Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Fulbright ပညာတော်သင်ဆု (၂၀၂၇-၂၀၂၈) ပြန်လည်ခေါ်ယူ

အမေရိကန်အစိုးရမှ ကုန်ကျစရိတ်အပြည့်အဝ ထောက်ပံ့ပေးမည့် Fulbright ပညာတော်သင်ဆု လျှောက်လွှာများကို မြန်မာကျောင်းသားများအတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်သည်။

📌 သိထားသင့်သည့် အချက်အလက်များ
ပညာသင်နှစ် - ၂၀၂၇ - ၂၀၂၈ ခုနှစ်။
ထောက်ပံ့မှု - ကျောင်းစရိတ်အပါအဝင် ကုန်ကျစရိတ်အားလုံး (Full Scholarship)။
နောက်ဆုံးရက် - မေလ ၁ ရက်နေ့ (နောက်ဆုံးထားလျှောက်ထားရန်)။

✅ ရွေးချယ်မှုဆိုင်ရာ မူဝါဒများ
ပညာတော်သင်များကို အရည်အချင်းစစ် ပြိုင်ပွဲမှတစ်ဆင့် ရွေးချယ်သွားမည်ဖြစ်ပြီး အောက်ပါအချက်များကို အဓိကထား စစ်ဆေးမည်ဖြစ်သည်-
ခေါင်းဆောင်မှု အလားအလာရှိသူဖြစ်ရမည်။
ပညာရေး ထူးချွန်သူဖြစ်ရမည်။
အမေရိကန်နိုင်ငံတွင် လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းရှိရမည်။
နိုင်ငံသားအချင်းချင်း အပြန်အလှန်နားလည်မှု မြှင့်တင်ပေးနိုင်စွမ်း ရှိရမည်။

⚠️ အရေးကြီးကန့်သတ်ချက်
လျှောက်ထားသူသည် အမေရိကန်တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ သို့မဟုတ် လက်ရှိတက်ရောက်နေသူ မဖြစ်ရပါ။
ပညာသင်ဆု ပြီးဆုံးပါက မြန်မာနိုင်ငံသို့ ပြန်လာရန် ကတိပြုရမည်ဖြစ်သည်။

ပညာရေး သတင်းလွှာ

#Scholarship #Fulbright #MyanmarStudents #Education #USA
❤13👏1
Grade (10) နှင့် Grade (11) ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲဆိုင်ရာ အသိပေးကြေညာချက်

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်မတက်ရောက်နိုင်ခဲ့သည့် ကျောင်းသား/သူများ အခြေခံပညာနှင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်ဆည်းပူးနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် Grade (10) နှင့် Grade (11) ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့် အစီအစဉ်

ကျင်းပမည့်ရက် - (၄-၅-၂၀၂၆) ရက်နေ့မှ (၁၁-၅-၂၀၂၆) ရက်နေ့အထိ။
ပိတ်ရက် - တနင်္ဂနွေနေ့များတွင် စာမေးပွဲဖြေဆိုရန်မလိုပါ။
ဖြေဆိုချိန် - တစ်နေ့လျှင် (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂) နာရီ ဖြေဆိုရပါမည်။

၂။ အောင်စာရင်းထုတ်ပြန်မည့်ရက်
စာမေးပွဲအောင်စာရင်းများကို (၂၅-၅-၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

၃။ ဆက်သွယ်စုံစမ်းရန်
ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် အသေးစိတ် အချက်အလက်များကို သွားရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။
❤5👍1
မေးထားသူများအတွက်ပါ

Grade 11 ဖြေဆိုထားပြီး Grade 12 ကြိုတင်လေ့လာထားလိုသူများ လေ့လာထားလို့ရပါတယ်။ နောက်နှစ် သင်ရိုးမပြောင်းသေးပါ။

@adminteam
❤19
"ကြိုးစားမှုတိုင်းက အနှစ်သာရရှိပါတယ်"

✍️ မဖြေနိုင်လို့လည်း စိတ်မညစ်နဲ့
✍️ ဖြေနိုင်လို့လည်း အပျော်မလွန်နဲ့

အအောင်၊ အရှုံးနဲ့ ဂုဏ်ထူးတွေဆိုတာ အောင်စာရင်းထွက်မှ သိရမှာပါ။

လောလောဆယ်မှာတော့ အကောင်းဆုံး ကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်ပေးလိုက်ပါ။

🛌 အေးဆေးစွာ အနားယူပါ။
😊 ပျော်ပျော်ရွှင်ရွှင် နေပါ။
💡 အားလပ်ချိန်မှာ လေ့လာသင့်တာလေးတွေ ကြိုတင်လေ့လာထားပါ။

ဒီကာလအတွင်းမှာ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ -
✅ မိမိအားနည်းတဲ့ အင်္ဂလိပ်စာ (Grammar & Speaking) ကို ပြန်လေ့ကျင့်ပါ။
✅ အခြေခံ ကွန်ပျူတာသင်တန်းတွေ လေ့လာထားပါ။
✅ နောင်နှစ် တက္ကသိုလ်တက်ရင် လိုအပ်မယ့် နည်းပညာနဲ့ ဘာသာစကားအသစ်တွေကို စတင်လေ့လာကြည့်ပါ။

အားလုံးပဲ စိတ်အပန်းပြေပျော်ရွှင်နိုင်ကြပါစေ။
❤13👍1