Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.35K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အီရန်ဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ Bahrain နိုင်ငံထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

Economic Times ရဲ့ ဖော်ပြချက်အရ Bahrain မှာ သေဆုံးသူ (၁) ဦး ရှိတယ်လို့ အတည်ပြုထားပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။

Bahrain မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေဟာ အဓိက ပစ်မှတ်ဖြစ်ခဲ့ပေမယ့် အမေရိကန်စစ်သားတွေ ထိခိုက်မှုမရှိဘူးလို့ Defence Blog က ဆိုပါတယ်။

UAE လေပိုင်နက်ထဲကို ဝင်လာတဲ့ အီရန်ဒုံးကျည်အများအပြားကို ကြားဖြတ်ပစ်ချ (Intercept) ခဲ့ရပါတယ်။

UAE ကာကွယ်ရေးဝန်ကြီးဌာနကတော့ "လုံခြုံရေးအခြေအနေ တည်ငြိမ်ပါတယ်" လို့ ထုတ်ပြန်ထားပေမယ့်၊ နိုင်ငံတကာ သတင်းတွေအရတော့ UAE ဟာ စစ်ပွဲရဲ့ အစိတ်အပိုင်း ဖြစ်သွားပါပြီ။

ဒါက အစ္စရေး-အီရန် ပွဲမဟုတ်တော့ပါဘူး။ အီရန်ရဲ့ ဒုံးကျည်တွေကSaudi Arabia, Qatar, Kuwait, Jordan ဒီနိုင်ငံတွေအားလုံးမှာ ဒုံးကျည်ပစ်ခတ်မှုတွေ၊ ကြားဖြတ်ပစ်ချမှုတွေ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အခြေအနေက "Full-Scale Regional War" (ဒေသတွင်း စစ်ပွဲကြီး) ဖြစ်သွားပါပြီ။ UAE နဲ့ Bahrain က အမေရိကန်/အစ္စရေး ဘက်တော်သားတွေ ဖြစ်တဲ့အတွက် အီရန်က သူတို့ကိုပါ ရန်သူစာရင်းသွင်းပြီး တိုက်ခိုက်လာတာပါ။

ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက "Prepared to join the U.S. in ANY CAPACITY" (အမေရိကန်နဲ့ ဘယ်လိုပုံစံနဲ့မဆို လက်တွဲတိုက်ခိုက်ဖို့ အသင့်ရှိတယ်) လို့ ကြေညာလိုက်ပါတယ်။

UAE, Bahrain, Qatar, Kuwait, Jordan စတဲ့ နိုင်ငံတွေအပေါ် အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး "Full Solidarity" (လုံးဝ ရပ်တည်ပေးမယ်) လို့ ကတိပြုလိုက်ပါတယ်။

ဆော်ဒီက ပါဝင်လာပြီဆိုရင် အမေရိကန်နဲ့ အစ္စရေး လေယာဉ်တွေက ဆော်ဒီလေပိုင်နက်ကို ဖြတ်ပြီး အီရန်ကို လွယ်လွယ်ကူကူ ဗုံးကြဲလို့ ရသွားပါပြီ။

ဆော်ဒီက ရေနံဈေးကွက်ကို ထိန်းချုပ်ထားတဲ့သူပါ။ စစ်ပွဲကြောင့် ရေနံဈေး တက်မလာအောင် သူတို့ ထိန်းပေးနိုင်သလို၊ အီရန်ရဲ့ ရေနံစီးပွားရေးကိုလည်း ပိတ်ဆို့လို့ ရပါတယ်။

ဆော်ဒီမှာ ခေတ်မီ လက်နက်တွေ အများကြီး ရှိပါတယ်။ အီရန်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပါပဲ။

အခုဆိုရင် အီရန်ကို ဝိုင်းတိုက်နေတဲ့ မဟာမိတ်အဖွဲ့ကြီး ပေါ်ပေါက်လာပါပြီ

- USA 🇺🇸 (Leader)
- Israel 🇮🇱 (Striker)
- Saudi Arabia 🇸🇦 (Regional Power)
- UAE 🇦🇪 (Financial Hub)
- Bahrain 🇧🇭 (US Base Host)
- Jordan 🇯🇴 (Air Defense)

အီရန်က တစ်နိုင်ငံတည်းနဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကို ရင်ဆိုင်ရတော့မယ်။ ဒါဟာ "Regime Change" (အစိုးရဖြုတ်ချရေး) ကို သွားနေတာ သေချာသထက် သေချာသွားပါပြီ။

တနင်္လာနေ့ ဈေးကွက်ဖွင့်တာနဲ့ Oil Price ကတော့ တက်တော့မယ် ထင်တာပဲ။ အခုက Bitcoin ဈေးတွေကျပြီး Gold ကတော့ တက်နေပါတယ်။

ဂယက်အတော်ကြီးရော့ထင့်။
ကပ်ကြီး၃ပါးကျော်လွှားနိုင်ကြပါစေ။
❤53🥰1👏1
အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်မည်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲအောင်စာရင်းများကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထုတ်ပြန်မည့်ရက် - ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်
နေ့ရက် - ကြာသပတေးနေ့
ကြည့်ရှုနိုင်မည့်နေရာ - သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကပ်ထားပေးမည် ဖြစ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

[ မှတ်ချက်- Grade 12 မပါဝင်ပါ။ ]
❤55
ကာကွယ်ရေးဘက်တော့
လုပ်သက် ၁၀နှစ်အထက် ၁လ ၃၀၀၀၀
၁၅နှစ်အထက် ၁လ ၅၀၀၀၀
အနှစ်၂၀အထက် ၁လ ၁၀၀၀၀၀ကို
အထူးထောက်ပံ့ကြေးအဖြစ် မတ်လ ၁ရက်နေ့မှစ၍ ခံစားခွင့်ပြုသည်တဲ့

ပညာရေးတော့ ဘယ်လိုလာမယ်မသိ
❤22
*School *ကျောင်းဆိုတာ
"ကျောင်း'' ဆိုတာ ''စာ''ကိုသာသင်တဲ့
နိမ့်ကျကျနေရာ မဟုတ်ပါ။
အပြစ်ကင်းစင်တဲ့ လူမမယ်ကလေးတွေကို
လူလိမ္မာလေးတွေ၊ တော်ကြ၊ ထက်ကြတဲ့ ''စံပြနိုင်ငံသား''၊ ''နိုင်ငံကြီးသားစိတ်ဓာတ်ကြွယ်ဝသူ'' တွေ ဖြစ်လာအောင်
သင်ပေး၊ ပြင်ပေး၊ လေ့ကျင့်ပေး၊ တန်ဖိုးမြှင့်တင်ပေးတဲ့ နေရာပါ။

လူသားတစ်ယောက်ကို
ဘဝတစ်လျှောက်လုံးအတွက် အကျိုးများစေမယ့် အခြေခံကောင်းများကို လေ့ကျင့်ပေး၊ ဖြည့်ပေးတာပါ။

လူသားရဲ့ အနာဂတ်အတွက်
လုံခြုံသောဘဝ၊ ငြိမ်းချမ်းသောဘဝ၊ အောင်မြင်သော ဘဝတစ်ခုကို မိမိဘာသာ ဖန်တီးနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးတဲ့ နေရာပါ။

အဲဒါကြောင့် ကျောင်းတွေမှာ
ကိုယ်ခန္ခာ ကျန်းမာကြံ့ခိုင်ရေး (Physical development)၊ ကျန်းမာရေး အသိတရား (Health care)၊ တစ်ကိုယ်ရေ လူမှုဘဝနှင့် စိတ်ဓာတ်ဖွံ့ဖြိုးမှု (Social and emotional development)၊ ကိုယ်ကျင့်တရား မြင့်မြတ်မှု (Ethical values)၊ စာနာတတ်မှု (Sympathy)၊ လူမှုဆက်ဆံရေး အသိစိတ် (Social Consciousness)၊ ပြောဆိုလိမ္မာယဥ်ကျေးမှု (Politeness and courtieous)၊ ရင့်ကျက်သော အနုပညာခံစားမှုနှင့် စိတ်ထားနူးညံ့မှု (Aesthetic development) ၊ ကျိုးကြောင်း ညီညွတ်စွာ ယုတ္တိရှိရှိ ပြဿနာဖြေရှင်းနိုင်မှု (Logicall problem solving)၊ စည်းကမ်းလိုက်နာမှု (Disciplaning) စတာတွေကို လေ့ကျင့်ပေးနေတာပါ။

အဲဒါတွေနဲ့အတူ မိမိနဲ့လုံးဝကွဲပြားတဲ့
စရိုက်နောက်ခံ မတူသူတွေနဲ့
စည်းလုံးညီညွတ်စွာ
ပူးပေါင်းဆောင်ရွက်နိုင်မှု (Diversity and unity) အကျင့်ရအောင်လည်း ပါပါသေးတယ်။

အားလုံးခြုံကြည့်ရင်
ပြည်သူ့နီတိ (Civic)၊ လူ့ကိုယ်ကျင့်တရား (Ethics)၊ ယဥ်ကျေးပျူငှာတဲ့ လောကဝတ် (Etiquettes) တွေ မြင့်လာအောင်ပါ။
ပြီးတော့ ကောင်းမြတ်တဲ့ဗီဇ ပိုတက်လာပြီး ဗီဇဆိုး၊ ဗီဇညံ့ (လူ့ဘောင်လောက ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီး၊ နှောင့်ယှက်စေတဲ့ အကျင့်ဆိုး) တွေ ပပျောက်သွားအောင် လေ့ကျင့်ပေး၊ သင်ပေးတဲ့ နေရာဟာ ''ကျောင်း'' ပါပဲ။

Crd#ဒေါက်တာ_မောင်သင်း
❤32👏1
📘 2026 Grade-12 Physics: Important Examples & Exercises 📘

Grade-12 Physics ဘာသာရပ်အတွက် လေ့လာထားသင့်တဲ့ အဓိက Examples (Eg) နဲ့ Exercises (Ex) များ

Chapter - 1
Eg: 1.1, 1.4, 1.5
Ex: 5, 6

Chapter - 2
Eg: 2.2, 2.3
Ex: 6, 9

Chapter - 3
Eg: 3.1, 3.4, 3.6, 3.7, 3.9, 3.11
Ex: 4, 6, 7, 8
Review Exercises (RE):
Pg-27 👉 RE-2
Pg-30 👉 RE-2
Pg-33 👉 RE-2

Chapter - 4
Eg: 4.2
Ex: 10, 11, 12
RE: Pg-53

Chapter - 5
Eg: 5.2, 5.3, 5.4, 5.5, 5.7
Ex: 9, 12, 14, 18, 21, 22

Chapter - 6
Eg: 6.2, 6.3, 6.7, 6.8
Ex: 7, 11, 13

Chapter - 7
Eg: 7.2, 7.5, 7.6, 7.8
Ex: 11, 13, 16, 17

Chapter - 8
Eg: 8.1, 8.3
Ex: 6, 10, 12

Chapter - 9
Eg: 9.2, 9.4
Ex: 6, 8, 11, 12, 14, 15
RE: Pg-147 👉 RE-1

Chapter - 10
Eg: 10.1, 10.2, 10.6, 10.9
Ex: 4, 5, 6, 16, 18, 19, 23
RE:
Pg-165 👉 RE-2
Pg-160 👉 RE-2

Chapter - 11
Eg: 11.1, 11.2, 11.4, 11.5, 11.6
Ex: 9, 10, 11, 12, 14, 15, 16

Chapter - 12
Eg: 12.3, 12.4, 12.5
Ex: 7, 8, 9, 10
RE:
Pg-201 👉 RE-3
Pg-203 👉 RE-2

Chapter - 13
Eg: 13.2, 13.3, 13.4, 13.6, 13.8
Ex: 3 (ကျက်စာ), 13, 14, 16

📌 စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရာတွင် အထောက်အကူဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


crd ပညာရေးသတင်းလွှာ
❤29🥰1
2026 Grade-12 ဇီဝဗေဒဘာသာရပ် အမှတ်ခွဲဝေမှု
❤10
စာမေးပွဲဖြေတဲ့အခါ အာရုံမလွင့်အောင် ဘယ်လိုလုပ်မလဲ?

၁။ မေးခွန်းကို အစအဆုံး အရင်ဖတ်ပါ
မေးခွန်းစာရွက်ရတာနဲ့ ချက်ချင်းအလုအယက် မဖြေပါနဲ့ဦး။ (၅) မိနစ်လောက် အချိန်ပေးပြီး မေးခွန်းတစ်ခုလုံးကို အရင်ဖတ်ပါ။ ဒါက ဦးနှောက်ကို "ငါ ဘာတွေဖြေရတော့မယ်" ဆိုတာ ကြိုတင်အချက်ပေးလိုက်တာဖြစ်လို့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။

၂။ သိတာကို အရင်ဖြေပါ
မသိတဲ့မေးခွန်းမှာ အချိန်ကုန်ခံပြီး စဉ်းစားနေရင် စိတ်ပူပန်မှု (Panic) ဖြစ်လာပြီး အာရုံပျက်တတ်ပါတယ်။ ရေရေလည်လည် သိတာကို အရင်ဖြေလိုက်တဲ့အခါ "ငါဖြေနိုင်သားပဲ" ဆိုတဲ့ ယုံကြည်မှုကြောင့် စိတ်တည်ငြိမ်ပြီး အာရုံစိုက်ရတာ ပိုလွယ်ကူလာပါတယ်။

၃။ တစ်ကြိမ်မှာ မေးခွန်းတစ်ခုပဲ ကြည့်ပါ
မေးခွန်းနံပါတ် (၁) ကို ဖြေနေရင် နံပါတ် (၁၀) အတွက် ကြိုမပူပါနဲ့။ လက်ရှိဖြေနေတဲ့ စာကြောင်းပေါ်မှာပဲ အာရုံထားပါ။ တခြားမေးခွန်းတွေကို ခေတ္တမေ့ထားတာက အမှားအယွင်း နည်းစေပါတယ်။

၄။ အသက်ကို ပြင်းပြင်းရှူပါ (Deep Breathing)
ဖြေနေရင်း အာရုံလွင့်လာတာ ဒါမှမဟုတ် ရင်တုန်လာတာမျိုး ဖြစ်ရင် ခဏလေး နားလိုက်ပါ။ မျက်စိမှိတ်ပြီး အသက်ကို ပြင်းပြင်း (၃) ကြိမ်လောက် ရှူသွင်းရှူထုတ် လုပ်လိုက်ပါ။ ဒါက ဦးနှောက်ဆီ အောက်ဆီဂျင် ပိုရောက်စေပြီး အာရုံပြန်ရစေပါတယ်။

၅။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့
ဘေးကသူတွေ စာရွက်တောင်းတာ၊ အမြန်ဖြေနေတာတွေကို လုံးဝကြည့်မနေပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် စာဖြေပုံချင်း မတူပါဘူး။ ကိုယ့်စာရွက်နဲ့ ကိုယ့်ကလောင်အဖျားမှာပဲ အာရုံကို မြှုပ်နှံထားပါ။

အမှတ်တရ လက်ဆောင်စကား:
"စာမေးပွဲဆိုတာ အမှတ်တွေတင်မကဘူး၊ မင်းရဲ့ စိတ်ရှည်သည်းခံမှုကိုပါ စမ်းသပ်တာပါ။"
ဒီအချက်လေးတွေကို လိုက်နာရင် အာရုံစူးစိုက်မှု အပြည့်နဲ့ ဖြေဆိုနိုင်မှာ အသေအချာပါပဲ။

ဆရာမင်းခန့်နိုင်
(ကထိက၊ မြန်မာစာဌာန)


ပညာရေးသတင်းလွှာ
❤24
၂၀၂၆ ခုနှစ် Grade 12 Chemistry

လေ့ကျင့်ထားနိုင်ရန် အခန်းအားလုံး စုစည်းပေးထားပါတယ်။

ပညာရေး သတင်းလွှာ
❤3
၂၀၂၆ ခုနှစ် Grade 12 Mathematics

လေ့ကျင့်ထားနိုင်ရန် အခန်းအားလုံး စုစည်းပေးထားပါတယ်။

ပညာရေး သတင်းလွှာ
🥰6❤4
Grade- 12 Physics ပုံဆွဲလေ့ကျင့်ရန်

တစ်စုတစ်စည်းထဲ ပြန်လည်လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
❤5