Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.35K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Fulbright ပညာတော်သင်ဆု (၂၀၂၇-၂၀၂၈) ပြန်လည်ခေါ်ယူ

အမေရိကန်အစိုးရမှ ကုန်ကျစရိတ်အပြည့်အဝ ထောက်ပံ့ပေးမည့် Fulbright ပညာတော်သင်ဆု လျှောက်လွှာများကို မြန်မာကျောင်းသားများအတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်သည်။

📌 သိထားသင့်သည့် အချက်အလက်များ
ပညာသင်နှစ် - ၂၀၂၇ - ၂၀၂၈ ခုနှစ်။
ထောက်ပံ့မှု - ကျောင်းစရိတ်အပါအဝင် ကုန်ကျစရိတ်အားလုံး (Full Scholarship)။
နောက်ဆုံးရက် - မေလ ၁ ရက်နေ့ (နောက်ဆုံးထားလျှောက်ထားရန်)။

✅ ရွေးချယ်မှုဆိုင်ရာ မူဝါဒများ
ပညာတော်သင်များကို အရည်အချင်းစစ် ပြိုင်ပွဲမှတစ်ဆင့် ရွေးချယ်သွားမည်ဖြစ်ပြီး အောက်ပါအချက်များကို အဓိကထား စစ်ဆေးမည်ဖြစ်သည်-
ခေါင်းဆောင်မှု အလားအလာရှိသူဖြစ်ရမည်။
ပညာရေး ထူးချွန်သူဖြစ်ရမည်။
အမေရိကန်နိုင်ငံတွင် လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းရှိရမည်။
နိုင်ငံသားအချင်းချင်း အပြန်အလှန်နားလည်မှု မြှင့်တင်ပေးနိုင်စွမ်း ရှိရမည်။

⚠️ အရေးကြီးကန့်သတ်ချက်
လျှောက်ထားသူသည် အမေရိကန်တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ သို့မဟုတ် လက်ရှိတက်ရောက်နေသူ မဖြစ်ရပါ။
ပညာသင်ဆု ပြီးဆုံးပါက မြန်မာနိုင်ငံသို့ ပြန်လာရန် ကတိပြုရမည်ဖြစ်သည်။

ပညာရေး သတင်းလွှာ

#Scholarship #Fulbright #MyanmarStudents #Education #USA
❤13👏1
Grade (10) နှင့် Grade (11) ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲဆိုင်ရာ အသိပေးကြေညာချက်

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်မတက်ရောက်နိုင်ခဲ့သည့် ကျောင်းသား/သူများ အခြေခံပညာနှင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်ဆည်းပူးနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် Grade (10) နှင့် Grade (11) ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့် အစီအစဉ်

ကျင်းပမည့်ရက် - (၄-၅-၂၀၂၆) ရက်နေ့မှ (၁၁-၅-၂၀၂၆) ရက်နေ့အထိ။
ပိတ်ရက် - တနင်္ဂနွေနေ့များတွင် စာမေးပွဲဖြေဆိုရန်မလိုပါ။
ဖြေဆိုချိန် - တစ်နေ့လျှင် (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂) နာရီ ဖြေဆိုရပါမည်။

၂။ အောင်စာရင်းထုတ်ပြန်မည့်ရက်
စာမေးပွဲအောင်စာရင်းများကို (၂၅-၅-၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

၃။ ဆက်သွယ်စုံစမ်းရန်
ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် အသေးစိတ် အချက်အလက်များကို သွားရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။
❤5👍1
မေးထားသူများအတွက်ပါ

Grade 11 ဖြေဆိုထားပြီး Grade 12 ကြိုတင်လေ့လာထားလိုသူများ လေ့လာထားလို့ရပါတယ်။ နောက်နှစ် သင်ရိုးမပြောင်းသေးပါ။

@adminteam
❤19
"ကြိုးစားမှုတိုင်းက အနှစ်သာရရှိပါတယ်"

✍️ မဖြေနိုင်လို့လည်း စိတ်မညစ်နဲ့
✍️ ဖြေနိုင်လို့လည်း အပျော်မလွန်နဲ့

အအောင်၊ အရှုံးနဲ့ ဂုဏ်ထူးတွေဆိုတာ အောင်စာရင်းထွက်မှ သိရမှာပါ။

လောလောဆယ်မှာတော့ အကောင်းဆုံး ကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်ပေးလိုက်ပါ။

🛌 အေးဆေးစွာ အနားယူပါ။
😊 ပျော်ပျော်ရွှင်ရွှင် နေပါ။
💡 အားလပ်ချိန်မှာ လေ့လာသင့်တာလေးတွေ ကြိုတင်လေ့လာထားပါ။

ဒီကာလအတွင်းမှာ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ -
✅ မိမိအားနည်းတဲ့ အင်္ဂလိပ်စာ (Grammar & Speaking) ကို ပြန်လေ့ကျင့်ပါ။
✅ အခြေခံ ကွန်ပျူတာသင်တန်းတွေ လေ့လာထားပါ။
✅ နောင်နှစ် တက္ကသိုလ်တက်ရင် လိုအပ်မယ့် နည်းပညာနဲ့ ဘာသာစကားအသစ်တွေကို စတင်လေ့လာကြည့်ပါ။

အားလုံးပဲ စိတ်အပန်းပြေပျော်ရွှင်နိုင်ကြပါစေ။
❤13👍1
လေ့လာလိုသူများအတွက်

English Grammar
Can, Should, Must ခွဲခြားသုံးနှုန်းပုံ

English စာမှာ အသုံးများတဲ့ Modal Verbs (၃) မျိုးရဲ့ ကွဲပြားချက်ကို အလွယ်ကူဆုံး မှတ်သားရအောင်။

၁။ Can (လုပ်နိုင်သည်)
✅ စွမ်းဆောင်ရည် (Ability): တစ်ခုခုကို လုပ်တတ်တာ၊ လုပ်နိုင်တာ။
🔹 ဥပမာ: I can drive. (ကျွန်တော် ကားမောင်းတတ်တယ်။)
✅ ခွင့်ပြုချက် (Permission): ခွင့်တောင်းတာ၊ ခွင့်ပြုတာ။
🔹 ဥပမာ: You can sit here. (ဒီမှာ ထိုင်လို့ရပါတယ်။)

၂။ Should (သင့်သည်)
✅ အကြံပေးခြင်း (Advice): လုပ်ရင် ပိုကောင်းမယ်လို့ အကြံပြုတာ။
🔹 ဥပမာ: You should study hard. (မင်း စာကြိုးစားသင့်တယ်။)
✅ တိုက်တွန်းခြင်း: တစ်ခုခုလုပ်ဖို့ တိုက်တွန်းတာ။
🔹 ဥပမာ: We should go now. (ငါတို့ အခု သွားသင့်ပြီ။)

၃။ Must (ရမည်)
✅ မဖြစ်မနေ (Obligation): တာဝန်အရ၊ စည်းကမ်းအရ မလုပ်မနေရ။
🔹 ဥပမာ: You must wear a mask. (နှာခေါင်းစည်း မဖြစ်မနေ တပ်ရမယ်။)
✅ အမိန့်/စည်းကမ်း: ပြင်းထန်တဲ့ တားမြစ်ချက် ဒါမှမဟုတ် အမိန့်။
🔹 ဥပမာ: Students must be on time. (ကျောင်းသားတွေ အချိန်မှန်ရမယ်။)

💡 မှတ်ချက်: Can, Should, Must တို့ရဲ့နောက်မှာ Verb (V1) ကိုသာ အမြဲသုံးရပါတယ်။ (ဥပမာ - Must go, Can do, Should eat)

အောက်ပါဝါကျများတွင် သင့်တော်ရာ Modal Verb ကို ရွေးချယ်ဖြည့်စွက်ပါ။

1. I ____ swim very well.
(A) can (B) should (C) must

2. You ____ wear a helmet while driving a motorcycle.
(A) can (B) should (C) must

3. It is raining. You ____ take an umbrella.
(A) can (B) should (C) must

4. ____ I borrow your pen, please?
(A) Can (B) Should (C) Must

5. You ____ brush your teeth twice a day.
(A) can (B) should (C) must

6. Drivers ____ stop when the traffic light is red.
(A) can (B) should (C) must

7. She ____ speak three languages.
(A) can (B) should (C) must

8. You ____ eat more vegetables for your health.
(A) can (B) should (C) must

9. You ____ not smoke in the hospital.
(A) can (B) should (C) must

10. ____ you help me with this box?
(A) Can (B) Should (C) Must


အဖြေများ (Answer Key & Explanations):
1. (A) can (ရေကူးတတ်တဲ့ အရည်အချင်းကို ဖော်ပြတာမို့လို့ပါ။)

2. (C) must (ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းဖို့ စည်းကမ်းအရ မဖြစ်မနေ လုပ်ရမှာမို့လို့ပါ။)

3. (B) should (မိုးရွာနေလို့ ထီးယူသွားဖို့ အကြံပေးတဲ့ သဘောမျိုးမို့လို့ပါ။)

4. (A) can (ပစ္စည်းတစ်ခုခုကို ခဏငှားဖို့ ခွင့်တောင်းတာမို့လို့ပါ။)

5. (B) should (ကျန်းမာရေးအတွက် သွားတိုက်ဖို့ တိုက်တွန်း အကြံပြုတာမို့လို့ပါ။)

6. (C) must (ယာဉ်စည်းကမ်းအရ မီးနီရင် မဖြစ်မနေ ရပ်ရမှာမို့လို့ပါ။)

7. (A) can (ဘာသာစကား ပြောတတ်တဲ့ စွမ်းဆောင်ရည်ကို ပြောတာမို့လို့ပါ။)

8. (B) should (ကျန်းမာရေးအတွက် ဟင်းသီးဟင်းရွက်စားဖို့ အကြံပြုတာမို့လို့ပါ။)

9. (C) must (ဆေးရုံမှာ ဆေးလိပ်မသောက်ဖို့ တင်းကျပ်တဲ့ စည်းကမ်းမို့လို့ပါ။)

10. (A) can (အကူအညီပေးနိုင်မလားလို့ ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းတာမို့လို့ပါ။)

လေ့လာပါ၊ လေ့ကျင့်ပါ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ခက်ခဲကြမ်းတမ်းခြင်းနဲ့ ကြိုးစားအားထုတ်မှုတွေရှိတယ်ဆိုတာ အမြဲ အမှတ်ရနေပါ။
❤16
မေးထားသူများအတွက်ပါ

Dip.EP 2 သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအတွက်

ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP 2) ကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ဖွယ်ရှိကြောင်း သိရှိရပါသည်။ သင်တန်းတက်ရောက်မည့်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် သင်ကြားမည့် ဘာသာရပ်များနှင့် လိုအပ်မည့် ပစ္စည်းများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

📚 သင်ကြားရမည့် ဘာသာရပ်များ
သင်တန်းတွင် အခြေခံပညာကဏ္ဍအတွက် အရေးပါသော အောက်ပါဘာသာရပ်များကို သင်ကြားရမည်ဖြစ်သည် -
၁။ ပညာရေးသဘောတရားများ
၂။ ပညာရေးစိတ်ပညာ
၃။ မြန်မာစာ
၄။ အင်္ဂလိပ်စာ
၅။ သင်္ချာ
၆။ သိပ္ပံ
၇။ လူမှုရေး
၈။ ပန်းချီ
၉။ ဂီတ
၁၀။ ကာယ
၁၁။ စာရိတ္တ
၁၂။ ဒေသ (အိမ်/စိုက်/စက်)
၁၃။ ICT
၁၄။ စိုက်ပျိုးရေး
၁၅။ ဘဝတွက်တာကျွမ်းကျင်စရာ

ယူဆောင်ရမည့် ပစ္စည်းများနှင့် ပြင်ဆင်ရန်များ
သင်တန်းကာလအတွင်း လက်တွေ့လုပ်ဆောင်မှုများနှင့် သင်ခန်းစာများအတွက် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည် -
အခြေခံသုံးပစ္စည်း: A4 စက္ကူ၊ ကတ်ကြေး၊ တိတ်စိမ်း၊ စာအုပ်နှင့် စာရေးကိရိယာအစုံ။

နည်းပညာပိုင်း: အလယ်တန်းသင်ရိုးအတွက် လိုအပ်သော App များ နှင့် Chat GPT ကဲ့သို့သော AI နည်းပညာများကို အသုံးပြုနိုင်ရန် ပြင်ဆင်ထားရပါမည်။

ဓာတ်ပုံ: လိုအပ်သော မှတ်တမ်းဓာတ်ပုံများ ယူဆောင်လာရပါမည်။

သတိပြုရန်
သင်တန်းစတင်မည့်ရက် အတိအကျကို သက်ဆိုင်ရာမှ ထပ်မံထုတ်ပြန်ပေးမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးကြပါရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#DipEP #TeacherTraining #MyanmarEducation #EducationNews
❤5👍1
အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်
❤4
လွယ်ကူလေ့လာ ...
English Grammar

2. Participle Phrase

Participle Phrase (၃) မျိုး သိထားရမယ်
(1) Present Participle Phrase (Ving)
🔹 တစ်ဆက်တည်း (သို့မဟုတ်) တစ်ပြိုင်တည်း ပြုလုပ်တဲ့ နေရာမှာ အသုံးပြုတယ်။
💡 Example:
As I arrived at the station, I saw my teacher.
➡️ Arriving at the station, I saw my teacher. (ဘူတာရုံသို့ ရောက်ရောက်ချင်းမှာပဲ ကျွန်တော့်ရဲ့ ဆရာကို မြင်ခဲ့တယ်။)

(2) Perfect Participle Phrase (Having + V3)
🔹 တစ်ခုပြီးမှ နောက်တစ်ခု ပြုလုပ်တဲ့နေရာမှာ အသုံးပြုတယ်။
💡 Example:
After she had finished her dinner, she went to bed.
➡️ Having finished her dinner, she went to bed. (ညစာစားပြီးနောက်မှာတော့ သူမ အိပ်ရာဝင်ခဲ့တယ်။)

(3) Past Participle Phrase (V3)
🔹 ခံရတယ် (Passive) သဘောဆောင်တဲ့ နေရာမှာ အသုံးပြုတယ်။
💡 Example:
Because the car was repaired, it ran smoothly.
➡️ Repaired, the car ran smoothly. (ပြုပြင်ပြီးသွားပြီဖြစ်လို့ ကားလေးက ချောချောမွေ့မွေ့ မောင်းနှင်နိုင်ခဲ့တယ်။)

💡 ဖြေဆိုနည်း လမ်းညွှန်
✅ ဝါကျနှစ်ကြောင်းမှာ (After, As, When, Because, Since) စတဲ့ Subordinate conjunction ပါသော ဝါကျမှ Verb ကို Participle Phrase ပြောင်းပါ။
✅ Subordinate conjunction မပါက အရင်ဖြစ်သော ဝါကျမှ Verb ကို Participle Phrase ပြောင်းပါ။

📌 ဘယ်အချိန်မှာ ဘာသုံးမလဲ?
• တစ်ဆက်တည်း၊ တစ်ပြိုင်တည်းဆိုရင် ➡️ Ving

• တစ်ခုပြီးမှ နောက်တစ်ခုဆိုရင် ➡️ Having + V3

• ခံရတယ် (Passive) ဆိုရင် ➡️ V3

⚠️ သတိပြုရန်
စကားဆက် (Conjunction) ကို ဖြုတ်ပစ်ပါ။
Phrase အဆုံးမှာ ကော်မာ ( , ) ထည့်ဖို့ မမေ့ပါနဲ့။

အောင်မြင်ခြင်းဟူသည် ကြိုးစား လေ့လာ သင်ယူခြင်းတစ်ပါး အခြားမရှိ။
❤10
Professional Diploma in AI course လျှောက်လွှာခေါ်ယူခြင်း
❤16👍1
ဝန်ထမ်းများအတွက် ဌာနခွင့်ပြုမိန့် တင်ပြပုံအဆင့်ဆင့်။
(အမေးအများဆုံးမေးခွန်းကို ပြန်ဖြေပေးလိုက်ပါတယ်)
❤4👍2
မေးထားသူများအတွက်

ပညာရေးဒီဂရီကောလိပ် များ(လျှောက်ထားခြင်း)

ပေးအပ်မည့်ဘွဲ့ -
B.Sc. (Education)
B.A. (Education)

သင်တန်းကာလ - ၄ နှစ်

လျှောက်ထားသူများထဲမှ
ကျောင်း (၂၅) ကျောင်းတွင် ကျောင်းအလိုက် ဝင်ဆံ့အင်အားအပေါ်မူတည်ပြီး လက်ခံမည်။

စိစစ်ရွေးချယ်ရာတွင် " လျှောက်ထားသူများထဲမှ အမှတ်အများဆုံးမှ စတင်စိစစ်ပြီး ကန့်သတ်ဦးရေးအတိုင်း စိစစ်ရွေးချယ်သွားမည် ဖြစ်တဲ့အတွက် မိမိက လျှောက်ထားသူများထဲတွင် အမှတ်အများဆုံး ရရှိထားရန် လိုအပ်ပါတယ်။"

(မှတ်ချက်- ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။)
ပညာရေး သတင်းလွှာ
❤7