Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.35K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ (သင်္ချာဘာသာရပ်) ဒေါက်တာအောင်ကျော်(ပါမောက္ခ၊ ဌာနမှူး)၊ သင်္ချာဌာန၊ ရန်ကုန်တက္ကသိုလ်
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ “ဓာတုဗေဒဘာသာရပ်၊ ဒေါက်တာရဲမြင့်အောင်(ပါမောက္ခ၊ ဌာနမှူး)၊ ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်”
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ “ရူပဗေဒဘာသာရပ်၊ ဒေါက်တာယဉ်မောင်မောင် (ပါမောက္ခ၊ ဌာနမှူး)၊ ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်”
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ (ဇီဝဗေဒဘာသာရပ်၊ ဒေါက်တာ သက်သက်မာဝင်း (ပါမောက္ခ၊ ဌာနမှူး)၊ ရုက္ခဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ (ပထဝီဝင်ဘာသာရပ်၊ ဒေါက်တာဇင်နွယ်မြင့်(ပါမောက္ခ၊ ဌာနမှူး)၊ ပထဝီဝင်ဌာန၊ ရန်ကုန်တက္ကသိုလ်)
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသိကောင်းစရာများ (ဘောဂဗေဒဘာသာရပ်)
ဒေါက်တာစုစုမြတ် (ပါမောက္ခ၊ ဌာနမှူး)၊ အသုံးချဘောဂဗေဒဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ(သမိုင်းဘာသာရပ်)
ဒေါက်တာသင်းသင်းအေး(ပါမောက္ခ၊ ဌာနမှူး)၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်
🎓 ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ 🎓

၂၀၂၆ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် မောင်မယ်တို့အတွက် ဘာသာရပ်အလိုက် လေ့လာရန် အထောက်အကူပြု link များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ မိမိလေ့လာလိုသည့် ဘာသာရပ်ကို နှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

🇲🇲 မြန်မာစာဘာသာရပ်
👉 https://youtu.be/fHGtVN9qUZk

🇬🇧 အင်္ဂလိပ်စာဘာသာရပ်
👉 https://youtu.be/MG2-EgwBIBw

➕ သင်္ချာဘာသာရပ်
👉 https://youtu.be/95pOt5vkFDM

🧪 ဓာတုဗေဒဘာသာရပ်
👉 https://youtu.be/8Nvwu9ZIFxA

💡 ရူပဗေဒဘာသာရပ်
👉 https://youtu.be/n86IX5FXmnk

🧬 ဇီဝဗေဒဘာသာရပ်
👉 https://youtu.be/D_20ca6eBw4

🌍 ပထဝီဝင်ဘာသာရပ်
👉 https://youtu.be/IWGOIhM62Hc
⭐ https://youtu.be/7C2WvLq96SY
⭐ https://youtu.be/uH8XF16ZXO4
🏰 သမိုင်းဘာသာရပ်
👉 https://youtu.be/c2J4FhpCB3c

📊 ဘောဂဗေဒဘာသာရပ်
👉 https://youtu.be/ATX8nljGEUQ

📢 Sharing is Caring!
စာမေးပွဲဖြေဆိုမည့် သူငယ်ချင်းများအတွက် ပြန်လည် Share ပေးခြင်းဖြင့် ကူညီပေးလိုက်ပါဦး။ အားလုံးပဲ စာမေးပွဲမှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲလမ်းညွှန်ချက်များ: https://www.youtube.com/playlist?list=PLX5vsbz2GyrwumEU0STrXsYcpE_EIJowk
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန (နေပြည်တော်) မှ သင်ကြားရေးဝန်ထမ်းများ ရာထူးတိုး/အပြောင်းအရွှေ့ ခေါ်ယူ

ပညာရေးဝန်ထမ်းများအတွက် စောင့်မျှော်နေကြတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ရာထူးတိုးနှင့် အပြောင်းအရွှေ့ လျှောက်လွှာများကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ရက်စွဲဖြင့် ရုံးချုပ်မှ စတင်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အခြေခံသတ်မှတ်ချက်များနှင့် လျှောက်ထားနိုင်သည့် အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
✅ အထက်တန်းပြ (SAT) ရာထူးတိုး လျှောက်ထားရန်
B.Ed. သို့မဟုတ် Dip.Ed. ဘွဲ့ရရှိထားသူဖြစ်ရမည်။
လက်ရှိ လယ်ပြ၊ မူပြ၊ မူအုပ် ရာထူးတွင် လုပ်သက် (၁) နှစ်နှင့်အထက် ရှိသူများ လျှောက်ထားနိုင်သည်။

ဒု-လယ်ပြ၊ ဒု-မူပြ ရာထူးများဖြစ်ပါက လက်ရှိရာထူး၌ လုပ်သက် (၂) နှစ်နှင့်အထက် ရှိမှသာ လျှောက်ထားနိုင်သည်။

✅ မူလတန်းကျောင်းအုပ် (PAT) ရာထူးတိုး လျှောက်ထားရန်
ဒု-လယ်ပြ နှင့် ဒု-မူပြ ရာထူး၌ အနည်းဆုံး လုပ်သက် (၂) နှစ် ပြည့်ပြီးသူများ လျှောက်ထားနိုင်သည်။

💡 အရေးကြီး မှတ်ချက်များ
ယခုခေါ်ယူမှုတွင် အထက်တန်း၊ လယ်တန်း၊ မူလတန်း ရာထူးစုံအတွက် တိုး/ပြောင်း လျှောက်လွှာများ ပါဝင်ပါသည်။
လက်ထောက်မူလတန်းပြ (Junior PAT) ရာထူးတိုး လျှောက်ထားခြင်းမှာ ယခုအကြိမ်တွင် မပါဝင်သေးကြောင်း သိရှိရပါသည်။

ဒု-မူပြများအနေဖြင့် မူလတန်းကျောင်းအုပ်ရာထူးသို့ အတိုးလျှောက်ထားနိုင်သော်လည်း၊ မူပြ (PAT) သို့ ပြောင်းလဲလျှောက်ထားနိုင်မှု ရှိ/မရှိကိုမူ မြို့နယ်ရုံးများတွင် ဆက်လက်စုံစမ်းရန် လိုအပ်ပါသည်။

ရုံးချုပ်မှ ညွှန်ကြားစာများမှာ (ဖေဖော်ဝါရီ ၂၄) ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံး အသီးသီးသို့ ရောက်ရှိမည်ဖြစ်သဖြင့် မိမိတို့သက်ဆိုင်ရာရုံးများတွင် အသေးစိတ်ကို ဆက်လက်စုံစမ်း လျှောက်ထားနိုင်ကြပြီဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။


#EducationMyanmar #TeacherPromotion #ပညာရေး #ရာထူးတိုး #အခြေခံပညာ
❤10
This media is not supported in your browser
VIEW IN TELEGRAM
အဲလိုကြီးလဲမဟုတ်ပါဘူးလေ။ ခေါ်မှာပါ။ တိုးပြောင်းက တစ်နှစ်ကို 2ကြိမ်ခေါ်မှာပါနော်
❤4
၂၇.၂.၂၀၂၆ ကြေးမုံသတင်းစာ
လူရည်ချွန်‌ရွေးချယ်ခံရသူများစာရင်း

#lyc
#education
❤20👏11
#ပြောင်း/တိုး
လုပ်သက်ကို 30.6.2026 ဖြင့်တွတ်ချက်ရန်
❤4
ပညာရေးလောကမှ တော်ပြီး မကောင်းကြသူများ
(Brilliant Jerks in Academia)

ပညာရေးနယ်ပယ်မှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု (Academic Competence) မြင့်မားသလောက် စာနာနားလည်မှုနဲ့ ကိုယ်ကျင့်တရားပိုင်းမှာ အားနည်းနေတဲ့သူတွေကို ကျောင်းတိုင်း၊ တက္ကသိုလ်တိုင်းမှာ တွေ့ရတတ်ပါတယ်။

သူတို့ကို ပညာရေးစီမံခန့်ခွဲမှုနဲ့ လူသားအရင်းအမြစ်ပညာရပ်မှာ "Brilliant Jerks" (ဉာဏ်ကြီးရှင် လူဆိုးများ)*lလို့ တင်စားကြပါတယ်။

၁။ သူတို့ရဲ့ ပညာရပ်ဆိုင်ရာ ဝိသေသလက္ခဏာများ

ဒီလိုပုဂ္ဂိုလ်တွေဟာ သင်ကြားရေး (Pedagogy) မှာရော၊ သုတေသန (Research) ပိုင်းမှာပါ ထူးချွန်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်နေသဘောထား (Attitude) ကြောင့် အောက်ပါ အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးမိလျက်သား ဖြစ်နေတတ်ပါတယ် -

အသိပညာပိုင်းဆိုင်ရာ မာနကြီးခြင်း (Intellectual Arrogance):
ငါ့လောက် ဘယ်သူမှ မသိဘူး" ဆိုတဲ့ အတွေးနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေရဲ့ အကြံပြုချက်ကို ပယ်ချတတ်ပါတယ်။ မျိုးဆက်သစ် ပညာရှင်တွေကို မြေတောင်မြှောက်ပေးမယ့်အစား "Gatekeeping" လုပ်ပြီး လမ်းပိတ်ထားတတ်ပါတယ်။

၁။အောင်မြင်မှုကို တစ်ဦးတည်း မူပိုင်ပြုခြင်း (Credit Hogging):
အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ သုတေသနတွေ၊ စီမံကိန်းတွေမှာ အောင်မြင်ရင် "သူ့ကြောင့်" လို့ ဂုဏ်ယူပြီး၊ အမှားအယွင်းဖြစ်ရင်တော့ လက်အောက်ငယ်သား ဒါမှမဟုတ် တပည့်တွေ ပါတနာတွေကို အပြစ်ပုံချတတ်ပါတယ်။

၂။ လူမှုဆက်ဆံရေး ဉာဏ်ရည် နိမ့်ပါးခြင်း (Low EQ):
ကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် စာနာစိတ် (Empathy) ကင်းမဲ့စွာ ပြောဆိုဆက်ဆံတတ်ပြီး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှု (Mental Suppression) တွေကို ပြုလုပ်တတ်ပါတယ်။

၂။ ပညာရေးအဖွဲ့အစည်းတွေက ဘာလို့ သူတို့ကို လက်ခံထားကြသလဲ?
အဓိကအကြောင်းရင်းကတော့ သူတို့ရဲ့ ပညာရပ်ဆိုင်ရာ အောင်မြင်မှု (Results)တွေကြောင့် ဖြစ်ပါတယ်။ သူတို့ကြောင့် ကျောင်းရဲ့ Ranking တက်လာနိုင်တာ၊ ထူးချွန်တဲ့ ကျောင်းသားတွေ ထွက်လာတာ ဒါမှမဟုတ် ရန်ပုံငွေ (Grants) တွေ ရလာနိုင်တာကြောင့် ခေါင်းဆောင်ပိုင်းက မျက်ကွယ်ပြုထားတတ်ကြပါတယ်။

သူက သင်ကြားရေးမှာတော့ ဆရာတစ်ဆူပဲ၊ စရိုက်ကတော့ သည်းခံလိုက်ပါ ဆိုတဲ့ အယူအဆဟာ ပညာရေးလောကမှာ အမြစ်တွယ်နေတဲ့ အမှားတစ်ခု ဖြစ်ပါတယ်။

၃။ ပညာရေးဂေဟစနစ်အပေါ် သက်ရောက်လာမယ့် အဆိပ်အတောက်များ (Hidden Costs)

ရေတိုမှာ အကျိုးအမြတ်ရှိပေမယ့် ရေရှည်မှာတော့ ပညာရေးယဉ်ကျေးမှု (Academic Culture) တစ်ခုလုံးကို ပျက်စီးစေပါတယ်။

၁။ အရည်အချင်းရှိသူများ ထွက်ခွာခြင်း (Brain Drain):တော်ပြီး စိတ်ဓာတ်ကောင်းတဲ့ ဆရာ၊ ဆရာမတွေဟာ ဖိနှိပ်မှုတွေရှိတဲ့ ပတ်ဝန်းကျင်မှာ မရှင်သန်နိုင်ကြပါဘူး။ Brilliant Jerk တစ်ယောက်ကို အကာအကွယ်ပေးထားခြင်းဟာ အနာဂတ်မှာ ပညာရေးလောကကို ဦးဆောင်မယ့် မျိုးဆက်သစ် ပညာရှင်တွေကို နှင်ထုတ်နေတာနဲ့ အတူတူပါပဲ။

၂။ ပူးပေါင်းဆောင်ရွက်မှု ယဉ်ကျေးမှု ပြိုလဲခြင်း (Collapse of Academic Collaboration):
ပညာရေးဆိုတာ အချင်းချင်း မျှဝေခြင်း (Knowledge Sharing) နဲ့ တည်ဆောက်ရတာပါ။ သူတို့ရှိနေတဲ့နေရာမှာ ယုံကြည်မှု (Trust) ပျောက်ဆုံးပြီး Teamwork မရှိတော့တဲ့အတွက် ဆန်းသစ်တီထွင်မှုတွေ ရပ်တန့်သွားပါတယ်။

၃။ကျောင်းသားများအပေါ် လွှမ်းမိုးမှု (Negative Role Modeling):
ကျောင်းသားတွေက "တော်ရင် ရိုင်းလို့ရတယ်၊ တော်ရင် အကျင့်ပျက်လို့ရတယ်" ဆိုတဲ့ မှားယွင်းတဲ့ စံနှုန်းတွေကို သင်ယူသွားတတ်ကြပါတယ်။

ပညာရေးနယ်ပယ်မှာ ဉာဏ်ပညာရှိရုံတင်မကဘဲ စိတ်နှလုံးဖြူစင်မှု (Both Competence and Character) က အရေးကြီးပါတယ်။

ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု (Technical Skills) ဆိုတာ လေ့ကျင့်ပေးလို့ ရနိုင်ပေမယ့်၊ စာနာစိတ်နဲ့ ကိုယ်ကျင့်တရား (Ethics) ဆိုတာကတော့ ပြုပြင်ဖို့ အလွန်ခက်ခဲပါတယ်။

ဒါကြောင့် ပညာရေးခေါင်းဆောင်များအနေနဲ့ သင့်အဖွဲ့အစည်းရဲ့ ရေရှည်တည်တံ့တဲ့ *ပညာရေးဂုဏ်သိက္ခာ (Academic Integrity)*ကို ထိန်းသိမ်းချင်တယ်ဆိုရင်တော့ "တော်ပြီး မကောင်းသူများ" ရဲ့ အဆိပ်အတောက်ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ (Rehabilitation Phase)
"Brilliant Jerks" တွေကို ကိုင်တွယ်ရတာဟာ ခွဲစိတ်ကုသမှုတစ်ခုလိုပါပဲ။ အမှားမခံသလို၊ အချိန်ဆွဲရင်လည်း တစ်ဖွဲ့လုံးကို အဆိပ်ပျံ့စေပါတယ်။ သူတို့ကို ပြုပြင်ဖို့ ကြိုးစားတဲ့အခါမှာရော၊ နောက်ဆုံးအဆင့် ဖယ်ထုတ်တဲ့အခါမှာပါ ကျင့်သုံးသင့်တဲ့ *ပညာရပ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းလမ်းများ (Management Strategies)* ကို အောက်ပါအတိုင်း အကြံပြုလိုပါတယ်။

ဖယ်ထုတ်ခြင်း မပြုမီ အဖွဲ့အစည်းအနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်တဲ့ အဆင့်ဖြစ်ပါတယ်။

တိုက်ရိုက် အသိပေး ဆွေးနွေးခြင်း (Direct Feedback):
သူတို့ရဲ့ အပြုအမူက အဖွဲ့အစည်းအပေါ် ဘယ်လို ထိခိုက်နေတယ်ဆိုတာကို အချက်အလက် (Evidence) ခိုင်ခိုင်လုံလုံနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြပါ။ အများစုက သူတို့ရဲ့ ရိုင်းစိုင်းမှုကို "အလုပ်အပေါ် စေတနာထားတာ" လို့ ဆင်ခြေပေးတတ်ကြပါတယ်။
❤21
G12 အစိုးရစစ်စာမေးပွဲခန်းဝင်လျှင် သိထားသင့်သည့် စည်းကမ်းချက်များ

G12 စာမေးပွဲကြီးဖြေဆိုဖို့ ရက်ပိုင်းပဲ လိုတော့တာကြောင့် အဆင်ပြေပြေဖြေဆိုနိုင်အောင် အတွေ့အကြုံကောင်းများနှင့် လိုက်နာရန်အချက်များကို စုစည်းမျှဝေပေးလိုက်ပါတယ်။

(၁) စာမေးပွဲခန်းအတွင်း အခြေအနေ

စောင့်ကြပ်မှု: အခန်းတစ်ခန်းမှာ အခန်းစောင့်ဆရာမ (၂) ယောက် စောင့်ကြပ်မှာဖြစ်ပြီး အပြင်ဘက်တွင်လည်း (Round) တာဝန်ခံများ ရှိနေပါမည်။

စစ်ဆေးမှု: စာမေးပွဲခန်းမဝင်ခင်မှာ ဆရာ/ဆရာမများက ပစ္စည်းစစ်ဆေးမှုများကို စေ့စေ့စပ်စပ် ပြုလုပ်ပါလိမ့်မည်။

လူစုံမှု: အနယ်နယ်အရပ်ရပ်က ဆရာ/ဆရာမများနှင့် ကျောင်းပေါင်းစုံ၊ နေရာစုံမှ ကျောင်းသား/သူများ အတူတကွ တွေ့ကြုံရမည့် ပတ်ဝန်းကျင်ဖြစ်ပါသည်။

(၂) စာမေးပွဲဖြေဆိုခွင့်ကတ်

မူရင်းကတ်: မြန်မာစာဖြေသည့် ပထမဆုံးနေ့မှာတင် "မူရင်းကတ်" ကို သိမ်းဆည်းသွားပါမည်။

ယာယီကတ်: ၎င်းအစား ထုတ်ပေးမည့် "ယာယီကတ်" ကို နောက်ရက်များတွင် မပျောက်မပျက်ဘဲ မဖြစ်မနေ ယူဆောင်လာရပါမည်။

(၃) Calculator အသုံးပြုမှု

စစ်ဆေးခြင်း: Calculator ကို စစ်ဆေးသည့်ဆရာရှိသလို၊ တချို့ကတော့ Data များ Clear လုပ်ခိုင်းပြီး အဖုံးများကို သိမ်းဆည်းထားတတ်ပါသည်။

အရန်ပစ္စည်း: တကယ်လို့ Calculator မေ့ကျန်ခဲ့ပါကလည်း အခန်းတိုင်းတွင် အရန်သင့်သုံးနိုင်အောင် စီစဉ်ပေးထားမှာဖြစ်ပါသည်။

(၄) အရေးကြီးသည့် စည်းကမ်းချက်များ

အချိန်: စာမေးပွဲစမည့်အချိန်ထက် အနည်းဆုံး မိနစ် ၃၀ ခန့် စောရောက်အောင် သွားပါ။

ခွင့်ပြုချက်: အဖြေလွှာအပိုတောင်းခြင်း၊ အိမ်သာသွားလိုခြင်းများရှိပါက အခန်းစောင့်ဆရာမကို ယဉ်ကျေးစွာ ခွင့်ပြုချက်တောင်းနိုင်ပါတယ်။

တားမြစ်ပစ္စည်း: ဖုန်း၊ Smart Watch၊ စာရွက်စာတမ်းနှင့် အမှတ်အသားပါသော ပေတံဗူးများ လုံးဝ (လုံးဝ) ယူဆောင်ခြင်းမပြုရ။

နောက်ဆုံးစစ်ဆေးခြင်း: စာမေးပွဲပြီးရန် ၁၅ မိနစ်အလို သတိပေးခေါင်းလောင်းတီးချိန်တွင် ခုံနံပါတ်နှင့် အဖြေလွှာအတွဲအစပ်များကို သေချာပြန်စစ်ပါ။

(၅) ပါသွားရမည့် ပစ္စည်းစာရင်း
[1] ဖြေဆိုခွင့်ကတ် (သို့) ယာယီကတ်
[2] ဘောပင် (အပြာ) အပို (၂) ချောင်းခန့်
[3] ခဲတံ၊ ခဲဖျက် နှင့်
[4] ကြည်လင်ပြတ်သားသော ပေတံအကြည်
[5] Calculator (ခွင့်ပြုထားသည့် Model)

✨ ဆုတောင်း: G12 စာမေးပွဲဖြေဆိုမယ့် ကလေးတွေအားလုံး အခက်အခဲမရှိ အေးအေးချမ်းချမ်း ဖြေဆိုနိုင်ပြီး ဂုဏ်ထူးများစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
❤41
#Enrollလုပ်ပေးသည့် ကိုယ်ပိုင်ကျောင်းများ၊စာသင်ဝိုင်းများကို ပြင်းပြင်းထန်ထန် အရေးယူတော့မည်။
==========================

မိမိတို့မြို့နယ်၏ မြို့နယ်ပညာရေးမှူး၊ခရိုင်ပညာရေးမှူးများမှ မဟုတ်ဘဲ အခြားခရိုင်များမှသော်လည်းကောင်း၊အခြားတိုင်းနဲ့ပြည်နယ်များမှသော်လည်းကောင်း စစ်ဆေးရေးအဖွဲ့များမှ

တစ်နှစ်လျင် အနည်းဆုံး (၄)ကြိမ် ရှောင်တခင် ဝင်ရောက်စစ်ဆေးတော့မည်။

1️⃣ကျောင်းသား/သူ အမှန်တကယ် တက်ရောက်ခြင်း ရှိ/မရှိ၊
2️⃣အခန်းဆုံးစာမေးပွဲများမှ အဖြေလွှာများ အစုံအလင် ရှိ/မရှိ
3️⃣ဆရာအင်အားလောက်ငမှုရှိမရှိ။ green card ရှိ/မရှိ။ အမည်ငှါးကာ အခြားလူမှသင်ကြားခြင်း ရှိ၊မရှိ
4️⃣အတန်းကျော်လက်ခံထားခြင်း၊ 3နှစ်ကျော် ကျောင်းမနေခဲ့သော
ကလေးများ လက်ခံထားမှု ရှိ/မရှိ
5️⃣CDMဝန်ထမ်းခန့်ထားခြင်းများရှိ/မရှိ

စသည့်ကိစ္စများအပါအဝင်
6️⃣Enroll(ငွေယူထားပြီး ကျောင်းသားစာရင်းသွင်းလိမ်လည်ကာ လူမရှိဘဲ အတန်းကျော်ခြင်း)လုပ်ထားမှုကို ဖော်ထုတ်နိုင်သည့် အခြားကိစ္စရပ်များကိုပါ စစ်ဆေးမည်ဟု သိရပါသည်။



တွေ့ရှိပါက ကျောင်း/စာသင်ဝိုင်းအား(ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း) ပိတ်သိမ်းခြင်း၊Enrollကျောင်းသား/သူ၏ ဖြေဆိုခွင့်/အတန်းအား ပယ်ဖျက်ခြင်း၊ကျောင်းတည်ရှိရာ မြို့နယ်မှ ပညာရေးမှူး၊ခရိုင်ပညာရေးမှူးများအား ပြင်းထန်စွာ အရေးယူခြင်း ပြုလုပ်ပါမည်။
ထို့အပြင် အခြေခံပညာကျောင်းများတွင် အဆိုပါ Enrollလုပ်ထားသည်များ ရှိ/မရှိ၊ ကျောင်းခေါ်ကြိမ်အား မသမာမှုပြုလုပ်ထားခြင်း၊ သီတင်းကျွတ်နောက်ပိုင်းတွင် အခြေခံပညာကျောင်းများ၌ Grade 12 ကျောင်းသား/သူများ ကျောင်းမတက်ကြခြင်း၊ ဆရာ/ဆရာမများမှ ကျူရှင်သင်ကြားပြီး မေးခွန်းပေးခြင်းစသည့်ကိစ္စများ ပေါ်ပေါက်ပါက ကျောင်းအုပ်ကြီးနှင့်တကွ ပြုလုပ်သူ ဆရာ/ဆရာမကိုပါ အရေးယူမည်ဟု သတင်းရရှိပါသည်။
❤36
G-12 (စနစ်သစ်) English အမှတ်ပေးစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များ

စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အမှတ်မဆုံးရှုံးရအောင် အောက်ပါအချက်များကို အထူးသတိပြုစေလိုပါတယ် -

1️⃣ Initial Letter: Capital/Small letter မှားရင် (½) မှတ် လျှော့ပါတယ်။ Uncountable noun ကို 's' ပိုထည့်ရင် အမှတ်မရပါဘူး။

2️⃣ Grammar: မှားရင် (0) မှတ်ပါ။ (½) မှတ် မရှိပါ။ Not only...but also ကို အကြီးနဲ့စရင် Inversion သုံးပေးရပါမယ်။

3️⃣ Poem: မေးခွန်းဖြေတဲ့အခါ ကဗျာစာသားအတိုင်း ပြန်မကူးပါနဲ့။ မိမိဘာသာ စကားပြေ (Own words) နဲ့ ရေးမှ အမှတ်ပြည့်ရပါမယ်။

4️⃣ Seen Passage: Word form မပြောင်းဘဲ စာပိုဒ်ထဲကအတိုင်း ပြန်ကူးရင် (½) မှတ်ပဲ ရပါမယ်။

5️⃣ Unseen: Same meaning ရှာတဲ့အခါ စာလုံးပေါင်း လုံးဝမမှားပါစေနဲ့။

6️⃣ Dialogue: Box ထဲကအတိုင်း တိတိကျကျ ပြန်ကူးရပါမယ်။ ကိုယ့်သဘောနဲ့ကိုယ် "?" တွေ "s" တွေ ထည့်ခြင်း မပြုရပါ။

7️⃣ Letter: Format မှန်ရင် (၃) မှတ် စရပါမယ်။ Body မပါရင် အမှတ်မပေးပါ။

8️⃣ Essay: စာမျက်နှာ (၁ မျက်နှာခွဲ/၂ မျက်နှာ) ရေးသားပါ။ G-12 Level နဲ့ ဆီလျော်တဲ့ အသုံးအနှုန်း ဖြစ်ရပါမယ်။

ဒီအချက်တွေကို သေချာလေ့လာထားခြင်းဖြင့် အမှတ်ကောင်းကောင်း ရရှိနိုင်ကြပါစေ။
❤53👍1