Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စကားကြီး ဆယ်မျိုး
မြန်မာ့စံနမူနာ စကားပြောနည်းဆယ်မျိုး
++++++++++(++(+++++++++++++++

မြန်မာမှု နယ်ပယ်၊ စကားပြောသည့်အရာတွင် ကျွမ်းကျင်လိမ္မာစေရန် နည်း အမျိုးမျိုးတို့ကို စကားကြီးဆယ်မျိုးဟူ၍ မြန်မာစာ၌ ခွဲခြားသတ်မှတ်ထားသည်။

ထိုဆယ်မျိုးမှာ -
'ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ရေသွားသည့်သွင်၊ ခက်တင်မောင်းနင်း၊ ဆိုခြင်း စကား ဤ ၁ဝပါး'ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့၏ အမည်အပြည့်အစုံမှာ-

ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။
ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။
ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍ ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့ ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်းဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။
အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။
ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စပြီးသကဲ့သို့ လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။
ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။
တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာမြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။
ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။
ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။
ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျပြောဆိုခြင်း။

ရေကူးညာတင်ပြောနည်း
----------------
မြစ်တဖက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင်၊ မြစ်ညာက တင်၍ ကူးမှ လိုရာသို့ရောက်သကဲ့သို့၊ မိမိ အလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းကို ရေကူးညာတင်ပြောနည်းဟု ခေါ်သည်။ ရှေးအခါက သမားတော်ဇီဝကသည် အူထုံးသော သူဌေးသားကို ကုသရာတွင် ခုနစ်ရက်ခန့် အိပ်စေလိုသည်ကို ခုနစ်လခန့် အိပ်နိုင်မည်လောဟု မေး၏။ သူဌေးသားက မအိပ်နိုင်ပါဟု ဆိုသည်တွင် ခြောက်လခန့် အိပ်နိုင်ပါမည်လော စသည်ဖြင့် တရွေ့ရွေ့ဆုတ်ကာ ဆုတ်ကာမေး၏။ နောက်ဆုံး လိုရင်းဖြစ်သော ခုနစ်ရက်သို့ ရောက်ခါမှ သူဌေးသားကို ခုနစ်ရက် အိပ်စေပြီးလျှင် ဝမ်းကိုခွဲ၍ အူထုံးကို ဖြေသည်။ ဤစကားမျိုးသည် ရေကူးညာတင်ဆိုသော စကားမျိုးဖြစ်၏။ အရပ်သားအသုံးအနှုန်း၌ ရင်လောက်တင် ဒူးလောက်ကျ ဟူသောစကား၏ အဓိပ္ပာယ်ကဲ့သို့ပင် ဖြစ်သည်။

ကောက်ပင်ရိတ်လှီးပြောနည်း
-----++++++-----
စပါးရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်သိမ်းကာ တံစဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့၊ တစ်ဖက်လူ၏ စကားကို သိမ်းကျုံး ဖမ်းယူပြီးမှ၊ အရင်းကဖြတ်၍ ပိုင် အောင် ပြောခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်း ဖြစ်၏။ ရှေးအခါက သူဌေးသားတစ်ယောက်သည် ဗျိုင်းတစ်ကောင်ကို လေးနှင့်ပစ်၍ယူလာသည်ကို အခြားသူဌေးသားတစ်ယောက်က မြင်၍၊ လိုချင်သဖြင့် 'ဤဗျိုင်းသည် တစ်နေ့လျှင် ရွှေစင်တစ်ကျပ်သား အန်ထုတ်ပေးလေ့ရှိသော ငါ၏ဗျိုင်းဖြစ်သည်' ဟု စွပ်စွဲသည်။ ထိုအခါ လေးနှင့်ပစ်သူက'ထိုသို့ အန်ထုတ် ပေးလာသည်မှာ မည်မျှကြာပြီနည်း'ဟုမေးရာ၊ဗျိုင်းရှင်ဆိုသူက 'တစ်နှစ်ရှိပြီ'ဟု ထပ်၍ဖြေ၏။ ထိုအခါမှ လေးနှင့်ပစ်သူက 'မိမိအိမ်ရှေ့တွင် ပုံထားသော ရွှေစင်ပုံကြီးမှ တစ်နေ့လျှင်တစ်ကျပ်သား ပျောက်ဆုံးခဲ့သည်မှာ တနှစ်ရှိခဲ့ပြီဖြစ်ရာ၊ ယနေ့မှ သူခိုးကိုမိသည်။ ဗျိုင်းသည်သူခိုးဖြစ်၍ ဗျိုင်းရှင် သည် သူခိုး လက်ခံဖြစ်သည်။ ထိုကြောင့် တစ်နှစ်ထွက် ရွှေသုံးပိဿာ ခြောက်ဆယ်သား လျော်ပေးရမည်'ဟူ၍တောင်းလေ၏။ ထိုကြောင့် ဗျိုင်းကိုလိုချင်သော သူဌေးသားသည် အလျော်ပေးရလေ၏။ ဤသို့ တဖက်လူ၏စကားကို ဖမ်းပြီးမှ ပိုင်လောက်အောင် ပြောခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်းမည်၏။

ရေစီးဖောင်ဆန်ပြောနည်း
----------------
❤9
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ၊ လိုရာဆန္ဒရှိသမျှကိုတင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင်၊ လိုရာအရပ်သို့ ရောက်နိုင်၏။ ဤဥပမာကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောသောစကားသည် ရေစီးဖောင်ဆန်မည်၏။ ဟံသာဝတီဘုရင် ရာဇဓိရာဇ်မင်းလက်ထက်၊ ဒွါရာဝတီမင်း စစ်ချီလာရာတွင်၊ ရာဇာဓိရာဇ်က သံစေလွှတ်ရာ၌ စာသဝဏ်တွင် 'အဆွေတော်'ဟု ရေးသည်ကို၊ဒွါရဝတီမင်းက မနှစ်သက်လေ။ ထိုကြောင့် ပဝတ္တိမင်းက ဇာတိအားဖြင့် မင်းဖြစ်သူကို အဆွေတော်ဟု ခေါ်ဝေါ်သည်မှာမသင့်။ဤအရေးကို ပြေအောင်သံတော်တို့ကချေလည်စေ။ မချေလည်နိုင်လျှင် ဆီအိုးကင်း၌ ထည့်၍ ကြော်ရမည်ဟု ဒွါရာဝတီမင်းက သံတော်တို့ကို မိန့်လေ၏။ ထိုအခါ သံတော်တို့က 'အဆွေတော်'ဟု ရေးခြင်းသည် ဘုရားရှင်တို့မှစ၍ တပည့်သားသံဃာနှင့်တကွရေမြေ့ရှင် တို့တိုင်အောင် ခေါ်ဝေါ်သည့်ထုံးစံဖြစ်ကြောင်း၊ ဘုရားရှင်တို့သည် ဘုရားရှင်ချင်းကိုသာ ညီတော်နောင်တော် ခေါ်၏။ လူ့ဘဝမှ တော်စပ်သောဆွေမျိုးများကိုကား ဤသို့မခေါ်ချေ။ ထို့အတူ ဘုရင်မင်းမြတ်တို့သည်လည်း ထီးနန်း မစံသေးသော ဆွေတော်မျိုးတော်တို့ကို အဆွေတော်ဟုခေါ်ရိုးမရှိ။ နန်းစံဘုရင် ချင်းကိုသာ အဆွေတော် ခေါ်ရိုးဖြစ်၍ ရာဇဓိရာဇ်မှာလည်း ဟံသာဝတီရွှေနန်းရှင် ဖြစ်သောကြောင့် အဆွေတော်ဟု ရေးရသည်ဟု သံတို့က လျှောက်ထား၏။ ထိုအခါ၊ ဒွါရာဝတီ မင်းနှင့် ပါလာသော ပညာရှိမှူးမတ်တို့က ယခုချေပသည် စကားသည် သဗ္ဗညုရှင်တော်ဘုရားတို့ကို ဥပမာပြု၍ တပည့် သားသံဃာတော်နှင့်တကွ ရေမြေ့ရှင်တို့တိုင်အောင် ခေါ်ဝေါ် ပြီးသည့် ထုံးစံနှင့်ချေလည်ခြင်းဖြစ်သည်ဟု ချီးမွမ်းကြသဖြင့်၊ ဒွါရာဝတီမင်းလည်း စကားချေလည်သည် သင့်ပေ၏ဟု ဆုလာပ် များစွာပေးလေသည်။ ဤကဲ့သို့ ဥပမာ ဥပမေယျတို့ဖြင့် လိုရာ ရောက်အောင် ပြောခြင်းသည် ရေစီးဖောင်ဆန်ပြောခြင်းပင် ဖြစ်၏။

အိုးတန်ဆန်ခပ်ပြောနည်း
----------------
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် အိုးတန်ဆန်ခပ်ပြောနည်းဖြစ်၏။ ဘုရားအလောင်း သုဝဏ္ဏသာမသည် မြားဆိပ်သင့်၍ လဲနေရာ၊ မိဘ ၂ပါးအား သိကြားမင်းက သားရှင်စေလိုသလော၊ ရွှေအိုးလိုချင်သလော၊ မျက်စိမြင်ချင်သလောဟု မေးရာတွင် သားရွှေအိုးထမ်းလာသည်ကို မြင်ချင်ပါသည်ဟု ဖြေသဖြင့် လိုအပ်သမျှပြည့်စုံ၏။ ထိုသို့အလိုရှိသောစကားကို မယုတ်မလွန်ပြောခြင်း သည် အိုးတန်ဆန်ခပ်ပြောနည်းဖြစ်၏။

ဆီပွတ်ကျည်ပွေ့ပြောနည်း
-----------------
ဆီကိုရအောင်ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောခြင်းသည် ဆီပွတ်ကျည်ပွေ့ပြောနည်း ဖြစ်၏။ ရှေးအခါ မင်းတစ်ပါးသည် ဘုရားတည်မည်ပြုရာ၊ ဘုရားပိန္နဲတိုင်ကို မန်ကျည်းနှစ်ဖြင့် လုပ်ရသည် မကောင်းလောဟု အမတ်ကြီးအားမေး၏။ အမတ်ကြီးက 'မန်ကျည်းနှစ်လည်း ကောင်း၊ကျွန်းသားလည်း ကောင်း၏' ဟု ဖြေသည်။ ဤသို့ ဘုရင်မေးသမျှသော သစ်သားများတွင် ကျွန်းသားကောင်းကြောင်းကို ထပ်တစ်လဲလဲ ထည့်၍ ပြောသဖြင့်၊ ကျွန်းသားကိုပင် ဘုရားပိန္နဲတိုင် လုပ်ရလေသည်။ ထိုသို့ အလိုရှိသောစကားကို ထပ်တလဲလဲပြောခြင်းသည် ဆီပွတ် ကျည်ပွေ့ပြောနည်းမည်၏။

ဆင်ဝှေ့ရန်ရှောင်ပြောနည်း
-----------------
ဆင်ဝှေ့မည်ဟုဆိုလိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့၊ စကားအရာတွင်လည်း မိမိအဖို့ဘေးရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်းသည် ဆင်ဝှေ့ရန်ရှောင် ပြောနည်းပင်ဖြစ်၏။ ရှေးအခါက အိမ်ရှေ့မင်း တစ်ပါးသည် ကျောင်းဆောက်ရာ၊ ကျောင်းတိုင်ကို ရက်မအောက် မြေကြီးထိအောင် ရွှေချလေသည်။ ထိုသည်ကို မြို့ဝန်က ဧကရာဇ်ကို တုပ၍မြေကြီးထိ ရွှေမချသင့်ဟု အောက်ခြေမှ ရွှေများကို တိုက်ဖျက်ပစ်လေ၏။ ထိုအခါ အိမ်ရှေ့မင်းသည် အမျက်ထွက်၍ စစ်မေးလေရာ၊ မြို့ဝန်သည် တိုက်ရိုက် မလျှောက်ဘဲ၊ စကားတိမ်းရှောင်၍၊ အရှင် အိမ်ရှေ့မင်းသည် နောင် ဧကရာဇ်မင်း ဖြစ်မည့်သူဖြစ်သည်။ မင်းဧကရာဇ် မဖြစ်မီ ရွှေအပြည့်ချ၍ ကျောင်းဆောက်သော် မင်းဧကရာဇ် ဖြစ်သည့်အခါ မူလဆောက်သောကျောင်းနှင့် မင်းဖြစ်မှ ဆောက်သောကျောင်းသည် အတူတူပင်၊ ခြားနားခြင်းမရှိပါလေဟု ဆိုရန်ရှိသောကြောင့် မင်းဖြစ်သည့်ကာလ ကျောင်း ဆောက်တော်မူလျှင် နောင်ကို ချရန် ရွှေအခင်းကို ချန်လှပ်ထားရပါမည်'ဟု လျှောက်တင်လေ၏။ ဤသို့ လျှောက်တင်သည့်အတွက် အသက်ချမ်းသာရာ ရလေသည်။ ဤကဲ့သို့ ဘေးလွတ်အောင် တိမ်းရှောင်၍ပြောခြင်းသည် ဆင်ဝှေ့ရန်ရှောင်ပြောခြင်းပင် ဖြစ်၏။

တောင်သူယာခုတ်ပြောနည်း
-----------------
တောင်သူတို့သည် ယာခုတ်လျှင် ချုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင် ဦးစွာစကားငယ်ကို ပြော၍ နောက်မှ စကား ကြီးများကို ဖိပြောခြင်းဖြင့် အနိုင်ယူသည်ကို တောင်သူယာခုတ်ပြောနည်းဟု ခေါ်သည်။ ရှေးအခါက ဝိဒေဟရာဇ်မင်းကြီး၏ သိန်းအမတ်နှင့် မဟောသဓာ ပညာရှိသုခမိန်သည် ပညာနှင့် ဥစ္စာ မည်သည်က မြတ်ကြောင်း ငြင်းခုံကြရာတွင်၊ မဟောသဓာသည် ပထမဦးစွာ သေးငယ်သောဥပမာတို့ဖြင့်သာ တင်ပြပြောဆို၍ နောက်ဆုံးတွင် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုတဉာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရားထက် အဘယ်ဥစ္စာရှိသူမှ သာလွန်နိုင်မည်မဟုတ်၍၊
❤5
ဥစ္စာရှိထက် ပညာရှိ မြတ်ပေ၏ဟု စကားကြီးဖြင့် ပိတ်၍ဆိုလေသည်။ ဤသို့ဖြင့် အနိုင်ရလေ၏။ ဤကဲ့သို စကားငယ်ကို ပြောပြီးမှ စကားကြီးဖြင့် ပိတ်၍ဆိုခြင်းသည် တောင်သူယာခုတ်ပြောနည်းမည်၏။

ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
------------------
ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ ဆုတ်ဟန်ပြု၍ အကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင် သူ့အလိုကို လိုက်တန်သရွေ့ လိုက်ပြီးလျှင်၊ စီးသောအခါမှ စီးလျက်ပြောသောစကားမျိုးသည် ကြက်ဆုတ်ခွပ်ပစ် ပြောနည်းစကားမျိုးမည်၏။ ဦးပေါ်ဦး၏လျှောက်ထုံး ဖြစ်သော ကဝိသေတ္တုမဉ္ဇူသာကျမ်းတွင် ဖော်ပြထားသော အောက်ပါအကြောင်းရပ်တို့သည် ကြက်ဆုတ်ခွပ်ပစ်စကားမျိုး ဖြစ်သည်။ တစ်ရံရောအခါ အမရပူရနေပြည်တော်ကြီးအတွင်း တရုတ်လူမျိုး ငရွှေကြည် ခေါက်ဆွဲဖိုမှ မီးထလောင်ကျွမ်းရာ နန်းတော်ကြီးမှစ၍ ရှိရှိသမျှ မီးသင့်လောင်ကျွမ်းကုန်ရကား၊ ခေါက်ဆွဲဖိုရှင် ငရွှေကြည်သည် လက်လွတ်ထွက်ပြေးတိမ်း ရှောင်နေ၏။ ထိုအခိုက်တွင် ဂန္ဓာလရာဇ်ပြည့်ရှင် ချင်းလုံဦးတည် မင်းက လျောင်းတူရဲနှင့် အဖော် ၂ဦးတို့ကို သံတမန်ခန့်လျက် ပဏ္ဏာလက်ဆောင်များ၊ ကုန်စည်ဝယ်ရန် ငွေတော်ရှစ်သိန်း၊ ကုန်တင်ရန် လားကောင်ရေ ခုနစ်ထောင်ကျော်တို့နှင့် အမရပူရ သို့ လွှတ်လိုက်၏။ ထိုသူတို့ ရန်ကင်းတောင်အနီးတွင် စခန်းချနေစဉ် စစ်ကိုင်းမင်း၏ အိမ်တော်သားတို့သည် လက်နက်လှံဓား အမြောက်အမြားနှင့် တရုတ်ကုန်သည်တို့ကို တိုက်ခိုက်လုယူကြရာ လားတို့လည်း တကွဲတပြား၊ တရုတ်တို့လည်း ဒဏ်ရာဒဏ်ချက် အများရကြ၏။ ထိုအခါ တရုတ်သံ တို့က မင်းတရားကြီးအား ထိုအကြောင်းကို အစီရင်ခံလျက် ဒဏ်ရာဒဏ်ချက်ရရှိသည်တို့ကို မဟာမိတ်နိုင်ငံချင်း ဖြစ်သဖြင့် မပြောမဆိုလိုကြောင်း၊ အထည်ပစ္စည်းဝယ်ရန် လွှတ်လိုက်သော ငွေတော်ရှစ်သိန်းကိုသာ ပေးလျော်ပါရန်၊ ယင်းသို့ မဟုတ်ပါက လုယက်သူတို့ကို ပေးအပ်ပါရန် လျှောက်ထားလေ၏။

ဘုရင် မင်းမြတ်သည် ထိုအရေးကို ဆောင်ရွက်စေရန် အမတ်ကြီး ဦးပေါ်ဦးအား တာဝန်လွှဲတော်မူ၏။ အမတ်ကြီး ဦးပေါ်ဦးလည်း တရုတ်တို့အား ဧည့်ဝတ်ကျေပြွန်စွာ ပြုစုပြီးလျှင် တရုတ်သံတို့တောင်းဆိုသော လျော်ကြေးအတွက် ဤသို့ စကား ဆိုသည်။ ဘုရင်ဦးတည်မင်း၏ အမိန့်စာချွန်ကို ဖတ်သိရသည့် အတိုင်း၊ ကျွန်ုပ်တို့က ပေးလျော်ပါမည်။ တရုတ်ကုန်သည်တို့၌ ပျောက်ဆုံးသော ပစ္စည်း အရပ်ရပ်ကိုသာ နောင်အခါ ကျန်ပါသေးဟု မဆိုရစေရန်၊ ထမင်းစားသော တူကိုမျှမချန် ယခုတစ်ခါတည်း စာရင်းတင်ပါဟု ဆိုလေ၏။ တရုတ်တို့က ငွေတော်ရှစ်သိန်းနှင့် မိမိတို့ပိုင်ငွေနှင့် ပေါင်းသော် ကိုးသိန်းခန့် ပျောက်ပါသည်ဟု ဆို၏။ ထိုအခါ ဦးပေါ်ဦးက ထိုငွေကို ပေးလျော်ပါမည် ယခု အမရပူရ နေပြည်တော်မှ ရွှေနန်းတော်ကြီးနှင့်တကွ တစမကျန် တရုတ်လူမျိုး ငရွှေကြည် ခေါက်ဆွဲဖို မှစ၍ မီးလောင်ခံသည်ကို သံမင်းတို့ အသိပင် ဖြစ်သည်။ သို့အတွက် မူလ မီးရှင် တရုတ် ငရွှေကြည်ကို ကျွန်ုပ်တို့ လက်သို့ အပ်စေလိုသည်။ တရုတ် ငရွှေကြည် လက်ဝယ်ရောက်လျှင် ပျောက်ဆုံးငွေ ကိုးသိန်းကို ရပါစေမည် ဟု ပြန်ကြားလေသည်။ တရုတ်သံ တို့လည်း ငရွှေကြည်အား ရှာဖွေရာမတွေ့သဖြင့် မရနိုင်ကြောင်း စကားပြန်၏။ ထိုအခါ ဦးပေါ်ဦးက နှစ်တိုင်းနှစ်ပြည်မဟာမိတ်ဖြစ်ကြသည်မှာ နှစ်ရှည်လများခဲ့ပြီ။ မိတ်မပျက်စေခြင်း အကျိုးငှာ တိမ်းရှောင်နေသူ တရုတ်ငရွှေကြည် တစ်ယောက်ကိုသာ ပေးအပ်ပါ ဆိုသည်ကို ရှာဖွေမရသဖြင့် မအပ်နိုင်ဆိုချေ၏။ ကျွန်ုပ်တို့ထံ တောင်းရမ်းသော ဓားပြတို့မှာ လူများစွာဖြစ်၍ အဘယ်မှာရှာကြံ၍ အပ်နိုင် ပါအံ့နည်း။ ပေးလျော်စေလိုသော ငွေကိုးသိန်းမှာလည်း၊ တရုတ်လူမျိုး ငရွှေကြည်၏ မီးအတွက် ပျက်စီးသော ပစ္စည်းတန်ဖိုးမှာ ကုဋေငါးဆယ်မျှ မက ရှိချေသည်။ ယင်းငွေများကို ကျွန်ုပ်တို့သည် နှစ်ပြည့်တစ်ပြည် အကြည်တော် မပျက်ရှိကြစေခြင်းငှာ သံမင်းတို့ဘုရင်ထံ တောင်းခံခြင်း မပြုပါ။ ကျွန်ုပ်တို့ထံတွင် ပျောက်ဆုံးသော ငွေကိုးသိန်းခန့်လောက်ကို တောင်းခံခြင်းပြုသည်မှာ ပြည်ထောင်တကာ မင်းများစွာတို့ ကြားခါစင်စစ် ရယ်ဖွယ်ကြီး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ဤတရားကို စဉ်းစားပြီးမှ တောင်းခံသင့်ကြောင်းကို သံမင်းတို့မင်းထံ လျှောက်ထားပါဟုဆို၏။ ထိုအခါ သံအမတ်တို့၏ တင်ဆက်လွှာအရ ဦးတည်မင်းက လျော်ကြေးငွေမတောင်းစေတော့ဘဲ၊ ပြန်လာရန် အကြောင်းကြားလေသည်။ဤကဲ့သို့ စကားကို ဦးစွာ၌ အလျှော့ပေးပြီးလျှင် စီးသာသည့်အခါမှ စီး၍ ပြောခြင်းသည် ကြက်ဆုတ်ခွပ်ပစ် ပြောခြင်းမည်၏။

ရေစစ်ကရား ရေသွားသည့်အသွင်ပြောနည်း
---------------------------
ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်နှင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဖက်လူ၏စကားကို ပိတ်မိအောင် ပြောသောစကားသည် ရေစစ်ကရား ရေသွားသည့်သွင် ပြောနည်းမည်၏။ ရှေးအခါက သူငယ် ၄ ယောက်နှင့် သူအိုတစ်ယောက်သည် မယုံဘူးဆိုသူ ကို ကျွန်ပြုစတမ်းဟု ချိန်းချက်၍ ယုံတမ်းစကားပြောကြ၏။ ပထမ သူငယ်က 'ငါငယ်စဉ်က အမိဝမ်းတွင်း၌ ပဋိသန္ဓေနေစဉ် အမိဖြစ်သူ ချဉ်သီးစားချင်ကြောင်း သိသဖြင့် ဝမ်းမှ ထွက်၍ ချဉ်သီးရှာပေးသည်။ ယုံကြသလော'ဟုဆိုရာ ကျန်လူများက ယုံသည်ဟု ဆိုသည်။ ဒုတိယသူငယ်က 'ငါသည် မန်ကျည်းသီး စားချင်သောကြောင့် ခြေမကို ကိုင်ပစ်ခါ မန်ကျည်းပင်ပေါ်သို့ တက်သည်။ မန်ကျည်းသီး တင်းပေါင်းများစွာ
❤4
ဆွတ်ပြီးလျှင် မဆင်းနိုင်၍ အိမ်မှလှေကားကို ပြန်၍ယူကာ ဆင်းရသည်။ ယုံကြသလော'ဟု မေးရာ ယုံပါ၏ဟုဆိုကြ၏။ တတိယ သူငယ်က 'ငါသည် ငါးစားချင်သောကြောင့် ရေတွင်ငုပ်၍ ငါးကိုဖမ်းပြီး ရေထဲမှာပင် မီးဖုတ်၍စား၏။ ယုံကြသလော' ဟုဆိုရာ ယုံပါ၏ဟု ပြောကြ၏။ စတုတ္ထသူငယ်က တစ်ဖန် 'ငါ့မိဖအိမ်သည် အလွန်မြင့်၏။ အိမ်မှကျွန်မ၏ ဖွားမြင်စ သားသည် ကြမ်းပေါက်မှကျရာ ဆံပင်ဆွတ်ဆွတ်ဖြူမှ အောက်သို့ ရောက်၏။ ယုံကြသလော'ဟု မေး၏။ ကျန်လူများက ယုံပါ၏ဟု ဆို၏။ နောက်ဆုံးတွင် သူအိုက 'ငါသည် ဝါပင်တစ်ပင် စိုက်၏။ ထိုဝါပင်မှ ဝါသီး ၄ သီးသီးသည်။ ထိုဝါသီးများမှ သူငယ် ၄ ယောက်ပေါ်ပေါက် သည်ကို ငါ၏ကျွန်ပြုထားသည်။ ထိုသူငယ်တို့သည် ငါ့ထံမှ ထွက်ပြေးကြသည်ကို ငါရှာဖွေနေသည်မှာ ယခုမှ တွေ့ရသည်။ သင်တို့ ၄ ယောက်သည် ငါ့ကျွန်ဖြစ်သည်။ ယုံကြသလော'ဟု မေး၏။ သူငယ် ၄ ယောက်မှာ ယုံပါ၏ဟု ဆိုလျှင်လည်း သူအို၏ကျွန်၊ မယုံပါ၏ ဆိုလျှင်လည်း သူအို၏ကျွန်သာဖြစ်ကြရ၏။ ဤသို့ သူ့စကားကို ပိတ်မိအောင် ပြောသောစကားသည် ရေစစ်ကရား ပြောနည်းဖြစ်၏။

ခက်တင်မောင်းနင်းပြောနည်း
------------------
သူ့စကားကို ဟုတ်၏လည်းမဆို၊ မဟုတ်ဟုလည်း မဆိုဘဲ၊ မတင်မကျ ပြောသောစကားသည် ခက်တင်မောင်းနင်း ပြောနည်း ဖြစ်၏။ ရှေးအခါ မင်းမှုထမ်းတစ်စုက လူဆိုးတစ်ယောက် အား ဖမ်းဆီး၍ သတ်မည်ပြုသည်တွင်၊ လူဆိုးက ငါသည် တောင်ဖီလာဆရာတော်၏တူ ဖြစ်သည်ဟုဆိုရာ၊ မှန်မမှန် မေးရန် ဆရာတော်ထံသို့ ခေါ်သွားကြ၏။ ကျောင်းရောက်၍ ဆရာတော်အား မေးလျှောက်ကြရာ ဆရာတော်က မဟုတ်ဘူး ဆိုလျှင် ဤသူ သေမည်၊ ဟုတ်၏ ဆိုလျှင်လည်း ငါမုသား ရောက်မည်ဟုကြံ၍ 'ဤသူငါ့တူမဟုတ်ဟု မည်သူပြောသနည်း' ဟု မိန့်တော်မူ၏။ မင်းမှုထမ်းတို့လည်း ထပ်၍ မလျှောက်ဝံ့ သဖြင့် ပြန်သွားရ၏။ ဤသို့ဖြင့် လူဆိုးလည်း ချမ်းသာရာ ရ၏။ ဤကဲ့သို့ မတင်မကျပြောခြင်းကို ခက်တင်မောင်းနင်း ပြောနည်းဟုခေါ်၏။

ဆက်စပ်လေ့လာရန် စကားအရာ အင်္ဂါဆယ်ပါး
ကိုးကား
[1]
သုတေသနသရုပ်ပြအဘိဓာန်
[2]
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
#crd_to_owner_with_respect
❤9
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် အရေးကြီးအချက်များ

၁။ အချိန်နှင့် စာမေးပွဲဌာန
မိမိဖြေဆိုရမယ့် နေ့ရက်နဲ့ ဘာသာရပ်ကို သေချာဂရုပြုပါ။
စာမေးပွဲမစတင်မီ အချိန်စောစွာ စာစစ်ဌာနသို့ ရောက်ရှိအောင် သွားပါ။

၂။ ကျန်းမာရေးနှင့် နေထိုင်မှု
စာမေးပွဲကာလအတွင်း ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ (နေမကောင်းဖြစ်ပါက ကြိုးစားသမျှ အချည်းနှီး ဖြစ်တတ်ပါသည်။)
ညလုံးပေါက် စာကျက်ခြင်းကို ရှောင်ကြဉ်ပြီး အိပ်ရေးဝဝ အိပ်ပါ။
အစားအသောက်နှင့် အနေအထိုင်ကို ဆင်ခြင်ပါ။

၃။ စာမေးပွဲဖြေဆိုစဉ် လိုက်နာရန်
မေးခွန်းစာရွက်ရလျှင် အရင်ဆုံး အစဆုံးဖတ်ပါ။ မိမိအပိုင်နိုင်ဆုံး မေးခွန်းကို အရင်ရွေးချယ်ဖြေဆိုပါ။
မေးခွန်းတစ်ခုတည်းမှာ အချိန်အများကြီး မပေးပါနဲ့။ ခက်ခဲနေပါက ကျော်ထားပြီး နောက်မှ ပြန်ဖြေပါ။
Scientific Calculator ကို ကျွမ်းကျင်စွာ အသုံးပြုတတ်အောင် လေ့ကျင့်ထားပါ။
ယူနစ် (Unit) များ၊ ကိန်းဂဏန်းတွက်ချက်မှုများကို အထူးဂရုစိုက်ပါ။

၄။ ပတ်ဝန်းကျင်နှင့် မိဘများ
မိဘနှင့် ဆရာများအနေဖြင့် ကျောင်းသားများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် ဝိုင်းဝန်းကူညီပေးကြပါ။
ဆူညံသံများကြောင့် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်အောင် သက်ဆိုင်ရာက ကာကွယ်ပေးသင့်သည်။

💡 အကြံပြုချက်
စာမေးပွဲဖြေဆိုပြီးပါက ပြီးခဲ့သောဘာသာရပ်အတွက် စိတ်မပူဘဲ နောက်နေ့ဖြေရမယ့် ဘာသာရပ်ကိုသာ အာရုံစိုက် ပြင်ဆင်ပါ။

ပါမောက္ခဒေါက်တာသန့်စင်
❤30
ပထမနှစ်လူရည်ချွန်ကျောင်းသား/သူများစာရင်း
၇.၃.၂၀၂၆ ကြေးမုံသတင်းစာ

#lyc
#highereducation
❤28
Private School ထားတဲ့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကိုထားတဲ့ကျောင်းသည် အမှန်အကန်လား၊ အကြံအဖန်လား သေချာ စေ့စေ့စပ်စပ် လေ့လာဖို့ လိုလာပါပြီ။ အခြေအနေနဲ့ အချိန်အခါအရ PS တွေ ဈေးကွက်ကောင်းပြီး မဟားဒယားများလာတဲ့ခေတ်မှာ ပညာရေးလောကထဲကို ငွေတစ်မျက်နှာပဲ ကြည့်ပြီး လုပ်စားကိုင်စား PS များစွာလည်း ပေါ်လာပါတယ်။

အတန်းကျော်၊ အတန်းခွ ကိစ္စတွေကို ငွေရရင်ပြီးရောလုပ်တဲ့ PS များရှိလာပါတယ်။ ခေတ်အရလည်း အဲလိုတွေ လုပ်ဖို့ ဖြစ်လာကြပြီကိုး။ ကိုယ့်ကလေးနဲ့ ရွယ်တူတွေနောက် ၃ တန်းလောက် နောက်ကျနေတာမျိုး အခုကျ မဖြစ်ချင်ကြတော့ဘူးလေ။ PS အပြင် တခြားကျောင်းအမျိုးအစားတစ်ခုကလည်း အဲဒီ အတန်းကျော်၊ အတန်းခွကိစ္စတွေလုပ်ပါတယ်။ အဲဒီကျောင်းတွေအကြောင်းကတော့ထားလိုက်ဦး။

PS တွေအကြောင်းပြောရရင် မိဘကိုယ်တိုင်က မရိုးဖြောင့်တဲ့သဘောနဲ့ အတန်းကျော်၊ အတန်းခွကိစ္စတွေကို ကျောင်းနဲ့ ပူးပေါင်းပြီး လုပ်တာ ရှိပါတယ်။ အဲဒီလို လုပ်ခြင်းဟာလည်း လတ်တလောတော့ ငါတို့တော့ ရှေ့မှာ မတက်ခဲ့လည်း အခုလို အတန်းကျော်ပြီး ဝင်နိုင်လိုက်တာ ဘယ်လောက်တော်လိုက်လဲ၊ ဘယ်လောက်လုပ်နိုင်လဲဆိုပြီး မိဘများ ကိုယ့်ဘာသာကိုယ် လည်လှပြီဆိုပြီ ဂုဏ်ယူကောင်း ယူနေကြပါလိမ့်မယ်။ လတ်တလောတော့ ပြေလည်ကောင်းပြေလည်ပါလိမ့်မယ်။ ဒါပေမယ့် ယခင်အတန်းတွေ ရာဇဝင်ကို စစ်ဆေးပြီးမှ ရှေ့ဆက်လို့ရတဲ့ အတန်းမျိုး၊ စာမေးပွဲမျိုးတွေကို ရောက်တဲ့အချိန်မှာတော့ ကိုယ်မဟုတ်တာ လုပ်ခဲ့တဲ့ကိစ္စ၊ ကိုယ်လူလည်ကျခဲ့တဲ့ ကိစ္စက ကိုယ့်ကလေးကို ထိမှာပါ။ ကြားထဲမှာ ဟုတ်ပြီအထင်နဲ့ ရှေ့ဆက်ခဲ့တဲ့ကာလအကုန် အဟောသိကံဖြစ်မှာပါ။ ဆုံးဖြတ်ချက်မမှားဖို့ သိပ်အရေးကြီးပါတယ်။

တချို့ အမှန်အကန် အတန်းစဉ်ဆက် တက်ခဲ့ပါရက်နဲ့ PS ဖက်က သက်ဆိုင်ရာ နေရာများမှာ ကျောင်းသားစာရင်းဝင်အောင် မသွင်း၊ အောင်စာရင်းလည်း သက်ဆိုင်ရာ နေရာမှာ Record မဝင်လို့ သောင်ပြင်လွှတ်သော ရွှေဟင်္သာများကိန်းဆိုက်သူများလည်းရှိပါတယ်။ ဒါကြောင့် ကိုယ်က အမှန်တကယ် အတန်းတက်တယ်ဆိုရင်တောင်မှ အဲဒီကျောင်းမှာ ထားတဲ့ ကိုယ့်ကလေးက သက်ဆိုင်ရာ မြို့နယ်မှာရော နာမည်ရောက်ရဲ့လား၊ စာရင်းဝင်ရဲ့လား မေးကြပါ။ စစ်ကြပါ။ ပညာထက် အသပြာမျက်နှာကိုပဲ ကြည့်တဲ့ PS တချို့ရှိနေတာ သေချာတာကြောင့် ကိုယ့်ကလေးအတွက် ဥစ္စာရင်လို ဥစ္စာရင်ခဲ PS မှာ ကျောင်းအပ်ပြီး စာသင်ခိုင်းပြီးပြီဆိုတာလောက်နဲ့ ရပ်မနေကြပါနဲ့။ PS ရဲ့ တရားဝင်မှုအပြင် လုပ်ထုံးလုပ်နည်းတွေအကုန် လိုက်နာရဲ့လား ဆိုတာကိုပါ သတိပြုကြည့်ကြပါ။ ကိုယ်ပိုင်ကျောင်းဆိုတာ စည်းကမ်းမလိုက်နာလို့ အပိတ်ခံလိုက်ရရင်လည်း သူတို့က ဖုတ်ဖက်ခါထွက်သွားလို့ ရပါတယ်။ လိုင်စင်အသိမ်းခံ၊ အပိတ်ခံရလည်း သူတို့သာပြန်လာချင်ရင် လုပ်ငန်းအဆက်အသွယ်ရှိပြီးသားမို့လို့ တခြားသူအမည်ခံ တခြားနာမည်နဲ့ ပြန်လုပ်ချင်လည်း ဖြစ်ပါတယ်။ နစ်နာပြီး ကျန်ခဲ့မှာက ကိုယ့်ကလေးပါ။
❤31
ဒုတိယနှစ်လူရည်ချွန်ကျောင်းသား/သူများစာရင်း
၇.၃.၂၀၂၆ မြဝတီသတင်းစာ

#lyc
#highereducation
❤29
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ဆူညံသံထွက်ပေါ်စေသည့် လုပ်ငန်းများနှင့် အသံချဲ့စက်များ ပိတ်သိမ်းထားရန် ညွှန်ကြား

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အနှောင့်အယှက်မရှိ စာကြည့်နိုင်ရန်နှင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် အောက်ပါအတိုင်း ကန့်သတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

ပိတ်သိမ်းထားရမည့် လုပ်ငန်းများနှင့် ကာလ-
ကာလ: မတ်လ (၈) ရက်နေ့မှ (၁၇) ရက်နေ့အထိ။

လုပ်ငန်းများ: အရက်ဆိုင်၊ စင်တင်တေးဂီတဆိုင်၊ ကာရာအိုကေ (KTV) ဆိုင်၊ ဘိလိယက်ခုံများနှင့် အင်တာနက်ဂိမ်းဆိုင်များ။

အထူးသတိပေးချက်-
အဆိုပါကာလအတွင်း အသံချဲ့စက်များ အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင်ကို ဆူညံမှုဖြစ်စေသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို တားမြစ်ထားပါသည်။
သတ်မှတ်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ ဆူညံသံများ ဖြစ်ပေါ်စေပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မိဘပြည်သူများအနေဖြင့်လည်း နောင်တခေတ်၏ ကြယ်ပွင့်များဖြစ်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဝိုင်းဝန်းကူညီသောအားဖြင့် ဆူညံသံများမဖြစ်ပေါ်စေရန် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#MyanmarExam2026 #Education #UniversityEntrance #Notice
❤31
အပတ်စဥ် အထွေထွေဗဟုသုတ

( ဝင်ခွင့် အမျိုးမျိုးအတွက်အသုံးဝင်သည်)

1. မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင် မှာ.........ဖြစ်သည်။

2. မြန်မာနိုင်ငံ ၏ နောက်ဆုံးဘုရင်မှာ.........ဖြစ်သည်။


3. မြန်မာနိုင်ငံ ၏
လွတ်လပ်ရေး ရသောနှစ်သည် မြန်မာသက္ကရာဇ် အားဖြင့်.......... ခုနှစ်ဖြစ်သည်။


4. မြန်မာနိုင်ငံ ၏ ယာဥ်ကြောစနစ်မှာ........ဖြစ်သည်။


5. မြန်မာနိုင်ငံ ၏ ပထမ ဦးဆုံး ဝန်ကြီးချုပ်မှာ......
....ဖြစ်သည်။


6. အဂ်လိပ် - မြန်မာ ပထမ စစ်ပွဲသည်.............. မင်းလက်ထက်တွင် ဖြစ်ပွားခဲ့သည်။

7. မြန်မာနိုင်ငံ ၏ ပထမဆုံး တက္ကသိုလ် မှာ............ဖြစ်သည်။
❤30
ရုပ်တည်ကြီးနဲ့ ကွန်ဖီးဒန့်ရှိရှိ လိမ်ညာတတ်တဲ့ အေအိုင်

ဒီနေ့ခေတ်မှာ ChatGPT, Google Gemini နဲ့ Claude တို့လို အေအိုင် တွေဟာ နည်းပညာသုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေ ဖြစ်လာပါပြီ။

အီးမေးလ် ရေးခိုင်းမလား၊ စာစီစာကုံး ဖန်တီးခိုင်းမလား၊ ကုဒ် တွေ ရေးခိုင်းမလား... အရာအားလုံးကို စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်ပေးနိုင်တဲ့အတွက် သူတို့ဟာ တကယ့်ကို အားကိုးစရာ လက်ထောက်ကောင်းကြီးတွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့... ဆိုးတာတခုကတော့ ဒီအတော်ဆုံး လက်ထောက်ကြီးဟာ မျက်နှာသေနဲ့ လိမ်ညာတတ်တဲ့ အကျင့်ရှိနေတာပဲ ဖြစ်ပါတယ်။

တခါတလေမှာ အေအိုင် ဟာ လုံးဝ မဟုတ်ကဟုတ်က အချက်အလက်တွေကို အဟုတ်ကြီးမှတ်ပြီး အလွန်ယုံကြည်မှုရှိရှိနဲ့ လျှောက်ပြောတတ်ပါတယ်။

ပညာရှင်တွေကတော့ အဲဒီလို ဖြစ်စဉ်ကို အေအိုင် Hallucination (အေအိုင်ရဲ့ စိတ်ကူးယဉ် အာရုံမှားခြင်း / ယောင်ယမ်းခြင်း) လို့ ခေါ်ကြပါတယ်။

ဒီနေ့တော့ အေအိုင် တွေက ဘာလို့ အဲဒီလို လိမ်ညာပြောဆိုတတ်တာလဲ၊ နောက်ကွယ်က အကြောင်းရင်းက ဘာလဲ၊ ကျွန်တော်တို့အနေနဲ့ အေအိုင် ကို ဘယ်လို စိတ်ချလက်ချ သုံးကြမလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

AI Hallucination ဆိုတာ အေအိုင်စနစ်တစ်ခုက မမှန်ကန်တဲ့ အချက်အလက်တွေ၊ လွဲမှားနေတဲ့ အကြောင်းအရာတွေကို အမှန်တကယ် ဖြစ်ပျက်ခဲ့သယောင် ဖန်တီးပြောဆိုခြင်းပဲ ဖြစ်ပါတယ်။

ဥပမာပြောရရင် ကမ္ဘာပေါ်မှာ တကယ်မရှိတဲ့ သုတေသန စာတမ်းတွေ၊ စာအုပ်တွေကို စာရေးသူနာမည်ကအစ ဖန်တီးပြီး ရှိတယ်ဆိုပြီး ကိုးကားပြတာမျိုး။ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက် လုံးဝ မပြောဖူးတဲ့ စကားကို ပြောပါတယ်ဆိုပြီး အတိအကျ ရေးပြတာမျိုး။ ဝင်လို့မရတဲ့၊ တကယ်မရှိတဲ့ Website Link အတုတွေကို ထုတ်ပေးတာမျိုး။ မြန်မာပြည်က နာမည်ကြီးတဲ့ လူတယောက်ရဲ့အကြောင်းမေးတဲ့အခါမှ တလွဲအချက်အလက်တွေကို လျှောက်ပြောနေတာမျိုး တွေ ဖြစ်တတ်ပါတယ်

အကြောက်ဆုံး အချက်ကတော့ သူတို့ဟာ "ကျွန်တော် မသိပါဘူး" လို့ ဝန်မခံတတ်တာပါပဲ။ အမှားကို ရေးပြနေတဲ့ အချိန်မှာတောင် အရမ်းကို ယုံကြည်မှုရှိရှိ နဲ့ ပညာရှင်တစ်ယောက်လို သုံးသပ်ရေးသားပြတတ်လို့၊ သေချာ မစစ်ဆေးတဲ့ လူတွေဟာ အမှန်ပဲလို့ ထင်ပြီး လွယ်လွယ်ကူကူ ယုံကြည်သွားတတ်ကြပါတယ်။

(တချို့လူတွေကျတော့လည်း မေးလိုက်လို့ ဒီလိုအမှားတွေပြောလာတဲ့အခါ ပေါက်ကရအေအိုင်ပါကွာ ဆိုပြီး အေအိုင်ဆိုတာ ဘာမှအသုံးမဝင်တဲ့အရာတခုအဖြစ် သတ်မှတ်လိုက်တာမျိုးတွေလည်းရှိပါတယ်)

ဘာကြောင့် ဒီလို မျက်နှာပြောင်တိုက်ပြီး လိမ်ရတာလဲ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိဖို့ AI တွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို အရင် နားလည်ဖို့ လိုပါတယ်။

ChatGPT လို Large Language Models (LLMs) တွေဟာ လူတွေလို အမှန်၊ အမှား ကို ခွဲခြားသိမြင်တဲ့ ဦးနှောက် မရှိပါဘူး။ သူတို့ကို အင်တာနက်ပေါ်က စာအုပ်တွေ၊ ဆောင်းပါးတွေ သန်းပေါင်းများစွာနဲ့ လေ့ကျင့်ပေးထားပြီး သူတို့ရဲ့ အဓိက အလုပ်လုပ်ပုံက "ရှေ့က စကားလုံးကို ကြည့်ပြီး နောက်က ဘာစကားလုံး လိုက်လာဖို့ ရာခိုင်နှုန်း အများဆုံးလဲ" (Next-token prediction) ဆိုတာကို သင်္ချာနည်းကျ တွက်ချက်ပြီး စာစီတာ ဖြစ်ပါတယ်။ ပိုရှင်းအောင် ပြောရရင် ဖုန်းတွေမှာ စာရိုက်တဲ့အခါ နောက်ကနေ အလိုအလျောက် ပေါ်လာတဲ့ Autocomplete စနစ်ရဲ့ အဆင့်အမြင့်ဆုံး ပုံစံကြီးလို့ ဆိုနိုင်ပါတယ်။

ဆိုလိုတာက သူတို့ရဲ့ ဦးတည်ချက်ဟာ အချက်အလက် မှန်ကန်ရေး မဟုတ်ဘဲ၊ စာဖတ်လို့ ကောင်းမွန် ချောမွေ့ရေးနဲ့ မေးတဲ့သူ သဘောကျရေး ကိုသာ ဦးစားပေးထားတာပါ။ သူတို့ဟာ လူကို အမြဲပျော်ရွှင်စေချင်တဲ့ သဘောသဘာဝ ရှိပါတယ်။ ဒါကြောင့် သူ မသိတဲ့ အကြောင်းအရာကို မေးလိုက်တဲ့အခါ "မသိဘူး" လို့ ဖြေပြီး အမှတ်အလျော့ခံမယ့်အစား၊ သူ့ဆီမှာ ရှိတဲ့ စကားလုံးတွေကို ဆက်စပ်ပြီး ဖတ်လို့အကောင်းဆုံးနဲ့ အယုံကြည်ရဆုံးဖြစ်မယ့် "အဖြေမှား" တစ်ခုကို ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက အမေရိကန် ပြည်ထောင်စု၊ နယူးယောက် တရားရုံးမှာ ကမ္ဘာကျော်သွားတဲ့ ဖြစ်ရပ်မှန် တစ်ခု ဖြစ်ခဲ့ပါတယ်။ ရှေ့နေတယောက်က လေကြောင်းလိုင်းတစ်ခုကို တရားစွဲဖို့ လျှောက်လဲချက် ရေးရာမှာ ChatGPT ကို အကူအညီ တောင်းခဲ့ပါတယ်။ အေအိုင်က အဲဒီအမှုနဲ့ ပတ်သက်ပြီး အရင်တုန်းက ဖြစ်ဖူးတဲ့ တရားရုံး စီရင်ထုံး အမှုတွဲ ၆ ခုတိတိကို အသေးစိတ် ရှာဖွေ ကိုးကားပေးခဲ့ပါတယ်။

ရှေ့နေကြီးက နည်းနည်း သံသယရှိလို့ ဒီအမှုတွေက တကယ် အစစ်တွေလား လို့ ChatGPT ကို ပြန်မေးခဲ့ပါတယ်။ ChatGPT ကလည်း ဟုတ်ကဲ့၊ တကယ့် အစစ်အမှန်တွေပါ၊ ဥပဒေ ဒေတာဘေ့စ်တွေထဲမှာ ရှိပါတယ် ဆိုပြီး ထပ်လိမ်ခဲ့ပါတယ်။

ရှေ့နေကြီးက အဲဒါကို ယုံကြည်ပြီး တရားရုံးကို တင်လိုက်ပါတယ်။ နောက်ဆုံးမှာ တရားသူကြီးက စစ်ဆေးကြည့်လိုက်တော့မှ အေအိုင် ပေးခဲ့တဲ့ အမှုတွဲတွေ၊ စီရင်ထုံးတွေ အားလုံးက ကမ္ဘာပေါ်မှာ တကယ် မရှိဘဲ အေအိုင် က သူ့ဘာသာ စိတ်ကူးယဉ်ပြီး လျှောက်ရေးပေးလိုက်တဲ့ အတုတွေ ဖြစ်နေတာကို ထိတ်လန့်ဖွယ် တွေ့လိုက်ရပါတယ်။ ရလဒ်အနေနဲ့ အဲဒီရှေ့နေကြီးဟာ ဒဏ်ကြေးရိုက်ခံရပြီး သူ့ရဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာလည်း ပြိုကျခဲ့ရပါတယ်။ ဒီဖြစ်စဉ်ဟာ အေအိုင် ကို မျက်စိမှိတ် ယုံကြည်ရင် ဘယ်လောက် အန္တရာယ်များသလဲ
❤10👍2👏1
ဆိုတာကို ကမ္ဘာကြီးကို သတိပေးလိုက်တဲ့ အချက်ပြခေါင်းလောင်းသံပဲ ဖြစ်ပါတယ်။

အေအိုင် က မှားတတ်တယ် ဆိုပေမယ့် ကားတစ်စီးက အန္တရာယ်ရှိလို့ မမောင်းဘဲ ရပ်ထားလိုက်ဖို့ မလိုသလို၊ အေအိုင်ကိုလည်း ပစ်ထားဖို့ မလိုပါဘူး။ စနစ်တကျ သုံးတတ်ရင် အလွန် အကျိုးရှိပါတယ်။ ပညာရှင်တွေ အကြံပြုထားတဲ့ အန္တရာယ်ကင်း လမ်းညွှန်ချက်တွေကတော့ -

(က) မျက်စိမှိတ် မယုံပါနဲ့၊ အမြဲ ပြန်စစ်ပါ (Trust, but Verify)
အေအိုင် က ပေးတဲ့ သမိုင်း ခုနှစ်တွေ၊ သိပ္ပံနည်းကျ အချက်အလက်တွေ၊ ဥပဒေတွေ၊ ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေနဲ့ စာရင်းဇယားတွေကို အလုံးစုံ မယုံပါနဲ့။ Google ခေါက်ပြီး ပြန်စစ်ပါ၊ ဒါမှမဟုတ် ယုံကြည်ရတဲ့ စာအုပ်စာတမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပါ။ အေအိုင် ကို လက်ထောက် အဖြစ်ပဲ သဘောထားပါ။ အရာအားလုံးသိတဲ့ ဆရာကြီး အဖြစ် သဘောမထားပါနဲ့။

(ခ) တီထွင်ဖန်တီးမှု အတွက်သာ အဓိကသုံးပါ (Use for Ideation)
အေအိုင် ဟာ အချက်အလက် အမှန် ရှာတဲ့ (Search Engine) နေရာမှာထက်စာရင်၊ အိုင်ဒီယာ အသစ်တွေ ထုတ်တာ (Brainstorming)၊ စာစီစာကုံး ရေးတာ၊ ရှည်လျားတဲ့ စာတွေကို အနှစ်ချုပ်တာ၊ ဘာသာပြန်တာ တွေမှာ ပိုပြီး တိကျ ကောင်းမွန်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်မြူးဖို့ လိုအပ်တဲ့ နေရာတွေမှာ သူ့ကို ခိုင်းတာ အကောင်းဆုံးပါပဲ။

(ဂ) လူသား၏ ဆုံးဖြတ်ချက် (Human-in-the-loop) ဖြင့်သာ အဆုံးသတ်ပါ
အေအိုင်ရဲ့ အားသာချက်က အလုပ်ကို မြန်ဆန်စွာ ပြီးမြောက်စေတာ ဖြစ်ပြီး လူသားတွေရဲ့ အားသာချက်ကတော့ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တာ၊ စာရိတ္တနဲ့ ကျင့်ဝတ်ကို နားလည်တာ ဖြစ်ပါတယ်။ ဒါကြောင့် အေအိုင် ကို အကြမ်း ရေးခိုင်းပြီး လူက အချော ပြန်ကိုင်တာ၊ အေအိုင် ရှာပေးတာကို လူက ပြန်စစ်တာမျိုး လုပ်မှသာ အလုပ်တွင်ကျယ်ပြီး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။

အေအိုင်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချသူ တချို့ဆိုရင် သူတို့အရင်က အုပ်စုလိုက် လနဲ့ချီ လုပ်ခဲ့ရတဲ့အရာတွေကို အေအိုင်နဲ့ နာရီပိုင်းအတွင်းပြီးအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တချို့ဆိုရင်လည်း အေအိုင်ကြောင့် ဒီ၂လ ၃လအတွင်းမှာ ၂နှစ်၃နှစ် စာလောက် ရှေ့ကိုပိုရောက်သွားသလို ခံစားရတယ်လို့ ဆိုကြပါတယ်။

အေအိုင် ဆိုတာ ၂၁ ရာစုရဲ့ အစွမ်းထက်ဆုံး ကိရိယာ တစ်ခု ဖြစ်လာပါပြီ။ ဒါပေမဲ့ သူဟာ အရာအားလုံးကို အမှားအယွင်းမရှိ သိမြင်နေတဲ့သူတော့ မဟုတ်ပါဘူး။

AI Hallucination ဆိုတဲ့ သူ့ရဲ့ မသိမသာ လိမ်ညာတတ်တဲ့ အားနည်းချက်ကို နားလည်ထားပြီး သတိနဲ့ သုံးစွဲမယ် ဆိုရင်တော့ အေအိုင် ဟာ ကျွန်တော်တို့ လူသားတွေရဲ့ ဉာဏ်ပညာကို အစားထိုးမယ့် ရန်သူမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်ကို အဆပေါင်းများစွာ မြှင့်တင်ပေးမယ့် အကောင်းဆုံး မိတ်ဆွေတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။
❤15👍1👏1
❝၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ သိသိသာသာမြင့်တက်လာ❞

 ă€Šđ™ˆđ˜źđ™ď˝žđŸ—၊2026》
 
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းထားသူဦးရေမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၆၅,၀၀၀ ကျော်ခန့်အထိရှိပြီး ယခင်နှစ်များနှင့် နှိုင်းယှဥ်လျှင် သိသိသာသာ မြင့်တက်လာခဲ့လာခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနအချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၆၁၈၅၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၁၀၉၈၅၁ ဦးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၁၂၈၈၂၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၇၄၅၉၂ ဦးရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖြေဆိုသူ ၂၀၇၈၉၈ ဦးအနက် ၉၉၉၂၄ ဦး အောင်မြင်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းထားသူဦးရေမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၆၅,၀၀၀ ကျော်ခန့်အထိရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
❤15
လူ (၄) မျိုး


✅အလင်းကလာပြီး အလင်းကိုပြန်သွားသူ

✅အလင်းကလာပြီး အမှောင်ကိုသွားသူ

✅အမှောင်ကလာပြီး အမှောင်ကိုပြန်သွားသူ

✅အမှောင်ကလာပြီး အလင်းကိုသွားသူ


ဘယ်ကပဲလာလာ၊ အလင်းသွားနိုင်သူကတော့ ကောင်းတာပေါ့၊

ကိုယ်ဘယ်သွားမလဲဆိုတာ တွက်လို့ရပါတယ်၊ ဣသာ မစ္ဆရိယ စိတ်တွေကိုယ့်မှာ ဘယ်လောက်များနေသလဲဆိုတာ ကိုယ်သွားရမဲ့ နောက်ဘဝပါပဲ၊

လောဘနဲ့သေရင် ပြိတ္တာ
ဒေါသနဲ့သေရင် ငရဲ
မောဟနဲ့သေရင် တိရစ္ဆာန်ဘဝတွေကို ရောက်ကြမှာပါ၊
❤53👍7🥰5
ဆရာ၊ ဆရာမတို့အတွက် အထူးသတင်း - "AI for Teachers" သင်တန်း (အခမဲ့)

ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးလုပ်ငန်းစဉ်တွေကို AI နည်းပညာသုံးပြီး ပိုမိုထိရောက်၊ ခေတ်မီလာစေဖို့ American Center Yangon ကနေ ကြီးမှူးပြီး "AI for Teachers" အခမဲ့သင်တန်းကို တစ်ရက်တာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဘာတွေ လေ့လာရမလဲ?
AI နည်းပညာတွေကို အသုံးပြုပြီး -
သင်ခန်းစာပြင်ဆင်ခြင်း
မေးခွန်းလွှာ ထုတ်ခြင်း
အတန်းတွင်း ဆောင်ရွက်ချက်များနှင့် စစ်ဆေးအကဲဖြတ်မှုများ ဖန်တီးခြင်း
ပုံမှန်လုပ်ဆောင်နေကျ တာဝန်များကို အချိန်တိုအတွင်း အပြီးသတ်ခြင်း
နေ့စဉ်လူမှုဘဝတွင် AI ကို လက်တွေ့ကျကျ ပေါင်းစပ်အသုံးပြုခြင်း စသည်တို့ကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။

သင်တန်းအသေးစိတ်
📅 ရက်စွဲ: မတ်လ (၁၄) ရက်၊ စနေနေ့
⏰ အချိန်: နေ့ခင်း (၂) နာရီ - (၄) နာရီခွဲ
📍 နေရာ: American Center Yangon

အထူးသတိပြုရန်
လက်တွေ့လုပ်ဆောင်နိုင်ရန် မိမိတို့၏ ကိုယ်ပိုင် Laptop ကို ယူဆောင်သွားရန် လိုအပ်ပါသည်။ (Laptop မပါရှိသူများအတွက် Chromebook အနည်းငယ် စီစဉ်ပေးထားမည်)။
တက်ရောက်နိုင်သူ အရေအတွက် ကန့်သတ်ထားသောကြောင့် စိတ်ဝင်စားပါက အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။

👉 စာရင်းပေးသွင်းရန်: https://docs.google.com/forms

မိမိတို့ရဲ့ သင်ကြားရေးစွမ်းရည်ကို အဆင့်မြှင့်တင်ဖို့အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပညာရေး သတင်းလွှာ
❤9
Grade 12 မေးခွန်းက

2024 မှာ - ၇ စုံ
2025 မှာ - ၁၃ စုံ
2026 မှာ - ???

"မေးခွန်း ဘယ်နှစ်စုံမေးမယ် ဆိုတာထက်
မေးတဲ့မေးခွန်းကို ဖြေနိုင်ဖို့က အဓိကပါ။"

ပညာရေး သတင်းလွှာ
❤15