲမှ အမှတ်အများဆုံးမှ စတင်စိစစ်ပြီး ကန့်သတ်ဦးရေးအတိုင်း စိစစ်ရွေးချယ်သွားမည် ဖြစ်တဲ့အတွက် မိမိက လျှောက်ထားသူများထဲတွင် အမှတ်အများဆုံး ရရှိထားရန် လိုအပ်ပါတယ်။"

(မှတ်ချက်- ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။)
ပညာရေး သတင်းလွှာ
❤7
မေးထားသူများအတွက်
ပညာရေးတက္ကသိုလ်များ(လျှောက်ထားခြင်း)

ပေးအပ်မည့်ဘွဲ့ - B.Ed.
သင်တန်းကာလ - ၅နှစ်

လျှောက်ထားသူများထဲမှ
အမျိုးသား - ၅၀ %
အမျိုးသမီး - ၅၀ % လက်ခံမည်။

စိစစ်ရွေးချယ်ရာတွင် " လျှောက်ထားသူများထဲမှ အမှတ်အများဆုံးမှ စတင်စိစစ်ပြီး ကန့်သတ်ဦးရေးအတိုင်း စိစစ်ရွေးချယ်သွားမည် ဖြစ်တဲ့အတွက် မိမိက လျှောက်ထားသူများထဲတွင် အမှတ်အများဆုံး ရရှိထားရန် လိုအပ်ပါတယ်။"

(မှတ်ချက်- ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။)

ပညာရေး သတင်းလွှာ
❤17
တကယ်တော့ ဆရာ/ဆရာမ ဘဝဆိုတာ
တက်လမ်းတွေချည်းပါပဲ😅

မွမ်းမံတက်ရ ဒီပလိုမာတက်ရ
ကျောင်းတက်ရနဲ့အေ🤣
❤14👏3
အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန်သတ်မှတ်ကြေညာ
❤16👍8
#ကျောင်းအုပ်ကြီးများအတွက်🙋
#၀၃၀၉ အတွက်

မင်္ဂလာပါ ဆရာကြီး ဆရာမကြီး တို့ရေ

ကျွန်တော်တို့ကျောင်းတွေအတွက်
၀၃ ၀၉ ခေါင်းစဥ်ဖြင့် စာကြည့်တိုက်တွင် ဝယ်ယူထားရှိရမည့် စာအုပ်တွေအတွက် ခွဲဝေသုံးစွဲလို့ရအောင် မြို့နယ်ရုံးအသီးသီးက ပေးထားပီးဖြစ်ပါတယ်....အရင်နှစ်တွေမှာ ၀၃၀၉ သည် ခေါင်းစဥ်ခွဲတစ်ခုအနေနဲ့ပဲ လျာထားခြင်းခံရသလို စာကြည့်တိုက်အတွက် စိတ်ကြိုက်ဝယ်ယူနိုင်ခြင်းမရှိခဲ့ဘူးဗျ........ယခုနှစ်မှာတော့ စိတ်ကြိုက်ဝယ်ယူလို့ရအောင် ပေးထားတဲ့အတွက်
ကျောင်းစာကြည့်တိုက်အတွက် ဘယ်လိုစာအုပ်တွေက ဘယ်လိုအသုံးဝင်တဲ့အတွက်ဝယ်ယူရမယ်ဆိုတာ ကျောင်းအုပ်ကြီးများသိရှိမှာပါ....

အရေးကြီးတာက ဝယ်ယူပီး အရင်လို စာကြည့်တိုက်ရှိစာအုပ်များဆိုပီး
စာရင်းသွင်းရုံနဲ့ မရတော့ဘူးခင်ဗျ.....စနစ်တကျ ရေးသွင်းရပါတော့မည်...

မရေးသွင်းခင် မိမိကျောင်းမှာရှိတဲ့ ကျောင်းစာကြည့်တိုက်မှာ B ငါးလုံး
ရှိရပါမယ်.....

ဘာတွေလဲဆိုရင်.....

1.....Books
2.....Brain
3.....Budget
4.....Building
5.....Borrower

တို့ပဲဖြစ်ပါတယ်....

1..Books

မိမိကျောင်းမှာရှိတဲ့ ကလေးများအတွက်... စာအုပ်များ
မိမိကျောင်းသငိခန်းစာအတွက်အထောက်အကူပြုသော စာအုပ်များ......
ရှိရပါမယ်

2...Brain

ဒီအချက်က စာကြည့်တိုက်ထူထောင်ပီဆိုတာနဲ့ နည်းလမ်းညွှန်ပြမယ့် စာကြည့်တိုက်မှူး နဲ့ စာကြည့်တိုက်အတွက် ဝါသနာပါ၍ ကြိုးစားဆောင်မည့်အဖွဲ့ဝင်များ ရှိဖို့လိုအပ်ပါတယ်

3...Budget

စာကြည့်တိုက်အတွက် ရံပုံငွေရှိထားရပါမယ်

4...Building

အပေါ်၃ချက်ရှိပေမယ့် စာကြည့်တိုက်အဆောက်အဦး သို့မဟုတ် အခန်းလွတ် နေရာရှိရပါမယ်

5...Borrower

စာအုပ်ငှားရမ်းသူ ဖတ်ရှု့သူရှိရပါမယ်......

ဒီ B ငါးလုံးက စာကြည့်တိုက်များအတွက် ရှိကို ရှိရမည့် အချက်၅ချက်ပါ

ဒါတွေအားလုံး ရှိပီဆိုရင် ပထမအချက်ဖြစ်တဲ့ Books များပေါ့

စာကြည့်တိုက်ကိုရောက်ရှိလာတဲ့စာအုပ်တွေက ရံပုံငွေနဲ့ ဝယ်ထားတာလား
အလှူရှင်ကဝယ်လှူတာလားဆိုတာကို ခွဲခြားပီးမှတ်တမ်းတင်ဖို့လည်း မေ့လို့မရပြန်ပါဘူး

ဲဒီအချက်က ရောက်ရှိလာတဲ့ ဘယ်လိုပုံစံဆိုတာလေးပဲခွဲရုံလေးပါ

အရေးကြီးဆုံး ခွဲခြားရမည့်အချက်တွေက
ပညာရပ်အမှတ်တွေအလိုက်ရော တစ်အုပ်ချင်းစီရဲ့ တိုက်ပိုင်အမှတ်တွေရော ခွဲခြားရမည့်အချက်ပါ... ဒီအချက်ကို ကစ - ၁ ပုံစံမှာဖော်ပြပေးရမှာပါ...

ဒါကြောင့် ပညာရပ်အုပ်စု တွေ နဲ့ စာအုပ်အမျိုးအစားအလိုက်ကိုဖော်ပြပေးလိုက်ရပါတယ်......
#Crd #Copy #ကူးယူဖော်ပြသည်။
❤6👍4