Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.35K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကာကွယ်ရေးဘက်တော့
လုပ်သက် ၁၀နှစ်အထက် ၁လ ၃၀၀၀၀
၁၅နှစ်အထက် ၁လ ၅၀၀၀၀
အနှစ်၂၀အထက် ၁လ ၁၀၀၀၀၀ကို
အထူးထောက်ပံ့ကြေးအဖြစ် မတ်လ ၁ရက်နေ့မှစ၍ ခံစားခွင့်ပြုသည်တဲ့

ပညာရေးတော့ ဘယ်လိုလာမယ်မသိ
❤22
*School *ကျောင်းဆိုတာ
"ကျောင်း'' ဆိုတာ ''စာ''ကိုသာသင်တဲ့
နိမ့်ကျကျနေရာ မဟုတ်ပါ။
အပြစ်ကင်းစင်တဲ့ လူမမယ်ကလေးတွေကို
လူလိမ္မာလေးတွေ၊ တော်ကြ၊ ထက်ကြတဲ့ ''စံပြနိုင်ငံသား''၊ ''နိုင်ငံကြီးသားစိတ်ဓာတ်ကြွယ်ဝသူ'' တွေ ဖြစ်လာအောင်
သင်ပေး၊ ပြင်ပေး၊ လေ့ကျင့်ပေး၊ တန်ဖိုးမြှင့်တင်ပေးတဲ့ နေရာပါ။

လူသားတစ်ယောက်ကို
ဘဝတစ်လျှောက်လုံးအတွက် အကျိုးများစေမယ့် အခြေခံကောင်းများကို လေ့ကျင့်ပေး၊ ဖြည့်ပေးတာပါ။

လူသားရဲ့ အနာဂတ်အတွက်
လုံခြုံသောဘဝ၊ ငြိမ်းချမ်းသောဘဝ၊ အောင်မြင်သော ဘဝတစ်ခုကို မိမိဘာသာ ဖန်တီးနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးတဲ့ နေရာပါ။

အဲဒါကြောင့် ကျောင်းတွေမှာ
ကိုယ်ခန္ခာ ကျန်းမာကြံ့ခိုင်ရေး (Physical development)၊ ကျန်းမာရေး အသိတရား (Health care)၊ တစ်ကိုယ်ရေ လူမှုဘဝနှင့် စိတ်ဓာတ်ဖွံ့ဖြိုးမှု (Social and emotional development)၊ ကိုယ်ကျင့်တရား မြင့်မြတ်မှု (Ethical values)၊ စာနာတတ်မှု (Sympathy)၊ လူမှုဆက်ဆံရေး အသိစိတ် (Social Consciousness)၊ ပြောဆိုလိမ္မာယဥ်ကျေးမှု (Politeness and courtieous)၊ ရင့်ကျက်သော အနုပညာခံစားမှုနှင့် စိတ်ထားနူးညံ့မှု (Aesthetic development) ၊ ကျိုးကြောင်း ညီညွတ်စွာ ယုတ္တိရှိရှိ ပြဿနာဖြေရှင်းနိုင်မှု (Logicall problem solving)၊ စည်းကမ်းလိုက်နာမှု (Disciplaning) စတာတွေကို လေ့ကျင့်ပေးနေတာပါ။

အဲဒါတွေနဲ့အတူ မိမိနဲ့လုံးဝကွဲပြားတဲ့
စရိုက်နောက်ခံ မတူသူတွေနဲ့
စည်းလုံးညီညွတ်စွာ
ပူးပေါင်းဆောင်ရွက်နိုင်မှု (Diversity and unity) အကျင့်ရအောင်လည်း ပါပါသေးတယ်။

အားလုံးခြုံကြည့်ရင်
ပြည်သူ့နီတိ (Civic)၊ လူ့ကိုယ်ကျင့်တရား (Ethics)၊ ယဥ်ကျေးပျူငှာတဲ့ လောကဝတ် (Etiquettes) တွေ မြင့်လာအောင်ပါ။
ပြီးတော့ ကောင်းမြတ်တဲ့ဗီဇ ပိုတက်လာပြီး ဗီဇဆိုး၊ ဗီဇညံ့ (လူ့ဘောင်လောက ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီး၊ နှောင့်ယှက်စေတဲ့ အကျင့်ဆိုး) တွေ ပပျောက်သွားအောင် လေ့ကျင့်ပေး၊ သင်ပေးတဲ့ နေရာဟာ ''ကျောင်း'' ပါပဲ။

Crd#ဒေါက်တာ_မောင်သင်း
❤32👏1
📘 2026 Grade-12 Physics: Important Examples & Exercises 📘

Grade-12 Physics ဘာသာရပ်အတွက် လေ့လာထားသင့်တဲ့ အဓိက Examples (Eg) နဲ့ Exercises (Ex) များ

Chapter - 1
Eg: 1.1, 1.4, 1.5
Ex: 5, 6

Chapter - 2
Eg: 2.2, 2.3
Ex: 6, 9

Chapter - 3
Eg: 3.1, 3.4, 3.6, 3.7, 3.9, 3.11
Ex: 4, 6, 7, 8
Review Exercises (RE):
Pg-27 👉 RE-2
Pg-30 👉 RE-2
Pg-33 👉 RE-2

Chapter - 4
Eg: 4.2
Ex: 10, 11, 12
RE: Pg-53

Chapter - 5
Eg: 5.2, 5.3, 5.4, 5.5, 5.7
Ex: 9, 12, 14, 18, 21, 22

Chapter - 6
Eg: 6.2, 6.3, 6.7, 6.8
Ex: 7, 11, 13

Chapter - 7
Eg: 7.2, 7.5, 7.6, 7.8
Ex: 11, 13, 16, 17

Chapter - 8
Eg: 8.1, 8.3
Ex: 6, 10, 12

Chapter - 9
Eg: 9.2, 9.4
Ex: 6, 8, 11, 12, 14, 15
RE: Pg-147 👉 RE-1

Chapter - 10
Eg: 10.1, 10.2, 10.6, 10.9
Ex: 4, 5, 6, 16, 18, 19, 23
RE:
Pg-165 👉 RE-2
Pg-160 👉 RE-2

Chapter - 11
Eg: 11.1, 11.2, 11.4, 11.5, 11.6
Ex: 9, 10, 11, 12, 14, 15, 16

Chapter - 12
Eg: 12.3, 12.4, 12.5
Ex: 7, 8, 9, 10
RE:
Pg-201 👉 RE-3
Pg-203 👉 RE-2

Chapter - 13
Eg: 13.2, 13.3, 13.4, 13.6, 13.8
Ex: 3 (ကျက်စာ), 13, 14, 16

📌 စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရာတွင် အထောက်အကူဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


crd ပညာရေးသတင်းလွှာ
❤29🥰1
2026 Grade-12 ဇီဝဗေဒဘာသာရပ် အမှတ်ခွဲဝေမှု
❤10
စာမေးပွဲဖြေတဲ့အခါ အာရုံမလွင့်အောင် ဘယ်လိုလုပ်မလဲ?

၁။ မေးခွန်းကို အစအဆုံး အရင်ဖတ်ပါ
မေးခွန်းစာရွက်ရတာနဲ့ ချက်ချင်းအလုအယက် မဖြေပါနဲ့ဦး။ (၅) မိနစ်လောက် အချိန်ပေးပြီး မေးခွန်းတစ်ခုလုံးကို အရင်ဖတ်ပါ။ ဒါက ဦးနှောက်ကို "ငါ ဘာတွေဖြေရတော့မယ်" ဆိုတာ ကြိုတင်အချက်ပေးလိုက်တာဖြစ်လို့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။

၂။ သိတာကို အရင်ဖြေပါ
မသိတဲ့မေးခွန်းမှာ အချိန်ကုန်ခံပြီး စဉ်းစားနေရင် စိတ်ပူပန်မှု (Panic) ဖြစ်လာပြီး အာရုံပျက်တတ်ပါတယ်။ ရေရေလည်လည် သိတာကို အရင်ဖြေလိုက်တဲ့အခါ "ငါဖြေနိုင်သားပဲ" ဆိုတဲ့ ယုံကြည်မှုကြောင့် စိတ်တည်ငြိမ်ပြီး အာရုံစိုက်ရတာ ပိုလွယ်ကူလာပါတယ်။

၃။ တစ်ကြိမ်မှာ မေးခွန်းတစ်ခုပဲ ကြည့်ပါ
မေးခွန်းနံပါတ် (၁) ကို ဖြေနေရင် နံပါတ် (၁၀) အတွက် ကြိုမပူပါနဲ့။ လက်ရှိဖြေနေတဲ့ စာကြောင်းပေါ်မှာပဲ အာရုံထားပါ။ တခြားမေးခွန်းတွေကို ခေတ္တမေ့ထားတာက အမှားအယွင်း နည်းစေပါတယ်။

၄။ အသက်ကို ပြင်းပြင်းရှူပါ (Deep Breathing)
ဖြေနေရင်း အာရုံလွင့်လာတာ ဒါမှမဟုတ် ရင်တုန်လာတာမျိုး ဖြစ်ရင် ခဏလေး နားလိုက်ပါ။ မျက်စိမှိတ်ပြီး အသက်ကို ပြင်းပြင်း (၃) ကြိမ်လောက် ရှူသွင်းရှူထုတ် လုပ်လိုက်ပါ။ ဒါက ဦးနှောက်ဆီ အောက်ဆီဂျင် ပိုရောက်စေပြီး အာရုံပြန်ရစေပါတယ်။

၅။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့
ဘေးကသူတွေ စာရွက်တောင်းတာ၊ အမြန်ဖြေနေတာတွေကို လုံးဝကြည့်မနေပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် စာဖြေပုံချင်း မတူပါဘူး။ ကိုယ့်စာရွက်နဲ့ ကိုယ့်ကလောင်အဖျားမှာပဲ အာရုံကို မြှုပ်နှံထားပါ။

အမှတ်တရ လက်ဆောင်စကား:
"စာမေးပွဲဆိုတာ အမှတ်တွေတင်မကဘူး၊ မင်းရဲ့ စိတ်ရှည်သည်းခံမှုကိုပါ စမ်းသပ်တာပါ။"
ဒီအချက်လေးတွေကို လိုက်နာရင် အာရုံစူးစိုက်မှု အပြည့်နဲ့ ဖြေဆိုနိုင်မှာ အသေအချာပါပဲ။

ဆရာမင်းခန့်နိုင်
(ကထိက၊ မြန်မာစာဌာန)


ပညာရေးသတင်းလွှာ
❤24
၂၀၂၆ ခုနှစ် Grade 12 Chemistry

လေ့ကျင့်ထားနိုင်ရန် အခန်းအားလုံး စုစည်းပေးထားပါတယ်။

ပညာရေး သတင်းလွှာ
❤3
၂၀၂၆ ခုနှစ် Grade 12 Mathematics

လေ့ကျင့်ထားနိုင်ရန် အခန်းအားလုံး စုစည်းပေးထားပါတယ်။

ပညာရေး သတင်းလွှာ
🥰6❤4
Grade- 12 Physics ပုံဆွဲလေ့ကျင့်ရန်

တစ်စုတစ်စည်းထဲ ပြန်လည်လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
❤5