Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
>>>အလွတ်မှတ်ခြင်းမဟုတ်သော စာသင်နည်းလမ်း (၃)<<< Questions and Answer Method (အမေးအဖြေ သင်ကြားနည်း)

ဆရာက "စာမေးမည်" ဟုဆိုလိုက်လျှင် တတန်းလုံး မင်သေသေပြီး ချွေးပြန်အောင် ကြောက်ခဲ့ကြရတဲ့ နေ့ရက်တွေကို အမှတ်ရမိပါတယ်။ ကြိမ်လုံးလေးများ ကိုင်ထားလျှင်တော့ ပိုပြီး ကြောက်ခဲ့ရတာပေါ့ဗျာ။ တကယ်လို့.. ဆရာကသာ ကျောင်းသားများကို (မသိလို့) ပြန်မေးခြင်း (သို့မဟုတ်) အတွေ့အကြုံများကို ပြန်လည်နှိုးဆွ မေးမြန်းခြင်း ပုံစံမျိုးနဲ့ မေးခွန်းလေးတွေ မေးတတ်မယ်ဆိုလျှင်တော့.. ကျောင်းသားများက သိအောင်ကြိုးစားပြီး (သို့မဟုတ်) ယခင်သိရှိပြီးသော အသိဉာဏ်ကို ပြန်ထုတ်သုံးပြီး ဖြေပေးချင်ကြမှာပါ။ အလုအယက် ပေါ့။

ထို့အတွက်ကြောင့် ဆရာများဟာ သင်ခန်းစာနှင့်ပတ်သက်သော မေးခွန်းများကို ကွန့်မြူးစွာ မေးမြန်းတတ်ဖို့လိုပါတယ်။ သင်ကြားနည်း (၂၁) နည်းမှာပါတဲ့ Questions and Answer Method (အမေးအဖြေ သင်ကြားနည်းလမ်း) ဟာ ဆရာနှင့် ကျောင်းသားအကြား မေးခွန်းများ အပြန်အလှန် မေးမြန်းဖြေဆိုခြင်းဖြင့် သင်ခန်းစာ၏ အနှစ်သာရ နှင့် ပြဿနာ၏ ရင်းမြစ်ကို ရှာဖွေဖော်ထုတ်သွားနိုင်တဲ့ တက်ကြွသော တွေ့ရှိမှုအခြေပြု (Discovery-based Learning) နည်းလမ်းမျိုး ဖြစ်ပါတယ်။ ကျောင်းသားများအား အဖြေကို တိုက်ရိုက်ပြောပြမည့်အစား ၎င်းတို့ကိုယ်တိုင် စဉ်းစားတွေးခေါ်ကာ အဖြေဆီသို့ ရောက်ရှိသွားအောင် လမ်းကြောင်းပေးသည့် နည်းလမ်းဖြစ်ပါတယ်။ အချိန်ပေးရပါတယ်။

လုပ်ဆောင်ပုံအဆင့်ဆင့်
....................................
🧾၁။ ကြိုတင်ပြင်ဆင်ခြင်း (Preparation): သင်ခန်းစာမစမီ ဆရာမှ မည်သည့်အဓိကအချက်များကို ရရှိအောင် မေးမြန်းမည်ကို ကြိုတင်စီစဉ်ထားရပါမည်။ ကျောင်းသားများအတွက် လုံခြုံစိတ်ချပြီး ပွင့်လင်းသော စာသင်ခန်းဝန်းကျင် (Safe Learning Environment) ကို ဖန်တီးပေးထားပါ။

🙋၂။ မေးခွန်းများ တည်ဆောက်ခြင်း (Scaffolding):
- သင်ခန်းစာ အဆင့်လိုက်မေးမြန်းခြင်း။ ရိုးရှင်းသော မေးခွန်းများ (ဥပမာ - ဘာလဲ၊ ဘယ်သူလဲ) မှစ၍ ပိုမိုနက်ရှိုင်းသော မေးခွန်းများ (ဥပမာ - ဘာကြောင့်လဲ၊ ဘယ်လိုဖြစ်တာလဲ) ဆီသို့ တဆင့်ချင်း တက်လှမ်းပါ။
- အသိပညာနှင့် ချိတ်ဆက်ခြင်း။ ကျောင်းသားများ သိရှိပြီးသား အချက်အလက်များမှတစ်ဆင့် အသိပညာ အသစ်ဆီသို့ လှေကားထစ်သဖွယ် ချိတ်ဆက်မေးမြန်းပါ။
...................................
ဥပမာ။ အဌမတန်း သိပ္ပံဘာသာရပ်ရှိ "ရေစေး (Hard Water)" နှင့် "ရေသွက် (Soft Water)" အကြောင်းကို အမေးအဖြေနည်းလမ်းဖြင့် အောက်ပါအတိုင်း အဆင့်ဆင့် သင်ကြားကြည့်နိုင်ပါသည်။

အဆင့် (၁) - အတွေ့အကြုံဟောင်းကို နှိုးဆွခြင်း (Activation of Prior Knowledge)
ဆရာ။ ။ "သားတို့ သမီးတို့ အိမ်မှာ အဝတ်လျှော်တဲ့အခါ တချို့ရေတွေက ဆပ်ပြာအမြှုပ် ထွက်ရခက်ပြီး၊ တချို့ရေတွေက အမြှုပ် အရမ်းထွက်တာကို သတိထားမိကြလား?"
ကျောင်းသား။ ။ "ဟုတ်ကဲ့ သတိထားမိပါတယ် ဆရာမ။"

အဆင့် (၂) - ပြဿနာကို စူးစမ်းစေခြင်း (Inquiry)
ဆရာ။ ။ "ဒါဆို ဘာကြောင့် အမြှုပ်ထွက်နှုန်း ကွာခြားရတာလဲလို့ ထင်သလဲ?" (ကျောင်းသားများကို ခဏစဉ်းစားခွင့်ပေးပါ)
ကျောင်းသား။ ။ "ရေထဲမှာ တစ်ခုခုပါနေလို့ ထင်ပါတယ်" သို့မဟုတ် "ဆပ်ပြာမကောင်းလို့လား မသိဘူး" စသဖြင့် ဖြေဆိုပါလိမ့်မည်။

အဆင့် (၃) - လက်တွေ့နှင့် သီအိုရီကို ချိတ်ဆက်ခြင်း (Connecting Theory to Practice)
ဆရာ။ ။ "မှန်ပါတယ်။ ရေထဲမှာ ကယ်လ်စီယမ် (Calcium) နဲ့ မဂ္ဂနီစီယမ် (Magnesium) ဓာတ်ဆားတွေ ပျော်ဝင်နေရင် အဲဒီရေကို 'ရေစေး' လို့ ခေါ်တယ်။ အဲဒီဓာတ်ဆားတွေ မပါရင်တော့ 'ရေသွက်' လို့ ခေါ်တယ်။ ဒါဆိုရင် ဘယ်ရေက အဝတ်လျှော်ရတာ ပိုသက်သာမလဲ?"
ကျောင်းသား။ ။ "ဓာတ်ဆားတွေမပါတဲ့ ရေသွက်က ပိုကောင်းမှာပါ ဆရာမ။"
..................................

⏱️၃။ မေးမြန်းခြင်းနှင့် စောင့်ဆိုင်းခြင်း (Wait Time)။
- တစ်ကြိမ်လျှင် မေးခွန်းတစ်ခုကိုသာ ရှင်းလင်းစွာ မေးမြန်းပါ။
- ကျောင်းသားများ စဉ်းစားရန် အချိန်ပေးပါ။ အနည်းဆုံး ၁၅ စက္ကန့်ခန့် စောင့်ဆိုင်းပါ။ အကယ်၍ ဖြေဆိုသူမရှိပါက မေးခွန်းကို ပိုမိုရိုးရှင်းသော ပုံစံဖြင့် ပြောင်းလဲမေးမြန်းပါ။

👩‍🏫၄။ တုံ့ပြန်မှုနှင့် အနှစ်ချုပ်ခြင်း (Feedback & Summary)။ ကျောင်းသားများ၏ အဖြေများကို ဂရုတစိုက်နားထောင်ပြီး အရေးကြီးသော အချက်များကို မီးမှောင်းထိုးပြပါ။ မှားယွင်းသော အဖြေများကိုလည်း ချက်ချင်းမပယ်ချဘဲ အဖြေမှန်ဆီသို့ ရောက်အောင် ထပ်ဆင့်မေးခွန်းများဖြင့် လမ်းညွှန်ပေးပါ။

ဤကဲ့သို့ "ကျောင်းသားဗဟိုပြု" ပညာသင်ကြားပေးခြင်းဖြင့် ကျောင်းသားများ၏ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးကာ ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ် (Critical Thinking) ကို အားပေးနိုင်ပါတယ်။ မေးခွန်းများမှတစ်ဆင့် သင်ခန်းစာပါ အဓိကအချက်များကို ကျောင်းသားများ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေဖော်ထုတ်တတ်စေရန် ရည်ရွယ်ပါသည်။
❤13👍1
ဤသင်ကြားနည်းလမ်းအပါအဝင် အခြား စိတ်ဝင်စားဖွယ် သင်ကြားနည်းလမ်းပေါင်းများစွာကို ကျနော်တို့ရဲ့ Tech Learn Application မှာ ထည့်သွင်းပေးထားပြီး.. ဆရာ၊ ဆရာမ များ သင်ကြားမည့် သင်ခန်းစာအလိုက် ITPR နည်းစနစ်များဖြင့် AI ကို အသုံးပြုလို့ သင်ခန်းစာ ပြင်ဆင်နိုင်ကြတော့မှာပဲ ဖြစ်ပါတယ်။

အနာဂတ်ပညာရေးအတွက်... တက်လမ်း (Tech Learn App) ရှိပါတယ်။
❤4
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၆

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်မှစတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲဖြေဆိုမှု ပဉ္စမနေ့တွင် သက်ဆိုင်ရာဘာသာရပ်များဖြစ်သည့် ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်၊ စက်မှုအတတ်ပညာ (မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံကာကွယ်ရေး) နှင့် မွေးမြူရေးအတတ်ပညာ (ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုကြရာတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၈၈၇ ခု၌ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၂၅၄၆၄၉ ဦး (၉၄ ဒသမ ၇၅ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ စက်မှုအတတ်ပညာ (မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံကာကွယ်ရေး) နှင့် မွေးမြူရေးအတတ်ပညာ (ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ်တို့ကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူ စုစုပေါင်း ၃၃၆၄ ဦး (၉၉ ဒသမ ၃၅ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း အသီးသီးဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက် အင်္ဂါနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၈ ရက်နေ့အထိ ဆက်လက်ဖြေဆိုကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
❤16👍3
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒ မေးခွန်းလွှာ (၁)

၁၇-၃-၂၀၂၆
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒ   မေးခွန်းလွှာ (၂)

၁၇-၃-၂၀၂၆
❤4
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ   မေးခွန်းလွှာ

၁၇-၃-၂၀၂၆
❤15
ကျေးဇူးတင်လွှာ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို (၁၁-၃-၂၀၂၆) ရက်နေ့မှ (၁၈-၃-၂၀၂၆) ရက်နေ့ အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနများ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ ရာ စာမေးပွဲမတိုင်မီနှင့် စာမေးပွဲကာလတစ်လျှောက်လုံး အဆင်ပြေချောမွေ့စွာ ပြီးမြောက်စေရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည့် ပို့ဆောင်ရေး ဆက်သွယ် ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနအသီးသီးတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် ဌာန အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့သားများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဒုတိယ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများနှင့် အခြား ကျေးဇူးတင်ထိုက်သူများအားလုံးကို ပညာရေးဝန်ကြီးဌာနမှ လှိုက်လှဲစွာ ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
❤17🥰15👏6👍1
နိုင်ငံ့ဝန်ထမ်းရာထူး (၁၂)ဆင့်ဖြစ်သွားပါပြီ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်ကဲ့သို့ သီးခြား
ရာထူးအဆင့် (၁၄)ဆင့်ဖြင့် သွားသည်ဟု ယူဆ။

နိုင်ငံ့ဝန်ထမ်းတွင်
၁။ တပ်မတော်
၂။ ရဲတပ်ဖွဲ့
၃။ အရပ်ဘက်ဝန်ထမ်း ဆိုပြီး (၃)မျိုးခွဲလို့ရသွားပါပြီ။

ရဲတပ်ဖွဲ့အပါအဝင် ယခင်က
နိုင်ငံ့ဝန်ထမ်း ရာထူး(၁၃)ဆင့်ရှိခဲ့ရာမှ
ရဲချုပ်(ဒုတိယရဲဗိုလ်ချုပ်ကြီး)ကို
လစာ ၁၀သိန်း သတ်မှတ်လိုက်ပြီး
ဒုရဲချုပ်(ရဲဗိုလ်ချုပ်)ကို ညွှန်ချုပ်လစာနှုန်း
သတ်မှတ်လိုက်တာကြောင့် ရဲတပ်ဖွဲ့အနေနဲ့
ရာထူး(၁၄)ဆင့်ဖြစ်သွားတယ်လို့ ယူဆရတယ်။

ယခုအစိုးရပြင်ဆင်ချက်တွင် ရာထူးအခေါ်အဝေါ်
ပြောင်းလဲခြင်းမျအပါအဝင် အင်္ဂလိပ်လို အခေါ်များပါ
တပါတည်း ပါဝင်လာ၍ မိမိတို့ရာထူးအလိုက်
ဤသတ်မှတ်ချက်အတိုင်း ခေါ်ဝေါ်နိုင်ပါပြီ။

ရုံးအုပ်၊ ဦးစီးမှူး၊ စာရေး စတဲ့ အခေါ်တွေကို
အင်္ဂလိပ်လို အမျိုးမျိုးကွဲပြားစွာခေါ်ဝေါ်
အငြင်းပွားနေကြခြင်းကို ယခုသတ်မှတ်ချက်နဲ့
အတည်ပြုပေးလိုက်ပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၇.၁.၂၀၂၆ အမိန့်စာပါ
ရာထူးအဆင့် (၁၂)ဆင့် အခေါ်အဝေါ်ပြင်ဆင်သည့် ဇယားအား ကိုးကား၍ ပြန်လည်တင်ပြခြင်းဖြစ်။

(ပြန်တမ်းမှာရှာရင်း ခုထိမတွေ့လို့ မတင်ပေးဖြစ်တာပါ၊
တွေ့ခဲ့ကြရင်လည်း ပြန်တမ်းရက်၊ အတွဲအမှတ်လေး
ပြန်လည်မျှဝေပေးခဲ့နိုင်ပါတယ်။)

ရွှေဇီးကွက်။
20.1.2026
❤9