Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Media is too big
VIEW IN TELEGRAM
ရေသံသရာလည်ပုံ
ပညာရေးလောကမှာ သူကတော့ ဘာဆင်း၊ညာဆင်း၊ငါကတော့ ဘာဆင်း၊ညာဆင်း Phd/MEd/B.Ed/DTEd/DTEc/ PPTT ဆင်း၊နေ့စားလပေး၊ရေးဖြေဝင်ခွင့် ခန့်အပ် အစရှိသည်တို့ ရာထူး/အာဏာ/ဂုဏ်ဒြပ် လုံးဝမခွဲခြားသင့်ပါ။လူ့ဘဝ.....ရစဥ်အခါမှာ
ရာထူးဂုဏ်ဒြပ်အာဏာ ဘာဘွဲ့၊ညာဘွဲ့သည် အပေါ်ယံတစ်ခုပါ။တကယ်တော့ သူ့ဟာသူ ဘာဘွဲ့ကြီးပဲရရ၊ဘာဘွဲ့ကြီးနဲ့ သင်တန်းဆင်းဆင်း အဲဒါတွေသည် လူ့ဘဝမှာ အရေးမကြီးပါ။....လူ့ဘဝမှာ အရေးကြီးဆုံးအရာက လူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ကိုယ်ကျင့်တရား၊မိမိ
လုပ်နေသော လုပ်ငန်းအပေါ် တာဝန်ကျေပွန်စွာ လုပ်ကိုင်နိုင်မှု၊လုပ်ငန်းကျွမ်းကျင်မှု၊လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေးအသိစိတ်ဓာတ်ရှိမှု၊ မိမိလုပ်သော လုပ်ငန်းအပေါ် တာဝန်ယူမှု၊တာဝန်ခံမှု အစရှိသည်တို့ပဲ လူမှုဘဝမှာ အဓိက လိုအပ်ပါသည်။အရေးကြီးပါသည်။နောက်ဆုံး ပညာရေးလောကမှ မဟုတ်ဘူး အခြား ဘယ်နေရာ၊ ဘယ်အရာမှာ မဆို ရာထူး၊ဂုဏ်ဒြပ်၊ဘာဘွဲ့၊ညာဘွဲ့၊ ငွေကြေးချမ်းသာမှု၊ အဆင့်တန်းမခွဲခြားဖို့ လိုအပ်ပါသည်။ တကယ်တော့ အဆင့်အတန်းဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားပါပဲ။
ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး
ငွေကြေး (၁၀)မျိုး ပါ။

တန်ဖိုးကြီးလှပြီ ထင်နေတဲ့
စတာလင်ပေါင်၊ ယူရို နဲ့
US$ ဒေါ်လာတောင် အဆင့်
နောက်ပိုင်းမှာပါ။ ဗဟုသုတပေါ့။

1. ကူဝိတ်ဒီနာ (KWD)
================

ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ငွေကြေး
နံပတ် (1) ကတော့ ကူဝိတ်နိုင်ငံမှာ
အသုံးပြုတဲ့ ကူဝိတ်ဒီနာ (KWD) ပါ။

ဒီကနေ့ ပေါက်စျေးအရ
ကူဝိတ် (1) ဒီနာ (1 KWD) က
အမေရိကန် ဒေါ်လာ 3.5 ဒေါ်လာနဲ့
ညီမျှပါတယ်။

2. ဘာရိန်းဒီနာ (BHD)
================

ဒုတိယအမြင့်ဆုံး ငွေကြေးကို
ပိုင်ဆိုင်ထားကတော့ ဘာရိန်းနိုင်ငံပါ။
ဘာရိန်း 1 ဒီနာ (1BHD) ဟာ
အမေရိကန်ဒေါ်လာ 2.65 နဲ့
ညီမျှပါတယ်။

3. အိုမာန်ရီယယ် (OMR)
==================

တတိယငွေကြေး အမြင့်ဆုံးကတော့
အိုမာန်ရီယယ်(OMR) ပဲ ဖြစ်ပါတယ်။
အိုမန် 1ရီယယ် (1OMR) က
အမေရိကန်ဒေါ်လာ 2.60ဒေါ်လာနဲ့
ညီမျှပါတယ်။

4. ဂျော်ဒန်ဒိနာ (JOD)
=================

ဂျော်ဒန်ဒီနာ (JOD) က
စတုတ္ထတန်ဖိုးအကြီးဆုံး
ငွေကြေးပဲ ဖြစ်ပါတယ်။
ဂျော်ဒန် 1 ဒီနာ (1JOD)ဟာ
အမေရိကန်ဒေါ်လာ 1.41ဒေါ်လာနဲ့
ညီမျှပါတယ်။

5. စတာလင်ပေါင်
==============

လူအများစု ထင်ထားတဲ့
စတာလင်ပေါင်က
ကမ္ဘာ့အမြင့်ဆုံး ငွေကြေးမဟုတ်ဘဲ
အဆင့်(၅) နေရာမှာသာ ရှိပါတယ်။
စတာလင်ပေါင် 1ပေါင် ဟာ
အမေရိကန်ဒေါ်လာ 1.26 ဒေါ်လာနဲ့
ညီမျှပါတယ်။

6. ကေးမန်းကျွန်းဒေါ်လာ (KYD)
=======================

ကာရစ်ဘီယံပင်လယ်ရဲ့
အနောက်ဘက်မှာ တည်ရှိတဲ့
ကေးမန်းကျွန်း ဒေါ်လာကလည်း
ကမ္ဘာ့တန်းဖိုး အကြီးဆုံး ငွေကြေး
စာရင်းဝင်ထဲမှာ ပါပါတယ်။
ကေးမန်းကျွန်းစု 1ဒေါ်လာ(1KYD)ဟာ
အမေရိကန်ဒေါ်လာ 1.19 ဒေါ်လာနဲ့
ညီမျှပါတယ်။

7. ယူရို
======

ယူရို ငွေကြေးဟာ လက်ရှိမှာတော့
အဆင့်(7)နေရာမှာပဲ ရှိပါတယ်။
1ယူရို ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ
1.13 ဒေါ်လာနဲ့ ညီမျှပါတယ်။

8. ဆွစ်ဇလန်ဖရန့် (CHF)
==================

ဆွစ်ဇလန် 1ဖရန့်(1CHF) က
အမေရိကန်ဒေါ်လာ 1.06 ဒေါ်လာနဲ့
ညီမျှပါတယ်။

9. အမေရိကန်ဒေါ်လာ
================

ကမ္ဘာ့စီးပွားရေးမှာ အမေရိကန်ရဲ့
အရှိန်အဝါက ကြီးမားပေးမဲ့
ငွေကြေးတန်ဖိုးနေရာမှာတော့
အဆင့် (9)နေရာမှာသာ ရှိပါတယ်။

10. ကနေဒါဒေါ်လာ ( CAD)
===================

ကနေဒါ ဒေါ်လာကတော့
ကမ္ဘာ့ငွေကြေးတန်ဖိုးအမြင့်ဆုံး
(10)နေရာမှာ ရှိပါတယ်။
ကနေဒါ 1ဒေါ်လာ ဟာ
အမေရိကန်ဒေါ်လာ 0.74 ဒေါ်လာနဲ့
ညီမျှပါတယ်။

Credit.
❤2
𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗶𝘀 𝘁𝗵𝗲 𝗺𝗼𝘀𝘁 𝗽𝗼𝘄𝗲𝗿𝗳𝘂𝗹 𝘄𝗲𝗮𝗽𝗼𝗻 𝘄𝗵𝗶𝗰𝗵 𝘆𝗼𝘂 𝗰𝗮𝗻 𝘂𝘀𝗲 𝘁𝗼 𝗰𝗵𝗮𝗻𝗴𝗲 𝘁𝗵𝗲 𝘄𝗼𝗿𝗹𝗱.🌍 - 𝐍𝐞𝐥𝐬𝐨𝐧 𝐌𝐚𝐧𝐝𝐞𝐥𝐚
Feb 5

သတိ
ပါးစပ်ကို ဖြည်းဖြည်းဖွင့်ပါ..
➖➖➖➖➖➖➖➖➖➖
စကား...
နှစ်လုံးသာ ရှိပေမယ့်
အပြော မှားမိတဲ့အခါ
နောက်ဆက်တွဲ အနေနဲ့
ကောင်းကျိုးထက်
ဆိုးကျိုးတွေက တနင့်တပိုး။
အပြောမတတ်တော့
ကြားရသူနားကို ခါးသက်စေပြီး
အမြင်ကပ်စရာ
ရွံရှာမုန်းတီးစရာ ဖြစ်တတ်ပါတယ်။

စကားကြောင့်
ဘဝဟာ
တစ်ခါတစ်ရံ ပျားသကာလို
ချို မြိန် နေတတ်ပေမယ့်
တစ်ခါတစ်ရံ အဆိပ်တစ်စက်လို
အသက်ကိုတောင်
ရန်ရှာ တတ်ပါသေးတယ်။

အချိန်အခါကို မသိဘဲ
လွယ်လွယ် ဖွင့်မိတဲ့ ပါးစပ်‌ကြောင့်
ပြောမှားမိသူနဲ့ တကွ
ပတ်သက်ဆက်နွယ်ရာကို
အန္တရာယ်ကြီးကြီးမားမား
ဖြစ်စေနိုင်ပါတယ်။
ချစ်စေလိုလည်း ဒီပါးစပ်
မုန်းစေလိုလည်း ဒီပါးစပ်ပါ။
အပြောတစ်ချက် မှားလိုက်ရုံနဲ့
မျှော်လင့်ချက်တွေကို
တစ်စစီ ချေမွပြီး
အနာဂတ်ကိုလည်း
ဖျက်ဆီးတတ်ပါသေးတယ်။

သတိကြီးကြီးထားပါ။
တဒင်္ဂ အခိုက်အတန့်တွင်းမှာပဲ
မိတ်ဆွေကို ရန်သူအဖြစ်
ရန်သူလည်း မိတ်ဆွေဖြစ်အောင်အထိ
စကားရဲ့အစွမ်းက
ထက်လှပါတယ်၊
ဒါ့ကြောင့်
စကားထွက်ရာ ပါးစပ်ပေါက်ကို
ဖြည်းဖြည်းချင်း ဖွင့်ပါ။
အချိန်အခါကို သိပြီး
မှန်ကန်ကောင်းမြတ်တဲ့ စကားကိုပဲ
နူးညံ့ ချိုသာစွာ ပြောတတ်ကြပါစေ...။
Media is too big
VIEW IN TELEGRAM
🐒 Monkeypox မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာ