Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.9K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
လူ (၄) မျိုး


✅အလင်းကလာပြီး အလင်းကိုပြန်သွားသူ

✅အလင်းကလာပြီး အမှောင်ကိုသွားသူ

✅အမှောင်ကလာပြီး အမှောင်ကိုပြန်သွားသူ

✅အမှောင်ကလာပြီး အလင်းကိုသွားသူ


ဘယ်ကပဲလာလာ၊ အလင်းသွားနိုင်သူကတော့ ကောင်းတာပေါ့၊

ကိုယ်ဘယ်သွားမလဲဆိုတာ တွက်လို့ရပါတယ်၊ ဣသာ မစ္ဆရိယ စိတ်တွေကိုယ့်မှာ ဘယ်လောက်များနေသလဲဆိုတာ ကိုယ်သွားရမဲ့ နောက်ဘဝပါပဲ၊

လောဘနဲ့သေရင် ပြိတ္တာ
ဒေါသနဲ့သေရင် ငရဲ
မောဟနဲ့သေရင် တိရစ္ဆာန်ဘဝတွေကို ရောက်ကြမှာပါ၊
❤53👍7🥰5
ဆရာ၊ ဆရာမတို့အတွက် အထူးသတင်း - "AI for Teachers" သင်တန်း (အခမဲ့)

ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးလုပ်ငန်းစဉ်တွေကို AI နည်းပညာသုံးပြီး ပိုမိုထိရောက်၊ ခေတ်မီလာစေဖို့ American Center Yangon ကနေ ကြီးမှူးပြီး "AI for Teachers" အခမဲ့သင်တန်းကို တစ်ရက်တာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဘာတွေ လေ့လာရမလဲ?
AI နည်းပညာတွေကို အသုံးပြုပြီး -
သင်ခန်းစာပြင်ဆင်ခြင်း
မေးခွန်းလွှာ ထုတ်ခြင်း
အတန်းတွင်း ဆောင်ရွက်ချက်များနှင့် စစ်ဆေးအကဲဖြတ်မှုများ ဖန်တီးခြင်း
ပုံမှန်လုပ်ဆောင်နေကျ တာဝန်များကို အချိန်တိုအတွင်း အပြီးသတ်ခြင်း
နေ့စဉ်လူမှုဘဝတွင် AI ကို လက်တွေ့ကျကျ ပေါင်းစပ်အသုံးပြုခြင်း စသည်တို့ကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။

သင်တန်းအသေးစိတ်
📅 ရက်စွဲ: မတ်လ (၁၄) ရက်၊ စနေနေ့
⏰ အချိန်: နေ့ခင်း (၂) နာရီ - (၄) နာရီခွဲ
📍 နေရာ: American Center Yangon

အထူးသတိပြုရန်
လက်တွေ့လုပ်ဆောင်နိုင်ရန် မိမိတို့၏ ကိုယ်ပိုင် Laptop ကို ယူဆောင်သွားရန် လိုအပ်ပါသည်။ (Laptop မပါရှိသူများအတွက် Chromebook အနည်းငယ် စီစဉ်ပေးထားမည်)။
တက်ရောက်နိုင်သူ အရေအတွက် ကန့်သတ်ထားသောကြောင့် စိတ်ဝင်စားပါက အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။

👉 စာရင်းပေးသွင်းရန်: https://docs.google.com/forms

မိမိတို့ရဲ့ သင်ကြားရေးစွမ်းရည်ကို အဆင့်မြှင့်တင်ဖို့အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပညာရေး သတင်းလွှာ
❤9
Grade 12 မေးခွန်းက

2024 မှာ - ၇ စုံ
2025 မှာ - ၁၃ စုံ
2026 မှာ - ???

"မေးခွန်း ဘယ်နှစ်စုံမေးမယ် ဆိုတာထက်
မေးတဲ့မေးခွန်းကို ဖြေနိုင်ဖို့က အဓိကပါ။"

ပညာရေး သတင်းလွှာ
❤15
၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်စီမံကိန်း ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လူရည်ချွန်စီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၉ ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေး၏ အဓိကအချက်များမှာ -
✅ ရွေးချယ်ထားသည့် လူရည်ချွန်ဦးရေ
အခြေခံပညာကဏ္ဍ - နဝမတန်းမှ ဒွါဒသမတန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၆၀ ဦး ကို ရွေးချယ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆင့်မြင့်ပညာကဏ္ဍ - ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉၁ ဦး ကို ရွေးချယ်ထားပြီး သတင်းစာများတွင် ဆက်လက်ထုတ်ပြန်လျက်ရှိသည်။

✅ ဆွေးနွေးခဲ့သည့် အချက်များ
ရွေးချယ်ထားသော လူရည်ချွန်ကျောင်းသား ကျောင်းသူများအတွက် လူရည်ချွန်စခန်းများ သတ်မှတ်နိုင်ရေး။
နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ။
စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ။

ပြည်ထောင်စုဝန်ကြီးက လူရည်ချွန်စီမံကိန်း အောင်မြင်စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

#Education #MyanmarEducation #လူရည်ချွန် #ပညာရေးဝန်ကြီးဌာန #နေပြည်တော်
❤5
သိရှိနိုင်ပါရန်-

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေသည့် ကာလအတွင်း ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများ၊ ကျောင်းသားမိဘပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် အစီအမံများ ဆောင်ရွက်ထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာ အစီအမံများအဖြစ် စာမေးပွဲအတွက် အသုံးပြုမည့်ယာဥ်တွင် “စာမေးပွဲတာဝန်” သို့မဟုတ် “Car Pass” ကတ်ပြားများကို ကားရှေ့မှန်တွင်ကပ်၍ အသုံးပြုခွင့်ပြုမည်ဖြစ်သလို စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို/ပို့ ယာဉ်များကို စုံ/မ အက္ခရာ( ခွဲခြားခြင်းမရှိဘဲ) သွားလာခွင့်ပြုမည်ဟုဆိုသည်။

အလားတူ ပြင်ပဖြေကျောင်းသားများအနေဖြင့် မိမိတို့၏ “စာမေးပွဲဖြေဆိုခွင့် ကတ်ပြား” ပြသ၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်ခြင်းတို့ကို သက်ဆိုင်ရာ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
❤31
ကျုပ်မှားသလား

11-3-26 G12စာမေးပွဲတွေစပြီ
စာမေးပွဲ စ-ဆုံးတိုင် ချောမွေ့စေဖို့
ကြီးကြပ်ရေးမှူးတွေကို ကူညီပံ့ပိုးပေးရသူ
(Facilitator)ဟာ ပညာရေးမှူး(TEO)ပါ

အထစ်ထစ်အငေါ့ငေါ့ဖြစ်ရင်တာဝန်မကင်းဘူး
မကင်းတော့လည်းထဲထဲဝင်ဝင်လုပ်လို့မရပြန်ဘူး

ပြဿနာဖြစ်လာရင်တော့လည်းငါးချီးပုဇွန်ဆိတ်
ခေါင်းစု TEOအမှုဖြစ်ပြန်ရော
ဆိုတော့လည်း
ထဲထဲဝင်ဝင် ဖြဲကိုဝင်လိုက်ရတာတွေလည်းရှိ

သူငယ်ချင်းတစ်ယောက်ကပြောတယ်
အဖြေလွှာတွေကို ရဲစခန်းငွေတိုက်ထဲမှာသေတ္တာ
မဝယ်နိုင်လို့ သေတ္တာနဲ့မထည့် အပုံလိုက်ထားတာ
ကြီးကြပ်ရေးမှူးတွေကလည်းသူ့ကိုမလွန်ဆန်နိုင်
TEOအမိန့်အရ ရင်တမမဖြစ်ရတာ တဲ့

ဒါ သူ့အလုပ်လား
ခြစားလို့ကတော့ ပင်စင်မစားရဖြစ်သွားမယ်TEO
သေတ္တာ တစ်နည်းနည်းနဲ့ရအောင်လုပ်ပေးရမှာ
သူ့အလုပ်
ဖြေပြီးအထုပ်တွေ သယ်လာ သိမ်းဆည်း
မေခွန်းတွေထုတ် ကြီးကြပ်ရေးမှူးအလုပ်ချည်ပဲ
TEOက စောင်းငန်းစောင်းငန်းကြည့်ရုံသာ

စာမေးပွဲလုပ်ငန်းစဥ်တွေဟာtimingချိန်ကိုက်တွေ
ချည်ပဲ မနက်မေးခွန်းထုတ် အဖြေလွှာပြန်ပို့
သယ်/ပို့ လုံခြုံအစစTEOကစီမံရတာ

မေးခွန်းထုတ်တော့ သော့မေ့ကျန်ခဲ့သတဲ့
ချက်ချင်ပြန်ယူဆိုတော့ ရွာမှာကျန်ခဲ့တာ တဲ့

ဒီကျမှ ထဲထဲဝင်ဝင် TEO
အဲ့ သေတ္တာသော့ ရိုက်ဖွင့်လိုက်
ကြိကြပ်ရေးမှူး သော့အမြန်ပြန်ယူခိုင်းလိုက်
ခင်ဗျားထုချေလွှာရေး
(ဆြာကြီး ပေါင်းတည်သဖန်းကုန်း)😁

ကြိကြပ်ရေးမှူးအားလုံး စာဖြေဌာနမှာအိပ်ရမည်.
ထဲထဲဝင်ဝင်အမိန့်တွေဒရစပ် ထုတ်ပစ်လိုက်တယ်

ဟိုတုံးကတော့ ခိုးရာပါအတိုအထွာရှာရတာက
အရေးကြီးအလုပ်
ဘယ်သို့ရှာကြဆိုတာ ကြီးကြပ်ရေးမှူးရဲ့ပိုင်ခွင့်
TEOနဲ့က လားလားမှမဆိုင်
ရှာရင်းရှာရင်း ၀၉း၁၅ ကျမှ ခလေးတွေစာဖြေ
ခန်းထဲရောက်သွားတယ်

ခင်ဗျားတို့အရှာအဖွေကြောင့်
စာဖြေချိန်၁၅မိနစ် နစ်နာသွားတယ်
ဘာလုပ်ပေးမလဲTEO တဲ့

ဗုဒ္ဓေါ ဘုန်းကြီးအမှု ရွာပတ်
ပူညံဆူညံတွေဖြစ်မှဖြင့် -
ဒီစာဖြေဌာနရ ပိုင်စိုးသူဟာကြီးကြပ်ရေးမှူးပဲ
သူ့ကိစ္စသူရှင်းပေါ့
သို့ပေတဲ့ ကိုယ်ကTEO ခေါင်းခဲရပြီ

ကဲ ကြိးကြပ်ရေးမှူး ဒီလိုတော့ဖြစ်ကုန်ပြီ
ဘယ်လိုလုပ်မလဲ

သူ့မလဲ ပြူးပြဲထိတ်ပျာ မလုပ်တတ်ရှာနဲ့.

TEOကြီးပဲ ကြည့်စီစဥ်ပေးပါ
အထဲတော့ဝင်ရပြန်ပြီ

ဒါဆို ဒီလိုလုပ်----

ဟုတ် ဟုတ်.

ဟုတ်မနေနဲ့
ဒါဆို ခင်ဗျားauthorityအရပဲ
ဒီမှာလက်မှတ်ထိုး..
(ဆြာမကြီး ပေါင်းတည်မှာ😁)

ကဲမိဘတို့
#စာဖြေခေါင်းလောင်း၁၂း၁၅ထိုးပေပါ့မယ် ကဲ

အထက်ကပြောလာရင်
ဆူညံပူညံမြန်မာပြည်လျှံသွားရင် ဘယ့်နှယ်လုပ်
ဟုန်းမဲ့မီးတောက်ရုံ တောက်ရုံမီးငြိမ်းစေ
ဒါ ကြီးကြပ်ရေးမှူးအမိန့်အရပဲ

#ကျုပ်မှားသလား

မနက်စောစောမေးခွန်ထုပ်တွေ စာဖြေဌာနတွေအ
ရောက်ကြိးကြပ်ပေးပြီးရင် ကြီးကြပ်ရေးမှူးအပိုင်း
ပဲကျန်တော့တာ TEOခဏတစ်ဖြုတ်ယပ်ခတ်ပေါ့

ဗြုန်းဆို ရပ်ကွက်တစ်ခုမီးလောင်ပါရော
ဟ အဲ့ရပ်ကွက် စာဖြေကျောင်းသားတွေရှိလေရဲ့
ပြေးပြီးမေးမြန်းစုံစမ်းအုံးမှ
တော်ပေ၏ တစ်ယောက်မှကသီလင်တမဖြစ်ကြ

ကိုယ့်မှာစာဖြေဌာနကိုတော့အရောက်နောက်ကျ

ခင်ဗျား ဘာလုပ်နောက်ကျ အလုပ်မှမလေးစား

တာဝန်ကျလ/ထတိုင်းက
သဟောက်သဟာ အများရှေ့မှာ

နှစ်ကိုယ်ထည်းကျမှပဲအသာလေး
(သူငယ်ချင်း သူငယ်ချင်း😁)

ကျုပ် ဒါဖြစ်လို့ ဒါကြောင့်သွား
ဒါကြောင့်နောက်ကျ ခင်ဗျားကစူခါငေါက်ခါနဲ့

#ဒါကျုပ်မှားသလား #ပြော ဟွန်း

ဆိုမှပဲ သူ မရှိတဲ့ဆံပင်ကုတ်လေ၏🤣

ဖြေပြီးဆိုပဲ အဖြေလွှာတွေ ၅၀တစ်စည်း အထုပ်
တွေလုပ်

စာဖြေသူစာရင်း
အဖြေလွှာအပ်ပြီးကြောင်းလက်မှတ်ထိုးစာရင်း
ပျက်ကွက်စာရင်း
အဖြေလွှာထုပ်
ဒါတွေကိုတစ်ယောက်ချင်းကိုင် အော် အော်ပြီးစစ်
ပြီးမှန်မှ ကြီးကြပ်ရေးမှုးအထုပ်ထုပ်ထိုင်ကြည့်
ဒီ stepတွေနဲ့လုပ်မှသေချာ
ဒါ သူတို့ရုံးအဖွဲ့ရဲ့အလုပ် TEO ကအနေသာ
သို့ပေတဲ့ မနေသာ အပြင်အသာကြည့်လိုက်တော့
ဘသားချောကြီးကြပ်ရေးမှူးက ခလောခလော
(ညိုညိုမည်းမည်းဝပြဲပြဲ သူ ကွယ်လွန်ပြီ)

ထဲထဲဝင်ဝင်ပဲ
ဟိတ်လူ ထစမ်း .
အဖြေလွှာတစ်အုပ်လျှော့လို့ကတော့ ပြုတ်ပြီမှတ်
ခုချက်ချင်းထ ကိုယ်တိုင်လုပ် ဒါပဲ

#ကျုပ်မှားသလား
❤30👍1
အထက်တန်း/အလယ်တန်းကျောင်းအုပ်ကြီးများ အတွက်
သတင်းကောင်းပါခင်ဗျ။
ရာထူးတိုး/ပြောင်းထွက်ပါပြီ။
11/3/2026
❤49
G-12စာမေးပွဲအတွက်
2026မှာ မေးခွန်း ဘယ်နှစ်စုံ ထုတ်သလဲ??????

4စုံပါ။

1️⃣ ပြည်တွင်း တစ်စုံ၊
2️⃣ စစ်ဘေးရှောင်(ပြည်တွင်း )တစ်စုံ၊
3️⃣စိုက်၊စက်၊မွေးတစ်စုံ၊
4️⃣နိူင်ငံခြား တစ်စုံ။

ပါလို့
❤67
၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ဆေးခဲ့သော မြန်မာစာမေးခွန်းလွှာများ

၁၁- ၃- ၂၀၂၆

မေးခွန်းလွှာ (၁) တိုင်း/ပြည်နယ် အများစုတွင် စစ်ဆေးခဲ့သောမေးခွန်းလွှာ
[ မေးခွန်းလွှာ (၁) ]


စာစစ်ဌာန- ၈၈၇ ဌာန
စာရင်းပေးသွင်းထားသူ- ၂၆၈၇၅၃ ဦး
ဝင်ရောက်ဖြေဆိုသူ-၂၅၅၂၂၈ ဦး
ဖြေဆိုသည့်ရာခိုင်နှုန်း- ၉၄.၉၇%

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး
စာစစ်ဌာန- ၅၃ ဌာန
စာရင်းပေးသွင်းထားသူ-၃၃၈၆ဦး
ဝင်ရောက်ဖြေဆိုသူ-၃၃၆၄ဦး
ဖြေဆိုသည့်ရာခိုင်နှုန်း-၉၉. ၃၅%

ပညာရေး သတင်းလွှာ
❤7👏3
၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ဆေးခဲ့သော မြန်မာစာမေးခွန်းလွှာများ

၁၁- ၃- ၂၀၂၆


မေးခွန်းလွှာ (၂) ခက်ခဲသောဒေသအချို့တွင် စစ်ဆေးခဲ့သော မေးခွန်းလွှာ
[ မေးခွန်းလွှာ(၂) ]


စာစစ်ဌာန- ၈၈၇ ဌာန
စာရင်းပေးသွင်းထားသူ- ၂၆၈၇၅၃ ဦး
ဝင်ရောက်ဖြေဆိုသူ-၂၅၅၂၂၈ ဦး
ဖြေဆိုသည့်ရာခိုင်နှုန်း- ၉၄.၉၇%

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး
စာစစ်ဌာန- ၅၃ ဌာန
စာရင်းပေးသွင်းထားသူ-၃၃၈၆ဦး
ဝင်ရောက်ဖြေဆိုသူ-၃၃၆၄ဦး
ဖြေဆိုသည့်ရာခိုင်နှုန်း-၉၉. ၃၅%

ပညာရေး သတင်းလွှာ
❤7
၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ဆေးခဲ့သော မြန်မာစာမေးခွန်းလွှာများ

၁၁- ၃- ၂၀၂၆

မေးခွန်းလွှာ (၃) စက်မှု၊စိုက်ပျိုး၊ မွေးမြူ ကျောင်းများတွင်စစ်ဆေးခဲ့သောမေးခွန်းလွှာ
[ မေးခွန်းလွှာ(၃) ]

စာစစ်ဌာန- ၈၈၇ ဌာန
စာရင်းပေးသွင်းထားသူ- ၂၆၈၇၅၃ ဦး
ဝင်ရောက်ဖြေဆိုသူ-၂၅၅၂၂၈ ဦး
ဖြေဆိုသည့်ရာခိုင်နှုန်း- ၉၄.၉၇%

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး
စာစစ်ဌာန- ၅၃ ဌာန
စာရင်းပေးသွင်းထားသူ-၃၃၈၆ဦး
ဝင်ရောက်ဖြေဆိုသူ-၃၃၆၄ဦး
ဖြေဆိုသည့်ရာခိုင်နှုန်း-၉၉. ၃၅%

ပညာရေး သတင်းလွှာ
❤4