Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
CEIR စစ်နည်း

၁။ ဖုန်းမှာ *#06# ကို နှိပ်
၂။ IMEI number & bar code ကျလာရင်
SS ရိုက်၊ ဒါမှမဟုတ် Codeနံပါတ်တွေ
ရေးမှတ်ထား

၃။ www.ceir.gov.mm ထဲ ဝင်
Check IMEI status ထဲက မိမိ
IMEI number ကို စစ်

၄။ ၃ ခုလုံး အမှန်ခြစ်ဖြစ်
IMEI status က Correct
Tax Payment Status က Paid
Device Blocking Status က
Finished ကို နှိပ်။ ရပါပြီ။
တို့ဆီက လူတွေက
ဟိုးခေတ်အဆက်ဆက်ကတည်းက
ပြန်တွေးကြည့်ရင် ရီနေရတာ

ဆန်စျေးတက်ရင် ပြေးဝယ်ကြ
၆ လစာလောက် ဝယ်စု။
အိမ်ထောင်စု ၁ သိန်းဆိုရင်
ဝယ်ထားတဲ့ ဆန်အိတ်က ပျမ်းမျှ ၂ သိန်း
အိမ်ထောင်စု ၁ သန်းဆို တွက်သာကြည့်။

ဆီစျေးတက်ရင် စုပြုံဝယ်ကြ
အကြိမ်ကြိမ် ပြန်တန်းစီကြတာရှိသေး။
နောက်လူတွေ ဘယ်လိုနေနေ ဆိုတဲ့သဘော

ရွှေစျေးတက်ရင် တိုးဝှေ့ဝယ်ကြ
အလှူပေးနေတဲ့ အတိုင်းပဲ။

ကားစျေးတက်ရင် အုံနဲ့ကျင်းနဲ့ ဝယ်ကြ
မြေစျေးတက်ရင် အလုအယက်ဝယ်ကြနဲ့
စျေးတက်လေ အဝယ်လိုက်လေပဲ 😁

အခုလည်း စက်သုံးဆီက ၂ လလောက်
အလုံအလောက် ရှိပါတယ် ပြောတာတောင်
ပုံမှန်ဝယ်နေကျ ၃ ဂါလံသမားက ၅ ဂါလံဝယ်
၅ ဂါလံ ဝယ်နေကျက ၁၀ ဂါလံဝယ်

လူတစ်ဦးကို ကုန်ကုန် မကုန်ကုန်
ကားထဲအပြည့်ထည့်ပြီး စုကြတာ။
မီးဘေးအန္တရာယ်ပါ စိုးရိမ်ရ။

ဒါတင်လားဆိုတော့ မဟုတ်သေး
အခြားကုန်ပစ္စည်းတွေကိုလည်း စုပြုံဝယ်
သူ့ဘာသာသူ အချိန်တစ်ခုရောက်လို့
စျေးတွေ ပြန်ကျလည်း အေးဆေးပဲဗျာ
စျေးကြီးမိ ပိုက်ဘောဖြစ်လည်း
ဘယ်သူမှ အမှတ်မရှိဘူး။ 😁

အချို့အိမ်တွေမှာ ကိုဗစ်တုန်းက
ဝယ်ထားတဲ့ Mask အထုပ် ပါကင်တွေက
ချောင်ထဲမှာ အခုထိ ရှိသေး။

အဲဲဲဒီလိုနဲ့ နောက်ထပ် စျေးတက်တဲ့
ကုန်ပစ္စည်း လိုက်ရှာဝယ်ကြတာ အရင်လိုပဲ
တွေးကြည့်ရင် ပျော်စရာကြီး 😁

#TheinWinOo
👍94🥰1
(စုံရက် / မရက်) မခွဲဘဲ
နေ့စဉ်မောင်းနှင်နိုင်သည့် ကားများ
Grade (10) နှင့် Grade (11) ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲဆိုင်ရာ အသိပေးကြေညာချက်

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်မတက်ရောက်နိုင်ခဲ့သည့် ကျောင်းသား/သူများ အခြေခံပညာနှင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်ဆည်းပူးနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် Grade (10) နှင့် Grade (11) ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့် အစီအစဉ်

ကျင်းပမည့်ရက် - (၄-၅-၂၀၂၆) ရက်နေ့မှ (၁၁-၅-၂၀၂၆) ရက်နေ့အထိ။
ပိတ်ရက် - တနင်္ဂနွေနေ့များတွင် စာမေးပွဲဖြေဆိုရန်မလိုပါ။
ဖြေဆိုချိန် - တစ်နေ့လျှင် (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂) နာရီ ဖြေဆိုရပါမည်။

၂။ အောင်စာရင်းထုတ်ပြန်မည့်ရက်
စာမေးပွဲအောင်စာရင်းများကို (၂၅-၅-၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

၃။ ဆက်သွယ်စုံစမ်းရန်
ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် အသေးစိတ် အချက်အလက်များကို သွားရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ ဤအခွင့်အရေးသည် အခက်အခဲကြောင့် ပညာသင်ယူမှု ပြတ်တောက်နေသူများအတွက် ပညာရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါသည်။
14
This media is not supported in your browser
VIEW IN TELEGRAM
ဆီတန်းစီစရာမလိုဘူး

okလား ပရိတ်သက်😜
6👏6