Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 pinned «၁၈ ၊ ၆ ၊၂၀၂၂ ထွက်မည့် ဆယ်တန်းအောင်စာရင်းများကိုကြည့်ဖို့ရန်အတွက် အောင်စာရင်းအက်ပလီကေးရှင်းကိုယ့်ဆီမှာ ၁၀တန်းဖြေထားတဲ့သူရှိရင် အောက်တွင် အောင်စာရင်းကြည့်ဖို့ရန် Application နှင့် Website များ​ပေးထါးပါတယ်။တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန Website…»
မြန်မာနိုင်ငံအကြောင်း
♻️မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ♻️
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

မြန်မာနိုင်ငံသည် အာရှတိုက်၏
အရှေ့တောင်ဘက် ဒေသတွင် တည်ရှိသည် ။

ဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) ကျယ်၀န်းပြီး
ကမ္ဘာပေါ်ရှိနိုင်ငံများထဲတွင် ဧရိယာ အကျယ်ဆုံး
အဆင့် ၄၀ - မြောက် နိင်ငံ ဖြစ်သည် ။

နိူင်ငံဧရိယာ၏ ၉၆.၉၄% မှာ
ကုန်းမြေများဖြစ်ပြီး ၊
မြစ်ချောင်း အင်းအိုင် ထဲမှ
ရေပြင်ဧရိယာ များမှာ
နိင်ငံဧရိယာ၏ ၃.၀၆% သာ ရှိ သည် ။
.

🔰နယ်နိမိတ်🔰
🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိင်ငံများ ထိစပ်နေသည့် နယ်နိမိတ် ကုန်းမြေများမှ အရှည်မိုင် ၄၀၅၃ - မိုင် အထိရှိသည် ။

ထိုအထဲတွင်
ဘင်္ဂလားဒေရှ် နိင်ငံ နှင့် ၁၆၈ -မိုင် ၊
အိန္ဒိယ နိင်ငံ နှင့် ၉၁၂ - မိုင် ၊
တရုတ်နိင်ငံ နှင့် ၁၃၂၃ -မိုင် ၊
လာအိုနိင်ငံ နှင့် ၁၄၈ - မိုင် ၊
ထိုင်းနိင်ငံ နှင့် ၁၅၀၂ - မိုင် တည်ရှိသည် ။

ကမ်းရိုးတမ်း အရှည်မိုင် ၁၂၀၀ ရှိ ပြီး
အိန္ဒိယ သမုဒ္ဒရာ၏ ဆက်စပ်
ပင်လယ်များဖြစ်သည့်
ဘင်္ဂလားပင်လယ် ၊
ကပ္ပလီပင်လယ် (Adaman sea ) တို့တည်
မြန်မာနိင်ငံ၏ ဆက်စပ် ပင်လယ်များ ဖြစ်သည် ။
.

🔰တောင်တန်းများ🔰
🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသ
အများစု သည်မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး ၊
ထိုမြေပြန့်လွင်ပြင် များကို တောင်တန်းများမှ
ကာဆီးထားသည် ။

မြန်မာနိုင်ငံ အနောက်ဖက်ရှိ
ရခိုင်ရိုးမ တောင်တန်းသည်
အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်မှ စတင်ကာ ၊
မော်တင်စွန်း အငူနားအထိ တည်ရှိသည် ။

ရခိုင်ရိုးမ ထဲတွင်
ရခိုင်ရိုးမတောင်တန်း နှင့်အတူ
နာဂ တောင်တန်းများ ၊
ချင်းတောင်တန်းများလဲ ပါ၀င်သည် ။

မြန်မာနိုင်ငံမြောက်ဖက်
ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံ၏
အမြင့်မားဆုံး တောင်တန်းများ တည်ရှိသည် ။

ဟိမ၀န္တာတောင်တန်း၏
ဆက်စပ်တောင်တန်း များ ၊
Kumon range ( ကချင်တောင်တန်း ) နှင့်
တရုတ်နိင်ငံ တိဘက်ကုန်းမြေမြင့် နှင့်
ဆက်စပ်နေသည့် Hengduan တောင်တန်းများသည်
ကချင်ပြည်နယ်ထဲတွင်တည်ရှိသည် ။

မြန်မာနိုင်ငံအလယ်ပိုင်း
ချင်းတွင်းမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ဝှမ်း
ဒေသများ တွင် ဇီးဖြူတောင်တန်း ၊
မင်းဝံတောင်တန်း ၊ မှန်ကင်းတောင်တန်း နှင့်
ဂန့်ဂေါတောင်တန်း စသည့်
တောင်တန်းငယ်များ တည်ရှိသည် ။

မြန်မာနိုင်ငံ အလယ်ပိုင်း ရှိ
ပဲခူးရိုးမတောင်တန်းသည်
ဧရာ၀တီမြစ်နှင့် စစ်တောင်းမြစ်ကြားရှိ
တောင်တန်း နိမ့် ဖြစ်ကာ
မြောက်မှ တောင်သို့မိုင် ၂၀၀ - ကျော် ရှည်လျှားသည် ။

ပုပွားတောင်သည်
ပဲခူးရိုးမတောင်တန်း၏ မြောက်ဖက်
အစွန်ဆုံးဒေသမှ တောင်ထွတ်ဖြစ်ပြီး
တောင်ဘက် အစွန်ဆုံးသည်
ရန်ကုန်မြို့မြောက်ဖက်အနီးထိ တည်ရှိကာ
ရန်ကုန်မြို့တွင် တောင်ပူစာ
ကလေးများ အဖြစ် ဖြာဆင်း လာခဲ့သည် ။

မြန်မာနိုင်ငံ အရှေ့ဖက်တွင်
ရှမ်းကုန်းမြေမြင့်တည်ရှိသည် ။

ရှမ်းကုန်းမြေမြင့် ဒေသတွင်
တရုတ် ယူနန်ဒေသ ၊
မြန်မာနိုင်ငံ အရှေ့ဖျားဒေသ နှင့်
ထိုင်း နိုင်ငံ အနောက်မြောက်ဒေသ များ
ပါ၀င်သည် ။

ရှမ်းကုန်းမြေမြင့်သည်
ပင်လယ်ရေ မျက်နှာပြင်မှ
အမြင့်ပေ ၃၀၀၀ မှ ၄၀၀၀ အတွင်း တည်ရှိသည် ။

ရှမ်းကုန်းမြေမြင့်ဒေသတွင်
တောင်တန်း ၊ တောင်စွယ်များစွာ နှင့်
ကျဉ်းမြောင်းသည့် တောင်ကြား valleys ဒေသ
များစွာ တည်ရှိသည် ။

ဧရာ၀တီ ၊ စစ်တောင်း ၊ သံလွင် နှင့်
Chao Phraya မြစ် များ၏
မြစ်သွယ် ၊ မြစ်လက်တက်များသည်
ရှမ်းကုန်းမြေမြင့် အား ဖြတ်ကျော်
စီးဆင်းသွားကြသဖြင့် နေရာ အနှံ့တွင်
တောင်ကြား ဒေသ များကို တွေ့ရှိနိင်သည် ။

မြန်မာနိင်ငံတောင်ဖက်ဒေသများတွင်
ရှမ်းကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့်
ကရင်တောင်တန်း ၊ ဒေါနတောင်တန်း နှင့်
တနင်္သာရီ တောင်တန်းများတည်ရှိသည် ။

🔰ထင်ရှားသည့် တောင်ထိပ်များ🔰
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

🗣️ခါကာဘိုရာဇီ

မြန်မာနိင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည် ။
ပေပေါင်း ၁၉၂၉၆ - ပေ ရှိပြီး
မြန်မာနိင်ငံမြောက်ဖက်
ဟိမ၀န္တာတောင်တန်း၏
ဆက်စပ်တောင်တန်းပေါ် တွင်တည်ရှိသည် ။

🗣️ဂန်လန်ရာဇီ

ဒုတိယ အမြင့်ဆုံးတောင်ဖြစ်ပြီး
အမြင့်ပေ ၁၉၂၆၀ ရှိကာ
မြန်မာနိင်ငံမြောက်ဖက်
ဟိမ၀န္တာ တောင်တန်း၏
ဆက်စပ် တောင်တန်းပေါ်တွင်တည်ရှိသည် ။

🗣️စာရာမေတိတောင်

အမြင့် ၁၂၅၅၂ - ပေ ရှိပြီး
နာဂ တောင်တန်းပေါ်တွင်တည်ရှိသည် ။

🗣️နတ်မတောင်

အမြင့်ပေ ၁၀၀၇၀ ရှိပြီး ချင်းပြည်နယ်
ကန်ပက်လက်မြို့အနီးတွင်တည်ရှိသည် ။
ထိုတောင်အား တချိန်က ဝိတိုရိယ တောင်ဟုခေါ်သည် ။

🗣️နတ်တောင်

အမြင့်ပေ ၈၆၀၆ ရှိပြီး
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တည်ရှိသည် ။

🗣️မယ်လတောင်

အမြင့်ပေ ၆၈၂၀ ရှိပြီး
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် တည်ရှိသည် ။

🗣️မြင့်မိုလက်ခတ်တောင်

အမြင့် ပေ ၆၇၉၈ ရှိပြီး
တနင်္သာရီ တောင်တန်းပေါ်တွင် တည်ရှိသည် ။

🗣️ပုပွါးတောင်

အမြင့်ပေ ၄၉၈၀ ရှိပြီး
မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊
ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည် ။

ထိုတောင်သည် ပဲခူးရိုးမ၏
မြောက်ဖက်အစွန်းတွင်
သီးခြားထိုးထွက်နေသည့်
မီးတောင်ဟောင်း ဖြစ်သည် ။

🔰မြစ်များ🔰
🚥🚥🚥🚥🚥
ဧရာ၀တီမြစ်သည် မြန်မာနိင်ငံ၏ အဓိက မြစ်ကြီး
တစင်းဖြစ်ပြီး ၊ မြန်မာနိင်ငံမြောက်ဖက်မှ
စတင်စီးဆင်းကာ ၊ အလယ်ပိုင်း ဒေသကို
ဖြတ်ကျော်ပြီး မုတ္တမ ပင်လယ်ကွေ့ထဲသို့စီး၀င်သည် ။

ချင်းတွင်းမြစ်သည် မြန်မာနိင်ငံမြောက်ပိုင်း
ဟူးကောင်းတောင်တန်း ပေါ်တွင်
မြစ်ဖျားခံကာ ၊ ဟူးကောင်းတောင်ကြားကို
ဖြတ်ကျော်ပြီး မြန်မာနိင်ငံ အလယ်ပိုင်း
မြင်းခြံမြို့ အနီးတွင် ဧရာ၀တီမြစ်နှင့်
လာရောက် ပေါင်းဆုံသည့်
အကြီးဆုံးမြစ်လက်တက် ဖြစ်သည် ။

မူးမြစ် ၊ မြစ်ငယ်မြစ်များသည်
ဧရာ၀တီမြစ်နှင့် လာဆုံသည့်
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ
မြစ်ငယ် များ ဖြစ်ကြသည် ။

သံလွင်မြစ်သည်
တရုတ်နိုင်ငံ တိဖက်ကုန်းမြေမြင့်မှ
မြစ်ဖြားခံကာ ရှမ်းကုန်းမြေမြင့် ဒေသကို
ဖြတ်ကျော်ပြီး မုတ္တမပင်လယ်ကွေ့သို့စီး၀င်သည်။

မဲခေါင်မြစ်သည်
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား
နယ်နမိတ်အဖြစ် တည်ရှိသည် ။

စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့်
တော်ဖက် အစွန်ဒေသမှမြစ်ဖျားခံကာ
ပဲခူးတိုင်းကိုဖြတ်ကျော်ပြီး
မုတ္တမ ပင်လယ် ကွေ့ထဲသို့စီးဝင်သည် ။

ရေးမြစ် ၊ Heinze မြစ် ၊ ထား၀ယ်မြစ် ၊
တနင်္သာရီမြစ် နှင့် လေညာမြစ်များသည်
မြန်မာနိင်ငံ၏ တောင်ဖက်ပိုင်းတွင်တည်ရှိပြီး
တောင်တန်းများမှ မြစ်ဖျားခံကာ
ကပ္ပလီပင်လယ်ထဲသို့စီး၀င်သည် ။

Kraburi မြစ်သည်
ထိုင်းနှင့် မြန်မာနိင်ငံအကြား
နယ်နမိတ်အဖြစ်စတင်စီးဆင်းသည် ။

🔰ရေအိုင်များ🔰
🚥🚥🚥🚥🚥🚥

🗺️အင်းတော်ကြီး ရေအိုင်သည်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်တည်ရှိပြီး
ဧရိယာ စတုရန်းမိုင် ၃၁၄ .၆၇ ကျယ်၀န်းကာ
မြန်မာနိုင်ငံရှိ အကြီးဆုံးရေ ကန်ဖြစ်သည် ။

🗺️အင်းလေးကန်သည်
ရှမ်းကုန်းမြေမြင့်ဒေသတွင်တည်ရှိသည့်
မြန်မာနိင်ငံ၏ ထင်ရှားသည့်
ရေကန်တခု ဖြစ်သည် ။

🔰ကျွန်းများ🔰
🚥🚥🚥🚥🚥🚥

🏝️ရမ်းဗြဲကျွန်းသည် မြန်မာနိင်ငံ၏
အကြီးဆုံးကျွန်းဖြစ်ပြီး ရခိုင်ကမ်းရိုးတမ်း
ဒေသတွင်တည်ရှိသည် ။

🏝️မာန်အောင်ကျွန်းသည်
ရမ်းဗြဲကျွန်းနှင့် နီးကပ်စွာတည်ရှိသည့်
ရခိုင်ကမ်းရိုးတမ်းဒေသမှ ထင်ရှားသည့်
ကျွန်းတကျွန်းဖြစ်သည် ။

🏝️ကိုကိုးကျွန်းသည်
ဘင်္ဂလားပင်လယ် နှင့်
ကပ္ပလီပင်လယ်အကြားတည်ရှိသည့်
မြန်မာအပိုင် ကျွန်းတကျွန်းဖြစ်သည် ။

🏝️မြိတ်ကျွန်းစုသည်
တနင်္သာရီတိုင်းဒေသကြီးတွင်ပါ၀င်ကာ
မြန်မာနိုင်ငံ၏တောင်ဖက်
ဘင်္ဂလားပင်လယ်ထဲမှ
ကျွန်းအစုအဝေးဖြစ်သည် ။

တခါတရံ ပသျှူးကျွန်းစု များဟုလဲ ခေါ်ဆို ကြသည် ။

အရွယ်အစား အမျိုးမျိုးရှိသည့်
ကျွန်းငယ်ပေါင်း ၈၀၀ - ကျော်ရှိပြီး
ထိုအထဲတွင် ကတန်းကျွန်းမှာ
အကြီးဆုံးဖြစ်သည်။

🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံအကြောင်းသိကောင်းစရာအချို့
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ဦးရေ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[က ] ထေရဝါဒ ။ ၅၃၄၂၅၈၀၃
[ ခ ] ခရစ်ယာန် ။ ၂၉၈၁၂၉၁
[ ဂ ] အစ္ဓလာမ် ။ ၂၂၇၆၈၈၀
[ဃ ] ဟိန္ဓူ ။ ၃၀၅၇၆၅
[ င ] နတ် နဲ့ ဘာသာမဲ့ ။ ၇၉၀၅၈၀

။မြန်မာနိုင်ငံ၏ အလယ်ဗဟို ။
🚥🚥🚥🚥🚥🚥🚥🚥🚥
ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်
မြသုခ ကျေးရွာ ပြက္ခရွှေတောင်ပေါ်
တိုင်းတာသူ 👉 ဘိုးတော် ဦးဝိုင်း👈


မြန်မာနိုင်ငံ၏ ရေမိုင်
🚥🚥🚥🚥🚥🚥
မြန်မာနိုင်ငံ၏ ရေမိုင် 1247.77 ကျွန်စုပေါင်း 1212

မြန်မာတိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ရခိုင်. ၇ မျိုး
ရှမ်း ၃၃ မျိုး
ကချင် ၁၂ မျိုး
ကယား ၉ မျိုး
ကရင်. ၁၁ မျိုး
ချင်း ၅၃ မျိုး
ဗမာ ၉ မျိုး
မွန် ၁ မျိုး
.
မြန်မာ နိူင်ငံတစ်ဝန်းကျေး ရွာပေါင်း … ( ၆၄၉၁၇ )
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်း မြို့ ပေါင်း … ( ၃၆၆ )
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်းဘုန်ကြီးကျောင်းပေါင်း… ( ၆၁၃၀၂ )
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်းသီလရှင်ကျောင်းပေါင်း…[ ၃၈၈၁ ]
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်း ရဟန်းပေါင်း … [ ၂၇၂၉၂၇ ]
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်းရှင်သာမဏေ ပေါင်း …[ ၂၈၇၈၁၈ ]
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်းသီလရှင် ပေါင်း …[ ၅၀၅၅၃ ]
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာထီ့ (1938) ခုနှစ်တွင် အိန္ဒိယရူးပီးဖြင့်စတင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာပထမဆုံးလေကြောင်းတိုက်ပွဲ့
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
( 1961-Feb-13) ရွှေတြိဂံ နယ်မြေမှာဖြစ်

ရန်ကုန်မြိုလယ်ကောင်ဆူးလေစေတီကို ဖြိုဖျက်ရန်စီစဉ်သောအခါကာကွယ်သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
( ဦးချန်ထွန်း )

ပြည်လမ်း၏ အဆုံးသတ်နေရာ ( ဗဟိုစာတိုက်ကြီး)
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာ့ဆိုက်ကားကို စွန့်ဦးတီထွင်သူ …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
မန္တလေးမြို့မှ ကားဘော်ဒီဆရာ
ဆရာညို (1938) တွင်စတင်တီထွင်

မြန်မာပထမဦးဆုံး ရုပ်မြင်သံကြားထုတ်လွှင့်ရက်စွဲ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
(1980-June -3)
👍1
မြန်မာ့ ပထမဆုံး Robbot တီထွင်သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
( ဦးကြည် )

မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဗုဒ္ဓသာသနာကိုထွန်းကားစေသူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
…(အနော်ရထာ )

ကိုလိုနီခတ် စေတီကျောင်းကန် သာသနာနယ်မြေအတွင်း
မျက်နှာဖြူအပါအဝငိ မည်သူမျှ ဖိနပ်မစီးရ ဆိုင်းဘုတ်ထောင်ခဲ့သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
… ဦးသိမ်းမောင် (1890-1975)

မြန်မာပထမ ဦးဆုံး အမျိုးသမီးသတင်းစာ ဆရာမ …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
အင်ဒီပင့်ဒန့် ဒေါ်စန်း [ 1886-1950)

ကိုလိုနီခေတ် တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းခွင့်သင်ကြားခွင့်ရအောင်
ဆောင်ရွက်ခဲ့သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်
ဦးဖေမောင်တင် [1888 မှ 1973 ]

မြန်မာ့ပထမဆုံး ဥပဒေပညာ ရှင် အမျိုးသမီး
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
မဖွားအုန်း (1927)

မြန်မာပထမဆုံးလေတပ်ဦးစီးချုပ်…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
စောဆင်မြူရယ်ရီရှီး

မြန်မာပထမဆုံး သတင်းထောက်ဟူသော ဝေါဟာရအားစတင်တီထွင်အသုံးပြု
ခဲ့သောသူ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိူင် [1930) ဝန်းကျင်

မြန်မာပထမဦးဆုံး နိူင်ငံရေးအစ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
YMBA [1906]

မြန်မာနိူင်ငံတော် သီချင်းကိုရေးစပ်သူ …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဝိုင်အမ်ဘီ ဆရာတင် (1930-July-20]
ရွှေတိဂုံဘုရားရာဟုထောင့်တွင် ပထမဆုံးသီဆို

မြို့တော်ခန်းမ၏ ဗီသုကာပညာရှင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
… စည်သူဦးတင်

ဝဏ္ဏကျော်ထင်ဘွဲရ သရုပ်ဆောင်…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဖိုးပါကြီး

မြန်မာပထမဦးဆုံး အင်္ဂလန်သိုသွားရောက်ခဲ့သည် သံအဖွဲ့
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
(က) ဦးဘဖေ
(ခ)ဦးပု
(ဂ)ဦးထွန်းရှိန်

မြန်မာ့ ဗုဒ္ဓဝင် အဋ္ဌာကထါ ကို မြန်မာလို ပထမဦးဆုံးဘာသာပြန်ရေးသား
သော ပုဂ္ဂိုလ် ……
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
အရှင်ဗုဒ္ဓဒ္ဒတ္တ သီဟိုဠ် ရဟန်းတော်

အဋ္ဌကထါ အား ပထမဆုံး ကျမ်းအဖြစ်ပြုစုခဲ့သူ့
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ကျီးသဲလေးထပ်ဆရား (ဇိနတ္တပကာသနီကျမ်း)

ပုဂံ ပြည်၏ နောက်ဆုံးသောမင်း
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
(စောမွန်နစ်)

တောင်ငူနောက်ဆုံးမင်းဆက်……
🚥🚥🚥🚥🚥🚥🚥🚥🚥
[ နတ်သျှင်နောင် ]

ကုန်းဘောင်နောက်ဆုံးမင်းဆက်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
… [သီပေါမင်း ]

ပုဂံပထမဆုံးမင်း …
🚥🚥🚥🚥🚥
[ သမုဒရာဇ် ]

တောင်ငူပထမဆုံးမင်း
🚥🚥🚥🚥🚥🚥🚥
…[ မင်းကြီးညို ]

ကုန်းဘောင်ပထမဆုံးမင်း…
🚥🚥🚥🚥🚥🚥🚥🚥
… [အလောင်းဘုရား]

မြန်မာ့ပထမဆုံး သတင်းစာ…
🚥🚥🚥🚥🚥🚥🚥🚥🚥
[ မြန်မာအဆွေ ]

မြန်မာပထမဆုံးသော အဂ်လိပ်ဘုရင်ခံ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[လော့ဒပ်ဖရင်]

ဒုတိယဘုရင်ခံ
🚥🚥🚥🚥
… [ ဂရက်ဒေါက် ]

နောက်ဆုံးဘုရင်ခံ
🚥🚥🚥🚥🚥🚥
…[ ဆာဟူးဘတ်ရင့်စ်]

ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
စစ်ကိုင်းမင်းလက်ထက် (1824) ကုန်းဘောင်ခေတ်

။ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ပုဂံမင်းလက်ထက် [ 1852 ]

တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအစ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[၁၈၈၅] နိုဝင်ဘာ 14 သီပေါဘုရင်လက်ထက်
သူကျွန်လုံးလုံးဖြစ်…

မြန်မာ့ အကြီးဆုံး ကျွန်း…
🚥🚥🚥🚥🚥🚥🚥🚥
[ ရမ်းဗြဲကျွန်း ]

မြန်မာ့ ပထမဆုံး ကမ္ဘာအသိအမှတ်ပြု သိပ္ပံပညာရှင်…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ ဘိုးတော်ဘုရားသားတော် မက္ခရာမင်းသား]

မြန်မာ့ပထမဦးဆုံး ထိုးကွင်းမှင်ကြောင်ကိုစတင်သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်
[ထောင်မင်းကြီးသား မောင်ကံ ]

Burma ဟူသော English အမည်မှMyanmar ဟူသော English အမည်ကို
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[1998-June -18] မှာစတင်ပြောင်းလဲခေါ်ဆို

ပုဂံခေတ် တရုတ်ပြည်ကိုဦးဆောင်သွားခဲ့တဲ့သံအဖွဲ့ခေါင်းဆောင် …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ ရှင်ဒိသာပါမောက် ]

ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဦးဖေမောင်တင်

မြန်မာ့ ပထမဆုံး စတန့်မင်းသား
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
စာရေးဆရာ ပန်းချီငို [1923-May] လ မှာ
နဖူးစာရွာလည် အမည်ရှိတဲ့ ဇတ်ကားနှင့်
ယခုစကော့စျေး(ဗိုလ်ချုပ်အောင်ဆန်းစျေး) နေရာတွင်ရှိသော
စီနီမာဒီပဲရစ် ရုံတွင် ပြသခဲ့ ……

[27-1-1947] မှာချုပ်ဆိုခဲ့တဲ့အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်ထိုး
ဖို့ငြင်းဆိုခဲ့သူ နှစ်ဦး
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
… …(ဂဠုန်ဦးစော နှင့် သခင်ဗစိန် )

ကမ္ဘာကျော်နိုဗယ်ဆုရှင် ကဗျာဆရာ ရော်ဘင်ဒြာနတ်တဂိုး မြန်မာနိုင်ငံကို
လာရောက်ခဲ့တဲ့ခုနှစ်များ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ 1916-May-7မှ9] ထိတစ်ကြိမ်
[1923-March-23မှ27] ထိတစ်ကြိမ်

မြန်မာ့ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓါန်ပြုစုသူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ မက္ခရာမင်းသား ]

မြန်မာ ပထမဆုံး အင်္ဂလိပ် Dictionary ကို
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
1755 မှာ စရေးခဲ့
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကိုလိုနီခေတ် မြန်မာနိုင်ငံသား ဘုရင်ခံ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ဆာဂျေအေမောင်ကြီး]

မြန်မာ ပထမဦးဆုံး ရေနက်ဆိပ်ကမ်းရုံးစိုက်ရာမြို့…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ထားဝယ် မြို့ ]

မြန်မာနိုင်ငံ၏ အထင်ရှားဆုံးဘုရင်မ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
(ရှင်စောပု)

မြန်မာနိုင်ငံ၏ ရှင်ဘုရင်လက်ထက် မင်းဆက်သုံးဆက်တိုင်အောင် မိဖုရား
မြောက်ခံရသူ့
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ မိဖုရား ဖွာစော ]

မင်းငါးဆက် မိဖုရားမြောက်ခံရသူ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
{ရှင်ဘို့မယ် )


မြန်မာနိုင်ငံတွင်းရှိ မြို့အရေအတွက် ……
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
2010ပြည့်နှစ်စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းတွင်မြို့ပေါင်း [ 366 ]မြို့
Capital (မြို့တော်အဆင့် ) သုံးမြို့
ရုံးစိုက်ရာ [ 282] မြို့
အထွေထွေရုံးစိုက်ရာ [ 81] မြို့

ကမ္ဘာက သတ်မှတ်ထားတဲ့ အတော်ဆုံးသိပ္ပံပညာရှင်
အယောက် (100) စာရင်းဝင် မြန်မာနိုင်ငံသား နာနိုပညာရှင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဒေါက်တာစောလှဝေလည်း

ဟစ်တလာ လာ ကြည့်ခဲ့သည့် ပွဲ၌ယှဉ်ပြိုင်ခဲ့ရသော မြန်မာနိုင်ငံသား …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ကိုလိုနီခေတ် အိန္ဒိယ နိုင်ငံ ကိုယ်စားပြု အနေနဲ
ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူသန်ကြီးဦးဇော်ဝိတ်

ကိုလိုနီခေတ် အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာအသေထိုပြီး အနိူင်ယူခဲ့
သည့် မြန်မာနိုင်ငံသား
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
မောင်သောင်း [1917-Dec-16]

၁၃၀၀ ပြည့် ရေနံမြေသပိတ်ကို ဦးဆောင်ခဲသူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ အာဠာဝက သခင်ဖိုးလှကြီး ]


တက္ကသိုလ် ဟူသော စကားလုံးအပြင် ကျောင်းတော် ။
သိပ္ပံ ။ ဓါတု ။ ဇီဝ ။ ရူပ ။ ဝီဇ္စာ ဆိုတဲ့ စကားလုံးများနဲ
တိရိစ္ဆာန် အမည်အတော်များများကိုပင် မြန်မာ စကားအဖြစ် တီထွင်ဖန်တီးပေးသွားခဲ့သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့အပြင်
ပထမဆုံးသော မြန်မာပါမောက္ခ ဖြစ်တဲ့
[ ဆရာကြီး ဦးဖေမောင်]

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်ပတွင်သွားရောက်ဖျော်ဖြေခဲ့ရသည့် ဆိုင်းပညာရှင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ နေမျိုးဗလကျော်သူဘွဲရ စိန်ဗေဒါ ]

မြန်မာ ပထမ ဦးဆုံးသော သက်ကြီးရွယ်အို လူအိုရုံများကို စတင်ဖွင့်လှစ်ကာ ဘိုးဘွားရိပ်သာ မျိုးစေ့ကိုစတင်စိုက်ပျိုးခဲ့သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ ဒေါ်ဦးဇွန် ]

၁၃၀၀ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည် ကျောင်းသားခေါင်းဆောင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
………[ ဗိုလ်အောင်ကျော် ]

ရွှေတိဂုံဘုရားရှိ သိဂုင်္တ္တရ ပန်းခြံနေရာအား လှူဒါနိးခဲ့သော အမျိုးသမီး …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
စမ်းချောင်းမြိုနယ် ယခု မကြီးကြီးလမ်း
အမည်ပိုင်ရှင် ဒေါ်ကြီးကြီး

ဂျူဗလီဟော ဘယ်မှာ …………¿
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
အာဇာနည် ကိုးဦးရဲ့ စျာပနကိုကျင်းပခဲ့တဲ့ ဂျူဗလီဟော ဆိုတာ
ဝိတိုရိယ ဘုရင်မ ကြီးနန်းသက် (60) ပြည့် အထိမ်းအမှတ်နဲ
မဟာဝန်ရှင်တော်မင်းကြီးမက်ကင်ဇီက အုတ်မြစ်ချကာ
1895 မှာ တည်ဆောက်ကာ 1897 မှာပြီးစီးခဲ့တဲ့
အဆောက်အဦးပဲဖြစ်ပါတယ့်
ဂျူဗလီဟော ဟာ အလံပြဘုရားလမ်းနဲ
ဦးဝိစာရ လမ်းကြား စိန်ရောင်ခြည် ဘုရားနဲ မျက်နှာချင်းဆိုင်
ယခု စစ်သမိုင်းပြတိုက် တည်ဆောက်ထားတဲ့
နေရာမှာရှိခဲ့ပါ၏

ကိုးကား🚥 မြန်မာစွယ်စုံဝီကီပီးဒီးယား
မှီငြမ်း🚥အထွေထွေ ဗဟုသုတ #Myanmar
♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️

#Credit_to_original_Uploader
#General_Knowledge
👍1👏1
ကျောင်းထွက်လက်မှတ် TCကိစ္စ
ပညာသင်နှစ်အလိုက် ကျောင်းများအပ်နှံရာတွင်KG သူငယ်တန်းကလေးများ၏ ၅နှစ်ပြည့်ရန် (၁)လလို/(၂)လလို(၃)လလိုများအတွက် မိဘမှတင်ပြချက်/ကျောင်းအုပ်ကြီး၏ထောက်ခံချက်/မြို့နယ်ပညာရေးမှူး၏ထောက်ခံချက်များ။လိုအပ်သူများအသုံးပြုပါ။

Photo,Copy,Credit.
ကျောင်းသား/သူများ၏ နေ့စဥ်ကျောင်းခေါ်ချိန်(က)စာရင်း ရေးသွင်းရာ၌ သိထားရမည့်အကြောင်းအရာများ။(မေးနေသူများအတွက်)
#ကျောင်းခေါ်ကြိမ် ( က ) စာရင်း ရေးသွင်းတာကိုလေ့လာဖို့တင်ပေးတာပါ။
#ကလေးတွေရဲ့ အရပ်အမြင့် ကိုယ်အလေးချိန် #မိဘဖုန်းနံပါတ်တွေကိုတော့ သီးခြားမှတ်တမ်းထားပါတယ် ။
#တပည့်မှတ်တမ်းကို ရှေ့ဆုံးမှာ တွဲပါတယ် ။အတန်းပိုင်ကိုယ်ရေးမှတ်တမ်းရေးပြီး
ဓာတ်ပုံကပ်ပါတယ် ။#လချုပ်နဲ့ ၃ လပတ်ချုပ် ချုပ်ပါတယ်။
#ကျောင်းခေါ်ကြိမ်အဆင့်သတ်မှတ်ချက်အရ
#ရာခိုင်နှုန်းရှာပြီးA,B,C,D ဖြည့်ပါတယ်။ ကျောင်းခေါ်ကြိမ်က ပညာရေးကောလိပ် စာအုပ်အရ

အလယ်တန်းနဲ့ အထက်တန်းအတွက်
85% မှ 100% ထိ = A
80% မှ 84% ထိ = B
75% မှ 79% ထိ = C
74% နှင့်အောက် = D ဖြစ်ပါတယ်။

မူလတန်းအတွက်
75% မှ 100% ထိ = A
40% မှ 75% ထိ = S
0% မှ39 % = E ဖြစ်ပါတယ်။
လေ့လာပေးပါ။ လိုအပ်တာ ဖြည့်စွက်ပေးပါ။ ကျေးဇူးတင်ပါတယ်။
👍1
အဝေးသင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်မေဂျာများ အားလုံးနှင့် ဥပဒေ (စ)နှစ်အားလုံးအတွက် ၂၀၂၂ ပညာသင်နှစ်အတွက်အချိန်စာရင်း

#အ‌ဝေးသင် ပထမအသုတ်(သိပ္ပံတွဲများ) =(၉-၇-၂၀၂၂) မှ (၁၁-၉-၂၀၂၂) (PT - ၁၀ပတ်)
စာကြည့်ရန်ပိတ်ရက် = (၁၂-၉-၂၀၂၂)ရက်နေ့ မှ (၂-၁၀-၂၀၂၂ )ရက်နေ့အထိ (ရက်ပေါင်း - ၂၀)
စာမေးပွဲ ဖြေချိန် = (၃- ၁၀- ၂၀၂၂)ရက်နေ့ မှ ( ၈-၁၀ -၂၀၂၂)ရက်နေ့အထိ။
-------------
#အဝေးသင် ဒုတိယအသုတ်(ဝိဇ္ဇာတွဲများ)
အနီးကပ်=(၁၂-၁၀-၂၀၂၂)ရက်နေ့ မှ (၂၁-၁၀-၂၀၂၂)ရက်နေ့အထိ။ (၁၀ရက်)
စာကြည့်ရန်ပိတ်ရက် = (၂၂-၁၀-၂၀၂၂)ရက်နေ့မှ (၂၃-၁၀-၂၀၂၂)ရက်နေ့ အထိ။
စာမေးပွဲ ဖြေချိန် =(၂၄ - ၁၀ -၂၀၂၂) ရက်နေ့မှ (၂၉- ၁၀-၂၀၂၂)ရက်နေ့အထိ ။
----------
#အဝေးသင် တတိယအသုတ်(ဝိဇ္ဇာတွဲများ)
အနီးကပ်=(၃၁-၁၀-၂၀၂၂)ရက်နေ့ မှ (၁၁-၁၁-၂၀၂၂)ရက်နေ့အထိ။ (၁၀ရက်)
စာကြည့်ရန်ပိတ်ရက် = (၁၂-၁၁-၂၀၂၂)ရက်နေ့မှ (၁၃-၁၁-၂၀၂၂)ရက်နေ့ အထိ။
စာမေးပွဲ ဖြေချိန် =(၁၄ - ၁၁ -၂၀၂၂) ရက်နေ့မှ (၂၁- ၁၁ -၂၀၂၂)ရက်နေ့အထိ။

ပညာရေးနဲ့ ပတ်သတ်တာ တင်ပေးသွားပါမည်။
#crd
#ရင်ခတ်ဆူး
လိုအပ်နေသူများအတွက်....🙋

မူလတန်းဆင့် သင်ရိုးသစ်( G-1,2,3,4,5 ) စာသင်ချိန်ဇယားလေးတွေ..📗

အဆင်ပြေကြပါစေ
1
#ကျောင်းအပ်၊ #ကျောင်းပြောင်း၊ #အဝေးသင်ပြောင်း၊ #မေဂျာပြောင်း ကိစ္စများဆောင်ရွက်ရာတွင် သိထားသင့်သော အချက်များ.... 👇👇👇
#ပထမနှစ်ဝင်ခွင့်ရသူများ...
👉၄င်း၏ဝင်ခွင့်ရတက္ကသိုလ်နှင့် အထူးပြုဘာသာရပ်ကို
ကျောင်းဖွင့်ရက်မတိုင်မီ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှတဆင့်ပေးပို့ထားပြီးဖြစ်ပါတယ်။
သက်ဆိုင်ရာတက္ကသိုလ်များ၏ကြော်ငြာသင်ပုန်းများ
တွင်လည်းကပ်ထားပြီး ဖြစ်ပါတယ်။
ကျောင်းဖွင့်မည့်ရက်နှင့် ကျောင်းအပ်စတင်လက်ခံမည့် နေ့ရက်များကိုလည်းတစ်ပါတည်း ကပ်ထားပြီး ဖြစ်ပါတယ်။ထို့ကြောင့်အသိပေးပြောကြားလိုသည်မှာ ကျောင်းဝင်မှတ်ပုံတင်မည့်ကျောင်းသား၊ ကျောင်းသူတိုင်းသည် ကြော်ငြာသင်ပုန်းများအားလုံးကို မကြည့်မဖြစ် ကြည့်၍ ညွှန်ကြားချက်များကို သေသေချာချာ ဆောင်ရွက်ရန်လိုအပ်ပါတယ်။ ညွှန်ကြားချက်ပါစာအတိုင်း မလုပ်ဘဲ ဝန်ထမ်းအားမေးမြန်းရန် တိုးကြိတ်ဝင်နေရသည့် အတွက်ကြောင့် လည်းကောင်း၊စစ်ဆေးရာတွင် ပြည့်စုံမှန်ကန်မှုမရှိခဲ့လျှင် ပြန်လည်ခေါ်ယူ၍ ဖြည့်စွက်ခိုင်းနေရလျှင် လည်းကောင်း၊ မိမိခွန်အား နှင့် အချိန်ကို ဖြုန်းတီးရာ ရောက်ပါတယ်။ မိမိနောက်မှတန်းစီစောင့်ဆိုင်းနေရသူများအားလည်း နှောင့်ယှက်ရာလည်း ရောက်ပါတယ်။